ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 စစ္ကုိင္းတုိင္းေဒသၾကီး ကေလးၿမိဳ႕  ကေလး-တမူးကားလမ္း မိုင္တိုင္(၁၇/၁၈) စခန္းႀကီးေက်းရြာအနီး လမ္းေဘးတြင္ ႏုိ၀င္ဘာလ ၃ ရက္ေန ့ေန ့လည္ ၂ နာရီခဲြ ခန္ ့က ကထိန္အလွဴကျပန္လာတဲ့ ဒိုင္နာယာဥ္တစ္စီး လမ္းေဘးမွာ လမ္းေလွ်ာက္လာတဲ့ လူသံုးဦးကုိ တိုက္မိ၊ တိမ္းေမွာက္မႈျဖစ္ပြားကာ လူ ၃ ဦးေသ၊ ၁၅ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ကံႀကီးေက်းရြာ ျမသိန္းတန္ကထိန္ဘုရားပြဲမွအျပန္ ဝင္းကို(၂၂)ႏွစ္ ေမာင္းႏွင္လာတဲ့ 4H-xxxx ဒိုင္နာယာဥ္ဟာ ကေလး-တမူးကားလမ္း မိုင္တိုင္(၁၇/၁၈) စခန္းႀကီးေက်းရြာအနီး လမ္းေဘးမွာ လမ္းေလၽွာက္ေနတဲ့  ေဒၚစန္းေဌး(၄၅)ႏွစ္ အပါအ၀င္ အမ်ိဳးသမီးႏွစ္ဦးနဲ ့အမ်ိဳးသားတစ္ဦးကုိ အရွိန္မထိန္းနိုင္ဘဲ ဝင္ေရာက္တိုက္မိ ယာဥ္တိမ္းေမွာက္ခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

အဆုိပါယာဥ္တိုက္မိ တိမ္းေမွာက္မႈေၾကာင့္ လမ္းေလွ်ာက္ေနသူ ၃ ဦး၊ ဦးေႏွာက္ပြင့္ထြက္၊ ဝမ္းဗိုက္ ေပါက္ျပဲဒဏ္ရာမ်ားနဲ ့အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ၿပီး ယာဥ္ေပၚပါ ၁၅ဦးမွာ ဖူးေရာင္ေပါက္ျပဲ ဒဏ္ရာမ်ားရရိွခဲ့တာေၾကာင့္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

ယာဥ္တိုက္ တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း (ဖမ္းမမိ)ကုိ ကေလးၿမိဳ႕မရဲစခန္းမွ ယာဥ္(ပ)၉၆/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ (ေပါ့ေလ်ာ့မွုေၾကာင့္ လူေသမႈ/ ျပင္းထန္/ သာမန္ နာက်င္ေစမႈ)နဲ ့ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့  ကလေး-တမူးကားလမ်း မိုင်တိုင်(၁၇/၁၈) စခန်းကြီးကျေးရွာအနီး လမ်းဘေးတွင် နိုဝင်ဘာလ ၃ ရက်နေ့နေ့လည် ၂ နာရီခွဲ ခန့်က ကထိန်အလှူကပြန်လာတဲ့ ဒိုင်နာယာဉ်တစ်စီး လမ်းဘေးမှာ လမ်းလျှောက်လာတဲ့ လူသုံးဦးကို တိုက်မိ၊ တိမ်းမှောက်မှုဖြစ်ပွားကာ လူ ၃ ဦးသေ၊ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကံကြီးကျေးရွာ မြသိန်းတန်ကထိန်ဘုရားပွဲမှအပြန် ဝင်းကို(၂၂)နှစ် မောင်းနှင်လာတဲ့ 4H-xxxx ဒိုင်နာယာဉ်ဟာ ကလေး-တမူးကားလမ်း မိုင်တိုင်(၁၇/၁၈) စခန်းကြီးကျေးရွာအနီး လမ်းဘေးမှာ လမ်းလျှောက်နေတဲ့  ဒေါ်စန်းဌေး(၄၅)နှစ် အပါအဝင် အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတစ်ဦးကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ယာဉ်တိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါယာဉ်တိုက်မိ တိမ်းမှောက်မှုကြောင့် လမ်းလျှောက်နေသူ ၃ ဦး၊ ဦးနှောက်ပွင့်ထွက်၊ ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာများနဲ့အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ၁၅ဦးမှာ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့တာကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိုက် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း (ဖမ်းမမိ)ကို ကလေးမြို့မရဲစခန်းမှ ယာဉ်(ပ)၉၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု)နဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top