Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
Credit: cantwait2say
#Unicode Version#
အမေရိကန် ရဲ့ လျို့ဝှက် အဖွဲ့အစည်း တွေမှာ သင်မသိတဲ့၊သတိမထားမိတဲ့ နောက်ကွယ်က အကြောင်းအရာတွေ မြောက်များစွာရှိပါတယ်။ရုပ်ရှင်တွေထဲမှာတော့ ဒီ အဖွဲ့အစည်း ကလူတွေဟာ မျက်မှန်မည်းကြီးတွေတပ်ထားလေ့ရှိပြီး နားကပ်ပါပန်ထားတာကို တွေ့မိကြမှာပါ။ဒီတစ်ခါမှာတော့ သူတို့ရဲ့ လက်တွေ့ ဘဝ မှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ဖွဲ့စည်းထားသလဲဆိုတာကို ဖော်ပြ ပေးသွားမှာပါ။
1.လျို့ဝှက် အဖွဲ့အစည်း နဲ့ပတ်သက်ပြီး ကျွန်မ တို့ထင်ထားတာက အရေအတွက်100ခန့်(သို့)အောက် လို့ထင်လေ့ရှိပါတယ်။ဒါပေမယ့် တကယ်တမ်းတော့ အထူး လေ့ကျင့် သင်ကြားထားတဲ့ လက်ရွေးစင်ပေါင်း6500ခန့်နဲ့ဖွဲ့စည်းထားတာပါ။
2.သမ္မတ ကိုတင် စောင့်ကြပ်ကာကွယ်ရတာမဟုတ်ပဲ သူတို့ မိသားစု တွေ၊သ မ္မတဟောင်းနဲ့သူ့မိသားစုဝင်တွေကအစ သူတို့ရဲ့ကာကွယ်မှုအောက်မှာ ရှိပါတယ်။နောက် သမ္မတ ရဲ့အထူးဧည့်သည်တော်တွေနဲ့ သမ္မတက ကာကွယ်စေချင်တဲ့သူတွေကိုကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။
3.အရေးကြီးတဲ့အ ခမ်းအနား တွေမစတင်ခင်အချိန်မျိုးမှာ သူတို့အနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ လုပ်ကြံမှု တွေအားလုံးအတွက် ကြိုတင်ပြီးအကြိမ်ကြိမ်လေ့ကျင့်ရပါတယ်။ဒီထရိန်နင်ကာလအတွက် ကျည်ဆံများလည်း သေချာထုတ်လုပ်ထားပြီး ရေထဲမှာတောင် ကျည်ဆံတွေကြား လွတ်လမ်းရှာဖွေတတ်အောင် သင်ယူရပါတယ်။
4.အယောက်စီတိုင်းက ဆေးပညာ နဲ့ပတ်သက်ပြီးအခြေခံကျွမ်းကျင်ထားဖို့လိုသလို ဆေးရုံမရောက်မီ(သို့)လူနာတင်ကားရောက်မလာခင် အရေးပေါ်အသက်ကယ်နည်း တွေကို သိထားရပါတယ်။
5.သူလျိုတွေအနေနဲ့ အခြေခံ ဆေးပညာ ကို အသုံးပြုတတ်ဖို့လိုသလို လိုအပ်ရင်လိုအပ်သလို သွေးသွင်းပေးရပါသေးတယ်။လိုအပ်လာတဲ့အခါမျိုးမှာ အလှူရှင် ရှာနေစရာမလိုပဲ အရံသင့်သွင်းပေးနိုင်အောင် သမ္မအတွက် သွေးအပိုကို အမြဲတမ်းသယ်ဆောင်ထားရပါတယ်။
6.သမ္မတ တွေမှာ ကုဒ်နာမည် ကိုယ်စီရှိကြပြီး လျို့ဝှက် အဖွဲ့အစည်း အနေနဲ့ သတ်မှတ်ထားတဲ့ ကုဒ်နာမည်တွေကို အသုံးပြုကြပါတယ်။
7.လျို့ဝှက် အဖွဲ့အစည်း ရဲ့ စည်းကမ်း အရ သမ္မတ ကို တစ်ယောက်တည်း ဘယ်တော့မှချန်ထားခွင့်မရှှိပါဘူး။တကယ်လို့ သမ္မတအနေနဲ့ တစ်ယောက်တည်းရှိနေချင်တဲ့အခါမျိုးမှာ သမ္မတ ရဲ့ဘဲဥပုံရုံးခန်းကြမ်းပြင်မှာ တပ်ဆင်ထားတဲ့sensorတွေအားဖြင့် လှုပ်ရှားမှု၊ဦးတည်ရာလမ်းကြောင်းကို ခြေရာခံနိုင်ပါတယ်။
8.သမ္မတ ဟာ တစ်ယောက်တည်းရှိမနေသင့်တာမို့ အမြဲအတူတူရှိနေရမယ့်သူတွေအနေနဲ့ သမ္မတရဲ့ဝါသနာများကိုလည်း ကျွမ်းကျင်ထားဖို့လိုပါသေးတယ်။ဥပမာအားဖြင့် သူမနက်ခင်းလမ်းလျှောက်မယ်ဆိုရင် လိုက်လျှောက်တာမျိုး၊တောင်အတူလိုက်တက်တာမျိုး၊စကိတ်စီးတာမျိုး… သူဖြစ်ချင်တဲ့အရာမှန်သမျှကို အလိုက်တသိ လိုက်ဖြည့်ဆည်းပေးဖို့လိုပါတယ်။
9.နောက် သမ္မတ ဟာ ကာကွယ်စောင့်ကြပ်သူမပါပဲ ဆေးရုံသွားလေ့မရှိတာမို့ သမ္မတအရေးကြုံတိုင်း ဘေးကနေ တဖဝါးမခွာ လိုက်ရပါတယ်။
10.အဖွဲ့ဝင် တွေဟာ မသင်္ကာမှုတွေကိုမှတ်တမ်းတင်ပြီး သဲလွန်စတွေဆွဲထုတ်ဖို့ အကူအညီပေးနိုင်တဲ့ ကင်မရာတွေကို အတတ်နိုင်ဆုံး များများအသုံးပြုပါတယ်။သမ္မတကနေဒီရဲ့လုပ်ကြံခံရမှုအပြီးမှာ ပိုပြီးတင်းကျပ်စွာစောင့်ကြပ်ဖို့ နည်းဗျူဟာတွေသုံးခဲ့ပါတယ်။
11.သမိုင်း အရ တာဝန်ထမ်းဆောင်နေတုန်း အသတ်ခံခဲ့ရတဲ့ အဖွဲ့ဝင်တစ်ယောက်ရှိခဲ့ပါတယ်။သူကတော့ Leslie Coffeltဖြစ်ပြီး 1950 Nov1မှာ Harry Trumanကို ကာကွယ်စောင့်ကြပ်နေတုန်း အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
12. ဒီ လျို့ဝှက် အဖွဲ့အစည်း ကို သမ္မတလင်ကွန်းအသတ်ခံခဲ့ရတဲ့နေ့မှာ အစပြုခဲ့တာဖြစ်ပါတယ်။အကြံပေးအရာရှိHugh McCullochကနေပြီးတော့ ဒီ အဖွဲ့အစည်း တည်ထောင်ဖို့ အကြံပြုခဲ့တာဖြစ်ပြီး သူ့ရဲ့အကြံကို Apr14,1865မှာ သမ္မတလင်ကွန်းထံ တင်ပြခဲ့ပါတယ်။အဲဒီညမှာပဲ သမ္မတ လင်ကွန်းသွားခဲ့တဲ့ ပြဇာတ်ရုံမှာ ဦးခေါင်းကိုသေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။
13.ရုပ်ရှင်တွေထဲမှာတော့ အဖွဲ့ဝင် တွေဟာ အနက်ရောင်ဝတ်စုံကြီးတွေနဲ့ မျက်မှန်နက်တွေတပ်ဆင်ကြပြီး လက်တွေ့အပြင်မှာတော့ သူတို့ရဲ့တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ မျက်မှန်လုံးဝမတပ်ပါဘူး။အကြောင်းရင်းက အလင်းရောင်မဲ့ခြင်းကြောင်ြ အရေးကြီးတဲ့အရာတွေကို မျက်ခြေပြတ်သွားမှာစိုးလို့ပါ။
14.အဖွဲ့ဝင်တွေရဲ့ လက်အနေအထားကို သေချဂရုပြုကြည့်မယ်ဆိုရင် လက်ချောင်းအနေအထားကွာသော်လည်း ခါးနားမှာပဲတင်ထားတာကို တွေ့ရမှာပါ။တစ်ခုတည်းသောအဓိပ္ပာယ်ကတော့ ပြန်လည်တုံ့ပြန်ဖို့ အဆင်သင့်အနေအထားပါပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top