ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တစ္ထပ္ခြဲပါတဲ့ ဆိုင္ခန္းရဲ ့အေပၚထပ္မွာ ကြ်န္မတို ့၃ေယာက္ ထမင္းသားေနၾကခ်ိန္က ည

၁၀နာရီဝန္းက်င္သာ ရိွဦးမွာပါ။
ဆိုင္ေရွ ့ဘက္ေထာင့္တစ္ေနရာကေန အထုတ္ၾကီးၾကီးတစ္ထုတ္

ျပဳတ္က်သြားသလို အသံမ်ိဴးး ဗုန္းကနဲ အသံတစ္ခုၾကားရေတာ့ ဗီရိုထဲမွာ စကၠဴ ဗူးေတြနဲ ့ေထာင္ျပီးထည့္ထားတဲ့

ခ်ိတ္လံုခ်ည္ေတြ ျပဳတ္က်သြားတယ္ပဲ ထင္မိၾကတယ္။ အေျပးအလႊားေအာက္ကို ဆင္းေျပးၾကည့္ေတာ့

ဘာပစၥည္းမွ ေျခရာလက္ရာ ပ်က္မေန။ ေသခ်ာေအာင္တစ္ၾကိမ္ျပန္စစ္ျပီးမွ ေလွကားတက္လိုက္လ်င္

ေလွကားနွင့္တည့္တည့္ေနရာမွာ ရိွတဲ့ အေပၚထပ္အခန္းငယ္ထဲမွာ အိပ္ယာမဝင္ၾကခင္ ေသာ့ေတြ

တံခါးေတြေသခ်ာစစ္ရပါတယ္။ အားလံုးျပီးေတာ့မွ ေလွကားဘယ္ဘက္ျခမ္းေလးမွာ အခန္းငယ္ေလးလို ျဖစ္ေနတဲ့

ဧည့္ခန္းေပါက္စေလးထဲ သမီးေလးနဲ ့သူ ့သူငယ္ခ်င္းမေလး အိပ္ယာေလးခင္းေနၾကတာကို တခ်က္ၾကည့္ရင္း

စိတ္ပူတဲ့အေတြးတစ္ခုေပါက္လာတာနဲ ့သမီးေလးတို ့ဒီညေတာ့ေမေမနဲ ့လာအိပ္ၾကေတာ့လို

့ေခၚအိပ္လိုက္ပါတယ္။ ေအာက္ထပ္မွာ လူမရိွတာမို ့ အိပ္ခန္းရဲ ့ေျခရင္းမွန္တံခါးခ်ပ္ၾကီးကို ဟင္းလင္းဖြင့္ျပီး အိပ္ဖို

့ျပင္ၾကပါတယ္။ ထံုးစံအတိုင္း မအိပ္ခင္ laptop ကိုသံုးရင္း တဝါးဝါးသမ္းေဝလာၾကတဲ့အခါ ေတာ္ျပီ

အားလံုးအိပ္ၾကေတာ့လို ့ေျပာရင္း တပါတည္းကိုယ္ပါ အိပ္ဖို ့ျပင္ပါတယ္။ ကေလး၂ေယာက္ေစာင္ကို

ေကြးေနေအာင္ ျခံဳလို ့အိပ္ၾကေတာ့မွ ကိုယ္လည္း ေပတေလာက page ေလးမွာ notifications ေတြ

တခ်က္စစ္ရင္း ကြန္ပ်ဴတာကို အာရံုစူးစိုက္မိခိုက္မွာ သစ္သားထုျပည့္ၾကီးေတြနဲ ့ေကာင္းစြာအလွဆင္ထားတဲ့

ေလွကားၾကီးေပၚ ေျပးတက္လာတဲ့ ေျခသံတဖတ္ဖတ္ေၾကာင့္ မီးေတြျပန္ကာဖြင့္ရင္း ထၾကည့္ရပါေတာ့တယ္။

ဘယ္သူမွရိွမေနပါ။ အျပင္မွာလည္း ဘာမွရိွမေနပါ။ထူးဆန္းသလိုလို ျဖစ္တာေၾကာင့္ ေရးလက္စေပတ page

မွာလည္းဒါကို စာတိုေလး အေနနဲ ့ေရးျပီးတင္လိုက္ပါေသးတယ္။ မေၾကာက္တတ္တာေတာ့ မဟုတ္ေပမယ့္

စပ္စုစူးစမ္းတာက ပိုမ်ားတဲ့သူမို ့ အေျခအေနကို CCTV ကေနတခ်က္ၾကည့္ေနတံုး

ေျခရင္းဘက္ေလွကားအတက္က အလွခ်ထားတဲ့ ပန္းအိုးနံေဘးမွာ မိန္းမခပ္ရြယ္ရြယ္တစ္ေယာက္ ရပ္လို

့ေနတာကို ျဖတ္ကနဲ ျမင္လိုက္တဲ့ခနေတာ့ မဟုတ္ေသးပါဘူးဟ ငါလည္းဒီေန ့ဘာျဖစ္ေနတယ္မသိဘူးလို

့တတြတ္တြတ္ျမည္တြန္ရင္း ကေလးေတြျမင္ရင္ လန္ ့ျပဳသြားမွာစိုးတာေၾကာင့္ အခန္းတံခါးမွန္ခ်ပ္ၾကီးကို

ဆြဲေစ့ပိတ္ရင္း အိပ္မေပ်ာ္ပဲ ကင္းေစာင့္လိုက္ရတဲ့ ညတစ္ညေပါ့ေနာ္။ ဟဲဟဲ ဒါေလးမ်ားလို ့ေတာ့

ရယ္ေမာသက္ျပင္းခ်မယ္ လံုးဝမၾကံၾကနဲ ့ဦး။ ဇာတ္က ခုမွစတာပါ။

ညက လံုးဝမအိပ္ပဲကင္းေစာင့္ထားတာေၾကာင့္ မူးတူးတူးျဖစ္ေနတာနဲ ့ မနက္လင္းေတာ့မွ

ေကာ္ဖီေလးတစ္ခြက္ေသာက္ရင္း မေန ့ညကဟာလို ့စကားစမယ္ၾကံကာရိွေသး သမီးေလးက

မိန္းမတစ္ေယာက္ရပ္ၾကည့္ေနတာ အေမရယ္ေၾကာက္လိုက္တာ တဲ့ ေၾသာ္ သမီးလည္းေတြ ့တယ္လား

ဆိုင္ဖြင့္တာ တစ္နွစ္ေက်ာ္ျပီ တစ္ခါမွ ဒါမ်ိဴးမၾကံဳဖူးဘူးလို ့နွစ္သိမ့္ရပါတယ္။ တကယ္လည္း ဒီေနရာမွာ

ဒီလိုမသိုးမသန္ ့ျဖစ္ရတာက ဒီတစ္ခါပထမဆံုးပါ။

ဒီလိုနဲ ့ဒုတိယညေပါ့.....။

ဒုတိယညေပါ့။ ေသခ်ာစည္းခ်အမ်ွေဝၿပီး အိပ္လိုက္တယ္။ ဘာသံမွမၾကားေတာ့ ေသခ်ာပါတယ္

လမ္းသြားလမ္းလာ ဝင္ေႏွာင့္ယွက္တာမ်ိဳး ျဖစ္မွာပါလို႔ ယံုၾကည္လိုက္မိတယ္။

ကဲ တတိယည....? ေဘာ္ဒါတို႔ေရ ည ၇ နာရီေလာက္ အေရာင္းဝန္ထမ္း ကေလးမေလးေတြက

ျပန္ေတာ့မယ္ဆိုၿပီး လာသတင္းပို႔တာနဲ႔ ကိုယ္တိုင္ေအာက္ကို လိုက္ဆင္းၿပီးမွ မွန္တံခါး lock ကို ေသခ်ာခ်ၿပီး

ျပန္အလည့္ ဘာရယ္ေတာ့မဟုတ္ပါဘူး။ မွန္ခ်ပ္ျကီးေတြနားမွာထားတဲ့ အ႐ုပ္မေလးဖ်တ္ကနဲ လႈပ္ရွားမႈတစ္ခု

လုပ္လိုက္တယ္လို႔ ထင္လိုက္မိတယ္။

ေခါင္းက ဆံပင္ေတြ ျဖဳန္းကနဲ ေထာင္ထလာသလိုပဲ ထင္မိပါတယ္။ ဒီအခ်ိန္မွာ ခ်ိန္ကိုက္ေလးအေပၚထပ္ဘားက

ဆင္းလာတဲ့ ကေလးတစ္အုပ္ ကၽြက္ကၽြက္ညံေအာင္ ေအာ္ဟစ္ရယ္ေမာေျပာဆိုၿပီး ဆိုင္ေရွ႕ကေနျဖတ္တယ္။

ဪ... ငါ့ႏွယ္အလကား ရွာၾကံစိတ္ထင္တတ္တာပဲလို႔ ကိုယ့္ကိုကိုယ္ အျပစ္တင္ရင္း

အ႐ုပ္မစီအၾကည့္တစ္ခ်က္အေရာက္ ေအာင္မေလး အေမေရလို႔ ေအာ္လည္းေအာ္၊ သူ႔နားလည္း

ဖ်က္ကနဲေရာက္သြားမိတယ္ေလ။

ဘာလုပ္ျပတယ္ ထင္သလဲ ဆံပင္ရွည္ဖားလ်ားနဲ႔ ခ်စ္ဖြယ္႐ုပ္ေလးေပ်ာက္ေနၿပီးမွ

မ်က္လံုးသူငယ္အိမ္ကို အေပၚကပ္ျပသဗ်ိဳဴ။း။ ဘာလုပ္ရမွန္း မသိတာကို ထြက္မေျပးပဲ တစ္ခုခုျပန္လုပ္မယ္ဆိုတဲ့

စိတ္နဲ အရုပ္မနားကို ေျပးသြားမိတယ္။ အနားေရာက္ေတာ့ အ႐ုပ္ကို တြန္းလွဲဖို႔ ၾကံလိုက္မိၿပီးမွ

ခုနျဖတ္သြားတဲ့အုပ္စုထဲက ကေလးေတြရဲ ့ကားတစ္စီးက ထြက္ဖို႔ စက္ႏွိုးၿပီးမီးႀကီး တည့္တည့္ ကိုယ္ဖက္ကို

ထိုးထားတာေၾကာင့္ ငါ့ကေလးဆိုင္မွာ ငါ့ကိုလည္းသိေနၾကတာေလ အရွက္ကြဲပါတယ္ဆိုၿပီး

အျမန္ဘရိတ္အုပ္ရတယ္။

သူ႔ကိုေက်ာေပးၿပီး ျပန္ထြက္လာတဲ့အခါ ဝူးခနဲ သိသိသာသာ ေလနဲ႔လွမ္းမႈတ္လိုက္သလို ခံစားလိုက္ရတာေၾကာင့္

ေနာက္က်တဲ့ ေျခေထာက္သစၥၥာေဖာက္ ဆိုၿပီး ဆိုင္အေပၚထပ္ တက္ေျပးရျပန္ပါတယ္။ မွတ္ေလာက္သားေလာက္

ထိထားတာမို႔ အရင္ညေတြေလာက္ အရဲမကိုးေတာ့ပဲ CCTVကို တၾကည့္ၾကည့္ေနေနတာကို သမီးႀကီးက

ေမးတာမို႔ "သမီး... ေမေမ့ကို ဆိုင္ထဲကအ႐ုပ္မ" လို႔ပဲေျပာရေသးတယ္။ ဟိုဘက္က အ႐ုပ္မ မဟုတ္လား

အေမမေျပာပါနဲ႔၊ သမီးေၾကာက္လို႔ မေျပာတာ ညေနက ခံရၿပီးၿပီတဲ့ ငိုသံပါႀကီးနဲ ့ ေျပာပါေလေရာ။ သူ႔

သူငယ္ခ်င္းမေလးကလည္း ဆိုင္မွာ ဘာေတြျဖစ္ေနတာလဲ တီတီ သမီးေၾကာက္တယ္တဲ့ ေၾကာက္ရြံ ့တႀကီး

ေျပာလာပါတယ္။
ဪ... ခဏေနဦးတီတီတို႔စိတ္ေခ်ာက္ျခားေနတာမ်ိဳးပဲ ျဖစ္မွာပါဆိုၿပီး အားလံုးဘုရားေသာက္ေတာ္ေရကပ္

ဆီမီးပူေဇာ္ မိမိကိုယ္ကိုယ္ဘုရားလႉစသည္ျဖင့္ ေသခ်ာစြာလုပ္ၾကပါတယ္။အားလံုးၿပီးလို႔

အိပ္ေတာ့မယ္ဆိုေတာ့မီးအားလံုးကိုပိတ္လိုက္ၿပီးမွ ေမြ႕ယာေပၚအသာလွဲလို ့CCTVဘက္လွမ္းလို႔ၾကည့္ေတာ့မွ

ငါးပါးေမွာက္ေတာ့တာပါ။စိန္ပံုးနဲ႔မွန္နံရံေထာင့္ကို႐ိုက္ျပထားတဲ့camer3မွာမိန္းမတစ္ေယာက္

ေလွကားဘက္ကိုလက္ကိုဆန္႔တန္းလို႔

မတ္မတ္အေနအထားနဲ႔ရပ္ေနတာဆံပင္ဖ႐ိုဖရဲႀကီးကပုခံုးႏွစ္ဖက္ေပၚကေနရင္ၫြန္႔ေပၚထိက်ေနတာလည္းအထင္း

သား၊တစ္ေယာက္တည္းမဟုတ္ဘူးသံုးေယာက္စလံုးျမင္တာေနာ္။အိမ္မက္မက္ေနတာမဟုတ္ဘူး။

အိပ္ကိုမအိပ္ရေသးတာ။ ေၾကာက္လြန္းေတာ့ဘာစကားကိုမွအသံထြက္ၿပီးမေျပာႏိုင္ PH msg ေလးနဲ ့တီတီကစၿပီး

သမီးေလး phoneကိုပို႔တယ္"ျမင္လား"တစ္လံုးတည္း။သမီးက

ေအးစက္ေနတဲ့လက္ကေလးနဲ႔အေမကိုကိုင္ထားရင္းတုန္ေနတယ္။ကိုယ့္စိတ္ထဲမွာေတာ့ သူတက္လာရင္

ကေလးေတြလြတ္ေအာင္ ဘယ္လိုကာကြယ္ရမလဲတစ္ခုပဲ ေတြးထားေတာ့တယ္။ ေလွကားအတက္ကို

႐ိုက္ျပထားတာ camera4 ဒီ4ကိုပဲ ေသခ်ာၾကည့္လိုက္ 3ဘက္ကို ေသခ်ာေအာင္ၾကည့္လိုက္နဲ႔ ညေတြ

တျဖည္းျဖည္းေရြ႕ေနတာ နာရီကိုၾကည့္ေတာ့ ႏွစ္နာရီထိုးေနၿပီ။စိတ္ထဲမွာေတာ့အ႐ုပ္မကိုလက္ႀကီးဆန္႔တဲ့ပံုကို

ဆိုင္ကဝန္ထမ္း ကေလးမေလးေတြလုပ္ထားတာျဖစ္မွာ ၿပီးေတာ့ဘာလို႔မ်ား ေလွကားဘက္ကို

လက္ညွိုးၫွြန္ခိုင္းထားတယ္မသိဘူးလို ့ ႔အားေပးစကားေလးကိုယ့္ဟာကိုယ္ ေျပာေနရတာေပါ့ေလ။ မနက္က်ရင္

CCTVမွာျပန္ရစ္ၾကည့္မယ္။ ငါတို႔အ႐ုပ္မကို မ်က္စိမွားတာပါေပါ့။ တစ္ခ်က္တေလေတာ့ သူရပ္ေနတာ

လႈပ္လႈပ္လာတယ္။ ကြ်န္မတို ့အရမ္းစိတ္ဆင္းရဲတာပဲ ေျပးေပါက္ကလည္း ေလွကားကေနပဲ ဆင္းရမွာေလ။

သူတစ္ခ်က္ေလာက္ လႈပ္သြားရင္ camera 4 ကို မ်က္ေတာင္မခတ္ၾကည့္ေနရတာ၃ေယာက္လံုး။

တက္လာမွာေတာ့တကယ္ကို ေၾကာက္မိပါတယ္။ ဒီလိုနဲ႔ ကားသံတဝီဝီေတြၾကားလင္းအားႀကီးနားကို

ေရာက္လာေတာ့ ၃ေယာက္သား ေမ့ကနဲအိပ္ေပ်ာ္လို႔သြားမိတာ။ မနက္၈နာရီမွာဝ႐ုန္းသုန္းကားႏိုးၾကေတာ့

အျပင္မွာ မိုးထိန္ထိန္လင္းၿပီ။ အခန္းထဲက အရင္ဆံုးေျပးထြက္ၿပီး ၾကည့္မိတာေတာ့

ဆိုင္ကအ႐ုပ္မကေပါ့ေလ ... ၾကည့္လိုက္တယ္ဆိုတာနဲ ့ဟာကနဲ ျဖစ္သြားရတာေတာ့ ရွင္းပါတယ္။ ဆိုင္က

အရုပ္မဟာဟိုးေရွ႕ဘက္မွန္နားကပ္ထားတာ နံပါတ္ 4 TV မွာေပၚဖို႔မရွိဘူးပဲဆိုၿပီး CCTV ကို Click ေခါက္

Playback ျပန္ၾကည့္လိုက္ေတာ့ ဘုရားေရ ညကဟာမႀကီးပံု လံုးဝရွိမေနေတာ့ရံုမက မိန္းမပံုမေျပာနဲ႔ လူပံုနဲ႔

ဆင္တာေနေတာင္ TV ထဲမွာ ျပန္ရွာလို႔ မရေတာ့ပါေၾကာင္းရွင္...။ဒီလိုေၾကာင့္ဆိုင္ကအ႐ုပ္မတိုင္းရဲ႕ လည္ပင္းကို

သိမ္ဝင္ပုတီးနဲ႔ လူျမင္ေကာင္းေကာင္း မေကာင္းေကာင္း ခ်ိတ္ဆြဲၿပီးမွ ေပတက မန္ဘာအေပါင္းတို႔အတြက္

ဝမ္းသာအား ေၾကာက္ေၾကာက္လန္႔လန္႔ ေဖာ္ျပေပးလိုက္ရပါသည္ရွင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( ေပတအသံ )
#Unicode Version# 

တစ်ထပ်ခွဲပါတဲ့ ဆိုင်ခန်းရဲ့အပေါ်ထပ်မှာ ကျွန်မတို့၃ယောက် ထမင်းသားနေကြချိန်က ည

၁၀နာရီဝန်းကျင်သာ ရှိဦးမှာပါ။
ဆိုင်ရှေ့ဘက်ထောင့်တစ်နေရာကနေ အထုတ်ကြီးကြီးတစ်ထုတ်

ပြုတ်ကျသွားသလို အသံမျိူးး ဗုန်းကနဲ အသံတစ်ခုကြားရတော့ ဗီရိုထဲမှာ စက္ကူ ဗူးတွေနဲ့ထောင်ပြီးထည့်ထားတဲ့

ချိတ်လုံချည်တွေ ပြုတ်ကျသွားတယ်ပဲ ထင်မိကြတယ်။ အပြေးအလွှားအောက်ကို ဆင်းပြေးကြည့်တော့

ဘာပစ္စည်းမှ ခြေရာလက်ရာ ပျက်မနေ။ သေချာအောင်တစ်ကြိမ်ပြန်စစ်ပြီးမှ လှေကားတက်လိုက်လျင်

လှေကားနှင့်တည့်တည့်နေရာမှာ ရှိတဲ့ အပေါ်ထပ်အခန်းငယ်ထဲမှာ အိပ်ယာမဝင်ကြခင် သော့တွေ

တံခါးတွေသေချာစစ်ရပါတယ်။ အားလုံးပြီးတော့မှ လှေကားဘယ်ဘက်ခြမ်းလေးမှာ အခန်းငယ်လေးလို ဖြစ်နေတဲ့

ဧည့်ခန်းပေါက်စလေးထဲ သမီးလေးနဲ့သူ့သူငယ်ချင်းမလေး အိပ်ယာလေးခင်းနေကြတာကို တချက်ကြည့်ရင်း

စိတ်ပူတဲ့အတွေးတစ်ခုပေါက်လာတာနဲ့သမီးလေးတို့ဒီညတော့မေမေနဲ့လာအိပ်ကြတော့လို

့ခေါ်အိပ်လိုက်ပါတယ်။ အောက်ထပ်မှာ လူမရှိတာမို့ အိပ်ခန်းရဲ့ခြေရင်းမှန်တံခါးချပ်ကြီးကို ဟင်းလင်းဖွင့်ပြီး အိပ်ဖို

့ပြင်ကြပါတယ်။ ထုံးစံအတိုင်း မအိပ်ခင် laptop ကိုသုံးရင်း တဝါးဝါးသမ်းဝေလာကြတဲ့အခါ တော်ပြီ

အားလုံးအိပ်ကြတော့လို့ပြောရင်း တပါတည်းကိုယ်ပါ အိပ်ဖို့ပြင်ပါတယ်။ ကလေး၂ယောက်စောင်ကို

ကွေးနေအောင် ခြုံလို့အိပ်ကြတော့မှ ကိုယ်လည်း ပေတလောက page လေးမှာ notifications တွေ

တချက်စစ်ရင်း ကွန်ပျူတာကို အာရုံစူးစိုက်မိခိုက်မှာ သစ်သားထုပြည့်ကြီးတွေနဲ့ကောင်းစွာအလှဆင်ထားတဲ့

လှေကားကြီးပေါ် ပြေးတက်လာတဲ့ ခြေသံတဖတ်ဖတ်ကြောင့် မီးတွေပြန်ကာဖွင့်ရင်း ထကြည့်ရပါတော့တယ်။

ဘယ်သူမှရှိမနေပါ။ အပြင်မှာလည်း ဘာမှရှိမနေပါ။ထူးဆန်းသလိုလို ဖြစ်တာကြောင့် ရေးလက်စပေတ page

မှာလည်းဒါကို စာတိုလေး အနေနဲ့ရေးပြီးတင်လိုက်ပါသေးတယ်။ မကြောက်တတ်တာတော့ မဟုတ်ပေမယ့်

စပ်စုစူးစမ်းတာက ပိုများတဲ့သူမို့ အခြေအနေကို CCTV ကနေတချက်ကြည့်နေတုံး

ခြေရင်းဘက်လှေကားအတက်က အလှချထားတဲ့ ပန်းအိုးနံဘေးမှာ မိန်းမခပ်ရွယ်ရွယ်တစ်ယောက် ရပ်လို

့နေတာကို ဖြတ်ကနဲ မြင်လိုက်တဲ့ခနတော့ မဟုတ်သေးပါဘူးဟ ငါလည်းဒီနေ့ဘာဖြစ်နေတယ်မသိဘူးလို

့တတွတ်တွတ်မြည်တွန်ရင်း ကလေးတွေမြင်ရင် လန့်ပြုသွားမှာစိုးတာကြောင့် အခန်းတံခါးမှန်ချပ်ကြီးကို

ဆွဲစေ့ပိတ်ရင်း အိပ်မပျော်ပဲ ကင်းစောင့်လိုက်ရတဲ့ ညတစ်ညပေါ့နော်။ ဟဲဟဲ ဒါလေးများလို့တော့

ရယ်မောသက်ပြင်းချမယ် လုံးဝမကြံကြနဲ့ဦး။ ဇာတ်က ခုမှစတာပါ။

ညက လုံးဝမအိပ်ပဲကင်းစောင့်ထားတာကြောင့် မူးတူးတူးဖြစ်နေတာနဲ့ မနက်လင်းတော့မှ

ကော်ဖီလေးတစ်ခွက်သောက်ရင်း မနေ့ညကဟာလို့စကားစမယ်ကြံကာရှိသေး သမီးလေးက

မိန်းမတစ်ယောက်ရပ်ကြည့်နေတာ အမေရယ်ကြောက်လိုက်တာ တဲ့ သြော် သမီးလည်းတွေ့တယ်လား

ဆိုင်ဖွင့်တာ တစ်နှစ်ကျော်ပြီ တစ်ခါမှ ဒါမျိူးမကြုံဖူးဘူးလို့နှစ်သိမ့်ရပါတယ်။ တကယ်လည်း ဒီနေရာမှာ

ဒီလိုမသိုးမသန့်ဖြစ်ရတာက ဒီတစ်ခါပထမဆုံးပါ။

ဒီလိုနဲ့ဒုတိယညပေါ့.....။

ဒုတိယညပေါ့။ သေချာစည်းချအမျှဝေပြီး အိပ်လိုက်တယ်။ ဘာသံမှမကြားတော့ သေချာပါတယ်

လမ်းသွားလမ်းလာ ဝင်နှောင့်ယှက်တာမျိုး ဖြစ်မှာပါလို့ ယုံကြည်လိုက်မိတယ်။

ကဲ တတိယည....? ဘော်ဒါတို့ရေ ည ၇ နာရီလောက် အရောင်းဝန်ထမ်း ကလေးမလေးတွေက

ပြန်တော့မယ်ဆိုပြီး လာသတင်းပို့တာနဲ့ ကိုယ်တိုင်အောက်ကို လိုက်ဆင်းပြီးမှ မှန်တံခါး lock ကို သေချာချပြီး

ပြန်အလည့် ဘာရယ်တော့မဟုတ်ပါဘူး။ မှန်ချပ်ကြီးတွေနားမှာထားတဲ့ အရုပ်မလေးဖျတ်ကနဲ လှုပ်ရှားမှုတစ်ခု

လုပ်လိုက်တယ်လို့ ထင်လိုက်မိတယ်။

ခေါင်းက ဆံပင်တွေ ဖြုန်းကနဲ ထောင်ထလာသလိုပဲ ထင်မိပါတယ်။ ဒီအချိန်မှာ ချိန်ကိုက်လေးအပေါ်ထပ်ဘားက

ဆင်းလာတဲ့ ကလေးတစ်အုပ် ကျွက်ကျွက်ညံအောင် အော်ဟစ်ရယ်မောပြောဆိုပြီး ဆိုင်ရှေ့ကနေဖြတ်တယ်။

ဪ... ငါ့နှယ်အလကား ရှာကြံစိတ်ထင်တတ်တာပဲလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း

အရုပ်မစီအကြည့်တစ်ချက်အရောက် အောင်မလေး အမေရေလို့ အော်လည်းအော်၊ သူ့နားလည်း

ဖျက်ကနဲရောက်သွားမိတယ်လေ။

ဘာလုပ်ပြတယ် ထင်သလဲ ဆံပင်ရှည်ဖားလျားနဲ့ ချစ်ဖွယ်ရုပ်လေးပျောက်နေပြီးမှ

မျက်လုံးသူငယ်အိမ်ကို အပေါ်ကပ်ပြသဗျိုူ။း။ ဘာလုပ်ရမှန်း မသိတာကို ထွက်မပြေးပဲ တစ်ခုခုပြန်လုပ်မယ်ဆိုတဲ့

စိတ်နဲ အရုပ်မနားကို ပြေးသွားမိတယ်။ အနားရောက်တော့ အရုပ်ကို တွန်းလှဲဖို့ ကြံလိုက်မိပြီးမှ

ခုနဖြတ်သွားတဲ့အုပ်စုထဲက ကလေးတွေရဲ့ကားတစ်စီးက ထွက်ဖို့ စက်နှိုးပြီးမီးကြီး တည့်တည့် ကိုယ်ဖက်ကို

ထိုးထားတာကြောင့် ငါ့ကလေးဆိုင်မှာ ငါ့ကိုလည်းသိနေကြတာလေ အရှက်ကွဲပါတယ်ဆိုပြီး

အမြန်ဘရိတ်အုပ်ရတယ်။

သူ့ကိုကျောပေးပြီး ပြန်ထွက်လာတဲ့အခါ ဝူးခနဲ သိသိသာသာ လေနဲ့လှမ်းမှုတ်လိုက်သလို ခံစားလိုက်ရတာကြောင့်

နောက်ကျတဲ့ ခြေထောက်သစ္စ္စာဖောက် ဆိုပြီး ဆိုင်အပေါ်ထပ် တက်ပြေးရပြန်ပါတယ်။ မှတ်လောက်သားလောက်

ထိထားတာမို့ အရင်ညတွေလောက် အရဲမကိုးတော့ပဲ CCTVကို တကြည့်ကြည့်နေနေတာကို သမီးကြီးက

မေးတာမို့ "သမီး... မေမေ့ကို ဆိုင်ထဲကအရုပ်မ" လို့ပဲပြောရသေးတယ်။ ဟိုဘက်က အရုပ်မ မဟုတ်လား

အမေမပြောပါနဲ့၊ သမီးကြောက်လို့ မပြောတာ ညနေက ခံရပြီးပြီတဲ့ ငိုသံပါကြီးနဲ့ ပြောပါလေရော။ သူ့

သူငယ်ချင်းမလေးကလည်း ဆိုင်မှာ ဘာတွေဖြစ်နေတာလဲ တီတီ သမီးကြောက်တယ်တဲ့ ကြောက်ရွံ့တကြီး

ပြောလာပါတယ်။
ဪ... ခဏနေဦးတီတီတို့စိတ်ချောက်ခြားနေတာမျိုးပဲ ဖြစ်မှာပါဆိုပြီး အားလုံးဘုရားသောက်တော်ရေကပ်

ဆီမီးပူဇော် မိမိကိုယ်ကိုယ်ဘုရားလှူစသည်ဖြင့် သေချာစွာလုပ်ကြပါတယ်။အားလုံးပြီးလို့

အိပ်တော့မယ်ဆိုတော့မီးအားလုံးကိုပိတ်လိုက်ပြီးမှ မွေ့ယာပေါ်အသာလှဲလို့CCTVဘက်လှမ်းလို့ကြည့်တော့မှ

ငါးပါးမှောက်တော့တာပါ။စိန်ပုံးနဲ့မှန်နံရံထောင့်ကိုရိုက်ပြထားတဲ့camer3မှာမိန်းမတစ်ယောက်

လှေကားဘက်ကိုလက်ကိုဆန့်တန်းလို့

မတ်မတ်အနေအထားနဲ့ရပ်နေတာဆံပင်ဖရိုဖရဲကြီးကပုခုံးနှစ်ဖက်ပေါ်ကနေရင်ညွန့်ပေါ်ထိကျနေတာလည်းအထင်း

သား၊တစ်ယောက်တည်းမဟုတ်ဘူးသုံးယောက်စလုံးမြင်တာနော်။အိမ်မက်မက်နေတာမဟုတ်ဘူး။

အိပ်ကိုမအိပ်ရသေးတာ။ ကြောက်လွန်းတော့ဘာစကားကိုမှအသံထွက်ပြီးမပြောနိုင် PH msg လေးနဲ့တီတီကစပြီး

သမီးလေး phoneကိုပို့တယ်"မြင်လား"တစ်လုံးတည်း။သမီးက

အေးစက်နေတဲ့လက်ကလေးနဲ့အမေကိုကိုင်ထားရင်းတုန်နေတယ်။ကိုယ့်စိတ်ထဲမှာတော့ သူတက်လာရင်

ကလေးတွေလွတ်အောင် ဘယ်လိုကာကွယ်ရမလဲတစ်ခုပဲ တွေးထားတော့တယ်။ လှေကားအတက်ကို

ရိုက်ပြထားတာ camera4 ဒီ4ကိုပဲ သေချာကြည့်လိုက် 3ဘက်ကို သေချာအောင်ကြည့်လိုက်နဲ့ ညတွေ

တဖြည်းဖြည်းရွေ့နေတာ နာရီကိုကြည့်တော့ နှစ်နာရီထိုးနေပြီ။စိတ်ထဲမှာတော့အရုပ်မကိုလက်ကြီးဆန့်တဲ့ပုံကို

ဆိုင်ကဝန်ထမ်း ကလေးမလေးတွေလုပ်ထားတာဖြစ်မှာ ပြီးတော့ဘာလို့များ လှေကားဘက်ကို

လက်ညှိုးညှွန်ခိုင်းထားတယ်မသိဘူးလို့အားပေးစကားလေးကိုယ့်ဟာကိုယ် ပြောနေရတာပေါ့လေ။ မနက်ကျရင်

CCTVမှာပြန်ရစ်ကြည့်မယ်။ ငါတို့အရုပ်မကို မျက်စိမှားတာပါပေါ့။ တစ်ချက်တလေတော့ သူရပ်နေတာ

လှုပ်လှုပ်လာတယ်။ ကျွန်မတို့အရမ်းစိတ်ဆင်းရဲတာပဲ ပြေးပေါက်ကလည်း လှေကားကနေပဲ ဆင်းရမှာလေ။

သူတစ်ချက်လောက် လှုပ်သွားရင် camera 4 ကို မျက်တောင်မခတ်ကြည့်နေရတာ၃ယောက်လုံး။

တက်လာမှာတော့တကယ်ကို ကြောက်မိပါတယ်။ ဒီလိုနဲ့ ကားသံတဝီဝီတွေကြားလင်းအားကြီးနားကို

ရောက်လာတော့ ၃ယောက်သား မေ့ကနဲအိပ်ပျော်လို့သွားမိတာ။ မနက်၈နာရီမှာဝရုန်းသုန်းကားနိုးကြတော့

အပြင်မှာ မိုးထိန်ထိန်လင်းပြီ။ အခန်းထဲက အရင်ဆုံးပြေးထွက်ပြီး ကြည့်မိတာတော့

ဆိုင်ကအရုပ်မကပေါ့လေ ... ကြည့်လိုက်တယ်ဆိုတာနဲ့ဟာကနဲ ဖြစ်သွားရတာတော့ ရှင်းပါတယ်။ ဆိုင်က

အရုပ်မဟာဟိုးရှေ့ဘက်မှန်နားကပ်ထားတာ နံပါတ် 4 TV မှာပေါ်ဖို့မရှိဘူးပဲဆိုပြီး CCTV ကို Click ခေါက်

Playback ပြန်ကြည့်လိုက်တော့ ဘုရားရေ ညကဟာမကြီးပုံ လုံးဝရှိမနေတော့ရုံမက မိန်းမပုံမပြောနဲ့ လူပုံနဲ့

ဆင်တာနေတောင် TV ထဲမှာ ပြန်ရှာလို့ မရတော့ပါကြောင်းရှင်...။ဒီလိုကြောင့်ဆိုင်ကအရုပ်မတိုင်းရဲ့ လည်ပင်းကို

သိမ်ဝင်ပုတီးနဲ့ လူမြင်ကောင်းကောင်း မကောင်းကောင်း ချိတ်ဆွဲပြီးမှ ပေတက မန်ဘာအပေါင်းတို့အတွက်

ဝမ်းသာအား ကြောက်ကြောက်လန့်လန့် ဖော်ပြပေးလိုက်ရပါသည်ရှင်။

ဖိုးသူတော် (www.phothutaw.com)
Credit: ( ပေတအသံ )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top