လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ေဆာင္ဂၽြန္ကီ လုိ သူ႔ထက္ေလးႏွစ္ေလာက္ငယ္တဲ႔ ေကာင္ေလးေခ်ာေခ်ာကို ေရႊလက္တြဲႏို္င္သြားတဲ႔ မင္းသမီးေခ်ာေလးအြန္ေစာကလည္း အလွပေဂးေလးဆုိတာအားလံုးသိၾကပါတယ္။ နဂိုလွတဲ႔သူမက အရြယ္နဲ႔မလိုက္ေအာင္ႏုပ်ိဳတဲ႔အလွကိုရဖုိ႔ ရိုးရွင္းလြယ္ကူတဲ႔နည္းေတြနဲ႔ပဲစနစ္တက်ထိန္းသိမ္းပါတယ္တဲ႔။ မၾကာခင္ကျပီးစီးခဲ႔တဲ႔မဂၤလာပြဲမွာလည္း သူမကနည္းနည္းပိန္သြယ္ျပီး အရင္ထက္ပိုလင္းလက္တဲ႔အလွတရားကိုပိုင္ဆုိင္ထားတာေတြ႔ရပါတယ္။ ဒါေၾကာင္႔လည္း သူမရဲ႕အလွအပလွ်ိဳ႕ဝွက္ခ်က္ေတြအေၾကာင္းကို ထုတ္ႏုတ္တင္ဆက္ေပးလိုက္ပါတယ္။

Anti-aging Skincare
အသက္ ၃၄ ႏွစ္ရွိေနျပီမို႔ သူမလက္ရွိသံုးေနတဲ႔ Skincare ကလည္း Anti-aging အမ်ိဳးအစားျဖစ္ပါတယ္တဲ႔။ ေနေရာင္ကာခရင္မ္လိမ္းဖို႔နဲ႔ အေရးေၾကာင္းေပ်ာက္ေစတဲ႔ Cream ေတြကိုေတာ႔ သူမကအျမဲလိမ္းတယ္လုိ႔ဆိုထားပါတယ္။ အသားအေရကို တင္းရင္းေစမယ္႔၊ ကိုေလဂ်င္ထုတ္လုပ္မႈကိုအားေပးတဲ႔ Skincare မ်ိဳးကိုေရြးသံုးပါလို႔ အၾကံျပဳထားပါတယ္။

ေရဓာတ္ျဖည္႔ပါ
အသားအေရလွပက်န္းမာဖုိ႔ ေရဓာတ္ျဖည္႔ျပီးရင္းျဖည္႔ဖုိ႔သူမကအၾကံျပဳထားပါတယ္။ သူမက ေရမ်ားမ်ားေသာက္ေလ႔ရွိျပီး ေရဓာတ္ျဖည္႔ခရင္မ္ေတြသံုးေလ႔ရွိပါတယ္။ အဓိကအားျဖင္႔ ညဘက္ Skincare သံုးခ်ိန္မွာေရဓာတ္ျဖည္႔ခရင္မ္ေတြ မေမ႔မေလ်ာ႔သံုးေလ႔ရွိတယ္လုိ႔ဆုိပါတယ္။

သဘာဝအသီးအႏွံ
ခႏၶာကုိယ္က လတ္ဆတ္သန္႔ရွင္းမႈကိုၾကိဳက္ပါတယ္။ လတ္ဆတ္သန္႔ရွင္းတဲ႔အစားအေသာက္နဲ႔ အသီးအႏွံ၊ အသီးအရြက္ေတြကိုမ်ားမ်ားစားေပးတာက ကိုယ္႔အသားအေရအလွအပအတြက္မရွိမျဖစ္ပါပဲ။ ဒါေၾကာင္႔လည္း သူမကလတ္ဆတ္တဲ႔အသီးအႏွံ အသီးအရြက္ေတြကိုမ်ားမ်ားစားေလ႔ရွိတယ္လို႔ဆုိတာပါ။

သူမရဲ႕ DIY Face Mask
သူမကိုယ္တုိင္လုပ္တဲ႔ မ်က္ႏွာေပါင္းတင္ေဆးမွာေတာ႔ ၾကက္ဥအကာ၊ ပ်ားရည္နဲ႔ မုန္လာဥနီတို႔ကိုသံုးပါတယ္။ ပ်ားရည္ကေတာ႔ ဗက္တီးရီးယားေတြကိုတိုက္ဖ်က္ေပးတဲ႔ အာနိသင္ရွိျပီး အသားအေရကိုေတာက္ပေစပါတယ္။ ၾကက္ဥအကာကေခၽြးေပါက္ေတြကိုက်ဥ္းေစျပီး မုန္လာဥနီကေတာ႔ အသားအေရကိုအာဟာရဓာတ္ေတြျဖည္႔ေပးပါတယ္။ ဒီ Mask ကို အသားအေရႏြမ္းနယ္ပင္ပန္းလာတယ္လို႔ထင္တဲ႔အခ်ိန္တိုင္း အသံုးျပဳပါတယ္တဲ႔။

ႏြားႏို႔နဲ႔ေရခဲ
သူမကႏြားႏို႔နဲ႔မ်က္နွာသစ္ေလ႔ရွိျပီး မ်က္ႏွာအတြက္ Mask ကပ္ခ်ိန္မွာလည္း တခါတေလႏြားႏို႔ကို သံုးပါတယ္။ ေရခဲတံုးေလးေတြကိုေတာ႔ မ်က္ႏွာသြယ္လ်ေစဖုိ႔ သံုးတာျဖစ္ပါတယ္။ မ်က္ႏွာကို ေရခဲတံုးနဲ႔ခပ္ဖြဖြဖိျပီး Massage လုပ္ေပးတာက မ်က္နွာအသားအေရကိုတင္းရင္းက်စ္လ်စ္ေစျပီး ေသးသြယ္ေစတယ္လုိ႔ သူမက ယံုၾကည္လက္ခံထားပါတယ္။

ေလ႔က်င္႔ခန္းမ်ား
ႏုပ်ိဳလွပေနဆဲအလွတရားကိုပိုင္ဆုိင္ဖုိ႔ Exercise ေတြကလည္းအေရးပါတယ္ဆုိတာေကာင္းေကာင္းသိထားတာမို႔ ကိုယ္လက္လႈပ္ရွားမႈကိုလည္းေရြးခ်ယ္ပါတယ္။ အြန္ေစာေရြးခ်ယ္တဲ႔ေလ႔က်င္႔ခန္းေတြကေတာ႔ Yoga ၊ Pilate နဲ႔ Kick Boxing ေတြျဖစ္ပါတယ္။

Eye Makeup နဲ႔ သဘာဝ Eye Brow
သူမက သဘာဝဆန္တဲ႔မ်က္ႏွာအလွကိုရဖုိ႔၊ ႏုပ်ိဳတဲ႔သြင္ျပင္ရေစဖုိ႔ Eye Makeup ကိုေလွ်ာ႔တယ္လုိ႔ဆိုပါတယ္။ Eye Makeup ေလွ်ာ႔တာဟာ Eye Makeup လံုးဝမသံုးတာနဲ႔မတူပါဘူး။ EyeLiner ခပ္ပါးပါးဆိုးျပီး သဘာဝဆန္တဲ႔ EyeShadow ေတြကိုသာ ေရြးသံုးတာမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ႔ မ်က္ခံုးကုိေတာ႔ ထူထူေလးဆြဲဖုိ႔လိုတယ္လုိ႔ဆိုထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ဴးဂ်ဴး(အခရာ)
#Unicode Version#
ဆောင်ဂျွန်ကီ လို သူ့ထက်လေးနှစ်လောက်ငယ်တဲ့ ကောင်လေးချောချောကို ရွှေလက်တွဲနိုင်သွားတဲ့ မင်းသမီးချောလေးအွန်စောကလည်း အလှပဂေးလေးဆိုတာအားလုံးသိကြပါတယ်။ နဂိုလှတဲ့သူမက အရွယ်နဲ့မလိုက်အောင်နုပျိုတဲ့အလှကိုရဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းတွေနဲ့ပဲစနစ်တကျထိန်းသိမ်းပါတယ်တဲ့။ မကြာခင်ကပြီးစီးခဲ့တဲ့မင်္ဂလာပွဲမှာလည်း သူမကနည်းနည်းပိန်သွယ်ပြီး အရင်ထက်ပိုလင်းလက်တဲ့အလှတရားကိုပိုင်ဆိုင်ထားတာတွေ့ရပါတယ်။ ဒါကြောင့်လည်း သူမရဲ့အလှအပလျှို့ဝှက်ချက်တွေအကြောင်းကို ထုတ်နုတ်တင်ဆက်ပေးလိုက်ပါတယ်။

Anti-aging Skincare
အသက် ၃၄ နှစ်ရှိနေပြီမို့ သူမလက်ရှိသုံးနေတဲ့ Skincare ကလည်း Anti-aging အမျိုးအစားဖြစ်ပါတယ်တဲ့။ နေရောင်ကာခရင်မ်လိမ်းဖို့နဲ့ အရေးကြောင်းပျောက်စေတဲ့ Cream တွေကိုတော့ သူမကအမြဲလိမ်းတယ်လို့ဆိုထားပါတယ်။ အသားအရေကို တင်းရင်းစေမယ့်၊ ကိုလေဂျင်ထုတ်လုပ်မှုကိုအားပေးတဲ့ Skincare မျိုးကိုရွေးသုံးပါလို့ အကြံပြုထားပါတယ်။

ရေဓာတ်ဖြည့်ပါ
အသားအရေလှပကျန်းမာဖို့ ရေဓာတ်ဖြည့်ပြီးရင်းဖြည့်ဖို့သူမကအကြံပြုထားပါတယ်။ သူမက ရေများများသောက်လေ့ရှိပြီး ရေဓာတ်ဖြည့်ခရင်မ်တွေသုံးလေ့ရှိပါတယ်။ အဓိကအားဖြင့် ညဘက် Skincare သုံးချိန်မှာရေဓာတ်ဖြည့်ခရင်မ်တွေ မမေ့မလျော့သုံးလေ့ရှိတယ်လို့ဆိုပါတယ်။

သဘာဝအသီးအနှံ
ခန္ဓာကိုယ်က လတ်ဆတ်သန့်ရှင်းမှုကိုကြိုက်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့အစားအသောက်နဲ့ အသီးအနှံ၊ အသီးအရွက်တွေကိုများများစားပေးတာက ကိုယ့်အသားအရေအလှအပအတွက်မရှိမဖြစ်ပါပဲ။ ဒါကြောင့်လည်း သူမကလတ်ဆတ်တဲ့အသီးအနှံ အသီးအရွက်တွေကိုများများစားလေ့ရှိတယ်လို့ဆိုတာပါ။

သူမရဲ့ DIY Face Mask
သူမကိုယ်တိုင်လုပ်တဲ့ မျက်နှာပေါင်းတင်ဆေးမှာတော့ ကြက်ဥအကာ၊ ပျားရည်နဲ့ မုန်လာဥနီတို့ကိုသုံးပါတယ်။ ပျားရည်ကတော့ ဗက်တီးရီးယားတွေကိုတိုက်ဖျက်ပေးတဲ့ အာနိသင်ရှိပြီး အသားအရေကိုတောက်ပစေပါတယ်။ ကြက်ဥအကာကချွေးပေါက်တွေကိုကျဉ်းစေပြီး မုန်လာဥနီကတော့ အသားအရေကိုအာဟာရဓာတ်တွေဖြည့်ပေးပါတယ်။ ဒီ Mask ကို အသားအရေနွမ်းနယ်ပင်ပန်းလာတယ်လို့ထင်တဲ့အချိန်တိုင်း အသုံးပြုပါတယ်တဲ့။

နွားနို့နဲ့ရေခဲ
သူမကနွားနို့နဲ့မျက်နှာသစ်လေ့ရှိပြီး မျက်နှာအတွက် Mask ကပ်ချိန်မှာလည်း တခါတလေနွားနို့ကို သုံးပါတယ်။ ရေခဲတုံးလေးတွေကိုတော့ မျက်နှာသွယ်လျစေဖို့ သုံးတာဖြစ်ပါတယ်။ မျက်နှာကို ရေခဲတုံးနဲ့ခပ်ဖွဖွဖိပြီး Massage လုပ်ပေးတာက မျက်နှာအသားအရေကိုတင်းရင်းကျစ်လျစ်စေပြီး သေးသွယ်စေတယ်လို့ သူမက ယုံကြည်လက်ခံထားပါတယ်။

လေ့ကျင့်ခန်းများ
နုပျိုလှပနေဆဲအလှတရားကိုပိုင်ဆိုင်ဖို့ Exercise တွေကလည်းအရေးပါတယ်ဆိုတာကောင်းကောင်းသိထားတာမို့ ကိုယ်လက်လှုပ်ရှားမှုကိုလည်းရွေးချယ်ပါတယ်။ အွန်စောရွေးချယ်တဲ့လေ့ကျင့်ခန်းတွေကတော့ Yoga ၊ Pilate နဲ့ Kick Boxing တွေဖြစ်ပါတယ်။

Eye Makeup နဲ့ သဘာဝ Eye Brow
သူမက သဘာဝဆန်တဲ့မျက်နှာအလှကိုရဖို့၊ နုပျိုတဲ့သွင်ပြင်ရစေဖို့ Eye Makeup ကိုလျှော့တယ်လို့ဆိုပါတယ်။ Eye Makeup လျှော့တာဟာ Eye Makeup လုံးဝမသုံးတာနဲ့မတူပါဘူး။ EyeLiner ခပ်ပါးပါးဆိုးပြီး သဘာဝဆန်တဲ့ EyeShadow တွေကိုသာ ရွေးသုံးတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ မျက်ခုံးကိုတော့ ထူထူလေးဆွဲဖို့လိုတယ်လို့ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျူးဂျူး(အခရာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top