Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သင္ခ်က္တဲ့ ဟင္းနဲ႔ လိုက္ဖက္တဲ့ ၾကက္သြန္နီ ကို ေရြးႏုိင္ဖို႔ပါ။

၁ – အဝါဝိုင္း

အလယ္မွာကားဝိုင္းျပီး ရိုးတံက ေသးေသးပါ။ အခြံက အလြန္ပါးလႊာျပီး အဝါေရာင္ဘက္ အနည္းငယ္သန္းပါတယ္။ ဒီလိုၾကက္သြန္မ်ိဳးဟာ အလြန္ခ်ိဳပါတယ္။ အသားက ၾကြပ္ပါတယ္။ အသုပ္ေတြထဲမွာ အစိမ္းထည့္ဖို႔ အေကာင္းဆံုး ၾကက္သြန္ျဖစ္ပါတယ္။

၂ – အဝါလံုး

သူလည္း အဝါေရာင္သန္းေပမဲ့ ေဂါက္သီးလို လံုးဝန္းပါတယ္။ အရြယ္အစားကလည္း အၾကီးအေသး ပံုစံမ်ိဳးစံုရွိပါတယ္။ အစိမ္းဆိုရင္ အနံ႔ အရသာ ျပင္းတတ္ျပီး ခ်က္စားရင္ေတာ့ အလြန္ခ်ိဳပါတယ္။ စြပ္ျပဳတ္ေတြ၊ ေပါင္းစားတဲ့ ဟင္းေတြမွာ ၾကက္သြန္နီထည့္ခ်င္တယ္ဆိုရင္ ဒီေကာင္က အဆင္ေျပဆံုးျဖစ္ပါတယ္။ သူ႔ရဲ႕ အသားက နည္းနည္းလည္း ေစးခ်င္ပါတယ္။

၃ – အနီမိႈင္း
အရြယ္အစားအမ်ိဳးမ်ိဳးနဲ႔ နီမိႈင္းမိႈင္းအေရာင္မ်ိဳး ရွိပါတယ္။ အစိမ္းဆိုရင္ အနံ႔ တအားျပင္းပါတယ္။ ခ်က္ရင္ေတာ့ သူက အခ်ိဳဆံုးျဖစ္ပါတယ္။ ဘာဂါတုိ႔၊ ပီဇာတို႔မွာသံုးရင္ အဆင္ေျပပါတယ္။ ၾကက္သြန္ကို အနည္းငယ္ ဆီနဲ႔လွိမ့္ျပီး ေရာစပ္စားေသာက္ရတဲ့ အစားအစာေတြမွာ အဆင္ေျပဆံုး ျဖစ္ပါတယ္။

၄ – အနီ

ေစ်းထဲမွာ အေတြ႕ရအမ်ားဆံုး ၾကက္သြန္နီျဖစ္ပါတယ္။ အရြယ္အစားအမ်ိဳးမ်ိဳး၊ ပုံသဏၭာန္ အမ်ိဳးမ်ိဳး ရွိပါတယ္။ ရွည္ေမွ်ာသြယ္လ်တဲ့ ပံုစံမ်ိဳးလည္း ေတြ႕ရတတ္ပါတယ္။ အနီမိႈင္းေရာင္ရွိတဲ့ ၾကက္သြန္နီေလာက္ အနံ႔မျပင္းပါဘူး။ အဝါေရာင္သန္းတဲ့ ၾကက္သြန္ေတြထက္လည္း အနံ႔ျပင္းျပီး အသားမာပါတယ္။ ခပ္ပါးပါးလွီးျပီး ၾကက္သြန္ေၾကာ္လုပ္ဖို႔အတြက္ အေကာင္းဆံုး ျဖစ္ပါတယ္။ အနံ႔အရသာက အရမ္းအျပင္းၾကီးမဟုတ္တာေၾကာင့္ ဘယ္လိုဟင္းမ်ိဳးနဲ႔ မဆို ေပါင္းစပ္လို႔ ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သင်ချက်တဲ့ ဟင်းနဲ့ လိုက်ဖက်တဲ့ ကြက်သွန်နီ ကို ရွေးနိုင်ဖို့ပါ။

၁ – အဝါဝိုင်း

အလယ်မှာကားဝိုင်းပြီး ရိုးတံက သေးသေးပါ။ အခွံက အလွန်ပါးလွှာပြီး အဝါရောင်ဘက် အနည်းငယ်သန်းပါတယ်။ ဒီလိုကြက်သွန်မျိုးဟာ အလွန်ချိုပါတယ်။ အသားက ကြွပ်ပါတယ်။ အသုပ်တွေထဲမှာ အစိမ်းထည့်ဖို့ အကောင်းဆုံး ကြက်သွန်ဖြစ်ပါတယ်။

၂ – အဝါလုံး

သူလည်း အဝါရောင်သန်းပေမဲ့ ဂေါက်သီးလို လုံးဝန်းပါတယ်။ အရွယ်အစားကလည်း အကြီးအသေး ပုံစံမျိုးစုံရှိပါတယ်။ အစိမ်းဆိုရင် အနံ့ အရသာ ပြင်းတတ်ပြီး ချက်စားရင်တော့ အလွန်ချိုပါတယ်။ စွပ်ပြုတ်တွေ၊ ပေါင်းစားတဲ့ ဟင်းတွေမှာ ကြက်သွန်နီထည့်ချင်တယ်ဆိုရင် ဒီကောင်က အဆင်ပြေဆုံးဖြစ်ပါတယ်။ သူ့ရဲ့ အသားက နည်းနည်းလည်း စေးချင်ပါတယ်။

၃ – အနီမှိုင်း
အရွယ်အစားအမျိုးမျိုးနဲ့ နီမှိုင်းမှိုင်းအရောင်မျိုး ရှိပါတယ်။ အစိမ်းဆိုရင် အနံ့ တအားပြင်းပါတယ်။ ချက်ရင်တော့ သူက အချိုဆုံးဖြစ်ပါတယ်။ ဘာဂါတို့၊ ပီဇာတို့မှာသုံးရင် အဆင်ပြေပါတယ်။ ကြက်သွန်ကို အနည်းငယ် ဆီနဲ့လှိမ့်ပြီး ရောစပ်စားသောက်ရတဲ့ အစားအစာတွေမှာ အဆင်ပြေဆုံး ဖြစ်ပါတယ်။

၄ – အနီ

ဈေးထဲမှာ အတွေ့ရအများဆုံး ကြက်သွန်နီဖြစ်ပါတယ်။ အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုး ရှိပါတယ်။ ရှည်မျှောသွယ်လျတဲ့ ပုံစံမျိုးလည်း တွေ့ရတတ်ပါတယ်။ အနီမှိုင်းရောင်ရှိတဲ့ ကြက်သွန်နီလောက် အနံ့မပြင်းပါဘူး။ အဝါရောင်သန်းတဲ့ ကြက်သွန်တွေထက်လည်း အနံ့ပြင်းပြီး အသားမာပါတယ်။ ခပ်ပါးပါးလှီးပြီး ကြက်သွန်ကြော်လုပ်ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ အနံ့အရသာက အရမ်းအပြင်းကြီးမဟုတ်တာကြောင့် ဘယ်လိုဟင်းမျိုးနဲ့ မဆို ပေါင်းစပ်လို့ ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top