Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အစားအစာေတြကို ပ်ားရည္သံုးၿပီး အရသာတမူကူးကဲေအာင္ လုပ္လို႔ရသလို အလွအပေရးရာမွာလည္း ပ်ားရည္ကိုပဲ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳႏိုင္ပါတယ္။

ပ်ားရည္ဆိုတာ ပန္းပြင္႔ကရရွိတဲ႔ သဘာဝပန္းဝတ္မႈန္ေတြကို ပ်ားေကာင္ေလးေတြက ထံုကူးၿပီး ရရွိလာတဲ႔ သဘာဝအခ်ိဳရည္ ေလးေတြပဲ ျဖစ္ပါတယ္။ အဲဒီပ်ားရည္ေလးေတြကို ေနရာအမ်ိဳးမ်ိဳးမွာ အသံုးျပဳႏိုင္ပါတယ္။ အစားအစာေတြကို ပ်ားရည္သံုးၿပီး အရသာတမူကူးကဲေအာင္ လုပ္လို႔ရသလို အလွအပေရးရာမွာလည္း ပ်ားရည္ကိုပဲ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသံုးျပဳႏိုင္ပါတယ္။ ဆံေကသာကို ပ်ားရည္သံုးၿပီး ကုစားနည္း အမ်ိဳးမ်ိဳးကေတာ႔....

၁။ ပ်က္စီးေနတဲ႔ ဆံသားေတြကို ကုစားနည္း

ဒီနည္းလမ္းေလးကေတာ႔ ေျခာက္ေသြ႕ပြေယာင္းၿပီး ပ်က္ဆီးေနတဲ႔ဆံေကသာကို နက္ေမွာင္သန္စြမ္းလာေစတဲ႔ နည္းလမ္းေလးပဲ ျဖစ္ပါတယ္။ ျပဳလုပ္နည္းေလးကေတာ႔ ပန္းကန္လံုးတစ္လံုးထဲမွာ ၾကက္ဥနဲ႔ လုပ္ထားတဲ႔ မေရာနိစ္ (လက္ဖက္ရည္ဇြန္းနဲ႔) တစ္ဇြန္းရယ္၊ ပ်ားရည္ (၂) ဇြန္းရယ္၊ ဗိုက္တာမင္အီး အဆီ အစက္အနည္းငယ္ရယ္၊ သံပုရာရည္ (၁) ဇြန္းရယ္ကို ေရာထည္႔လိုက္ပါ။

ဆံပင္ကို ေရအရင္စြတ္ၿပီး ဒီ ေပါင္းေဆးေလးကို ေခါင္းေပၚမွာသုတ္လိမ္းေပးလိုက္ပါ။ (၁၅) မိနစ္ေလာက္ႏွပ္ထားေပးၿပီးမွ ေရေႏြးေလးနဲ႔ ျပန္ေဆးခ်ေပးလိုက္ပါ။ ဒါဆိုရင္ေတာ႔ ျပန္လည္နက္ေမွာင္သန္စြမ္းလာတဲ႔ ဆံေကသာကို ျမင္ေတြ႕ႏိုင္ပါၿပီ။

၂။ ဆံေကသာ သန္စြမ္းေအာင္လုပ္နည္း

ၾကက္ဆူဆီကေတာ႔ ဆံသားအျမစ္ထိ အစိုဓာတ္ရရွိေစႏိုင္ၿပီး ဆံေကသာပိုစြမ္းသန္စြမ္းေစဖို႔ အာဟာရဓာတ္ကိုလည္း ျဖည္႔စြမ္းေပးပါတယ္။ ဒီသဘာဝေပါင္းေဆးေလးမွာ ဆံေကသာအတြက္လိုအပ္တဲ႔ အာဟာရဓာတ္ေတြနဲ႔ ျပည္႔ေနတဲ႔အတြက္ ဆံသားပါးတဲ႔သူေတြအတြက္ေတာ႔ အထူးသင္႔ေလ်ာ္ပါတယ္။

ျပဳလုပ္နည္းကေတာ႔ ပန္းကန္လံုးတစ္လံုးထဲမွာ ရွားေစာင္းလက္ပတ္အႏွစ္ (လက္ဖက္ရည္ဇြန္းနဲ႔) (၂) ဇြန္းရယ္၊ ၾကက္ဆူဆီ (၁) ဇြန္းရယ္၊ ေအာ္ဂဲနစ္ပ်ားရည္ (၂) ဇြန္းရယ္ကို ေရာလိုက္ပါ။ ၿပီးရင္ သမေအာင္ ေရာေမႊလိုက္ပါ။ ၿပီးရင္ ၾကက္သီးေႏြးရံုေလာက္ ေရေႏြးေလးနဲ႔ ဆံပင္ကိုေဆးေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ဒီေပါင္းေဆးေလးကို ေခါင္းေလွ်ာ္ရည္လိုသေဘာထားၿပီး ေခါင္းေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ (၁၀) မိနစ္ေလာက္ ဒီတိုင္းထားၿပီးရင္ ၾကက္သီးေႏြးရံုေလာက္ ေရေႏြးေလးနဲ႔ပဲ ျပန္လည္ေဆးေပးလို႔ရပါၿပီ။

၃။ ေပ်ာ႔ေျပာင္းႏူးညံ႔တဲ႔ဆံေကသာ ရရွိေအာင္လုပ္နည္း

ဂရိဒိန္ခ်ဥ္ဆုိတာ သကာရည္ထုတ္ၿပီးသားဒိန္ခ်ဥ္ကိုေျပာတာပါ။ ဂရိဒိန္ခ်ဥ္ကို ပ်ားရည္နဲ႔ေရာစပ္လိုက္တာက ဆံသားကုိပံုမွန္ သန္စြမ္းေစၿပီး လက္ရွိအေျခအေနကိုလည္း ေကာင္းစြာထိန္းသိမ္းေပးႏိုင္ပါတယ္။ ဒါ႔အျပင္ ေဗာက္ကင္းစင္ေစတဲ႔အစြမ္းသတၱိလည္း ပါဝင္ပါေသးတယ္။

ျပဳလုပ္နည္းကေတာ႔ ပန္းကန္လံုးတစ္လံုးထဲမွာ ဂရိဒိန္ခ်ဥ္ (လက္ဖက္ရည္ဇြန္းနဲ႔) (၁) ဇြန္း၊ ေအာ္ဂဲနစ္ပ်ားရည္ (၂) ဇြန္းတို႔ကိုေရာၿပီး သမသြားသည္အထိ ေရာေမႊေပးလိုက္ပါ။ ဆံပင္အရွည္ေပၚမူတည္ၿပီး ပမာဏကိုတိုးသင္႔တိုး၊ ေလွ်ာ႔သင္႔ေလွ်ာ႔လုုပ္ႏိုင္ပါတယ္။ ၿပီးရင္ေတာ႔ ဆံပင္ေပၚမွာသုတ္လိမ္းေပးလို႔ရပါၿပီ။ နာရီဝက္ေလာက္ထားၿပီးရင္ေတာ႔ ေရေႏြးေလးနဲ႔ျပန္ေဆးေပးလို႔ရပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အစားအစာတွေကို ပျားရည်သုံးပြီး အရသာတမူကူးကဲအောင် လုပ်လို့ရသလို အလှအပရေးရာမှာလည်း ပျားရည်ကိုပဲ နေရာတော်တော်များများမှာ အသုံးပြုနိုင်ပါတယ်။

ပျားရည်ဆိုတာ ပန်းပွင့်ကရရှိတဲ့ သဘာဝပန်းဝတ်မှုန်တွေကို ပျားကောင်လေးတွေက ထုံကူးပြီး ရရှိလာတဲ့ သဘာဝအချိုရည် လေးတွေပဲ ဖြစ်ပါတယ်။ အဲဒီပျားရည်လေးတွေကို နေရာအမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ အစားအစာတွေကို ပျားရည်သုံးပြီး အရသာတမူကူးကဲအောင် လုပ်လို့ရသလို အလှအပရေးရာမှာလည်း ပျားရည်ကိုပဲ နေရာတော်တော်များများမှာ အသုံးပြုနိုင်ပါတယ်။ ဆံကေသာကို ပျားရည်သုံးပြီး ကုစားနည်း အမျိုးမျိုးကတော့....

၁။ ပျက်စီးနေတဲ့ ဆံသားတွေကို ကုစားနည်း

ဒီနည်းလမ်းလေးကတော့ ခြောက်သွေ့ပွယောင်းပြီး ပျက်ဆီးနေတဲ့ဆံကေသာကို နက်မှောင်သန်စွမ်းလာစေတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းလေးကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥနဲ့ လုပ်ထားတဲ့ မရောနိစ် (လက်ဖက်ရည်ဇွန်းနဲ့) တစ်ဇွန်းရယ်၊ ပျားရည် (၂) ဇွန်းရယ်၊ ဗိုက်တာမင်အီး အဆီ အစက်အနည်းငယ်ရယ်၊ သံပုရာရည် (၁) ဇွန်းရယ်ကို ရောထည့်လိုက်ပါ။

ဆံပင်ကို ရေအရင်စွတ်ပြီး ဒီ ပေါင်းဆေးလေးကို ခေါင်းပေါ်မှာသုတ်လိမ်းပေးလိုက်ပါ။ (၁၅) မိနစ်လောက်နှပ်ထားပေးပြီးမှ ရေနွေးလေးနဲ့ ပြန်ဆေးချပေးလိုက်ပါ။ ဒါဆိုရင်တော့ ပြန်လည်နက်မှောင်သန်စွမ်းလာတဲ့ ဆံကေသာကို မြင်တွေ့နိုင်ပါပြီ။

၂။ ဆံကေသာ သန်စွမ်းအောင်လုပ်နည်း

ကြက်ဆူဆီကတော့ ဆံသားအမြစ်ထိ အစိုဓာတ်ရရှိစေနိုင်ပြီး ဆံကေသာပိုစွမ်းသန်စွမ်းစေဖို့ အာဟာရဓာတ်ကိုလည်း ဖြည့်စွမ်းပေးပါတယ်။ ဒီသဘာဝပေါင်းဆေးလေးမှာ ဆံကေသာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ပြည့်နေတဲ့အတွက် ဆံသားပါးတဲ့သူတွေအတွက်တော့ အထူးသင့်လျော်ပါတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ရှားစောင်းလက်ပတ်အနှစ် (လက်ဖက်ရည်ဇွန်းနဲ့) (၂) ဇွန်းရယ်၊ ကြက်ဆူဆီ (၁) ဇွန်းရယ်၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းရယ်ကို ရောလိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။ ပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ ဆံပင်ကိုဆေးပေးလိုက်ပါ။ ပြီးရင်တော့ ဒီပေါင်းဆေးလေးကို ခေါင်းလျှော်ရည်လိုသဘောထားပြီး ခေါင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ (၁၀) မိနစ်လောက် ဒီတိုင်းထားပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ပဲ ပြန်လည်ဆေးပေးလို့ရပါပြီ။

၃။ ပျော့ပြောင်းနူးညံ့တဲ့ဆံကေသာ ရရှိအောင်လုပ်နည်း

ဂရိဒိန်ချဉ်ဆိုတာ သကာရည်ထုတ်ပြီးသားဒိန်ချဉ်ကိုပြောတာပါ။ ဂရိဒိန်ချဉ်ကို ပျားရည်နဲ့ရောစပ်လိုက်တာက ဆံသားကိုပုံမှန် သန်စွမ်းစေပြီး လက်ရှိအခြေအနေကိုလည်း ကောင်းစွာထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဗောက်ကင်းစင်စေတဲ့အစွမ်းသတ္တိလည်း ပါဝင်ပါသေးတယ်။

ပြုလုပ်နည်းကတော့ ပန်းကန်လုံးတစ်လုံးထဲမှာ ဂရိဒိန်ချဉ် (လက်ဖက်ရည်ဇွန်းနဲ့) (၁) ဇွန်း၊ အော်ဂဲနစ်ပျားရည် (၂) ဇွန်းတို့ကိုရောပြီး သမသွားသည်အထိ ရောမွှေပေးလိုက်ပါ။ ဆံပင်အရှည်ပေါ်မူတည်ပြီး ပမာဏကိုတိုးသင့်တိုး၊ လျှော့သင့်လျှော့လုုပ်နိုင်ပါတယ်။ ပြီးရင်တော့ ဆံပင်ပေါ်မှာသုတ်လိမ်းပေးလို့ရပါပြီ။ နာရီဝက်လောက်ထားပြီးရင်တော့ ရေနွေးလေးနဲ့ပြန်ဆေးပေးလို့ရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top