(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၅ ရက္က အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေမာင္ေတာေဒသအတြင္းရွိ ပိတ္ထားရတဲ့ ေက်ာင္း ၄၂၄ ေက်ာင္း ရွိသည့္အနက္ ၁၂၆ ေက်ာင္း ျပန္လည္ဖြင့္လွစ္ေပးႏုိင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီက ထုတ္ျပန္တဲ့ သတင္းအရ သိရပါတယ္။

အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေမာင္ေတာေဒသအတြင္းရွိ အေျခခံပညာ အထက္တန္းေက်ာင္း၊ အေျခခံပညာအလယ္တန္းေက်ာင္းႏွင့္ အေျခခံပညာ မူလတန္းေက်ာင္း စုစုေပါင္း ၄၂၄ ေက်ာင္းကို ပိတ္ထားခဲ႔ရပါတယ္။

ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ ပိတ္ထားရတဲ့ ေက်ာင္း ၁၈၃ ေက်ာင္းအနက္ ၄၁ ေက်ာင္းကို လည္းေကာင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းမွာ ပိတ္ထားရတဲ့ ေက်ာင္း ၂၂၁ ေက်ာင္းအနက္ ၇၅ ေက်ာင္းကို လည္းေကာင္း၊ ရေသ႔ေတာင္ၿမိဳ႕နယ္အတြင္းမွာ ပိတ္ထားရတဲ့ ေက်ာင္း ၂၀ အနက္ ၁၀ ေက်ာင္းကိုလည္းေကာင္း ျပန္လည္ဖြင့္လွစ္ေပးႏုိင္ခဲ႔သျဖင့္ ေက်ာင္းသား ေက်ာင္းသူမ်ား ျပန္လည္ ပညာသင္ၾကားလ်က္ရွိတယ္လုိ႔ သိရပါတယ္။

ေမာင္ေတာၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ႏွင့္ ရေသ႔ေတာင္ၿမိဳ႕နယ္အတြင္း၌ ပိတ္ထားရတဲ့ ေက်ာင္း ၄၂၄ ေက်ာင္း ရွိသည့္အနက္ ၁၂၆ ေက်ာင္း ျပန္လည္ဖြင့္လွစ္ေပးႏုိင္ခဲ႔သျဖင့္ စုစုေပါင္း ၂၉၈ ေက်ာင္း ျပန္လည္ဖြင့္လွစ္ရန္ က်န္ရွိေနေသးေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောဒေသအတွင်းရှိ ပိတ်ထားရတဲ့ ကျောင်း ၄၂၄ ကျောင်း ရှိသည့်အနက် ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောဒေသအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၁၈၃ ကျောင်းအနက် ၄၁ ကျောင်းကို လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၂၂၁ ကျောင်းအနက် ၇၅ ကျောင်းကို လည်းကောင်း၊ ရသေ့တောင်မြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ ကျောင်း ၂၀ အနက် ၁၀ ကျောင်းကိုလည်းကောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ကျောင်းသား ကျောင်းသူများ ပြန်လည် ပညာသင်ကြားလျက်ရှိတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်အတွင်း၌ ပိတ်ထားရတဲ့ ကျောင်း ၄၂၄ ကျောင်း ရှိသည့်အနက် ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂၉၈ ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top