ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လက္ကိုင္ဖုန္း မ်ားႏွင့္ အိုင္တီ ပစၥည္း မ်ားအား ကုိယ္ေနဟန္ထား မမွန္ဘဲ ေခါင္း ကိုငံု႔လ်က္ အာ႐ံု စူးစိုက္အသံုးျပဳျခင္းေၾကာင့္ လည္ပင္း ျကြက္သား မ်ားတြင္ ဒဏ္ျဖစ္ေစပါတယ္။

လည္ပင္း ကို တည့္တည့္ထားလွ်င္ ဦးေခါင္း သည္ 10 မွ 12 ေပါင္ ၾကားေလးၿပီး၊ လည္ပင္းကို ေရွ႕ဘက္သို႔ 15 ဒီဂရီခန္႔ တိမ္းညြတ္ လို္က္ပါက ဦးေခါင္း အေလးခ်ိန္ သည္ 27 ေပါင္၊ 30 ဒီဂရီ ငု႔ံလိုက္လွ်င္ ဦးေခါင္း အေလးခ်ိန္ 40 ေပါင္၊ 45 ဒီဂရီခန္႔ငိုက္လ်က္အားယူပါက ဦးေခါင္း သည္ 49 ေပါင္ေလးကာ 60 ဒီဂရီခန္႔အထိ အားစိုက္ ငံု႔ၾကည့္ရေသာ အေနအထား တြင္ ဦးေခါင္း သည္ 60 ေပါင္ အေလးခ်ိန္ ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

ဖိအား 10 မွ 12 ေပါင္ၾကားသာ လက္ခံႏုိင္ေသာ ႂကြက္သား မ်ားႏွင့္ အာ႐ံုေၾကာ မ်ားေပၚတြင္ ေပါင္ 60 ဖိအား သက္ေရာက္ျခင္းသည္ အဆိုပါ ျကြက္သား မ်ားႏွင့္ အာ႐ံုေၾကာ မ်ားကို ဒဏ္ျဖစ္ေစႏုိင္႐ံု မွ်မက ေက်ာ႐ိုး အား ယိုယြင္းပ်က္စီးေစႏုိင္ၿပီး ေက်ာ႐ိုးဆစ္မ်ားအၾကားရွိ အ႐ိုးႏုလႊာေလးမ်ားကိုပါ လြဲေခ်ာ္သြားေစႏိုင္ပါတယ္။

လည္ပင္း နွင့္ ပခံုးၾကား တြင္ေျမာက္မ်ားစြာေသာ အာ႐ံုေၾကာမ်ားရွိျခင္းေၾကာင့္ ၎ေနရာမ်ားတြင္ ဖိအားလြန္စြာ သက္ေရာက္ျခင္း၊ ႂကြက္သားေတာင့္တင္းေစျခင္းတို႔ျဖစ္ေစပါက လက္ေခ်ာင္းမ်ားအထိပါ နာက်င္မႈ ပ်ံ႕ႏွံ႔သြားႏိုင္ပါတယ္။ ဒါ့အျပင္ မိုဘိုင္းဖုန္းအား နားႏွင့္ ပခံုးၾကားညႇပ္၍ ဖုန္းေျပာျခင္း၊ လဲေလ်ာင္းလ်က္ တံေတာင္ဆစ္ေ ေထာက္ကာ ဖုန္းေျပာျခင္း သည္လည္း လည္ပင္း ျကြက္သား မ်ား နာက်င္မႈ ကို ခံစားရေစႏုိင္ပါတယ္။ ဒါေၾကာင့္ ဖုန္းအသံုးျပဳတိုင္း လည္ပင္းကို ေရွ႕သို႔မငိုက္ေစရန္ အထူးဂ႐ုျပဳသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr myanmar
#Unicode Version#
လက်ကိုင်ဖုန်း များနှင့် အိုင်တီ ပစ္စည်း များအား ကိုယ်နေဟန်ထား မမှန်ဘဲ ခေါင်း ကိုငုံ့လျက် အာရုံ စူးစိုက်အသုံးပြုခြင်းကြောင့် လည်ပင်း ကြွက်သား များတွင် ဒဏ်ဖြစ်စေပါတယ်။

လည်ပင်း ကို တည့်တည့်ထားလျှင် ဦးခေါင်း သည် 10 မှ 12 ပေါင် ကြားလေးပြီး၊ လည်ပင်းကို ရှေ့ဘက်သို့ 15 ဒီဂရီခန့် တိမ်းညွတ် လိုက်ပါက ဦးခေါင်း အလေးချိန် သည် 27 ပေါင်၊ 30 ဒီဂရီ ငုံ့လိုက်လျှင် ဦးခေါင်း အလေးချိန် 40 ပေါင်၊ 45 ဒီဂရီခန့်ငိုက်လျက်အားယူပါက ဦးခေါင်း သည် 49 ပေါင်လေးကာ 60 ဒီဂရီခန့်အထိ အားစိုက် ငုံ့ကြည့်ရသော အနေအထား တွင် ဦးခေါင်း သည် 60 ပေါင် အလေးချိန် ရှိကြောင်း ဖော်ပြထားပါတယ်။

ဖိအား 10 မှ 12 ပေါင်ကြားသာ လက်ခံနိုင်သော ကြွက်သား များနှင့် အာရုံကြော များပေါ်တွင် ပေါင် 60 ဖိအား သက်ရောက်ခြင်းသည် အဆိုပါ ကြွက်သား များနှင့် အာရုံကြော များကို ဒဏ်ဖြစ်စေနိုင်ရုံ မျှမက ကျောရိုး အား ယိုယွင်းပျက်စီးစေနိုင်ပြီး ကျောရိုးဆစ်များအကြားရှိ အရိုးနုလွှာလေးများကိုပါ လွဲချော်သွားစေနိုင်ပါတယ်။

လည်ပင်း နှင့် ပခုံးကြား တွင်မြောက်များစွာသော အာရုံကြောများရှိခြင်းကြောင့် ၎င်းနေရာများတွင် ဖိအားလွန်စွာ သက်ရောက်ခြင်း၊ ကြွက်သားတောင့်တင်းစေခြင်းတို့ဖြစ်စေပါက လက်ချောင်းများအထိပါ နာကျင်မှု ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းအား နားနှင့် ပခုံးကြားညှပ်၍ ဖုန်းပြောခြင်း၊ လဲလျောင်းလျက် တံတောင်ဆစ်ေ ထောက်ကာ ဖုန်းပြောခြင်း သည်လည်း လည်ပင်း ကြွက်သား များ နာကျင်မှု ကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုတိုင်း လည်ပင်းကို ရှေ့သို့မငိုက်စေရန် အထူးဂရုပြုသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top