AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ ေခ်ာင္ႀကီးေက်းရြာအနီးတြင္ ႏိုဝင္ဘာ(၁၅)ရက္ မြန္းလြဲပိုင္းက ဆိုင္ကယ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိမႈျဖစ္ပြားခဲ့ပါတယ္။

 ျဖစ္စဥ္မွာ ေက်ာင္းကုန္း-အိမ္မဲကားလမ္း၊ ေခ်ာင္ႀကီးေက်းရြာနားမွာ အိမ္မဲဘက္ကေန ေက်ာင္းကုန္းဘက္ကို ေမာင္းႏွင္လာတဲ့ဆိုင္ကယ္နဲ႔ လားရာတူဘက္က လူႏွစ္ဦးလိုက္ပါစီးနင္းလာတဲ့ ဆိုင္ကယ္တို႔ အရွိန္မထိန္းႏိုင္ပဲ မ်က္ႏွာခ်င္းဆိုင္တိုက္မိတာ ျဖစ္တယ္လို႔ သိရပါတယ္။


 အဲဒီျဖစ္စဥ္ေၾကာင့္ လူသံုးဦးစလံုး ျပင္းထန္ဒဏ္ရာေတြရရွိခဲ့ၾကျပီး ေဆးရံုတင္ပို႔ ကုသခဲ့ၾကရတယ္လို႔ သိရပါတယ္။ ႏို၀င္ဘာ(၁၆)ရက္မနက္ပိုင္းမွာေတာ့ ရန္ကုန္ေဆးရံုၾကီးမွာ ပို႔ေဆာင္ကုသေနရတဲ့ သန္းထိုက္ဆိုသူဟာ ရရွိတဲ့ဒဏ္ရာေတြေၾကာင့္ ေသဆံုးသြားတယ္လို႔ သိရပါတယ္။

 ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းက ယာဥ္မဆင္မျခင္ေမာင္းႏွင္တဲ့သူေတြကို ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ အရ အမႈဖြင့္အေရးယူေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။ ဒီသတင္းကို ဝင္းႀကိဳင္ (ေက်ာင္းကုန္း) ေပးပို႔တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ချောင်ကြီးကျေးရွာအနီးတွင် နိုဝင်ဘာ(၁၅)ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်မှာ ကျောင်းကုန်း-အိမ်မဲကားလမ်း၊ ချောင်ကြီးကျေးရွာနားမှာ အိမ်မဲဘက်ကနေ ကျောင်းကုန်းဘက်ကို မောင်းနှင်လာတဲ့ဆိုင်ကယ်နဲ့ လားရာတူဘက်က လူနှစ်ဦးလိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင်တိုက်မိတာ ဖြစ်တယ်လို့ သိရပါတယ်။


 အဲဒီဖြစ်စဉ်ကြောင့် လူသုံးဦးစလုံး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပြီး ဆေးရုံတင်ပို့ ကုသခဲ့ကြရတယ်လို့ သိရပါတယ်။ နိုဝင်ဘာ(၁၆)ရက်မနက်ပိုင်းမှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ပို့ဆောင်ကုသနေရတဲ့ သန်းထိုက်ဆိုသူဟာ ရရှိတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်တဲ့သူတွေကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင် (ကျောင်းကုန်း) ပေးပို့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top