ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပါကစၥတန္ႏုိင္ငံ မွာ မိသားစု တစုရဲ႕ ဂုဏ္သိကၡာ ကို အမ်ိဳးသား တဦးက ညိႇဳးႏြမ္းေအာင္ လုပ္တယ္လို႔ စြပ္စြဲၿပီး ဒီအမ်ိဳးသားကို ျပန္လည္ကလဲ့စားေခ်တဲ့အေနနဲ႔ အဲဒီလူရဲ႕ညီမ အသက္ ၁၄ ႏွစ္အရြယ္ မိန္းကေလး ကို အမ်ိဳးသား ေတြက အတင္းအဓမၼ ကုိယ္တံုးလံုးခြၽတ္ၿပီး ရြာထဲ လမ္းေလၽွာက္ ခိုင္းခဲ့ပါတယ္။

ဒါေၾကာင့္ အတင္းအဓမၼ ခိုင္းေစတဲ့ အမ်ိဳးသား ၈ ဦးကို ပါကစၥတန္ ရဲ ေတြက ဖမ္းလိုက္တယ္လို႔ သည္ ဂါဒီးယန္း သတင္းမွာ ေဖာ္ျပထားပါတယ္။

ဂုဏ္သိကလၡာအတြက္ အေၾကာင္းျပၿပီး ႏွစ္စဥ္ႏွစ္တုိင္း အမ်ိဳးသမီး ရာဂဏန္း ေသဒဏ္ ခ်မွတ္ခံရတဲ့ လူမ်ိဳးစုေတြရဲ႕ ဥပေဒ စည္းမ်ဥ္းစည္းေတြနဲ႔အၿပိဳင္ တရားဝင္ တရားစီရင္ေရးစနစ္ကို ထုတ္ျပန္ထားတဲ့ ပါကစၥတန္ ေက်းရြာ ေတြမွာ ဒီအျဖစ္ဟာ မိသားစု အျငင္းပြားတဲ့ ျပႆနာေတြတိုင္း အမ်ိဳးသမီး ေတြကို သံုးၿပီး ေက်းရြာေကာင္စီက ျပဳလုပ္ခဲ့တဲ့ ေနာက္ဆံုး အျဖစ္အပ်က္ပါ။

မိန္းကေလး ရဲ႕ အိမ္ေထာင္ ရွိ အစ္ကုိ ျဖစ္သူက သူ႔ရဲ႕အိမ္ေထာင္ ဘက္ မဟုတ္တဲ့ တျခား မိန္းကေလးတဦးနဲ႔ ခ်စ္သူျဖစ္ခဲ့တာေၾကာင့္ ဒီအမႈျဖစ္ခဲ့တာလို႔ အခင္းျဖစ္ပြားခဲ့တဲ့ ခုိင္ဘာပက္ထူခဝါခ႐ုိင္ ဒီရာအစၥလာမ္မီခန္ၿမိဳ႕က ရဲက ေျပာပါတယ္။

မိန္းကေလးရဲ႕ အစ္ကိုနဲ႔ ခ်စ္ႀကိဳက္သူ အမ်ိဳးသမီး ရဲ႕ မိသားစုဝင္ ေတြက ဒီ အမ်ိဳးသား ရဲ႕ ညီမ ျဖစ္သူကို ျပန္လည္တုံ႔ျပန္ဖုိ႔ ေက်းရြာေကာင္စီက အမိန္႔ခ်မွတ္ခဲ့တာပါ။

ေအာက္တိုဘာ ၂၇ ရက္ေန႔ မနက္ မိန္းကေလး က ေရခပ္ေနတုန္း အမ်ိဳးသား တစုက မိန္းကေလး နား ခ်ဥ္းကပ္ကာ သူမရဲ႕ အဝတ္အစားေတြ ခြၽတ္ပစ္ၿပီး ေျမႀကီးေပၚ တရြတ္တုိက္ ဆဲြေခၚခဲ့ပါတယ္။ အဲ့ဒီေနာက္ မိန္းကေလး ကို အဝတ္မပါဘဲ ေက်းရြာထဲ ၁ နာရီေလာက္ ၾကာေအာင္ လမ္းေလၽွာက္ခိုင္းခဲ့တယ္္လုိ႔ ရဲေတြက ေျပာပါတယ္။

ပန္ခ်ရက္လို႔ ေခၚတဲ့ ေက်းရြာ ေကာင္စီ ေတြက တရားမဝင္ေပမယ့္ တရားေရးစနစ္ လမ္းလွမ္းမမီတဲ့ ေက်းလက္ေဒသေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ႀကီးစိုးေနတာလုိ႔ ဆုိပါတယ္။

လြန္ခဲ့တဲ့ ၃ လကလည္း အသက္ ၁၇ ႏွစ္အရြယ္ မိန္းကေလး တဦးရဲ႕ အစ္ကုိျဖစ္သူက အျခားအမ်ိဳးသမီးတဦးကို လိင္ပုိင္းဆုိင္ရာ ေစာ္ကားတယ္လို႔ စြပ္စြဲၿပီး အဲဒီ အမ်ိဳးသမီး ကုိ ျပန္လည္အဓမၼျပဳက်င့္ဖုိ႔ ပန္ဂ်ပ္ခ႐ုိင္ မူလတန္ၿမိဳ႕နားက ၂၆ ဦးအဖြဲ႔ဝင္ ေက်းရြာေကာင္စီက အမိန္႔ ခ်မွတ္ခဲ့ပါေသးတယ္။

“ကံမေကာင္းစြာနဲ႔ပဲ ေက်းလက္ေဒသေတြမွာ အမ်ိဳးသမီး ေတြအတြက္ ဥပေဒ ေတြ ထုတ္ျပန္ထားေပမယ့္ အမ်ိဳးသမီး ေတြကို သက္မဲ့ အရာဝတၳဳ ေတြ ကုန္ဖလွယ္သလုိ ျပဳမူခံေနရတုန္းပါပဲ” လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူ ဆာမာမီႏ်ဴလာက ေျပာပါတယ္။

“ရဲေတြ အေရးယူ တာ ဝမ္းသာပါတယ္။ ဒါေပမယ့္ မိန္းကေလးကေတာ့ သူမရဲ႕ က်န္ရွိေနတဲ့ ဘဝကို စိတ္ဒဏ္ရာႀကီးန႔ဲ အဆံုးသတ္ရေတာ့မယ္” လုိ႔ သူမက ဆုိပါတယ္။

လက္တေလာျဖစ္ခဲ့တဲ့ ဒီအျဖစ္က အမ်ိဳးသမီး ေတြ ေႏွာင့္ယွက္ ေစာ္ကားခံရတာနဲ႔ ပတ္သက္ၿပီး ပါကစၥတန္ႏုိင္ငံအတြင္း ေဆြးေႏြးျငင္းခံုမႈ ျဖစ္ခဲ့တယ္လုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ပါကစ္စတန်နိုင်ငံ မှာ မိသားစု တစုရဲ့ ဂုဏ်သိက္ခာ ကို အမျိုးသား တဦးက ညှိုးနွမ်းအောင် လုပ်တယ်လို့ စွပ်စွဲပြီး ဒီအမျိုးသားကို ပြန်လည်ကလဲ့စားချေတဲ့အနေနဲ့ အဲဒီလူရဲ့ညီမ အသက် ၁၄ နှစ်အရွယ် မိန်းကလေး ကို အမျိုးသား တွေက အတင်းအဓမ္မ ကိုယ်တုံးလုံးချွတ်ပြီး ရွာထဲ လမ်းလျှောက် ခိုင်းခဲ့ပါတယ်။

ဒါကြောင့် အတင်းအဓမ္မ ခိုင်းစေတဲ့ အမျိုးသား ၈ ဦးကို ပါကစ္စတန် ရဲ တွေက ဖမ်းလိုက်တယ်လို့ သည် ဂါဒီးယန်း သတင်းမှာ ဖော်ပြထားပါတယ်။

ဂုဏ်သိကလ္ခာအတွက် အကြောင်းပြပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသမီး ရာဂဏန်း သေဒဏ် ချမှတ်ခံရတဲ့ လူမျိုးစုတွေရဲ့ ဥပဒေ စည်းမျဉ်းစည်းတွေနဲ့အပြိုင် တရားဝင် တရားစီရင်ရေးစနစ်ကို ထုတ်ပြန်ထားတဲ့ ပါကစ္စတန် ကျေးရွာ တွေမှာ ဒီအဖြစ်ဟာ မိသားစု အငြင်းပွားတဲ့ ပြဿနာတွေတိုင်း အမျိုးသမီး တွေကို သုံးပြီး ကျေးရွာကောင်စီက ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အဖြစ်အပျက်ပါ။

မိန်းကလေး ရဲ့ အိမ်ထောင် ရှိ အစ်ကို ဖြစ်သူက သူ့ရဲ့အိမ်ထောင် ဘက် မဟုတ်တဲ့ တခြား မိန်းကလေးတဦးနဲ့ ချစ်သူဖြစ်ခဲ့တာကြောင့် ဒီအမှုဖြစ်ခဲ့တာလို့ အခင်းဖြစ်ပွားခဲ့တဲ့ ခိုင်ဘာပက်ထူခဝါခရိုင် ဒီရာအစ္စလာမ်မီခန်မြို့က ရဲက ပြောပါတယ်။

မိန်းကလေးရဲ့ အစ်ကိုနဲ့ ချစ်ကြိုက်သူ အမျိုးသမီး ရဲ့ မိသားစုဝင် တွေက ဒီ အမျိုးသား ရဲ့ ညီမ ဖြစ်သူကို ပြန်လည်တုံ့ပြန်ဖို့ ကျေးရွာကောင်စီက အမိန့်ချမှတ်ခဲ့တာပါ။

အောက်တိုဘာ ၂၇ ရက်နေ့ မနက် မိန်းကလေး က ရေခပ်နေတုန်း အမျိုးသား တစုက မိန်းကလေး နား ချဉ်းကပ်ကာ သူမရဲ့ အဝတ်အစားတွေ ချွတ်ပစ်ပြီး မြေကြီးပေါ် တရွတ်တိုက် ဆွဲခေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် မိန်းကလေး ကို အဝတ်မပါဘဲ ကျေးရွာထဲ ၁ နာရီလောက် ကြာအောင် လမ်းလျှောက်ခိုင်းခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ပန်ချရက်လို့ ခေါ်တဲ့ ကျေးရွာ ကောင်စီ တွေက တရားမဝင်ပေမယ့် တရားရေးစနစ် လမ်းလှမ်းမမီတဲ့ ကျေးလက်ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကြီးစိုးနေတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ လကလည်း အသက် ၁၇ နှစ်အရွယ် မိန်းကလေး တဦးရဲ့ အစ်ကိုဖြစ်သူက အခြားအမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်လို့ စွပ်စွဲပြီး အဲဒီ အမျိုးသမီး ကို ပြန်လည်အဓမ္မပြုကျင့်ဖို့ ပန်ဂျပ်ခရိုင် မူလတန်မြို့နားက ၂၆ ဦးအဖွဲ့ဝင် ကျေးရွာကောင်စီက အမိန့် ချမှတ်ခဲ့ပါသေးတယ်။

“ကံမကောင်းစွာနဲ့ပဲ ကျေးလက်ဒေသတွေမှာ အမျိုးသမီး တွေအတွက် ဥပဒေ တွေ ထုတ်ပြန်ထားပေမယ့် အမျိုးသမီး တွေကို သက်မဲ့ အရာဝတ္ထု တွေ ကုန်ဖလှယ်သလို ပြုမူခံနေရတုန်းပါပဲ” လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ဆာမာမီနျူလာက ပြောပါတယ်။

“ရဲတွေ အရေးယူ တာ ဝမ်းသာပါတယ်။ ဒါပေမယ့် မိန်းကလေးကတော့ သူမရဲ့ ကျန်ရှိနေတဲ့ ဘဝကို စိတ်ဒဏ်ရာကြီးနဲ့ အဆုံးသတ်ရတော့မယ်” လို့ သူမက ဆိုပါတယ်။

လက်တလောဖြစ်ခဲ့တဲ့ ဒီအဖြစ်က အမျိုးသမီး တွေ နှောင့်ယှက် စော်ကားခံရတာနဲ့ ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံအတွင်း ဆွေးနွေးငြင်းခုံမှု ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top