ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လူ႕ရဲ႕ သေဘာသဘာဝက ကိုယ့္ကို တစ္ခ်ိန္လုံး အျပစ္ေျပာခံေနရရင္ မႀကိဳက္တတ္ပါဘူး။

မိဘ နဲ႕ သားသမီး ၾကား၊ အိမ္ေထာင္ဖက္ အခ်င္းခ်င္းၾကား၊ လုပ္ငန္းေဖာ္ အခ်င္းခ်င္းၾကား စသျဖင့္ ဘယ္ဆက္ဆံေရးအေျခအေနမွာမဆို ကိုယ့္ကို အေကာင္းမျမင္ႏိုင္သူနဲ႕ အတူရွိရတာ စိတ္မသက္မသာခံစားရပါတယ္။ ကိုယ္က တျခားသူေတြကို အျပစ္ ပဲ လိုက္တင္ေနမယ္ဆို သူတို႔ေတြလည္း အလားတူ ခံစားရမွာပါ။

ဒီလိုဆိုေတာ့ အေကာင္းခ်ည္း ပဲ ေရြးေျပာရမွာလား ။ ဒါလည္း မဟုတ္ေသးပါဘူး။ လူတစ္ေယာက္ကို အၿမဲတမ္း အေကာင္းခ်ည္းပဲ ခ်ီးမြမ္း ေနျပန္ရင္လည္း ေအာက္ေျခလြတ္သြားမွာေပါ့။ ပိုၿပီး အေရးႀကီးတာက အျပစ္ တင္ တယ္ဆိုတိုင္း စိတ္ဆင္းရဲေစခ်င္လို႔ မဟုတ္ပါဘူး၊ တစ္ခါတစ္ေလမွာ အေျခအေနအမွန္ကို သိရေအာင္၊ ပိုေကာင္းတာေတြ လုပ္လာႏိုင္ေအာင္ အရွိအတိုင္း ေထာက္ျပတာေတြ လိုအပ္ပါတယ္။

မာရွယ္ ဖရန္စစၥကို လိုဆာဒါ (Marcial Francisco Losada) ဆိုတဲ့ စိတ္ပညာရွင္ ကေတာ့ အေကာင္းနဲ႕ အဆိုး မွ်တေစမယ့္ နည္းတစ္ခုကုိ ေတြ႔ရွိခဲ့ပါတယ္။ သူ႔ နည္းကေတာ့ ခ်ီးက်ဴး စကား (၃) ခြန္း ေျပာၿပီးတိုင္း အျပစ္တင္ေထာက္ျပတဲ့ စကားတစ္ခြန္း ေျပာဖို႔ပါ။ စိတ္ပညာေ လ့လာ ဆန္းစစ္ခ်က္ ေတြအရေတာ့ ဒီနည္းဟာ တကယ္အလုပ္ျဖစ္ပါသတဲ့။ လူ႕စိတ္ဆိုတာက ကိုယ့္အေပၚ ေကာင္းတာနဲ႔ မေကာင္းတာမွာ မေကာင္းတာကို ပို စြဲထင္ မွတ္မိေနတာမို႕ အျပစ္တင္ရႈတ္ခ်စကားထက္ ခ်ီးမြမ္း ေထာပနာစကားေတြကို အနည္းဆုံး (၃) ဆ ပိုေျပာဖို႔ လိုတာပါ။

ဒါေပမဲ့ အေရးႀကီးတာ ေနာက္တစ္ခုက ရိုးသားဖို႕ပါပဲ။ အျပစ္မ ရွိ အျပစ္ရွာ ျငဴစူေနတာမ်ိဳးမျဖစ္သင့္သလို အရမ္းကာေရာ ေျမွာက္ပင့္ ခ်ီးက်ဳး တာမ်ိဳးကလည္း သဘာဝ မက်ပါဘူး။ လက္ေတြ႕ဘဝ ထဲက တျခားသူေတြရဲ႕ စိတ္ေကာင္းေစတနာေကာင္းေတြကို ျမင္တတ္ ၊ လက္ေတြ႕က်က် အသိအမွတ္ျပဳတတ္တဲ့ “ခ်စ္ေသာ မ်က္စိ” ရွိမွသာ ကိုယ့္ကိုလည္း တပါးသူမ်ားက ျပန္လည္ခ်စ္ခင္တန္ဖိုးထားလာမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လူ့ရဲ့ သဘောသဘာဝက ကိုယ့်ကို တစ်ချိန်လုံး အပြစ်ပြောခံနေရရင် မကြိုက်တတ်ပါဘူး။

မိဘ နဲ့ သားသမီး ကြား၊ အိမ်ထောင်ဖက် အချင်းချင်းကြား၊ လုပ်ငန်းဖော် အချင်းချင်းကြား စသဖြင့် ဘယ်ဆက်ဆံရေးအခြေအနေမှာမဆို ကိုယ့်ကို အကောင်းမမြင်နိုင်သူနဲ့ အတူရှိရတာ စိတ်မသက်မသာခံစားရပါတယ်။ ကိုယ်က တခြားသူတွေကို အပြစ် ပဲ လိုက်တင်နေမယ်ဆို သူတို့တွေလည်း အလားတူ ခံစားရမှာပါ။

ဒီလိုဆိုတော့ အကောင်းချည်း ပဲ ရွေးပြောရမှာလား ။ ဒါလည်း မဟုတ်သေးပါဘူး။ လူတစ်ယောက်ကို အမြဲတမ်း အကောင်းချည်းပဲ ချီးမွမ်း နေပြန်ရင်လည်း အောက်ခြေလွတ်သွားမှာပေါ့။ ပိုပြီး အရေးကြီးတာက အပြစ် တင် တယ်ဆိုတိုင်း စိတ်ဆင်းရဲစေချင်လို့ မဟုတ်ပါဘူး၊ တစ်ခါတစ်လေမှာ အခြေအနေအမှန်ကို သိရအောင်၊ ပိုကောင်းတာတွေ လုပ်လာနိုင်အောင် အရှိအတိုင်း ထောက်ပြတာတွေ လိုအပ်ပါတယ်။

မာရှယ် ဖရန်စစ္စကို လိုဆာဒါ (Marcial Francisco Losada) ဆိုတဲ့ စိတ်ပညာရှင် ကတော့ အကောင်းနဲ့ အဆိုး မျှတစေမယ့် နည်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သူ့ နည်းကတော့ ချီးကျူး စကား (၃) ခွန်း ပြောပြီးတိုင်း အပြစ်တင်ထောက်ပြတဲ့ စကားတစ်ခွန်း ပြောဖို့ပါ။ စိတ်ပညာေ လ့လာ ဆန်းစစ်ချက် တွေအရတော့ ဒီနည်းဟာ တကယ်အလုပ်ဖြစ်ပါသတဲ့။ လူ့စိတ်ဆိုတာက ကိုယ့်အပေါ် ကောင်းတာနဲ့ မကောင်းတာမှာ မကောင်းတာကို ပို စွဲထင် မှတ်မိနေတာမို့ အပြစ်တင်ရှုတ်ချစကားထက် ချီးမွမ်း ထောပနာစကားတွေကို အနည်းဆုံး (၃) ဆ ပိုပြောဖို့ လိုတာပါ။

ဒါပေမဲ့ အရေးကြီးတာ နောက်တစ်ခုက ရိုးသားဖို့ပါပဲ။ အပြစ်မ ရှိ အပြစ်ရှာ ငြူစူနေတာမျိုးမဖြစ်သင့်သလို အရမ်းကာရော မြှောက်ပင့် ချီးကျုး တာမျိုးကလည်း သဘာဝ မကျပါဘူး။ လက်တွေ့ဘဝ ထဲက တခြားသူတွေရဲ့ စိတ်ကောင်းစေတနာကောင်းတွေကို မြင်တတ် ၊ လက်တွေ့ကျကျ အသိအမှတ်ပြုတတ်တဲ့ “ချစ်သော မျက်စိ” ရှိမှသာ ကိုယ့်ကိုလည်း တပါးသူများက ပြန်လည်ချစ်ခင်တန်ဖိုးထားလာမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top