မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
5.ဆန်ဆေးရေ နဲ့ အသားအရေ
8.အသားအရေ ညီညာစေရန်
9.ဆီ အသုံးပြုနည်း
Credit:  cantwait2say
#Unicode Version#
 ငယ်ရွယ်နုပျိုချိန်မှာတော့ အသားအရေဟာ သဘာဝရဲ့လက်ဆောင်မွန်ဖြစ်ပြီးတော့ အသက်နည်းနည်းရလာတဲ့အခါ အသားအရေကို ပိုဂရုစိုက်လာရပါတယ်။ဒီတော့ ဒီလိုဂရုစိုက်မှုအတွက် နည်းလမ်း ကောင်းတွေလိုအပ်လာပါတယ်။အဲဒီအတွက် ဒီ နည်းလမ်း လေးတွေဖော်ပြပေးလိုက်ပါတယ်။
1.ရေချိုးတဲ့အခါ “4-2-4” နည်းလမ်းသုံးခြင်း
4-2-4 ဆိုတာ ဘောလုံးကစားကွက်မဟုတ်ပါဘူး။ အရေပြားထိန်းသိမ်းနည်းဖြစ်ပါတယ်။
4 မိနစ်ကိုတော့ Hydrophilic အဆီ ပါဝင်တဲ့ဟာကို မျက်နှာတဝိုက်လိမ်းပေးထားပြီး နောက် ၂ မိနစ်ကို သန့်စင်တဲ့ Cream သုံးပေးရမှာဖြစ်သပါတယ်။နောက်ဆုံးလေးမိနစ်ကတော့ ရေနဲ့ ဆေးကြောပေးရုံပဲဖြစ်ပါတယ်။
2.မိတ်ကပ် ရေမြုပ် ဆောင်ထားပါ
မျက်နှာ အရေပြား ကို ဂရုစိုက်သူတွေအတွက် မိတ်ကပ်ရေမြုပ်လေးဟာ ဘယ်လောက်အသုံးဝင်လဲသိပြီးကြမှာဖြစ်ပါတယ်။အဲဒီရေမြုပ်လေးကို ရေနွေးမှာ စိမ်ပေးထားပြီး မျက်နှာကို အထက်အောက် ငါးမိနစ်လောက် နေ့တိုင်းပွတ်တိုက်ပေးရင် အမဲစက်၊ဝက်ခြံ ပျောက်ကင်းပြီး မျက်နှာလေး ဝင်းလက်လာမှာဖြစ်ပါတယ်။
3.မှန်ကန်တဲ့ ရွေးချယ်မှု
အာရှဘက်က အမျိုးသမီး တွေဟာ မျက်နှာ ပတ်သက်တဲ့ အလှကုန် ၁၇ မျိုးလောက် ပြောင်းလဲသုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။မသုံးတာထက်စာရင် သုံးတာကောင်းပါတယ်။မျက်နှာကို ကာကွယ်စောင့်ရှောက်မှုအမြဲလုပ်ပေးသင့်ပါတယ်။အဲ့လိုမှမဟုတ်ရင် အရွယ်မတိုင်ခင် အလှလျော့နည်းလာတာမျိုးဖြစ်တတ်ပါတယ်။တကယ်တော့ မျက်နှာဆေးကြောတဲ့ cream၊Make up foundation ရွေးချယ်မှု နဲ့ Make up သုံးတာမှာ ကောင်းမွန်တဲ့ရွေးခြယ်မှုရှိမှ မျက်နှာ အလှကို ထိန်းနိုင်မှာဖြစ်ပါတယ်။
4.သင့် မျက်နှာ ကို UV light မှ ကာကွယ်ပါ
မျက်မှန် တို့ ထီးတို့ဆောင်းရုံနဲ့ မျက်နှာကို စိတ်ချလက်ချပစ်မထားပါနဲ့။UV ကို ကာကွယ်နိုင်တဲ့ Cream တွေကို အပြင်ထွက်တဲ့အခါ ပုံမှန်လိမ်းပေးပါ။ဒါဆို သင့် မျက်နှာ ဟာ အများနဲ့ တူညီမှာမဟုတ်ပဲ ကြွေရုပ်လေးလို အမြဲဝင်းလက်နေမှာပါ။
5.ဆန်ဆေးရေ နဲ့ အသားအရေ
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အသားအရေ နဲ့ ဆံပင် အတွက် ဆန်ဆေးရေ ကို အသုံးပြုခဲ့တာဖြစ်ပြီး ယခုလဲ မျက်နှာကို ပုံမှန် ဆန်ဆေးရည် နဲ့ ဆေးကြောပေးမယ်ဆိုရင် အသားအရေဟာ လိုအပ်တဲ့ ဗီတာမင် ရလို့ စိုပြေဝင်းလက်လာမှာဖြစ်ပါတယ်။
6.Green Tea ပါဝင်တဲ့ cosmetic product များ အသုံးပြုခြင်း
Green Tea ဟာ အသားအရေ ထိန်းသိမ်းမှုအတွက်ဆို များစွာအကျိုးရှိတဲ့အရာဖြစ်ပါတယ်။Cosmetic တွေမှာ Green Tea ပါဝင်တဲ့ အရာကို ရွေးချယ်သုံးမယ်ဆို ကျန်းမာတဲ့ အသားအရေကို ရရှိမှာဖြစ်ပါတယ်။
7.ဆပ်ပြာ ကို အရေပြား နဲ့ တိုက်ရိုက်မထိစေရ
လူတော်တော်များများဟာ ဆပ်ပြာ ကို အရေပြားပေါ်တိုက်ရိုက်ပွတ်တိုက်တတ်ကြပါတယ်။တကယ်တော့ ဒီလို နည်းလမ်းဟာ အမှားဖြစ်ပြီး ဆပ်ပြာ တွေကို အရေပြား နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ပေးတာမကောင်းပါဘူး။ဖော့ပတ်လို ဂျီးတွန်းတဲ့ပိုက်ကွန်လို ရေမြုပ်လိုဟာပေါ် ဆပ်ပြာထည့်ပြီး တိုက်တာက အရေပြား ကို ပိုထိန်းသိမ်းရာရောက်ပါတယ်။
8.အသားအရေ ညီညာစေရန်
နေရောင်မထိတဲ့ နေရာတွေမှာ ပင်ကိုယ် အသားအရေ ရှိပြီး ကျန်တဲ့နေရာမှာ နေလောင်နေတတ်ပါတယ်။အဲလိုဆို အသားအရေ ကို ညီညာအောင် ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ဒါက မခက်ပါဘူး။ခရမ်းချဉ်သီးတလုံးရယ်၊သကြား လက်ဖက်ရည်ဇွန်းတဝက်၊စန္ဒာကူးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရယ် ရောပြီး နေလောင်နေတဲ့နေရာတွေကို လိမ်းပေးရင် ပင်ကိုယ် အသားအရေ ကို ရရှိမှာဖြစ်ပါတယ်။
9.ဆီ အသုံးပြုနည်း
သင့် မျက်နှာ မှာဖြစ်ဖြစ် ခန္ဓာကိုယ် မှာပဲဖြစ်ဖြစ် အသုံးပြုရမယ့် ဆီက သဘာဝဆီ ပဲဖြစ်သင့်ပါတယ်။ဒါမှ အရေပြားကို ထိရောက်တဲ့ အထောက်အကူပေးမှာဖြစ်ပါတယ်။
အုန်းဆီ၊သံလွင်ဆီ၊ထောလပတ်အဆီတွေဆို အဆင်ပြေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top