Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီရက္ပိုင္းမွာ စိတ္ဖိစီးမႈေၾကာင့္လား၊ အလုပ္မ်ားလို႔ပဲလားမသိဘူး အိပ္မေပ်ာ္ဘဲျဖစ္ေနတယ္။ Facebook ေပၚက သူငယ္ခ်င္းတစ္ခ်ိဳ႕တင္ထားတဲ့ Status မွာလည္း အိပ္မေပ်ာ္ဘူး၊ အိပ္လို႔မရဘူးဆိုတာမ်ိဳးေတြ ေတြ႕ေနရလို႔ ဒီအေၾကာင္းအရာကို မွ်ေဝေပးလိုက္ပါတယ္။

အိပ္မေပ်ာ္ေတာ့ေရာ ဘာျဖစ္လို႔လဲ။ ျဖစ္တာေပါ့။ အိပ္မေပ်ာ္တာမ်ားရင္ အိပ္လို႔မရတာမ်ားရင္ Short-Term Memory (ေရတိုမွတ္ဉာဏ္) Long-Term Memory (ေရရွည္မွတ္ဉာဏ္) ခ်ိဳ႕ယြင္းလာႏိုင္ပါတယ္။လူတစ္ေယာက္အတြက္ တစ္ေန႔ကို ၈ နာရီေလာက္ အိပ္ရမယ္ဆိုတာ သိေပမဲ့ ကြၽန္မတို႔ေတြရဲ႕ အိပ္ခ်ိန္မမွန္တာေတြက အဓိကျပႆနာပါ။ အိပ္မေပ်ာ္လို႔ ဟိုလိမ့္ဒီလိမ့္နဲ႔ မိုးလင္းခါနီးမွ အိပ္ေပ်ာ္တတ္တာကလည္း က်န္းမာေရးကို ထိခိုက္ေစသလို၊ အိပ္ေရးပ်က္တာကလည္း ကိုလက္စထေရာမ်ားေစပါတယ္။

အိပ္မေပ်ာ္တာမ်ားလာလို႔ ဒီကေန႔ေခတ္မွာ ေဆးဝါးေတြမွီဝဲလာၾကပါတယ္။ ဒါေပမဲ့ ေရရွည္အတြက္ အဆင္မေျပပါဘူး။ အိပ္မေပ်ာ္တာေတြကို သဘာဝနည္းလမ္းနဲ႔ ကုသႏိုင္ပါတယ္။

ငွက္ေပ်ာလက္ဖက္ရည္

ငွက္ေပ်ာသီးလက္ဖက္ရည္က အရသာရွိၿပီး ျပဳလုပ္ရတာလြယ္ကူသလို အိပ္မေပ်ာ္တာကိုလည္း ကုသေပးႏိုင္မွာပါ။
ငွက္ေပ်ာသီးနဲ႔ ငွက္ေပ်ာခြံေတြမွာ ပိုတက္ဆီယမ္နဲ႔ မဂၢနီဆီယမ္ဓါတ္ေတြမ်ားစြာပါဝင္တာေၾကာင့္ အနားယူဖို႔အတြက္ အေကာင္းဆုံး ဂုဏ္သတၱိေတြပါဝင္ေနပါတယ္။

၁၀၀% ေအာ္ဂဲလ္နစ္စနစ္နဲ႔ စိုက္ပ်ိဳးထားတဲ့ ငွက္ေပ်ာသီးေတြကို ယူဖို႔လိုအပ္ပါတယ္။ေအာ္ဂဲလ္နစ္စနစ္နဲ႔ စိုက္ပ်ိဳးတာမဟုတ္တဲ့ ငွက္ေပ်ာသီးေတြက ေျမၾသဇာေတြပါဝင္ပါတယ္။ ငွက္ေပ်ာသီးလက္ဖက္ရည္ကို ဘယ္လိုလုပ္မလဲဆိုတာကို ေျပာျပေပးပါမယ္။

ပါဝင္ပစၥည္း

ေရထည့္ထားတဲ့ အိုးေသး (၁) လုံး
ေအာဂဲလ္နစ္ ငွက္ေပ်ာသီး (၁) လုံး
သစ္ႀကံပိုးေခါက္မႈန႔္ အနည္းငယ္ (ဇြန္း ၁ပုံ၈ပုံ)

ျပဳလုပ္နည္း

ပထမဆုံး ငွက္ေပ်ာသီးကို အခြံႏြာၿပီး အပိုင္းပိုင္းျဖတ္လိုက္ပါ။
အဲဒီေနာက္ အိုးထဲထည့္ၿပီး ၁၀ မိနစ္ေလာက္ ဆူေအာင္ထားပါ။
အဲဒီေနာက္ ဇကာေပါက္ပါတဲ့ အိုးနဲ႔ ေရစစ္ခ်ပါ။
ၿပီးရင္ သစ္ႀကံပိုးေခါက္မႈန႔္ ျဖဴးေပးၿပီး အိပ္ယာမဝင္ခင္ အဲဒီေဖ်ာ္ရည္ကိုေသာက္ပါ။
တကယ္လို႔ ငွက္ေပ်ာသီးဖတ္ကို စြန႔္ပစ္ရမွာ ႏွေမ်ာရင္လည္း ဒီအတိုင္း သစ္ႀကံပိုးေခါက္မႈန႔္ျဖဴးၿပီး သုံးေဆာင္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ဒီရက်ပိုင်းမှာ စိတ်ဖိစီးမှုကြောင့်လား၊ အလုပ်များလို့ပဲလားမသိဘူး အိပ်မပျော်ဘဲဖြစ်နေတယ်။ Facebook ပေါ်က သူငယ်ချင်းတစ်ချို့တင်ထားတဲ့ Status မှာလည်း အိပ်မပျော်ဘူး၊ အိပ်လို့မရဘူးဆိုတာမျိုးတွေ တွေ့နေရလို့ ဒီအကြောင်းအရာကို မျှဝေပေးလိုက်ပါတယ်။

အိပ်မပျော်တော့ရော ဘာဖြစ်လို့လဲ။ ဖြစ်တာပေါ့။ အိပ်မပျော်တာများရင် အိပ်လို့မရတာများရင် Short-Term Memory (ရေတိုမှတ်ဉာဏ်) Long-Term Memory (ရေရှည်မှတ်ဉာဏ်) ချို့ယွင်းလာနိုင်ပါတယ်။လူတစ်ယောက်အတွက် တစ်နေ့ကို ၈ နာရီလောက် အိပ်ရမယ်ဆိုတာ သိပေမဲ့ ကျွန်မတို့တွေရဲ့ အိပ်ချိန်မမှန်တာတွေက အဓိကပြဿနာပါ။ အိပ်မပျော်လို့ ဟိုလိမ့်ဒီလိမ့်နဲ့ မိုးလင်းခါနီးမှ အိပ်ပျော်တတ်တာကလည်း ကျန်းမာရေးကို ထိခိုက်စေသလို၊ အိပ်ရေးပျက်တာကလည်း ကိုလက်စထရောများစေပါတယ်။

အိပ်မပျော်တာများလာလို့ ဒီကနေ့ခေတ်မှာ ဆေးဝါးတွေမှီဝဲလာကြပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် အဆင်မပြေပါဘူး။ အိပ်မပျော်တာတွေကို သဘာဝနည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

ငှက်ပျောလက်ဖက်ရည်

ငှက်ပျောသီးလက်ဖက်ရည်က အရသာရှိပြီး ပြုလုပ်ရတာလွယ်ကူသလို အိပ်မပျော်တာကိုလည်း ကုသပေးနိုင်မှာပါ။
ငှက်ပျောသီးနဲ့ ငှက်ပျောခွံတွေမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေများစွာပါဝင်တာကြောင့် အနားယူဖို့အတွက် အကောင်းဆုံး ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။

၁၀၀% အော်ဂဲလ်နစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ငှက်ပျောသီးတွေကို ယူဖို့လိုအပ်ပါတယ်။အော်ဂဲလ်နစ်စနစ်နဲ့ စိုက်ပျိုးတာမဟုတ်တဲ့ ငှက်ပျောသီးတွေက မြေသြဇာတွေပါဝင်ပါတယ်။ ငှက်ပျောသီးလက်ဖက်ရည်ကို ဘယ်လိုလုပ်မလဲဆိုတာကို ပြောပြပေးပါမယ်။

ပါဝင်ပစ္စည်း

ရေထည့်ထားတဲ့ အိုးသေး (၁) လုံး
အောဂဲလ်နစ် ငှက်ပျောသီး (၁) လုံး
သစ်ကြံပိုးခေါက်မှုန့် အနည်းငယ် (ဇွန်း ၁ပုံ၈ပုံ)

ပြုလုပ်နည်း

ပထမဆုံး ငှက်ပျောသီးကို အခွံနွာပြီး အပိုင်းပိုင်းဖြတ်လိုက်ပါ။
အဲဒီနောက် အိုးထဲထည့်ပြီး ၁၀ မိနစ်လောက် ဆူအောင်ထားပါ။
အဲဒီနောက် ဇကာပေါက်ပါတဲ့ အိုးနဲ့ ရေစစ်ချပါ။
ပြီးရင် သစ်ကြံပိုးခေါက်မှုန့် ဖြူးပေးပြီး အိပ်ယာမဝင်ခင် အဲဒီဖျော်ရည်ကိုသောက်ပါ။
တကယ်လို့ ငှက်ပျောသီးဖတ်ကို စွန့်ပစ်ရမှာ နှမျောရင်လည်း ဒီအတိုင်း သစ်ကြံပိုးခေါက်မှုန့်ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top