လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

မၾကာေသးခင္ကမွ စစ္တပ္ကေန အာဏာသိမ္းထားတဲ့ ဇင္ဘာေဘြႏိုင္ငံမွာ ကေလးေမြးေနရင္း နာရင္ ေအာ္လို႔မရပါဘူး။

ျပည္တြင္းေဆးရုံက ကေလးေမြးခါနီး၊ ေမြးေနတုန္း နာလို႔ ေအာ္ရင္ တစ္ခါေအာ္တိုင္း ၅ ေဒၚလာ ဒဏ္ေငြရိုက္ပါတယ္။

ႏိုင္ငံရဲ႕ GDP က ေဒၚလာ ၅၀၀ဘဲ ရွိၿပီး တစ္ဦးခ်င္း တစ္ႏွစ္ ၀င္ေငြက ေဒၚလာ ၁၅၀ ဘဲရွိပါတယ္။ ဇင္ဘာေဘြေဆးရုံေတြမွာ ကေလးတစ္ခါေမြးရင္ ေဒၚလာ၅၀ ေပးရပါတယ္။

အလုပ္လက္မဲ့ႏႈန္းက ၉ ၅ ရာခိုင္ႏႈန္း၊ ဆင္းရဲမြဲေတမႈမ်ားတဲ့ႏိုင္ငံျဖစ္ပါတယ္။

မိခင္တစ္ေယာက္က ကေလးေမြးဖြားခ်ိန္မွာ ၁၀ခါေက်ာ္ေလာက္ေအာ္မိလိုက္ရင္ တစ္ႏွစ္စာ၀င္ေငြရဲ႕ တစ္၀က္စာေလာက္ ျပဳတ္သြားမွာ အေသအခ်ာပါဘဲ။

ကေလးေမြးဖြားစဥ္ေအာ္မိလို႔ ဒဏ္ေၾကးမေပးႏိုင္တဲ့ မိခင္ေတြကို ေဆးရုံမွာဘဲ အက်ယ္ခ်ဳပ္ထားၿပီး မေပးႏိုင္မခ်င္း အတိုးႏႈန္းတက္ေနမွာပါ။

ဒါေၾကာင့္ ဇင္ဘာေဘြက မိခင္ေတြက ဒီလို စရိတ္ေတြ မတတ္ႏိုင္တာေၾကာင့္ အိမ္မွာဘဲ ကေလးေမြးဖြားၾကပါတယ္။

ကုလသမဂၢရဲ႕ စာရင္းအရ ဇင္ဘာေဘြႏိုင္ငံမွာ ေန႔စဥ္ မိခင္ ၈ ေယာက္ ကေလးေမြးရင္း ေသဆံုးေနရပါတယ္။

ဒီျပႆနာနဲ႔ပတ္သက္ၿပီး Transparency International က ဇင္ဘာေဘြ အမ်ိဳးသား က်န္းမာေရ ၀န္ႀကီးဌာနကို စာပို႔ၿပီး အေၾကာင္းၾကားပါတယ္။ က်န္းမာေရး၀န္ႀကီးဌာနက စာရေၾကာင္း အတည္ျပဳခဲ့ေပမယ့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဆာင္ရြက္တာမ်ိဳး မရွိပါဘူး။ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြ (NGO) က စံုစမ္းတဲ့အခါမွာ စာေပ်ာက္သြားၿပီလို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

အဲ့ေနာက္မွာ Transparency International က ဇင္ဘာေဘြ ဒုတိယ ၀န္ႀကီးခ်ဳပ္နဲ႔ေတြ႔ၿပီး စကားေျပာတဲ့အခါမွာ ဒီကိစၥကို အဆင္ေျပေအာင္ ေဆာင္ရြက္ပါ့မယ္လို႔ကတိေပးခဲ့ပါတယ္။

အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြ (NGO)ရဲ႕ ေျပာၾကားခ်က္အရ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ကေလးေမြးရင္း ေအာ္တဲ့ ဒဏ္ေငြ ေဆာင္ရတာေၾကာင့္ မၾကားရေတာ့ဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ ၁ ႏွစ္၀င္ေငြ ေဒၚလာ ၁၅၀ ဘဲရွိတဲ့ ဇင္ဘာေဘြျပည္သူေတြအတြက္ အစိုးရေဆးရံုမွာ ကေလးေမြးစရိတ္ ေဒၚလာ ၅၀က လက္လွမ္းမမီေလာက္ေအာင္ ေစ်းႀကီးေနပါေသးတယ္။

(သမၼတ ေရာဘတ္မူဂါေဘ အာဏာရွိစဥ္၊ ၂၀၁၃ ခုႏွစ္က The Washington Post ကေရးသားခဲ့တဲ့ ေဆာင္းပါးထဲကေန ေကာက္ႏုတ္ ဘာသာျပန္ေဖာ္ျပျခင္းျဖစ္ပါတယ္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
မကြာသေးခင်ကမှ စစ်တပ်ကနေ အာဏာသိမ်းထားတဲ့ ဇင်ဘာဘွေနိုင်ငံမှာ ကလေးမွေးနေရင်း နာရင် အော်လို့မရပါဘူး။

ပြည်တွင်းဆေးရုံက ကလေးမွေးခါနီး၊ မွေးနေတုန်း နာလို့ အော်ရင် တစ်ခါအော်တိုင်း ၅ ဒေါ်လာ ဒဏ်ငွေရိုက်ပါတယ်။

နိုင်ငံရဲ့ GDP က ဒေါ်လာ ၅၀၀ဘဲ ရှိပြီး တစ်ဦးချင်း တစ်နှစ် ဝင်ငွေက ဒေါ်လာ ၁၅၀ ဘဲရှိပါတယ်။ ဇင်ဘာဘွေဆေးရုံတွေမှာ ကလေးတစ်ခါမွေးရင် ဒေါ်လာ၅၀ ပေးရပါတယ်။

အလုပ်လက်မဲ့နှုန်းက ၉ ၅ ရာခိုင်နှုန်း၊ ဆင်းရဲမွဲတေမှုများတဲ့နိုင်ငံဖြစ်ပါတယ်။

မိခင်တစ်ယောက်က ကလေးမွေးဖွားချိန်မှာ ၁၀ခါကျော်လောက်အော်မိလိုက်ရင် တစ်နှစ်စာဝင်ငွေရဲ့ တစ်ဝက်စာလောက် ပြုတ်သွားမှာ အသေအချာပါဘဲ။

ကလေးမွေးဖွားစဉ်အော်မိလို့ ဒဏ်ကြေးမပေးနိုင်တဲ့ မိခင်တွေကို ဆေးရုံမှာဘဲ အကျယ်ချုပ်ထားပြီး မပေးနိုင်မချင်း အတိုးနှုန်းတက်နေမှာပါ။

ဒါကြောင့် ဇင်ဘာဘွေက မိခင်တွေက ဒီလို စရိတ်တွေ မတတ်နိုင်တာကြောင့် အိမ်မှာဘဲ ကလေးမွေးဖွားကြပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းအရ ဇင်ဘာဘွေနိုင်ငံမှာ နေ့စဉ် မိခင် ၈ ယောက် ကလေးမွေးရင်း သေဆုံးနေရပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး Transparency International က ဇင်ဘာဘွေ အမျိုးသား ကျန်းမာရေ ဝန်ကြီးဌာနကို စာပို့ပြီး အကြောင်းကြားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက စာရကြောင်း အတည်ပြုခဲ့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်တာမျိုး မရှိပါဘူး။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGO) က စုံစမ်းတဲ့အခါမှာ စာပျောက်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲ့နောက်မှာ Transparency International က ဇင်ဘာဘွေ ဒုတိယ ဝန်ကြီးချုပ်နဲ့တွေ့ပြီး စကားပြောတဲ့အခါမှာ ဒီကိစ္စကို အဆင်ပြေအောင် ဆောင်ရွက်ပါ့မယ်လို့ကတိပေးခဲ့ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGO)ရဲ့ ပြောကြားချက်အရ အဲ့ဒီနောက်ပိုင်းမှာတော့ ကလေးမွေးရင်း အော်တဲ့ ဒဏ်ငွေ ဆောင်ရတာကြောင့် မကြားရတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ၁ နှစ်ဝင်ငွေ ဒေါ်လာ ၁၅၀ ဘဲရှိတဲ့ ဇင်ဘာဘွေပြည်သူတွေအတွက် အစိုးရဆေးရုံမှာ ကလေးမွေးစရိတ် ဒေါ်လာ ၅၀က လက်လှမ်းမမီလောက်အောင် ဈေးကြီးနေပါသေးတယ်။

(သမ္မတ ရောဘတ်မူဂါဘေ အာဏာရှိစဉ်၊ ၂၀၁၃ ခုနှစ်က The Washington Post ကရေးသားခဲ့တဲ့ ဆောင်းပါးထဲကနေ ကောက်နုတ် ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။)

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top