ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ႏိုဝင္ဘာ(၁၄)ရက္ေန႔က မႏၲေလးၿမိဳ႕ ေ႐ႊမန္းေတာင္ေဘာလုံးကြင္းတြင္ ေနထိုင္သည့္ စိုင္းလုံအသက္ခံရမႈႏွင့္ ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သူကို သက္ဆိုင္ရာ နယ္ေျမရဲတပ္ဖြဲ႕ႏွင့္တာဝန္ရွိသူမ်ားက ယေန႔(ႏိုဝင္ဘာ၂၁ ရက္) တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

မႏၲေလးၿမိဳ႕ လမ္း ၈၀×၁၇လမ္းေဒါင့္တြင္ မသကၤာသူ လူငယ္တစ္ဦးမွာ ေသဆုံးသူ စိုင္းလုံ၏ ADIXIN ၄၅ယ/_ _ဆိုင္ကယ္အား စီးနင္းသြားသည္ကို ေတြ႕ရ၍ ရဲအုပ္ဘိုဘိုေအာင္ႏွင့္ ဒုရဲအုပ္ေဇာ္မင္းၫြန႔္တို႔ ပူးေပါင္းအဖြဲ႕မွ ဖမ္းဆီးရာ လမ္း ၈၀×၁၈ လမ္းေဒါင့္တြင္ မကၤာသူမွ ဆိုင္ကယ္အား ထားရစ္ခဲ့ၿပီး ထြက္ေျပးရာ လိုက္လံ လုံးေထြး ဖမ္းဆီးရမိခဲ့သည္။ဖမ္းမိရမိသူအား ရွာေဖြစစ္ေဆးရာ ၎လက္ဝယ္မွ ေသဆုံးသူ စိုင္းလုံ၏ အမည္ပါ

ယာဥ္ေမာင္းလိုင္စင္ ၁ခု၊ ပိုက္ဆံအိတ္ ၁လုံးတို႔အား ရွာေဖြေတြ႕ရွိခဲ့ၿပီး တရားခံအား ရဲစခန္းသို႔ ေခၚေဆာင္ၿပီး စစ္ေဆးေမးျမန္းရာ ဖမ္းဆီးရမိသူမွာ ကရင္ေလး (ခ) ေစာကေညာထူး (၆၈×၆၉) လမ္းၾကား(၃၅)လမ္း(×××××)ဟိုတယ္၏ ဝန္ထမ္းဆိုသူျဖစ္ၿပီး အခင္းျဖစ္ပြားသည့္ အခ်ိန္က စိုင္းလုံေနထိုင္သည့္ တိုက္ခန္းတြင္ လိင္တူဆက္ဆံရာမွ စကားမ်ားရန္ျဖစ္ခဲ့ၿပီး စိုင္းလုံမွ ပုလင္းအားခြဲ၍ ထိုးသျဖင့္ ေဒါသျဖစ္ၿပီး ပုလင္းကြဲအား စိုင္းလုံလက္မွ လုယူၿပီးလည္းပင္းသို႔ ထိုးခဲ့ၿပီး စိုင္းလုံ ဝတ္ဆင္ထားသည့္ ေ႐ႊဆြဲႀကိဳး၊လက္စြပ္၊လက္ကိုင္ဖုံးႏွင့္ ဆိုင္ကယ္အား ယူေဆာင္ၿပီး ၎ေနထိုင္သည့္ အေဆာင္ သို႔ျပန္လာခဲ့သည္ဟု သိရသည္။

ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ဒုရဲမႉး ခင္ေမာင္လြင္ႏွင့္အဖြဲ႕သည္ ျပစ္မႈက်ဴးလြန္သူ ေစာကညာထူး (ခ) ကရင္ေလးေနထိုင္သည့္ အေဆာင္သို႔ သြားေရာက္ စစ္ေဆးရာ အေဆာင္အခန္းတြင္းရွိ ေသတၱာတြင္ စိုင္းလုံ ပိုင္ဆိုင္သည့္ သံႀကိဳးပုံဆြဲႀကိဳး၁ကုံး၊ ဆြဲသီး၁လုံး၊ လက္စြပ္တစ္ကြင္း MEZU အမ်ိဳးအစား ဆင္းကဒ္မပါ ဟမ္းဆက္၁ခု တို႔အား ျပန္လည္သိမ္းဆည္းရမိခဲ့သည္။တရားခံကရင္ေလး (ခ)ေစာကေညာထူး အား (ပ) ၃၂၇/၂၀၁၇ ပုဒ္မ ၃၀၂/၃၉၄ တိုျဖင့္ သက္ဆိုင္ရာနယ္ေျမရဲစခန္းမွတရားစြဲဆိုသြား မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
နိုဝင်ဘာ(၁၄)ရက်နေ့က မန္တလေးမြို့ ရွှေမန်းတောင်ဘောလုံးကွင်းတွင် နေထိုင်သည့် စိုင်းလုံအသက်ခံရမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက ယနေ့(နိုဝင်ဘာ၂၁ ရက်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ လမ်း ၈၀×၁၇လမ်းဒေါင့်တွင် မသင်္ကာသူ လူငယ်တစ်ဦးမှာ သေဆုံးသူ စိုင်းလုံ၏ ADIXIN ၄၅ယ/_ _ဆိုင်ကယ်အား စီးနင်းသွားသည်ကို တွေ့ရ၍ ရဲအုပ်ဘိုဘိုအောင်နှင့် ဒုရဲအုပ်ဇော်မင်းညွန့်တို့ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရာ လမ်း ၈၀×၁၈ လမ်းဒေါင့်တွင် မင်္ကာသူမှ ဆိုင်ကယ်အား ထားရစ်ခဲ့ပြီး ထွက်ပြေးရာ လိုက်လံ လုံးထွေး ဖမ်းဆီးရမိခဲ့သည်။ဖမ်းမိရမိသူအား ရှာဖွေစစ်ဆေးရာ ၎င်းလက်ဝယ်မှ သေဆုံးသူ စိုင်းလုံ၏ အမည်ပါ

ယာဉ်မောင်းလိုင်စင် ၁ခု၊ ပိုက်ဆံအိတ် ၁လုံးတို့အား ရှာဖွေတွေ့ရှိခဲ့ပြီး တရားခံအား ရဲစခန်းသို့ ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းရာ ဖမ်းဆီးရမိသူမှာ ကရင်လေး (ခ) စောကညောထူး (၆၈×၆၉) လမ်းကြား(၃၅)လမ်း(×××××)ဟိုတယ်၏ ဝန်ထမ်းဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားသည့် အချိန်က စိုင်းလုံနေထိုင်သည့် တိုက်ခန်းတွင် လိင်တူဆက်ဆံရာမှ စကားများရန်ဖြစ်ခဲ့ပြီး စိုင်းလုံမှ ပုလင်းအားခွဲ၍ ထိုးသဖြင့် ဒေါသဖြစ်ပြီး ပုလင်းကွဲအား စိုင်းလုံလက်မှ လုယူပြီးလည်းပင်းသို့ ထိုးခဲ့ပြီး စိုင်းလုံ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊လက်စွပ်၊လက်ကိုင်ဖုံးနှင့် ဆိုင်ကယ်အား ယူဆောင်ပြီး ၎င်းနေထိုင်သည့် အဆောင် သို့ပြန်လာခဲ့သည်ဟု သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ခင်မောင်လွင်နှင့်အဖွဲ့သည် ပြစ်မှုကျူးလွန်သူ စောကညာထူး (ခ) ကရင်လေးနေထိုင်သည့် အဆောင်သို့ သွားရောက် စစ်ဆေးရာ အဆောင်အခန်းတွင်းရှိ သေတ္တာတွင် စိုင်းလုံ ပိုင်ဆိုင်သည့် သံကြိုးပုံဆွဲကြိုး၁ကုံး၊ ဆွဲသီး၁လုံး၊ လက်စွပ်တစ်ကွင်း MEZU အမျိုးအစား ဆင်းကဒ်မပါ ဟမ်းဆက်၁ခု တို့အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။တရားခံကရင်လေး (ခ)စောကညောထူး အား (ပ) ၃၂၇/၂၀၁၇ ပုဒ်မ ၃၀၂/၃၉၄ တိုဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းမှတရားစွဲဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top