Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဘာင္းဘီပဲ ႐ွည္ေနရင္ ေခါက္လိုက္မွာေပါ့လို႔ အလြယ္ထင္ေနရင္ မွားမယ္ေနာ္။

ဂ်င္းေဘာင္းဘီဟာ လူငယ္ဆန္ဆန္ ေပါ့ပါးသြက္လက္တဲ့အသြင္ကို ခ်က္ခ်င္းျဖစ္ေပၚေစသလို စတိုင္လ္က်က်သာ ဝတ္တတ္ရင္ ပ်ိဳေမေလးတုိ႔ကို ပိုလွသြားေစပါတယ္။ ဂ်င္းေဘာင္းဘီဆိုရင္လည္း ပံုစံအမ်ိဳးမ်ိဳး ႐ွိေသးတာ။ အသားနဲ႔ကြက္တိ ကပ္ေနမယ့္ skinny ၊ ပြပြေခ်ာင္ေခ်ာင္နဲ႔ boyfriend jean စသျဖင့္ အမ်ိဳးမ်ိဳး ေ႐ြးခ်ယ္ၾကတယ္။ ခါးတင္၊ ခ်က္ျပဳတ္၊ high waisted  ဆုိၿပီးေတာ့လည္း ကိုယ္အဆင္ေျပသလို ဝတ္ၾကတယ္။ Denim Jeans ေတြကို ဝတ္ရင္ေတာ့ သူမ်ားနဲ႔မတူဘဲ ထူးထူးျခားျခား စမတ္က်ေနမွာ မွန္ေပမဲ့ မေရြးတတ္ရင္ ဂြမ္းသြားႏုိင္တယ္။

၁။ အိတ္ကပ္မပါတဲ့ဂ်င္းေဘာင္းဘီ

ဂ်င္းေဘာင္းဘီရဲ႕ တင္ပါးေပၚက အိတ္ကပ္ေတြဟာ ေအာက္ကိုက်မေနသင့္ဘူး။ တင္ပါးနဲ႔ေပါင္အစပ္နားကို ထိေနတဲ့ အိပ္ကပ္မ်ိဳးက ကိုယ့္အလွကိုပ်က္ေစတယ္။ အိတ္ကပ္အျမင့္ကို အေပၚပိုင္းမွာ တေစာင္းပံုစံခပ္ေလ်ာေလ်ာေလး ေစြေနတာမ်ိဳးက တင္ပါးေတြကို ပိုလွသြားေစတယ္။ အိတ္ကပ္မပါတဲ့ ဂ်င္းေဘာင္းဘီမ်ိဳးကိုလည္း လံုးဝမဝတ္ပါနဲ႔။

၂။ ဆြဲသားဆုိဒ္ႀကီး

တခ်ိဳ႕ဂ်င္းေတြက ဆြဲသားနဲ႔လုပ္ထားတာဆုိေတာ့ ပိန္ပိန္၊ ဝ၀ ဝတ္လို႔ရတယ္။ ဆြဲသားဂ်င္းေတြကို ဝယ္ရင္ ဆုိဒ္ႀကီးမဝယ္ပါနဲ႔။ ဆုိဒ္ေသးကုိပဲဝယ္ပါ။ ဆြဲသားဆုိေတာ့ ကိုယ့္ခႏၶာကိုယ္ ေကာက္ေၾကာင္း ပိုေပၚေစပါလိမ့္မယ္။ ဆိုဒ္ႀကီးက်ေတာ့ ေလွ်ာ္ရင္း ဝတ္ရင္းနဲ႔ က်ယ္လာရင္ မလွေတာ့ဘူး။

၃။ ေအာက္နားအ႐ွည္ကို သတိမထားဘူး

ေဘာင္းဘီပဲ ႐ွည္ေနရင္ ေခါက္လိုက္မွာေပါ့လို႔ အလြယ္ထင္ေနရင္ မွားမယ္ေနာ္။ Skinny ဂ်င္းေတြဆုိရင္ ေျခက်င္းဝတ္အထက္မွာ ႐ွိရမယ္။ တစ္ေျဖာင့္တည္းဂ်င္းေတြဆုိရင္ ေျခမ်က္စိဖံုးမွလွတာ။ Boot-cut ဂ်င္းေဘာင္းဘီေတြကေတာ့ ေျမႀကီးနဲ႔ လက္မဝက္အကြာထိ ေရာက္ေအာင္ ရွည္ေနမွ လွပါတယ္။ ဝယ္လာၿပီးမွ ရွည္ေနရင္ ဆုိင္မွာသြားျပင္လိုက္ပါေနာ္။

၄။ ခဏခဏေလွ်ာ္တယ္

ဂ်င္းေဘာင္းဘီေတြက ေလွ်ာ္နည္းမွားရင္လည္း ျမန္ျမန္အေရာင္လြင့္တယ္။ မေပမေရေအာင္ ဝတ္ၿပီးရင္ ျပန္သိမ္းထားပါ။ ခဏခဏမေလွ်ာ္ပါနဲ႔။ ေလွ်ာ္ရင္လည္း ေဘာင္းဘီကို ေျပာင္းျပန္လွန္ၿပီး ေရေအးနဲ႔ပဲ ေလွ်ာ္ရမယ္။

၅။ အလုပ္ကိုဝတ္ရမယ့္ဂ်င္း

တကယ့္ကုမၸဏီႀကီးေတြမွာ အလုပ္ကို ဂ်င္းေဘာင္းဘီဝတ္လာခြင့္ မေပးပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ဂ်င္းဟာ ေပါ့ပါးလြတ္လပ္တဲ့ အ႐ိုင္းဆန္တဲ့အသြင္ ေဖာ္က်ဴးလို႔ အလုပ္မွာဝတ္ဖုိ႔ တားျမစ္ထားပါတယ္။ တခ်ိဳ႕အလုပ္ေတြကေတာ့ ေသာၾကာေန႔လို ရက္ေတြမွာ ဂ်င္းဝတ္ခြင့္ေပးတယ္။ အဲ့ဒီက်ရင္ ဂ်င္းကို နက္ျပာ/အနက္/အျပာရင့္ေရာင္တုိ႔ကိုပဲ ေရြးပါ။ စမတ္က်က်ျဖစ္ဖုိ႔အတြက္ ဂ်င္းေဘာင္းဘီနဲ႔အတူ ဘေလဇာကုတ္တစ္ထည္ကို တြဲဖက္ဝတ္ဆင္မယ္ဆို အျမင္မ႐ိုင္းေတာ့ဘူးေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဘောင်းဘီပဲ ရှည်နေရင် ခေါက်လိုက်မှာပေါ့လို့ အလွယ်ထင်နေရင် မှားမယ်နော်။

ဂျင်းဘောင်းဘီဟာ လူငယ်ဆန်ဆန် ပေါ့ပါးသွက်လက်တဲ့အသွင်ကို ချက်ချင်းဖြစ်ပေါ်စေသလို စတိုင်လ်ကျကျသာ ဝတ်တတ်ရင် ပျိုမေလေးတို့ကို ပိုလှသွားစေပါတယ်။ ဂျင်းဘောင်းဘီဆိုရင်လည်း ပုံစံအမျိုးမျိုး ရှိသေးတာ။ အသားနဲ့ကွက်တိ ကပ်နေမယ့် skinny ၊ ပွပွချောင်ချောင်နဲ့ boyfriend jean စသဖြင့် အမျိုးမျိုး ရွေးချယ်ကြတယ်။ ခါးတင်၊ ချက်ပြုတ်၊ high waisted  ဆိုပြီးတော့လည်း ကိုယ်အဆင်ပြေသလို ဝတ်ကြတယ်။ Denim Jeans တွေကို ဝတ်ရင်တော့ သူများနဲ့မတူဘဲ ထူးထူးခြားခြား စမတ်ကျနေမှာ မှန်ပေမဲ့ မရွေးတတ်ရင် ဂွမ်းသွားနိုင်တယ်။

၁။ အိတ်ကပ်မပါတဲ့ဂျင်းဘောင်းဘီ

ဂျင်းဘောင်းဘီရဲ့ တင်ပါးပေါ်က အိတ်ကပ်တွေဟာ အောက်ကိုကျမနေသင့်ဘူး။ တင်ပါးနဲ့ပေါင်အစပ်နားကို ထိနေတဲ့ အိပ်ကပ်မျိုးက ကိုယ့်အလှကိုပျက်စေတယ်။ အိတ်ကပ်အမြင့်ကို အပေါ်ပိုင်းမှာ တစောင်းပုံစံခပ်လျောလျောလေး စွေနေတာမျိုးက တင်ပါးတွေကို ပိုလှသွားစေတယ်။ အိတ်ကပ်မပါတဲ့ ဂျင်းဘောင်းဘီမျိုးကိုလည်း လုံးဝမဝတ်ပါနဲ့။

၂။ ဆွဲသားဆိုဒ်ကြီး

တချို့ဂျင်းတွေက ဆွဲသားနဲ့လုပ်ထားတာဆိုတော့ ပိန်ပိန်၊ ဝ၀ ဝတ်လို့ရတယ်။ ဆွဲသားဂျင်းတွေကို ဝယ်ရင် ဆိုဒ်ကြီးမဝယ်ပါနဲ့။ ဆိုဒ်သေးကိုပဲဝယ်ပါ။ ဆွဲသားဆိုတော့ ကိုယ့်ခန္ဓာကိုယ် ကောက်ကြောင်း ပိုပေါ်စေပါလိမ့်မယ်။ ဆိုဒ်ကြီးကျတော့ လျှော်ရင်း ဝတ်ရင်းနဲ့ ကျယ်လာရင် မလှတော့ဘူး။

၃။ အောက်နားအရှည်ကို သတိမထားဘူး

ဘောင်းဘီပဲ ရှည်နေရင် ခေါက်လိုက်မှာပေါ့လို့ အလွယ်ထင်နေရင် မှားမယ်နော်။ Skinny ဂျင်းတွေဆိုရင် ခြေကျင်းဝတ်အထက်မှာ ရှိရမယ်။ တစ်ဖြောင့်တည်းဂျင်းတွေဆိုရင် ခြေမျက်စိဖုံးမှလှတာ။ Boot-cut ဂျင်းဘောင်းဘီတွေကတော့ မြေကြီးနဲ့ လက်မဝက်အကွာထိ ရောက်အောင် ရှည်နေမှ လှပါတယ်။ ဝယ်လာပြီးမှ ရှည်နေရင် ဆိုင်မှာသွားပြင်လိုက်ပါနော်။

၄။ ခဏခဏလျှော်တယ်

ဂျင်းဘောင်းဘီတွေက လျှော်နည်းမှားရင်လည်း မြန်မြန်အရောင်လွင့်တယ်။ မပေမရေအောင် ဝတ်ပြီးရင် ပြန်သိမ်းထားပါ။ ခဏခဏမလျှော်ပါနဲ့။ လျှော်ရင်လည်း ဘောင်းဘီကို ပြောင်းပြန်လှန်ပြီး ရေအေးနဲ့ပဲ လျှော်ရမယ်။

၅။ အလုပ်ကိုဝတ်ရမယ့်ဂျင်း

တကယ့်ကုမ္ပဏီကြီးတွေမှာ အလုပ်ကို ဂျင်းဘောင်းဘီဝတ်လာခွင့် မပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂျင်းဟာ ပေါ့ပါးလွတ်လပ်တဲ့ အရိုင်းဆန်တဲ့အသွင် ဖော်ကျူးလို့ အလုပ်မှာဝတ်ဖို့ တားမြစ်ထားပါတယ်။ တချို့အလုပ်တွေကတော့ သောကြာနေ့လို ရက်တွေမှာ ဂျင်းဝတ်ခွင့်ပေးတယ်။ အဲ့ဒီကျရင် ဂျင်းကို နက်ပြာ/အနက်/အပြာရင့်ရောင်တို့ကိုပဲ ရွေးပါ။ စမတ်ကျကျဖြစ်ဖို့အတွက် ဂျင်းဘောင်းဘီနဲ့အတူ ဘလေဇာကုတ်တစ်ထည်ကို တွဲဖက်ဝတ်ဆင်မယ်ဆို အမြင်မရိုင်းတော့ဘူးပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top