(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ကုန္က်စရိတ္ ကန္ေဒၚလာ ၁၆၈ ဒသမ ၁၇၄ သန္းရွိတယ္လုိ႔ ဆုိပါတယ္။

ရန္ကုန္-ဒလတံတားကုိ ယခုႏွစ္ကုန္မွာ ကုိရီးယားကုမၸဏီတစ္ခုက စတင္ေဆာက္လုပ္မယ္လုိ႔  ေဆာက္လုပ္ေရး၀န္ႀကီးဌာန ဒုတိယအၿမဲ တမ္းအတြင္း၀န္ ဦးေဇာ္မင္းသိမ္းက ေျပာပါတယ္။

‘‘ဒလတံတားစီမံကိန္းစလုပ္ ပါေတာ့မယ္။ ၾကာေတာ့မၾကာပါဘူး။ ေဆာက္မွာက ကုိရီးယား ကုမၸဏီတစ္ခုပါပဲ’’လုိ႔ ဒုတိယအ ၿမဲတမ္းအတြင္း၀န္က ေျပာခဲ့ၿပီး တံတားစီမံကိန္းအတြက္ ဒလၿမိဳ႕ဘက္က အေဆာက္အအုံေတြကုိ စက္တင္ဘာ ၁၉ ရက္မွာ စတင္ဖယ္ရွားခဲ့ပါတယ္။

ရန္ကုန္-ဒလ တံတားစီမံ ကိန္းဧရိယာထဲမွာ ပါ၀င္တဲံ ေက်ာင္းေတြကုိ စက္တင္ဘာ ၁၉ ရက္မွာ စတင္ၿဖိဳဖ်က္ဖုိ႔ စီစဥ္ေနၿပီး ဘာသာေရး အေဆာက္အအုံေတြ ၿဖိဳဖ်က္ဖုိ႔ စက္တင္ဘာ ၂၀ ရက္က လာေရာက္ အေၾကာင္းၾကားခဲ့တယ္လို႔ ဒလၿမိဳ႕ကမာက ဆစ္ရပ္ကြက္ေန ေဒသခံေတြက ေျပာပါတယ္။

‘‘ဖယ္ဖုိ႔ေတာ့ ဘာမွမေျပာ ေသးဘူး။ ေက်ာင္းေတြေတာ့ စ ဖယ္ေနတယ္။ ေလ်ာ္ေၾကးက တ ျခားေနရာထက္ပုိရထားပါတယ္။ ေက်နပ္ၾကပါတယ္’’လို႔ ဒလၿမိဳ႕ ကမာကဆစ္ရပ္ကြက္ေန ေဒၚခင္ေဌး၀င္းက ႏုိ၀င္ဘာ ၁၃ ရက္မွာ ေျပာပါတယ္။

အဆုိပါ တံတားတည္ေဆာက္ဖို႔ ခန္႔မွန္းကုန္က်စရိတ္ ကန္ေဒၚလာ ၁၆၈ ဒသမ ၁၇၄ သန္းရွိက ကုိရီးယားသမၼတႏုိင္ငံရဲ႕ စီးပြားဖြံ႕ၿဖိဳးမႈပူးေပါင္း ေဆာင္ရြက္ေရးရန္ပုံေငြ (EDCF Loan)ေခ်းေငြနဲ႔ တည္ေဆာက္မွာ ျဖစ္ပါတယ္။

EDCF Loan ေခ်းေငြက ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရး သေဘာအရ ေပးအပ္တဲ့ ေခ်းေငြအမ်ိဳးအစားမွာ ပါ၀င္ၿပီးႏွစ္ ရွည္အတိုးႏႈန္း သက္သက္သာသာနဲ႔ ျပန္လည္ေပးဆပ္ရတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်-ဒလတံတားကို ယခုနှစ်ကုန်မှာ ကိုရီးယားကုမ္ပဏီတစ်ခုက စတင်ဆောက်လုပ်မယ်လို့  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးဇော်မင်းသိမ်းက ပြောပါတယ်။

‘‘ဒလတံတားစီမံကိန်းစလုပ် ပါတော့မယ်။ ကြာတော့မကြာပါဘူး။ ဆောက်မှာက ကိုရီးယား ကုမ္ပဏီတစ်ခုပါပဲ’’လို့ ဒုတိယအ မြဲတမ်းအတွင်းဝန်က ပြောခဲ့ပြီး တံတားစီမံကိန်းအတွက် ဒလမြို့ဘက်က အဆောက်အအုံတွေကို စက်တင်ဘာ ၁၉ ရက်မှာ စတင်ဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်-ဒလ တံတားစီမံ ကိန်းဧရိယာထဲမှာ ပါဝင်တဲံ ကျောင်းတွေကို စက်တင်ဘာ ၁၉ ရက်မှာ စတင်ဖြိုဖျက်ဖို့ စီစဉ်နေပြီး ဘာသာရေး အဆောက်အအုံတွေ ဖြိုဖျက်ဖို့ စက်တင်ဘာ ၂၀ ရက်က လာရောက် အကြောင်းကြားခဲ့တယ်လို့ ဒလမြို့ကမာက ဆစ်ရပ်ကွက်နေ ဒေသခံတွေက ပြောပါတယ်။

‘‘ဖယ်ဖို့တော့ ဘာမှမပြော သေးဘူး။ ကျောင်းတွေတော့ စ ဖယ်နေတယ်။ လျော်ကြေးက တ ခြားနေရာထက်ပိုရထားပါတယ်။ ကျေနပ်ကြပါတယ်’’လို့ ဒလမြို့ ကမာကဆစ်ရပ်ကွက်နေ ဒေါ်ခင်ဌေးဝင်းက နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

အဆိုပါ တံတားတည်ဆောက်ဖို့ ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းရှိက ကိုရီးယားသမ္မတနိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ (EDCF Loan)ချေးငွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။

EDCF Loan ချေးငွေက နှစ်နိုင်ငံချစ်ကြည်ရေး သဘောအရ ပေးအပ်တဲ့ ချေးငွေအမျိုးအစားမှာ ပါဝင်ပြီးနှစ် ရှည်အတိုးနှုန်း သက်သက်သာသာနဲ့ ပြန်လည်ပေးဆပ်ရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top