Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ႏႈတ္ခမ္းသား ေျခာက္ေသြ႔ၿပီး ညိဳမည္းေနလို႔ စိတ္ညစ္ေနလား။ ရာသီဥတုေၾကာင့္လည္း ျဖစ္ႏိုင္သလို၊ ေဆးလိပ္ေသာက္တာ၊ အဟာရခ်ိဳ႕တဲ့တာေတြေၾကာင့္အပါအ၀င္၊ အလွကုန္ပစၥည္းေတြေၾကာင့္လည္း ႏႈတ္ခမ္းသား ညိဳမည္းပ်က္စီးရတာပါ။ ေဆးလိပ္ေသာက္တတ္ရင္ေတာ့ ေဆးလိပ္ေသာက္တာကို ေလွ်ာ့တာ၊ ျဖတ္တာလုပ္လို႔လိုသလို အဟာရညီညႊတ္မွ်တေအာင္ စားေပးဖို႔လိုပါတယ္။ ႏႈတ္ခမ္းနီဆိုးတာနဲ႔ ရာသီဥတုေၾကာင့္ ႏႈတ္ခမ္းသား ေျခာက္ေသြ႔ ညိဳမည္းေနတာေတြအတြက္ေတာ့ သဘာ၀နည္းလမ္းေလးကို မွ်ေ၀ေပးလိုက္ပါတယ္။

ပါ၀င္ပစၥည္း

ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း

သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

သၾကား လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ျပင္ဆင္ျခင္း

ခြက္တစ္လံုးထဲကို ပ်ားရည္၊ သံလြင္ဆီနဲ႔ သၾကားထည့္လိုက္ၿပီး ေသခ်ာေရာသြားေအာင္ေမႊလိုက္ပါ။ အရည္အရမ္းက်ဲေနရင္ သၾကားထပ္ထည့္ႏိုင္ပါတယ္။

ၿပီးရင္ေတာ့ ႏႈတ္ခမ္းကို ေသခ်ာေဆးၿပီးလိမ္းေပးပါ။ သြားတိုက္တံနဲ႔ လိမ္းေပးၿပီး ပြတ္ေပးပါ။ ၿပီးရင္ ေရေႏြးေလးနဲ႔ ေဆးခ်ပါ။ အဲဒီေနာက္ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့  ႏႈတ္ခမ္းနီ အဆီ (သို႔) အုန္းဆီ (သို႔) သံလြင္ဆီ မိမိႀကိဳက္ႏွစ္သက္တဲ့ အဆီတစ္မ်ိဳးမ်ိဳးလိမ္းၿပီး အိပ္ပါ။ သန္႔ရွင္းၿပီး ႏူးညံ့ေနတဲ့ ႏႈတ္ခမ္းသားတစ္စံုကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

ပ်ားရည္ဘာလို႔သံုးသလဲ

ပ်ားရည္ဟာ သဘာ၀အတိုင္း အစိုဓာတ္ပါ၀င္ၿပီး ေနေရာင္ခ်ည္ထိေတြ႔လို႔ပဲျဖစ္ျဖစ္ အသားအေရ ေျခာက္ေသြ႔ေနတာေတြကို ျပန္လည္စိုေျပေစပါတယ္။

သံလြင္ဆီ ဘာလို႔သံုးသလဲ

သံလြင္ဆီမွာ အိုမင္းရင့္ေရာ္မႈကို ဆန္႔က်င္တဲ့ Antioxidant အျပင္ သဘာ၀အတိုင္း အသားအေရကို ႏူးညံ့စိုေျပေစတဲ့ ဂုဏ္သတၱိေတြ႔ါ၀င္ပါတယ္။

သၾကားဘာလို႔သံုးသလဲ။

သၾကားဟာ ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ၿပီး မည္းညွစ္ေနတဲ့ အသားအေရေတြကို သဘာ၀အသားအေရာင္အတိုင္း ျပန္လည္ရရွိေစမွာပါ။

ပါ၀င္ပစၥည္း ၃ မ်ိဳးတည္းနဲ႔ ကေလးတစ္ေယာက္လို ႏူးညံ့စိုေျပတဲ့ ႏႈတ္ခမ္းသားကို အရယူလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
နှုတ်ခမ်းသား ခြောက်သွေ့ပြီး ညိုမည်းနေလို့ စိတ်ညစ်နေလား။ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သလို၊ ဆေးလိပ်သောက်တာ၊ အဟာရချို့တဲ့တာတွေကြောင့်အပါအဝင်၊ အလှကုန်ပစ္စည်းတွေကြောင့်လည်း နှုတ်ခမ်းသား ညိုမည်းပျက်စီးရတာပါ။ ဆေးလိပ်သောက်တတ်ရင်တော့ ဆေးလိပ်သောက်တာကို လျှော့တာ၊ ဖြတ်တာလုပ်လို့လိုသလို အဟာရညီညွှတ်မျှတအောင် စားပေးဖို့လိုပါတယ်။ နှုတ်ခမ်းနီဆိုးတာနဲ့ ရာသီဥတုကြောင့် နှုတ်ခမ်းသား ခြောက်သွေ့ ညိုမည်းနေတာတွေအတွက်တော့ သဘာဝနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲကို ပျားရည်၊ သံလွင်ဆီနဲ့ သကြားထည့်လိုက်ပြီး သေချာရောသွားအောင်မွှေလိုက်ပါ။ အရည်အရမ်းကျဲနေရင် သကြားထပ်ထည့်နိုင်ပါတယ်။

ပြီးရင်တော့ နှုတ်ခမ်းကို သေချာဆေးပြီးလိမ်းပေးပါ။ သွားတိုက်တံနဲ့ လိမ်းပေးပြီး ပွတ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပါ။ အဲဒီနောက် ကိုယ်ကြိုက်နှစ်သက်တဲ့  နှုတ်ခမ်းနီ အဆီ (သို့) အုန်းဆီ (သို့) သံလွင်ဆီ မိမိကြိုက်နှစ်သက်တဲ့ အဆီတစ်မျိုးမျိုးလိမ်းပြီး အိပ်ပါ။ သန့်ရှင်းပြီး နူးညံ့နေတဲ့ နှုတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ပျားရည်ဘာလို့သုံးသလဲ

ပျားရည်ဟာ သဘာဝအတိုင်း အစိုဓာတ်ပါဝင်ပြီး နေရောင်ချည်ထိတွေ့လို့ပဲဖြစ်ဖြစ် အသားအရေ ခြောက်သွေ့နေတာတွေကို ပြန်လည်စိုပြေစေပါတယ်။

သံလွင်ဆီ ဘာလို့သုံးသလဲ

သံလွင်ဆီမှာ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ Antioxidant အပြင် သဘာဝအတိုင်း အသားအရေကို နူးညံ့စိုပြေစေတဲ့ ဂုဏ်သတ္တိတွေ့ါဝင်ပါတယ်။

သကြားဘာလို့သုံးသလဲ။

သကြားဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး မည်းညှစ်နေတဲ့ အသားအရေတွေကို သဘာဝအသားအရောင်အတိုင်း ပြန်လည်ရရှိစေမှာပါ။

ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ ကလေးတစ်ယောက်လို နူးညံ့စိုပြေတဲ့ နှုတ်ခမ်းသားကို အရယူလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top