Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕၊ အမရပူရၿမိဳ႕နယ္​၊ မွန္တန္းရပ္ကြက္ရွိ ရွင္ပင္ဆတ္သြားဘုရားပြဲတြင္ ႏိုဝင္ဘာလ ၉ရက္ေန႔ ည ၈နာရီအခ်ိန္ခန္႔က ပြဲေစ်းတန္းအတြင္း လမ္းေလ်ာက္စဥ္ ပုခံုးခ်င္းတိုက္မိရာမွ စကားမ်ားရန္ျဖစ္ၾကရာ ဓါးျဖင့္ထိုးသျဖင့္ အမ်ိဳးသားႏွစ္ဦးေသဆံုးၿပီး တစ္ဦး ဒဏ္ရာရရွိခဲ႔ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အမရပူရၿမိဳ႕၊ ဝက္ကုန္းရပ္၊ မွန္တန္းရပ္ကြက္ေနသူမ်ားျဖစ္သည့္ ေမာ္ဦး(၁၆)ႏွစ္ (ဘ)ဦးငေမာ္၊ ေလထိုးကြ်တ္ဖာလုပ္၊ ေမာ္ထူး (၁၅)ႏွစ္ (ဘ)ဦးငေမာ္၊ေလထိုးကြ်တ္ဖာလုပ္ကိုင္သူ ညီအစ္ကိုႏွစ္ဦးႏွင့္ သူငယ္ခ်င္းျဖစ္သူ မ်ိဳးလိွဳင္ဝင္း (ဘ) ဦးတင္ေမာင္ေအး တို႔သည္ ပြဲေစ်းတန္းအတြင္း လမ္းေလ်ာက္လာစဥ္ တစ္ရပ္ကြက္တည္းေန ဝင္းျမင့္ဦး(၁၆)ႏွစ္ (ဘ)ဦးျမင့္သိန္း၊ ဆိုင္ကယ္ဝပ္ေရွာ့လုပ္၊ စိုးလင္းေအာင္ (၂၀)ႏွစ္၊ (ဘ)ဦးေမာင္ေမာင္၊ တြန္းလွည္းဆြဲ၊ မင္းခန္႔ေက်ာ္ (၁၇)ႏွစ္ (ဘ)ဦးခင္ေမာင္ၫြန္႔၊ ႏြားသတ္႐ံုလုပ္သားတို႔ႏွင့္ ပုခံုးခ်င္းတိုက္မိရာမွ စကားမ်ားရန္ျဖစ္ၾကရာ ဝင္းျမင့္ဦးမွ ဖိုက္ဘာအနက္ေရာင္လက္ကိုင္အ႐ိုးတပ္ အ႐ိုးအသြား ၉လက္မခန္႔ရွိ ဓါးဦးခြ်န္ျဖင့္ ထိုးရာ ေမာ္ဦးတြင္ ဝဲနံေစာင္း ထိုးသြင္းဒဏ္ရာ တစ္ခ်က္၊ ေမာ္ထူးတြင္ ဝဲရင္အံုထိုးသြင္းဒဏ္ရာတစ္ခ်က္၊ မ်ိဳးလိွဳင္ဝင္းတြင္ ဝမ္းဗိုက္ ဝဲဘက္ ထိုးသြင္းဒဏ္ရာတသ္ခ်က္တို႔ အသီးသီးရရွိခဲ႔သည္။

အခင္းျဖစ္ပြားရာသို႔ အမရပူရၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးမိုးသူရိန္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ သြားေရာက္စစ္ေဆးၿပီး ဒဏ္ရာရရွိသူမ်ားကို မႏၲေလးအေထြေထြေရာဂါကုေဆး႐ံုႀကီးသို႔ပို႔ေဆာင္စဥ္ ေမာ္ဦးႏွင့္ ေမာ္ထူးတို႔ ညီအစ္ကို ႏွစ္ဦးမွာ ေသဆံုးသြားခဲ႔ၿပီး မ်ိဳးလိႈင္ဝင္းမွာ အတြင္းလူနာအျဖစ္ လိုအပ္ေသာေဆးဝါးကုသမႈမ်ားကို ခံယူလ်က္ရွိေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

ျဖစ္စဥ္အေပၚ ျပစ္မွဳက်ဴးလြန္သူမ်ားကို အေရးယူေပးရန္ ၎ေန႔ည ၁၁ နာရီေက်ာ္က ေမာ္ဦးႏွင့္ ေမာ္ထူးတို႔၏ အေဒၚျဖစ္သူမွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ အမရပူၿမိဳ႕မရဲစခန္း (ပ)၄၁၂ /၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/၃၂၆/၁၁၄ ျဖင့္ အမွဳဖြင့္ထားရွိၿပီး ျပစ္မွဳက်ဴးလြန္သူမ်ားကို အမွဳျဖင့္ ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်ရှိ ရှင်ပင်ဆတ်သွားဘုရားပွဲတွင် နိုဝင်ဘာလ ၉ရက်နေ့ ည ၈နာရီအချိန်ခန့်က ပွဲဈေးတန်းအတွင်း လမ်းလျောက်စဉ် ပုခုံးချင်းတိုက်မိရာမှ စကားများရန်ဖြစ်ကြရာ ဓါးဖြင့်ထိုးသဖြင့် အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမရပူရမြို့၊ ဝက်ကုန်းရပ်၊ မှန်တန်းရပ်ကွက်နေသူများဖြစ်သည့် မော်ဦး(၁၆)နှစ် (ဘ)ဦးငမော်၊ လေထိုးကျွတ်ဖာလုပ်၊ မော်ထူး (၁၅)နှစ် (ဘ)ဦးငမော်၊လေထိုးကျွတ်ဖာလုပ်ကိုင်သူ ညီအစ်ကိုနှစ်ဦးနှင့် သူငယ်ချင်းဖြစ်သူ မျိုးလှိုင်ဝင်း (ဘ) ဦးတင်မောင်အေး တို့သည် ပွဲဈေးတန်းအတွင်း လမ်းလျောက်လာစဉ် တစ်ရပ်ကွက်တည်းနေ ဝင်းမြင့်ဦး(၁၆)နှစ် (ဘ)ဦးမြင့်သိန်း၊ ဆိုင်ကယ်ဝပ်ရှော့လုပ်၊ စိုးလင်းအောင် (၂၀)နှစ်၊ (ဘ)ဦးမောင်မောင်၊ တွန်းလှည်းဆွဲ၊ မင်းခန့်ကျော် (၁၇)နှစ် (ဘ)ဦးခင်မောင်ညွန့်၊ နွားသတ်ရုံလုပ်သားတို့နှင့် ပုခုံးချင်းတိုက်မိရာမှ စကားများရန်ဖြစ်ကြရာ ဝင်းမြင့်ဦးမှ ဖိုက်ဘာအနက်ရောင်လက်ကိုင်အရိုးတပ် အရိုးအသွား ၉လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးရာ မော်ဦးတွင် ဝဲနံစောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မော်ထူးတွင် ဝဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ မျိုးလှိုင်ဝင်းတွင် ဝမ်းဗိုက် ဝဲဘက် ထိုးသွင်းဒဏ်ရာတသ်ချက်တို့ အသီးသီးရရှိခဲ့သည်။

အခင်းဖြစ်ပွားရာသို့ အမရပူရမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးသူရိန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးပြီး ဒဏ်ရာရရှိသူများကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်စဉ် မော်ဦးနှင့် မော်ထူးတို့ ညီအစ်ကို နှစ်ဦးမှာ သေဆုံးသွားခဲ့ပြီး မျိုးလှိုင်ဝင်းမှာ အတွင်းလူနာအဖြစ် လိုအပ်သောဆေးဝါးကုသမှုများကို ခံယူလျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်အပေါ် ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ၎င်းနေ့ည ၁၁ နာရီကျော်က မော်ဦးနှင့် မော်ထူးတို့၏ အဒေါ်ဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် အမရပူမြို့မရဲစခန်း (ပ)၄၁၂ /၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး ပြစ်မှုကျူးလွန်သူများကို အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top