Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တ႐ုတ္ႏိုင္ငံက ဆရာဝန္ တစ္ေယာက္ဟာ အေမရိကန္ႏိုင္ငံကို ေရာက္လာတယ္။ တစ္လၾကာတဲ့အခ်ိန္ထိ အလုပ္ရွာမရတာနဲ႔ အခန္းငွားၿပီး ေဆးခန္းတစ္ခု ဖြင့္လိုက္တယ္။ ေဆးခန္းအျပင္မွာ ဆိုင္းဘုတ္တစ္ခု ေထာင္ထားလိုက္တယ္။ ဆိုင္းဘုတ္ေပၚမွာ ခုလို စာေရးထားတယ္။
– “ေဆးတစ္ခါကု ေဒၚလာ ၂၀ ပါ။ ကုသလို႔ မေပ်ာက္ကင္းရင္ ေဒၚလာ ၁၀၀ ျပန္ေပးမည္”
အေမရိကန္ေရွ႕ေနတစ္ေယာက္ဟာ ေဆးခန္းေရွ႕က ျဖတ္သြားရင္း ေဒၚ ၁၀၀ အလကားရၿပီဆိုၿပီး ေဆးခန္းထဲ ဝင္သြားတယ္။
တ႐ုတ္ဆရာ ….. “ဘာျဖစ္လို႔လဲ”
ေရွ႕ေန …………. “ကၽြန္ေတာ့္လွ်ာဟာ အရသာ ခံစားလို႔ မရလို႔ပါ”
တ႐ုတ္ဆရာ ….. “သူနာျပဳဆရာမေရ ေဆးပုလင္း နံပါတ္ ၂၂ က ေဆးရည္ကို သူ႔လွ်ာေပၚကို အစက္ ၃ စက္ ခ်ေပးလိုက္ပါ”
ေရွ႕ေန ………… “ဟာ အခုအစက္ခ်လိုက္တာ ေရနံဆီပါ”
တ႐ုတ္ဆရာ …. “အိုေက၊ မင္းရဲ႕ လွ်ာအရသာျပန္ခံစားလို႔ ရၿပီ။ ေပး ေဒၚလာ ၂၀”
ေရွ႕ေနဟာ မေက်နပ္လို႔ အဲဒီေဆးခန္းကို ၂ ရက္အၾကာမွာ ထပ္သြားတယ္။
တ႐ုတ္ဆရာ ….. “ဆရာ ဘာျဖစ္ျပန္ၿပီလဲ”
ေရွ႕ေန …………. “ကၽြန္ေတာ့္မွတ္ဉာဏ္ မေကာင္းေတာ့ဘူး။ ဘာတစ္ခုမွ မမွတ္မိေတာ့ဘူး”
တ႐ုတ္ဆရာ ….. “သူနာျပဳဆရာမေရ ေဆးပုလင္း နံပါတ္ ၂၂ က ေဆးရည္ကို သူ႔လွ်ာေပၚကို အစက္ ၃ စက္ ခ်ေပးလိုက္ပါ”
ေရွ႕ေန ………… “ဟာ အခု ခ်လိုက္တဲ့ အစက္ဟာ ေရနံဆီပါ။ အရင္တစ္ခါ လွ်ာအရသာ ပ်က္လို႔ ခ်ေပးတာနဲ႔ အတူတူပါပဲ”
တ႐ုတ္ဆရာ …. “အိုေက။ မင္းရဲ႕ မွတ္ဉာဏ္ျပန္ေကာင္းသြားျပီ။ ေပး ေဒၚလာ ၂၀”
ေရွ႕ေနဟာ အေတာ့္ကို မေက်နပ္ဘူး။ ဒီတစ္ခါ အပိုင္လုပ္မယ္ဆိုၿပီး တပါတ္အၾကာမွာ ေဆးခန္းကို ထပ္သြားျပန္တယ္။
တ႐ုတ္ဆရာ ….. “ဆရာေရ၊ ဒီတစ္ခါလည္း ဘာျဖစ္ျပန္ၿပီလဲ”
ေရွ႕ေန …………. “ကၽြန္ေတာ့္မ်က္ေစ့ေတြ အရမ္းမႈန္သြားတယ္။ ဘာမွကို မျမင္ရေတာ့ဘူး”
တ႐ုတ္ဆရာ ….. “ေအးဗ်ာ၊ ကၽြန္ေတာ့မွာ မ်က္ေစ့ေရာဂါအတြက္ ေဆးမရွိဘူး။ ဒါေၾကာင့္ ေဒၚလာ ၁၀၀ သာ ယူလိုက္ပါေတာ့။”
ေရွ႕ေန ………… “ဟာ ဒါက ေဒၚလာ ၂၀ တန္ပါ။ ေဒၚလာ ၁၀၀ မဟုတ္ပါဘူး”
တ႐ုတ္ဆရာ …. “အိုေက။ မင္းရဲ႕ မ်က္ေစ့မျမင္ရတာ ျပန္ေကာင္းသြားျပီ။ ေပး ေဒၚလာ ၂၀”
အေမရိကန္ေရွ႕ေနလည္း စကားတစ္ခြန္းကို တိုးတိုးေရရြတ္ရင္းမေက်မနပ္နဲ႔ ေဆးခန္းက ျပန္ထြက္သြားတယ္။
– “ေတာ္ေတာ္လည္တဲ့ လူကြာ” တဲ့။
အင္တာနက္က ရွာေတြ႕တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗန္းေမာ္ သိန္းေဖ
#Unicode Version#
တရုတ်နိုင်ငံက ဆရာဝန် တစ်ယောက်ဟာ အမေရိကန်နိုင်ငံကို ရောက်လာတယ်။ တစ်လကြာတဲ့အချိန်ထိ အလုပ်ရှာမရတာနဲ့ အခန်းငှားပြီး ဆေးခန်းတစ်ခု ဖွင့်လိုက်တယ်။ ဆေးခန်းအပြင်မှာ ဆိုင်းဘုတ်တစ်ခု ထောင်ထားလိုက်တယ်။ ဆိုင်းဘုတ်ပေါ်မှာ ခုလို စာရေးထားတယ်။
– “ဆေးတစ်ခါကု ဒေါ်လာ ၂၀ ပါ။ ကုသလို့ မပျောက်ကင်းရင် ဒေါ်လာ ၁၀၀ ပြန်ပေးမည်”
အမေရိကန်ရှေ့နေတစ်ယောက်ဟာ ဆေးခန်းရှေ့က ဖြတ်သွားရင်း ဒေါ် ၁၀၀ အလကားရပြီဆိုပြီး ဆေးခန်းထဲ ဝင်သွားတယ်။
တရုတ်ဆရာ ….. “ဘာဖြစ်လို့လဲ”
ရှေ့နေ …………. “ကျွန်တော့်လျှာဟာ အရသာ ခံစားလို့ မရလို့ပါ”
တရုတ်ဆရာ ….. “သူနာပြုဆရာမရေ ဆေးပုလင်း နံပါတ် ၂၂ က ဆေးရည်ကို သူ့လျှာပေါ်ကို အစက် ၃ စက် ချပေးလိုက်ပါ”
ရှေ့နေ ………… “ဟာ အခုအစက်ချလိုက်တာ ရေနံဆီပါ”
တရုတ်ဆရာ …. “အိုကေ၊ မင်းရဲ့ လျှာအရသာပြန်ခံစားလို့ ရပြီ။ ပေး ဒေါ်လာ ၂၀”
ရှေ့နေဟာ မကျေနပ်လို့ အဲဒီဆေးခန်းကို ၂ ရက်အကြာမှာ ထပ်သွားတယ်။
တရုတ်ဆရာ ….. “ဆရာ ဘာဖြစ်ပြန်ပြီလဲ”
ရှေ့နေ …………. “ကျွန်တော့်မှတ်ဉာဏ် မကောင်းတော့ဘူး။ ဘာတစ်ခုမှ မမှတ်မိတော့ဘူး”
တရုတ်ဆရာ ….. “သူနာပြုဆရာမရေ ဆေးပုလင်း နံပါတ် ၂၂ က ဆေးရည်ကို သူ့လျှာပေါ်ကို အစက် ၃ စက် ချပေးလိုက်ပါ”
ရှေ့နေ ………… “ဟာ အခု ချလိုက်တဲ့ အစက်ဟာ ရေနံဆီပါ။ အရင်တစ်ခါ လျှာအရသာ ပျက်လို့ ချပေးတာနဲ့ အတူတူပါပဲ”
တရုတ်ဆရာ …. “အိုကေ။ မင်းရဲ့ မှတ်ဉာဏ်ပြန်ကောင်းသွားပြီ။ ပေး ဒေါ်လာ ၂၀”
ရှေ့နေဟာ အတော့်ကို မကျေနပ်ဘူး။ ဒီတစ်ခါ အပိုင်လုပ်မယ်ဆိုပြီး တပါတ်အကြာမှာ ဆေးခန်းကို ထပ်သွားပြန်တယ်။
တရုတ်ဆရာ ….. “ဆရာရေ၊ ဒီတစ်ခါလည်း ဘာဖြစ်ပြန်ပြီလဲ”
ရှေ့နေ …………. “ကျွန်တော့်မျက်စေ့တွေ အရမ်းမှုန်သွားတယ်။ ဘာမှကို မမြင်ရတော့ဘူး”
တရုတ်ဆရာ ….. “အေးဗျာ၊ ကျွန်တော့မှာ မျက်စေ့ရောဂါအတွက် ဆေးမရှိဘူး။ ဒါကြောင့် ဒေါ်လာ ၁၀၀ သာ ယူလိုက်ပါတော့။”
ရှေ့နေ ………… “ဟာ ဒါက ဒေါ်လာ ၂၀ တန်ပါ။ ဒေါ်လာ ၁၀၀ မဟုတ်ပါဘူး”
တရုတ်ဆရာ …. “အိုကေ။ မင်းရဲ့ မျက်စေ့မမြင်ရတာ ပြန်ကောင်းသွားပြီ။ ပေး ဒေါ်လာ ၂၀”
အမေရိကန်ရှေ့နေလည်း စကားတစ်ခွန်းကို တိုးတိုးရေရွတ်ရင်းမကျေမနပ်နဲ့ ဆေးခန်းက ပြန်ထွက်သွားတယ်။
– “တော်တော်လည်တဲ့ လူကွာ” တဲ့။
အင်တာနက်က ရှာတွေ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗန်းမော် သိန်းဖေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top