Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ေနက . . . ၊ က်ြန္မတို႕ တိုက္ေအာက္ထပ္မွာေနတဲ႔ ၊ခင္မင္ရတဲ႔ ၾကီးၾကီးတစ္ေယာက္ အေတာ္ေလး မက်န္းမမာျဖစ္ေနလို႔ သတင္းသြားေမးျဖစ္တယ္ ။

အိပ္ယာထဲလဲေနတာ ၾကာပါျပီ … လူၾကီးေရာဂါေပါ့ ။ အသက္က 74 ႏွစ္ဆိုေတာ့ အိုနာ လို႔ေတာင္ ေျပာလို႔ရေနပါျပီ ။ အရင္က ျပည့္ျပည့္ျဖိဳ းျဖိဳ း နဲ႔ ၾကည့္လို႔ေကာင္းတဲ႔ ၾကီးၾကီးက အခုေတာ့ ကုတင္ေပါ ္ေလး မွာ ေမာ္ဒယ္ဂဲ လိုပဲ ပိန္ပိန္ပါးပါးေလးနဲ႕ ။

အရ္ုိးနဲ႔ အသားက ခြဲမရေအာင္ ပူးကပ္လြန္းေနျပီ ။ ျမင္ရတာ ရင္ထဲ စိတ္မေကာင္း ျဖစ္မိတယ္ ။ အိပ္ေပ်ာ္ေနလို႔ ဘာစကားမွေတာင္ မေျပာလိုက္ ရပဲ ျပန္ခဲ႔ရတယ္ ။

ၾကီးၾကီးက အပ်ိဳ ၾကီးပါ ။ ညီမမိသားစုနဲ႔ အတူေနတယ္ ။

ၾကီးၾကီးညီမက သတ္ိမေကာင္းေတာ့ဘူး ေျခေထာက္ေတြလည္း ေရာင္ေနျပီလို႔ ေျပာပါတယ္။ ဒိီလိုမ်ိဳ းျဖစ္လာတယ္ဆိုတာ အိပ္ယာထဲလဲတဲ႔ လူအိုေတြရဲ ျပရုပ္ေတြ
ေပါ့ ။

ဟင္းးးးးးးးး လို႔ သက္ျပင္းခ်ရံုအျပင္ ဘာတတ္နိုင္ မွာတဲ႔လည္း။

ညအိပ္ယာဝင္ေတာ့ ၾကီးၾကီးကို ျပန္ျမင္မိတယ္ ။

ဘာကူညီေပးရရင္ေကာင္းမလဲ လို႔စဥ္းစားမိတယ္ ။

မနက္ဖန္က်ရင္ေတာ့ ၾကီးၾကီးအနားမွာ ပ႒ာန္းသြားရြတ္ေပးရင္ေကာင္းမယ္လို႔ ဆံုးျဖတ္မိတယ္ ။ က်ြန္မ ကူညီေပးနိူင္ကလည္း ပ႒ာန္းရြတ္တာေလးပဲရွိတာကို ။

ဒီေန႔ . . ၊ ညေန 5 နာရီေလာက္က်ေတာ့ ရြတ္ေနက် ပ႒ာန္း စာအုပ္ယူျပီး ၾကီးၾကီးဆီထြက္လာခဲ႔ပါတယ္ ။

ၾကီးၾကီးကိုယ္စားေသာက္ေတာ္ေရ ၊ ဆီမီး ၊ အေမႊးတိုင္ ကပ္လွဴ ေပးျပီးေတာ့မွ ၾကီးၾကီး ေဘးနားမွာဝင္ထိုင္ျပီး ပ႒ာန္းရြတ္ေပးျဖစ္တယ္။

တစ္နာရိီနဲ႔ဆယ့္ငါးမိနစ္ ၾကာေအာင္ ရြတ္ျဖစ္ပါတယ္ ။ မိသားစုဝင္ေတြက အေနွာက္အယွက္ျဖစ္မွာ ဆိုးလို႔တဲ႔ အနားမွာဘယ္သူမွ လာမေနေပးဘူး ။

ၾကီးၾကီးနားမွာ ထိုင္ျပီး ပ႒ာန္း ရြတ္ေနတာ ၾကီးၾကီးက သိပံုရတယ္ မၾကာခဏ မ်က္လံုးဖြင့္ၾကည့္တယ္ ။ တစ္ခ်က္တစ္ခ်က္ ေခါင္းေထာင္ျပီးေတာ့လည္း နံရံဘက္ကို ၾကည့္တယ္ ။ ၾကီးၾကီးရဲ႕ လက္တစ္ဖက္က က်ြန္မေပါင္ကို လာထိတတ္ေသးတယ္ ။

မ်က္လံုးက မွိတ္လိုက္ ဖြင့္လိုက္နဲ႔ ပ႒ာန္းရြတ္သံကို နားေထာင္ေနသလိုပါပဲ ။

ပ႒ာန္းတရားကို တစ္နာရီရြတ္မယ္လို႔ ေတြးထားေပမယ့္ဆယ္ငါးမိနစ္ပိုသြားတယ္ ။ ပ႒ာန္းရြတ္ေနရင္း ထူးထူးဆန္းဆန္းၾကက္သီးေတြထေနတာ ခဏခဏပါပဲ ။

ေၾကာက္တဲ႔ စိတ္ကိုေဖ်ာက္ထားျပီး လုပ္စရာရွိတာကို အဆံုးထိ ျပီးေအာင္လုပ္တယ္ ။ ပ႒ာန္းရြတ္ျပီးေတာ့ ေမတၲာပို႔ အမ်ွေဝတယ္ ။

ျမတ္စြာဘုရားကို အာရံုျပဳ ျပီး ၊ အခုျပဳ လုပ္တဲ႔ ကုသိုလ္ေတြအားလံုးကို အိပ္ယာထဲလဲေနတဲ႔ ၾကီးၾကီးရဲ႕ ကိုယ္စားျပဳ လုပ္ေပးတာပါဆိုျပီး ၾကီးၾကီးနဲ႕ ကိုယ္ေစာင့္နတ္ ၊ အနားမွာ ရွိေနနိုင္တဲ႔ ျမင္အပ္မျမင္အပ္ ပုဂၢိဳ လ္ေတြကို အမွ်ထပ္ေဝေပးလိုက္ပါတယ္ ။

အမ်ွေဝေနသံကို ၾကားလို႔ထင္ပါရဲ႕ ၾကီးၾကီးကမ်က္လံုး ဖြင့္ၾကည့္တယ္ ။ ၾကီးၾကီးကို ပ႒ာန္းရြတ္ေပးေနတာ သိလားလို႔ေမးေတာ့ သိတယ္လို႔ ေခါင္းျငိမ့္ျပတယ္ ။ အဲ႔ဒါဆို သာဓု
ေခါ ္ေနာ္ လို႔ေျပာေတာ့ သာဓု သာဓု သာဓု နဲ႔ ငါးခါေခါ ္တယ္ ။

အဲ႔ဒီအခ်ိန္က်မွ ၾကီးၾကီးညီမ နဲ႔ တူမေလးက အနား ေရာက္လာတယ္ ။ က်ြန္မကို သိလားလို႔ ဝိုင္းေမးေပးေတာ့မွၾကီးၾကီးက ေလသံတိုးတိုးေလးနဲ႔ ေနဇာ ေနဇာ လို႔ေျဖတယ္ ။

စိတ္မေကာင္းစြာနဲ႔ပဲ ဝမ္းသာမိတယ္ ။ ၾကီးၾကီးက က်ြန္မကိုမွတ္မိေနတာေရာ ပ႒ာန္းရြတ္တဲ႔ ကုသိုလ္ကို သာဓု ေခါ ္ေပးတဲ႔ အတြက္ပါ ။ သာဓုေခါ ္ျပီးတာနဲ႔ ၾကီးၾကီးတစ္ေယာက္ မ်က္လံုးမွိတ္ျပီး စိတ္ခ်လက္ခ် ျပန္အိပ္သြားခဲ႔ပါတယ္ ။

က်ြန္မပ႒ာန္းရြတ္ပါတယ္ ။ ေန႔တိုင္းရြတ္ျဖစ္ပါတယ္ ။ ပ႒ာန္းတရားရဲ႕ ထူးျခားတဲ႔ အစြမ္းသတိၲေတြ ၊ ျဖစ္ေပါ ္လာတဲ႔ အံ႔ၾသစရာအေၾကာင္းေတြကို က်ြန္မလည္း သိလာသလို
မိတ္ေဆြေတြကိုလည္း သိေစခ်င္ ပူေဇာ္ေစခ်င္ပါတယ္ ။

ေျပာျပရင္ မယံုနိုင္စရာေတြမို႔ ကိ္ုယ္တိုင္ကိုယ္က် ပူေဇာ္ျဖစ္ရင္ ပ္ုိျပီးသိလာနိုင္လို႔ ၊ ပ႒ာန္းတရားကို ရြတ္ဖတ္ပူေဇာ္ၾကည့္ပါလို႔ပဲ တိုက္တြန္းခ်င္ပါတယ္ ။

က်ြန္မတားေရာ့ ၾကည့္လာတဲ႔ နွစ္ေတြထဲမွာ အိပ္ယာထဲလဲေနတဲ႔ လူနာေတြအတြက္ မိသားစုဝင္ေတြက ယံုယံုၾကည္ၾကည္ ၊ ေစတနာစိတ္အျပည့္နဲ႔ ပ႒ာန္းတရားကို ရြတ္ဖတ္ေပးမယ္ဆိုရင္ ၊ လူ႔သက္တမ္းအျပည့္ထိ ေနရမယ့္ ကံ ပါလာတဲ႔ သူေတြဆိုရင္ ပ႒ာန္းတရားရဲ႕ ထူးျခားတဲ႔ အစြမ္း ေၾကာင့္ ျပန္လည္က်န္းမာလာတတ္ပါတယ္ ။

ဆရာဝန္က ဘယ္လ ေလာက္ဆို ေသမယ္လို႔ ေျပာထားတဲ႔ လူနာပင္ျဖစ္ ေနပါေစ ။ ျပန္ျပီး က်န္းမာလာတဲ႔ မိတ္ေဆြေတြ လည္းမ်ားစြာ ရွိခဲ႔ပါတယ္ ။

က်ြန္မကဲ႔သို႔ ပ႒ာန္းတရားေတာ္ကို ယံုၾကည္စြာ ပူေဇာ္ၾကည့္ၾကပါလို႔ ေမတၳာစကားလက္ေဆာင္ ေပးလိုက္ပါတယ္ ။

မိတ္ေဆြမ်ားအားလံုး ကိုယ္ေရာစိတ္ပါ က်န္းမာခ်မ္းသာၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
တစ်နေက . . . ၊ ကျွန်မတို့ တိုက်အောက်ထပ်မှာနေတဲ့ ၊ခင်မင်ရတဲ့ ကြီးကြီးတစ်ယောက် အတော်လေး မကျန်းမမာဖြစ်နေလို့ သတင်းသွားမေးဖြစ်တယ် ။

အိပ်ယာထဲလဲနေတာ ကြာပါပြီ … လူကြီးရောဂါပေါ့ ။ အသက်က 74 နှစ်ဆိုတော့ အိုနာ လို့တောင် ပြောလို့ရနေပါပြီ ။ အရင်က ပြည့်ပြည့်ဖြို းဖြို း နဲ့ ကြည့်လို့ကောင်းတဲ့ ကြီးကြီးက အခုတော့ ကုတင်ပေါ ်လေး မှာ မော်ဒယ်ဂဲ လိုပဲ ပိန်ပိန်ပါးပါးလေးနဲ့ ။

အရိုးနဲ့ အသားက ခွဲမရအောင် ပူးကပ်လွန်းနေပြီ ။ မြင်ရတာ ရင်ထဲ စိတ်မကောင်း ဖြစ်မိတယ် ။ အိပ်ပျော်နေလို့ ဘာစကားမှတောင် မပြောလိုက် ရပဲ ပြန်ခဲ့ရတယ် ။

ကြီးကြီးက အပျို ကြီးပါ ။ ညီမမိသားစုနဲ့ အတူနေတယ် ။

ကြီးကြီးညီမက သတိမကောင်းတော့ဘူး ခြေထောက်တွေလည်း ရောင်နေပြီလို့ ပြောပါတယ်။ ဒီလိုမျို းဖြစ်လာတယ်ဆိုတာ အိပ်ယာထဲလဲတဲ့ လူအိုတွေရဲ ပြရုပ်တွေ
ပေါ့ ။

ဟင်းးးးးးးးး လို့ သက်ပြင်းချရုံအပြင် ဘာတတ်နိုင် မှာတဲ့လည်း။

ညအိပ်ယာဝင်တော့ ကြီးကြီးကို ပြန်မြင်မိတယ် ။

ဘာကူညီပေးရရင်ကောင်းမလဲ လို့စဉ်းစားမိတယ် ။

မနက်ဖန်ကျရင်တော့ ကြီးကြီးအနားမှာ ပဋ္ဌာန်းသွားရွတ်ပေးရင်ကောင်းမယ်လို့ ဆုံးဖြတ်မိတယ် ။ ကျွန်မ ကူညီပေးနိူင်ကလည်း ပဋ္ဌာန်းရွတ်တာလေးပဲရှိတာကို ။

ဒီနေ့ . . ၊ ညနေ 5 နာရီလောက်ကျတော့ ရွတ်နေကျ ပဋ္ဌာန်း စာအုပ်ယူပြီး ကြီးကြီးဆီထွက်လာခဲ့ပါတယ် ။

ကြီးကြီးကိုယ်စားသောက်တော်ရေ ၊ ဆီမီး ၊ အမွှေးတိုင် ကပ်လှူ ပေးပြီးတော့မှ ကြီးကြီး ဘေးနားမှာဝင်ထိုင်ပြီး ပဋ္ဌာန်းရွတ်ပေးဖြစ်တယ်။

တစ်နာရီနဲ့ဆယ့်ငါးမိနစ် ကြာအောင် ရွတ်ဖြစ်ပါတယ် ။ မိသားစုဝင်တွေက အနှောက်အယှက်ဖြစ်မှာ ဆိုးလို့တဲ့ အနားမှာဘယ်သူမှ လာမနေပေးဘူး ။

ကြီးကြီးနားမှာ ထိုင်ပြီး ပဋ္ဌာန်း ရွတ်နေတာ ကြီးကြီးက သိပုံရတယ် မကြာခဏ မျက်လုံးဖွင့်ကြည့်တယ် ။ တစ်ချက်တစ်ချက် ခေါင်းထောင်ပြီးတော့လည်း နံရံဘက်ကို ကြည့်တယ် ။ ကြီးကြီးရဲ့ လက်တစ်ဖက်က ကျွန်မပေါင်ကို လာထိတတ်သေးတယ် ။

မျက်လုံးက မှိတ်လိုက် ဖွင့်လိုက်နဲ့ ပဋ္ဌာန်းရွတ်သံကို နားထောင်နေသလိုပါပဲ ။

ပဋ္ဌာန်းတရားကို တစ်နာရီရွတ်မယ်လို့ တွေးထားပေမယ့်ဆယ်ငါးမိနစ်ပိုသွားတယ် ။ ပဋ္ဌာန်းရွတ်နေရင်း ထူးထူးဆန်းဆန်းကြက်သီးတွေထနေတာ ခဏခဏပါပဲ ။

ကြောက်တဲ့ စိတ်ကိုဖျောက်ထားပြီး လုပ်စရာရှိတာကို အဆုံးထိ ပြီးအောင်လုပ်တယ် ။ ပဋ္ဌာန်းရွတ်ပြီးတော့ မေတ္တာပို့ အမျှဝေတယ် ။

မြတ်စွာဘုရားကို အာရုံပြု ပြီး ၊ အခုပြု လုပ်တဲ့ ကုသိုလ်တွေအားလုံးကို အိပ်ယာထဲလဲနေတဲ့ ကြီးကြီးရဲ့ ကိုယ်စားပြု လုပ်ပေးတာပါဆိုပြီး ကြီးကြီးနဲ့ ကိုယ်စောင့်နတ် ၊ အနားမှာ ရှိနေနိုင်တဲ့ မြင်အပ်မမြင်အပ် ပုဂ္ဂို လ်တွေကို အမျှထပ်ဝေပေးလိုက်ပါတယ် ။

အမျှဝေနေသံကို ကြားလို့ထင်ပါရဲ့ ကြီးကြီးကမျက်လုံး ဖွင့်ကြည့်တယ် ။ ကြီးကြီးကို ပဋ္ဌာန်းရွတ်ပေးနေတာ သိလားလို့မေးတော့ သိတယ်လို့ ခေါင်းငြိမ့်ပြတယ် ။ အဲ့ဒါဆို သာဓု
ခေါ ်နော် လို့ပြောတော့ သာဓု သာဓု သာဓု နဲ့ ငါးခါခေါ ်တယ် ။

အဲ့ဒီအချိန်ကျမှ ကြီးကြီးညီမ နဲ့ တူမလေးက အနား ရောက်လာတယ် ။ ကျွန်မကို သိလားလို့ ဝိုင်းမေးပေးတော့မှကြီးကြီးက လေသံတိုးတိုးလေးနဲ့ နေဇာ နေဇာ လို့ဖြေတယ် ။

စိတ်မကောင်းစွာနဲ့ပဲ ဝမ်းသာမိတယ် ။ ကြီးကြီးက ကျွန်မကိုမှတ်မိနေတာရော ပဋ္ဌာန်းရွတ်တဲ့ ကုသိုလ်ကို သာဓု ခေါ ်ပေးတဲ့ အတွက်ပါ ။ သာဓုခေါ ်ပြီးတာနဲ့ ကြီးကြီးတစ်ယောက် မျက်လုံးမှိတ်ပြီး စိတ်ချလက်ချ ပြန်အိပ်သွားခဲ့ပါတယ် ။

ကျွန်မပဋ္ဌာန်းရွတ်ပါတယ် ။ နေ့တိုင်းရွတ်ဖြစ်ပါတယ် ။ ပဋ္ဌာန်းတရားရဲ့ ထူးခြားတဲ့ အစွမ်းသတ္တိတွေ ၊ ဖြစ်ပေါ ်လာတဲ့ အံ့သြစရာအကြောင်းတွေကို ကျွန်မလည်း သိလာသလို
မိတ်ဆွေတွေကိုလည်း သိစေချင် ပူဇော်စေချင်ပါတယ် ။

ပြောပြရင် မယုံနိုင်စရာတွေမို့ ကိုယ်တိုင်ကိုယ်ကျ ပူဇော်ဖြစ်ရင် ပိုပြီးသိလာနိုင်လို့ ၊ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပူဇော်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ် ။

ကျွန်မတားရော့ ကြည့်လာတဲ့ နှစ်တွေထဲမှာ အိပ်ယာထဲလဲနေတဲ့ လူနာတွေအတွက် မိသားစုဝင်တွေက ယုံယုံကြည်ကြည် ၊ စေတနာစိတ်အပြည့်နဲ့ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပေးမယ်ဆိုရင် ၊ လူ့သက်တမ်းအပြည့်ထိ နေရမယ့် ကံ ပါလာတဲ့ သူတွေဆိုရင် ပဋ္ဌာန်းတရားရဲ့ ထူးခြားတဲ့ အစွမ်း ကြောင့် ပြန်လည်ကျန်းမာလာတတ်ပါတယ် ။

ဆရာဝန်က ဘယ်လ လောက်ဆို သေမယ်လို့ ပြောထားတဲ့ လူနာပင်ဖြစ် နေပါစေ ။ ပြန်ပြီး ကျန်းမာလာတဲ့ မိတ်ဆွေတွေ လည်းများစွာ ရှိခဲ့ပါတယ် ။

ကျွန်မကဲ့သို့ ပဋ္ဌာန်းတရားတော်ကို ယုံကြည်စွာ ပူဇော်ကြည့်ကြပါလို့ မေတ္ထာစကားလက်ဆောင် ပေးလိုက်ပါတယ် ။

မိတ်ဆွေများအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top