Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လြန္ခဲ့ေသာ ၁၇ ႏွစ္က ဖခင္ျဖစ္သူကို ဓါးျဖင့္ထုိးခဲ့သူအား အရက္ အတူတူေသာက္စားရင္း လက္တံု႔ျပန္ကာ ဓါးႏွင့္ထုိးသတ္ခဲ့ေသာအမႈႀကီး တစ္ခု ႏိုဝင္ဘာ(၁၂)ရက္ေန႔ ညေန(၆)နာရီအခ်ိန္ခန္႔က ေတာင္ငူခရိုင္၊ အုတ္တြင္းၿမိဳ႕နယ္၊ ၾကြယ္ဂံေက်းရြာ၌ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

 အုတ္တြင္းၿမိဳ႕၊ အေနာက္ ေျမာက္ဖက္(၅)မိုင္ခန္႔အကြာရွိ အခင္းျဖစ္ပြား သည့္ ၾကြယ္ဂံေက်းရြာသို႔ အုတ္တြင္းၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး ေငြထြန္း၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ မင္းမင္းေဇာ္ ဦးစီးအဖြဲ႕ကသြားေရာက္ စစ္ေဆးခဲ့ရာ ယင္းေက်း ရြာေန ဦးထြန္းေရႊ(၄၉)ႏွစ္ သည္ ကိုေဘာ္ေဘာ္ ၏ေနအိမ္ဝိုင္းအတြင္းရွိ သရက္ပင္ေအာက္၌ ထိုးသြင္း ဓါးဒါဏ္ရာ (၆)ခ်က္ျဖင့္ေသဆံုးေနသည္ကိုေတြ႕ရွိခဲ့ရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ တစ္ရြာတည္းေန ေက်ာ္မင္းထြန္း(၃၁)ႏွစ္က ဦးထြန္းေရႊ အားေနအိမ္မွ ေခၚေဆာင္၍ ရြာအတြင္းရွိ အရက္ဆုိင္မွ အရက္ ဝယ္ယူကာ အခင္းျဖစ္ ေနရာတြင္ ႏွစ္ေယာက္အတူတူေသာက္စားခဲ့ၾကၿပီး လြန္ခဲ့ေသာ(၁၇)ႏွစ္ ခန္႔က ေက်ာ္မင္းထြန္း ၏ဖခင္ျဖစ္သူအား ဦးထြန္းေရႊ ကဓါးျဖင့္ထိုး ခဲ့ျခင္းေၾကာင့္ ေသရာပါအမာရႊတ္ႀကီးရရွိ သည္ကို ျပန္ေျပာင္းေျပာဆိုရင္း တစ္ေယာက္တစ္ခြန္းစကားမ်ားရန္ျဖစ္ကာ ေက်ာ္မင္းထြန္း မွအသင့္ယူ ေဆာင္လာေသာ ငါးဖယ္ခံုဓါးျဖင့္ထိုးခဲ့ျခင္းျဖစ္ေၾကာင္းသိရွိရ၍ အုတ္တြင္းၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
လွန်ခဲ့သော ၁၇ နှစ်က ဖခင်ဖြစ်သူကို ဓါးဖြင့်ထိုးခဲ့သူအား အရက် အတူတူသောက်စားရင်း လက်တုံ့ပြန်ကာ ဓါးနှင့်ထိုးသတ်ခဲ့သောအမှုကြီး တစ်ခု နိုဝင်ဘာ(၁၂)ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်က တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာ၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အုတ်တွင်းမြို့၊ အနောက် မြောက်ဖက်(၅)မိုင်ခန့်အကွာရှိ အခင်းဖြစ်ပွား သည့် ကြွယ်ဂံကျေးရွာသို့ အုတ်တွင်းမြို့မစခန်းမှူး ဒုရဲမှူး ငွေထွန်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မင်းမင်းဇော် ဦးစီးအဖွဲ့ကသွားရောက် စစ်ဆေးခဲ့ရာ ယင်းကျေး ရွာနေ ဦးထွန်းရွှေ(၄၉)နှစ် သည် ကိုဘော်ဘော် ၏နေအိမ်ဝိုင်းအတွင်းရှိ သရက်ပင်အောက်၌ ထိုးသွင်း ဓါးဒါဏ်ရာ (၆)ချက်ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ တစ်ရွာတည်းနေ ကျော်မင်းထွန်း(၃၁)နှစ်က ဦးထွန်းရွှေ အားနေအိမ်မှ ခေါ်ဆောင်၍ ရွာအတွင်းရှိ အရက်ဆိုင်မှ အရက် ဝယ်ယူကာ အခင်းဖြစ် နေရာတွင် နှစ်ယောက်အတူတူသောက်စားခဲ့ကြပြီး လွန်ခဲ့သော(၁၇)နှစ် ခန့်က ကျော်မင်းထွန်း ၏ဖခင်ဖြစ်သူအား ဦးထွန်းရွှေ ကဓါးဖြင့်ထိုး ခဲ့ခြင်းကြောင့် သေရာပါအမာရွှတ်ကြီးရရှိ သည်ကို ပြန်ပြောင်းပြောဆိုရင်း တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ကာ ကျော်မင်းထွန်း မှအသင့်ယူ ဆောင်လာသော ငါးဖယ်ခုံဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရ၍ အုတ်တွင်းမြို့မရဲစခန်းတွင်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top