ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မေကြးတိုင္း ေအာင္ လံႏွင့္ ေတာင္တြင္းႀကီးၿမိဳ႕တို႔တြင္ ကြမ္းရြက္ႏွင့္ ကြမ္းသီး ေစ်းႏႈန္း အလြန္ျမင့္တက္ေနေသာ္လည္း ကြမ္းစားသံုးမႈ မေလ်ာ့သျဖင့္ ေရာင္းအားအနည္းငယ္သာ က်ဆင္းေၾကာင္း လက္ကား အ ေရာင္းဆိုင္ႀကီးမ်ားႏွင့္ ကြမ္းယာ ဆိုင္ရွင္မ်ားက ေျပာသည္။

ယခင္က ကြမ္းရြက္တစ္ ပိႆာလွ်င္ က်ပ္ ၅,၀၀၀ မွ ၆,၀၀၀ အတြင္းရွိခဲ့ေသာ္လည္း ႏိုဝင္ဘာလဆန္းကစ၍ တစ္ပိႆာလွ်င္ က်ပ္ ၁၃,၀၀၀ အထိ ေစ်းျမင့္တက္ ခဲ့သည္။ ထို႔အတူ ကြမ္းသီးတစ္ ပိႆာလွ်င္ ယခင္က က်ပ္ ၃,၀၀၀ ခန္႔ရွိခဲ့ရာမွ လက္ရွိတြင္ က်ပ္ ၇,၀၀၀ အထိ ေစ်းတက္ခဲ့ေၾကာင္း ကြမ္းအေရာင္းဆိုင္ရွင္မ်ားက ေျပာသည္။

ကြမ္းရြက္သည္ ဒီဇင္ဘာ ႏွင့္ ဇန္နဝါရီမွသာ ေစ်းတက္ေလ့ ရွိေသာ္လည္း ယခုႏွစ္တြင္ ျမန္မာျပည္အထက္ပိုင္း၌ မိုးမ်ားသျဖင့္ ကြမ္းရြက္ အထြက္နည္းျခင္း ေၾကာင့္ လည္းေကာင္း၊ လက္ရွိ တြင္ ကြမ္းရြက္တံုးခ်ိန္ျဖစ္ျခင္း ေၾကာင့္ လည္းေကာင္း ေစ်းတက္ ေနေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕ နယ္မွ ကြမ္းၿခံပိုင္ရွင္ တစ္ဦးက ေျပာသည္။

ကြမ္းသီးသည္ ဒီဇင္ဘာတြင္ သာ ေစ်းတက္ေလ့ရွိေသာ္လည္း အေဟာင္းႏွင့္ အသစ္ကူးခ်ိန္ျဖစ္ ၍ ယခုႏွစ္၌ ႏုိဝင္ဘာလကတည္း က ေစ်းတက္ေနေၾကာင္း ေအာင္ လံၿမိဳ႕နယ္မွ ကြမ္းယာဆိုင္ရွင္ တစ္ဦးက ေျပာသည္။

ေအာင္လံၿမိဳ႕မေစ်းအတြင္း မွ ကြမ္းရြက္ႏွင့္ ကြမ္းယာပစၥည္း အေရာင္းဆုိင္ရွင္တစ္ဦးက ‘‘ကြမ္း ၿခံေတြမွာ အခုက အရြက္ျပတ္ၿပီး အပင္ေခြခ်ိန္ေပါ့။ ဒါေၾကာင့္ ေစ်း တက္တာပါ။ ကြမ္းေရာင္းအားက ေတာ့ အရင္ကလိုပဲ ပံုမွန္ပါပဲ။ ေစ်းတက္ေတာ့ နည္းနည္းေျပာရ ဆိုရတာရွိေပမယ့္ ေဖာက္သယ္ ကြမ္းယာဆိုင္ေတြကေတာ့ ပံုမွန္ အေရာင္းအတိုင္းပါပဲ၊ မေလ်ာ့ ဘူး’’ ဟု ေျပာသည္။

ယခင္က ကြမ္းယာေလးယာ လွ်င္ က်ပ္ ၁၀၀ ႏႈန္းျဖင့္ ေရာင္းခ် ေသာ္လည္း ယခုအခါ ကြမ္းေစ်း တက္ေသာေၾကာင့္ က်ပ္ ၁၀၀ လွ်င္ သံုးယာႏႈန္း ေရာင္းခ်ေန ေၾကာင္း၊ ပိႆာခ်ိန္လိုက္ ကြမ္း ဝယ္ယူမႈေလ်ာ့နည္းသြားေၾကာင္း ေအာင္လံၿမိဳ႕မွ ကြမ္းယာဆိုင္ရွင္ တစ္ဦးက ေျပာသည္။

လက္ရွိတြင္ ကြမ္းအရြက္တံုး ခ်ိန္ျဖစ္သျဖင့္ ေစ်းတက္ေနေသာ္ လည္း ကြမ္းရြက္အသစ္မ်ားျပန္ ေပၚသည့္ မတ္လခန္႔တြင္ ကြမ္း ရြက္ႏွင့္ ကြမ္းသီးေစ်းျပန္လည္က် ဆင္းႏုိင္ေၾကာင္း ေအာင္လံႏွင့္  ေတာင္တြင္းႀကီးၿမိဳ႕နယ္မွ ကြမ္း အေရာင္းဆိုင္ရွင္အခ်ိဳ႕က ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မကွေးတိုင်း အောင် လံနှင့် တောင်တွင်းကြီးမြို့တို့တွင် ကွမ်းရွက်နှင့် ကွမ်းသီး ဈေးနှုန်း အလွန်မြင့်တက်နေသော်လည်း ကွမ်းစားသုံးမှု မလျော့သဖြင့် ရောင်းအားအနည်းငယ်သာ ကျဆင်းကြောင်း လက်ကား အ ရောင်းဆိုင်ကြီးများနှင့် ကွမ်းယာ ဆိုင်ရှင်များက ပြောသည်။

ယခင်က ကွမ်းရွက်တစ် ပိဿာလျှင် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ အတွင်းရှိခဲ့သော်လည်း နိုဝင်ဘာလဆန်းကစ၍ တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ အထိ ဈေးမြင့်တက် ခဲ့သည်။ ထို့အတူ ကွမ်းသီးတစ် ပိဿာလျှင် ယခင်က ကျပ် ၃,၀၀၀ ခန့်ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၇,၀၀၀ အထိ ဈေးတက်ခဲ့ကြောင်း ကွမ်းအရောင်းဆိုင်ရှင်များက ပြောသည်။

ကွမ်းရွက်သည် ဒီဇင်ဘာ နှင့် ဇန်နဝါရီမှသာ ဈေးတက်လေ့ ရှိသော်လည်း ယခုနှစ်တွင် မြန်မာပြည်အထက်ပိုင်း၌ မိုးများသဖြင့် ကွမ်းရွက် အထွက်နည်းခြင်း ကြောင့် လည်းကောင်း၊ လက်ရှိ တွင် ကွမ်းရွက်တုံးချိန်ဖြစ်ခြင်း ကြောင့် လည်းကောင်း ဈေးတက် နေကြောင်း တောင်တွင်းကြီးမြို့ နယ်မှ ကွမ်းခြံပိုင်ရှင် တစ်ဦးက ပြောသည်။

ကွမ်းသီးသည် ဒီဇင်ဘာတွင် သာ ဈေးတက်လေ့ရှိသော်လည်း အဟောင်းနှင့် အသစ်ကူးချိန်ဖြစ် ၍ ယခုနှစ်၌ နိုဝင်ဘာလကတည်း က ဈေးတက်နေကြောင်း အောင် လံမြို့နယ်မှ ကွမ်းယာဆိုင်ရှင် တစ်ဦးက ပြောသည်။

အောင်လံမြို့မဈေးအတွင်း မှ ကွမ်းရွက်နှင့် ကွမ်းယာပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးက ‘‘ကွမ်း ခြံတွေမှာ အခုက အရွက်ပြတ်ပြီး အပင်ခွေချိန်ပေါ့။ ဒါကြောင့် ဈေး တက်တာပါ။ ကွမ်းရောင်းအားက တော့ အရင်ကလိုပဲ ပုံမှန်ပါပဲ။ ဈေးတက်တော့ နည်းနည်းပြောရ ဆိုရတာရှိပေမယ့် ဖောက်သယ် ကွမ်းယာဆိုင်တွေကတော့ ပုံမှန် အရောင်းအတိုင်းပါပဲ၊ မလျော့ ဘူး’’ ဟု ပြောသည်။

ယခင်က ကွမ်းယာလေးယာ လျှင် ကျပ် ၁၀၀ နှုန်းဖြင့် ရောင်းချ သော်လည်း ယခုအခါ ကွမ်းဈေး တက်သောကြောင့် ကျပ် ၁၀၀ လျှင် သုံးယာနှုန်း ရောင်းချနေ ကြောင်း၊ ပိဿာချိန်လိုက် ကွမ်း ဝယ်ယူမှုလျော့နည်းသွားကြောင်း အောင်လံမြို့မှ ကွမ်းယာဆိုင်ရှင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ကွမ်းအရွက်တုံး ချိန်ဖြစ်သဖြင့် ဈေးတက်နေသော် လည်း ကွမ်းရွက်အသစ်များပြန် ပေါ်သည့် မတ်လခန့်တွင် ကွမ်း ရွက်နှင့် ကွမ်းသီးဈေးပြန်လည်ကျ ဆင်းနိုင်ကြောင်း အောင်လံနှင့်  တောင်တွင်းကြီးမြို့နယ်မှ ကွမ်း အရောင်းဆိုင်ရှင်အချို့က ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top