Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

” ျမန္မာ့အမ်ိဳးသမီးအသံ၊ ေဒၚခင္မ်ိဳးခ်စ္မွသည္ ေဒၚေအာင္ဆန္းစုၾကည္” အမည္ရွိ စာအုပ္သစ္ မိတ္ဆက္ပြဲကို ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ရွိ Yangon Book Plaza တြင္ ႏိုဝင္ဘာလ ၁၀ ရက္ေန႔၊ မြန္းလြဲပိုင္းက ျပဳလုပ္ခဲ့သည္။

ယင္းစာအုပ္တြင္ မူရင္းစာအုပ္ေရးသားသူ အိႏၵိယ ႏိုင္ငံသူ စာေရးဆရာမ Nilanjana Sengupta က ေဒၚေအာင္ဆန္းစုၾကည္အေၾကာင္းအပါအဝင္ ေဒၚခင္မ်ိဳးခ်စ္၊ လူထုေဒၚအမာႏွင့္ မသီတာ(စမ္းေခ်ာင္း) စသည့္ ျမန္မာႏိုင္ငံမွ ထင္ရွားေက်ာ္ၾကား သည့္ ျမန္မာအမ်ိဳးသမီးႀကီး ၄ ဦးအေၾကာင္းကို ေရးသားထားသည္။ ယင္းစာအုပ္ကို ေရးသားရန္ အတြက္ Nilanjana Sengupta အေနႏွင့္ ျမန္မာ ႏိုင္ငံသို႔ အႀကိမ္ႀကိမ္လာေရာက္ သုေတသနျပဳခဲ့ရ သည္။

ျမန္မာအမ်ိဳးသမီးမ်ား၏ ထူးျခားမႈမ်ားကို သိခ်င္မိေၾကာင္း၊ အထူးသျဖင့္ ျမန္မာအမ်ိဳးသမီးႀကီးမ်ား ဘာေၾကာင့္ ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ရွိရသလဲ ဆိုသည့္သိခ်င္စိတ္ကို အေျခခံၿပီး၊ ယင္းစာအုပ္ကို ေရးသားခဲ့သည္ဟု မူရင္းစာအုပ္ေရးသားသူ အိႏၵိယႏိုင္ငံသူ စာေရးဆရာမ Nilanjana Sengupta က ေျပာသည္။

” ကြၽန္မလည္း အမ်ိဳးသမီးပဲ၊ လက္ထပ္ထားသူပဲ၊ မိခင္တစ္ေယာက္ပဲ၊ သူတို႔လည္း အဲဒီလိုပဲ၊ ဒါေပမယ့္ကြၽန္မနဲ႔မတူဘဲနဲ႔ ဘာျဖစ္လို႔ ဒီေလာက္ မ်ိဳးခ်စ္စိတ္ေတြ၊ ႏိုင္ငံခ်စ္စိတ္ေတြ ျပင္းထန္ေနရသလဲဆိုတဲ့အခ်က္ကို ကြၽန္မအေနနဲ႔ သူတို႔ အေၾကာင္းေတြကို သိခ်င္စိတ္ အင္မတန္ျပင္းထန္ပါတယ္၊ ဒါေၾကာင့္ ေရးျဖစ္သြားတာပါ” ဟု စာေရးဆရာမ Nilanjana Sengupta က ေျပာသည္။

ယင္းစာအုပ္တြင္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္ တိုင္ေရးဆြဲထားသည့္ ပန္းခ်ီလက္ရာကိုလည္း ပုံႏွိပ္ ေဖာ္ျပထားၿပီး၊ ၂၀၁၂ ခုႏွစ္က စတင္ေရးသားခဲ့ၿပီး ၃ ႏွစ္ၾကာ ၂၀၁၅ တြင္ စာအုပ္ထုတ္ေဝခဲ့ၿပီး၊ ယခု ၂၀၁၇ ခုႏွစ္မွ ျမန္မာဘာသာျဖင့္ ဘာသာျပန္ ႐ိုက္ႏွိပ္ျခင္းျဖစ္သည္။

” ဒီစာအုပ္မွာ အထူးသျဖင့္ ျမန္မာအမ်ိဳးသမီးေတြ အဲဒီေခတ္ အဲဒီအခါက ျဖတ္သန္းတဲ့အခါမွာ ဘယ္လိုတုံ႔ျပန္ၾကသလဲ၊ ဘယ္လိုေတြးျမင္ၾက သလဲဆိုတာ အဓိက ရည္႐ြယ္တယ္လို႔ပဲျမင္တယ္၊ သူေတြးထားတဲ့အေတြးေတြကို သူေလ့လာေတြ႕ ရွိသမွ်နဲ႔ေရးသားထားတာပဲျဖစ္ပါတယ္၊ ဒါက ကြၽန္မ တို႔အေၾကာင္းလို႔ ေျပာရမွာလည္း ခက္ပါတယ္၊ ဒါေပမယ့္ ကြၽန္မတို႔အေၾကာင္းလည္း ပါပါတယ္၊ ဒီျမန္မာစာေပေလာက အေတာ္ႀကီးထင္ဟပ္တယ္၊ စာေပေလာကမွာ ျဖတ္သန္းခဲ့ရတဲ့အေတြ႕အႀကဳံ ေတြေပၚမူတည္ၿပီးေတာ့ ျမန္မာအမ်ိဳးသမီး စာေရးဆရာေတြက ဘယ္လိုမ်ိဳးတုံ႔ျပန္ခဲ့သလဲ၊ ဘယ္လိုမ်ိဳးနည္းေပါင္းစုံသုံးခဲ့ရသလဲေပါ့ေနာ္၊ သူတို႔ အသံေတြထြက္ႏိုင္ေအာင္လို႔ဆိုတဲ့ အဓိက အေၾကာင္းအရာေတြကို အေျခခံထားတာပါပဲ” ဟု စာေရးဆရာမ မသီတာ(စမ္းေခ်ာင္း)က ေျပာသည္။

အဆိုပါ စာအုပ္မိတ္ဆက္ပြဲတြင္ ျပည္တြင္းျပည္ပ စာေရးဆရာမ်ား၊ စာေပဝါသနာရွင္မ်ား တက္ ေရာက္ခဲ့ၾကၿပီး၊ ေရးသူဖတ္သူ ေတြ႕ဆုံ ေဆြးေႏြးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
” မြန်မာ့အမျိုးသမီးအသံ၊ ဒေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည်” အမည်ရှိ စာအုပ်သစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ လမ်းမတော်ရှိ Yangon Book Plaza တွင် နိုဝင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းစာအုပ်တွင် မူရင်းစာအုပ်ရေးသားသူ အိန္ဒိယ နိုင်ငံသူ စာရေးဆရာမ Nilanjana Sengupta က ဒေါ်အောင်ဆန်းစုကြည်အကြောင်းအပါအဝင် ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာနှင့် မသီတာ(စမ်းချောင်း) စသည့် မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြား သည့် မြန်မာအမျိုးသမီးကြီး ၄ ဦးအကြောင်းကို ရေးသားထားသည်။ ယင်းစာအုပ်ကို ရေးသားရန် အတွက် Nilanjana Sengupta အနေနှင့် မြန်မာ နိုင်ငံသို့ အကြိမ်ကြိမ်လာရောက် သုတေသနပြုခဲ့ရ သည်။

မြန်မာအမျိုးသမီးများ၏ ထူးခြားမှုများကို သိချင်မိကြောင်း၊ အထူးသဖြင့် မြန်မာအမျိုးသမီးကြီးများ ဘာကြောင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရသလဲ ဆိုသည့်သိချင်စိတ်ကို အခြေခံပြီး၊ ယင်းစာအုပ်ကို ရေးသားခဲ့သည်ဟု မူရင်းစာအုပ်ရေးသားသူ အိန္ဒိယနိုင်ငံသူ စာရေးဆရာမ Nilanjana Sengupta က ပြောသည်။

” ကျွန်မလည်း အမျိုးသမီးပဲ၊ လက်ထပ်ထားသူပဲ၊ မိခင်တစ်ယောက်ပဲ၊ သူတို့လည်း အဲဒီလိုပဲ၊ ဒါပေမယ့်ကျွန်မနဲ့မတူဘဲနဲ့ ဘာဖြစ်လို့ ဒီလောက် မျိုးချစ်စိတ်တွေ၊ နိုင်ငံချစ်စိတ်တွေ ပြင်းထန်နေရသလဲဆိုတဲ့အချက်ကို ကျွန်မအနေနဲ့ သူတို့ အကြောင်းတွေကို သိချင်စိတ် အင်မတန်ပြင်းထန်ပါတယ်၊ ဒါကြောင့် ရေးဖြစ်သွားတာပါ” ဟု စာရေးဆရာမ Nilanjana Sengupta က ပြောသည်။

ယင်းစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာကိုလည်း ပုံနှိပ် ဖော်ပြထားပြီး၊ ၂၀၁၂ ခုနှစ်က စတင်ရေးသားခဲ့ပြီး ၃ နှစ်ကြာ ၂၀၁၅ တွင် စာအုပ်ထုတ်ဝေခဲ့ပြီး၊ ယခု ၂၀၁၇ ခုနှစ်မှ မြန်မာဘာသာဖြင့် ဘာသာပြန် ရိုက်နှိပ်ခြင်းဖြစ်သည်။

” ဒီစာအုပ်မှာ အထူးသဖြင့် မြန်မာအမျိုးသမီးတွေ အဲဒီခေတ် အဲဒီအခါက ဖြတ်သန်းတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ကြသလဲ၊ ဘယ်လိုတွေးမြင်ကြ သလဲဆိုတာ အဓိက ရည်ရွယ်တယ်လို့ပဲမြင်တယ်၊ သူတွေးထားတဲ့အတွေးတွေကို သူလေ့လာတွေ့ ရှိသမျှနဲ့ရေးသားထားတာပဲဖြစ်ပါတယ်၊ ဒါက ကျွန်မ တို့အကြောင်းလို့ ပြောရမှာလည်း ခက်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့အကြောင်းလည်း ပါပါတယ်၊ ဒီမြန်မာစာပေလောက အတော်ကြီးထင်ဟပ်တယ်၊ စာပေလောကမှာ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ တွေပေါ်မူတည်ပြီးတော့ မြန်မာအမျိုးသမီး စာရေးဆရာတွေက ဘယ်လိုမျိုးတုံ့ပြန်ခဲ့သလဲ၊ ဘယ်လိုမျိုးနည်းပေါင်းစုံသုံးခဲ့ရသလဲပေါ့နော်၊ သူတို့ အသံတွေထွက်နိုင်အောင်လို့ဆိုတဲ့ အဓိက အကြောင်းအရာတွေကို အခြေခံထားတာပါပဲ” ဟု စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြောသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် ပြည်တွင်းပြည်ပ စာရေးဆရာများ၊ စာပေဝါသနာရှင်များ တက် ရောက်ခဲ့ကြပြီး၊ ရေးသူဖတ်သူ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top