Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သုေတသနေတြက ေအးခ်မ္းတဲ႕ ရာသီဥတုနဲ႔ ႏွလံုးေရာဂါအႏၱရာယ္ၾကားက ဆက္ႏြယ္မႈတစ္ခုကို ေဖာ္ျပႏိုင္ခဲ႔ပါတယ္။

ျပင္ပအပူခ်ိန္နဲ႔ ႏွလံုးက်န္းမာေရး ဘယ္လိုဆက္ဆံေနမလဲဆိုတာ စဥ္းေတာ႔စဥ္းစားစရာပါပဲ။ ဒါေပမယ္႔ သုေတသနေတြက ေအးခ်မ္းတဲ႕ ရာသီဥတုနဲ႔ ႏွလံုးေရာဂါအႏၱရာယ္ၾကားက ဆက္ႏြယ္မႈတစ္ခုကို ေဖာ္ျပႏိုင္ခဲ႔ပါတယ္။ အေမရိကန္သုုေတသနတစ္ခုက ၿပီးခဲ႔တဲ႔ (၃) ႏွစ္အတြင္း ႏွလံုးေရာဂါေၾကာင္႔ ေဆးရံုတက္ခဲ႔ရတဲ႔ လူနာေျခာက္သိန္းကို သုေတသနျပဳလုပ္ခဲ႔ၿပီး ေဆာင္းရာသီမွာ ႏွလံုးေရာဂါ ပိုမိုဆိုးဝါးတာကို ေတြ႕ရွိခဲ႔ရပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔

၁။ ေသြးေၾကာေတြ ပိုမိုက်ဥ္းေျမာင္းေနမယ္

ခႏၶာကိုယ္ကို ပိုမိုေႏြးေထြးဖို႔ ႀကိဳးစားခ်ိန္မွာ ဦးေႏွာက္နဲ႔ အဆုတ္တို႔လို အေရးပါတဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ကာကြယ္ဖို႔ကိုပဲ အဓိက အာရံုစိုက္ၾကပါတယ္။ အဲဒီလုပ္ေဆာင္မႈရဲ႕ တံု႕ျပန္မႈတစ္ခုကေတာ႔ ေသြးေတြကို ခႏၶာကိုယ္တစ္ခုလံုး အႏွံ႕မေရာက္ေစဖို႔အတြက္ ေသြးေၾကာေတြကို ပိုမိုက်ဥ္းေျမာင္းေအာင္ လုပ္လိုက္တာပဲျဖစ္ပါတယ္။ ဒါေၾကာင္႔ ေဆာင္းရာသီမွာ ႏွလံုးအေနနဲ႔ ခႏၶာကိုယ္တစ္ခုလံုးကို လိုအပ္တဲ႔ ေအာက္ဆီဂ်င္ေတြ ေထာက္ပံ႕ေပးဖို႔အတြက္ ပိုအလုပ္လုပ္ရမယ္လို႔ ဆုိလိုပါတယ္။ ႏွလံုးခုန္ႏႈန္းနဲ႔ ေသြးဖိအားေတြ ျမင္႔တက္ေနခ်ိန္မွာ ေသြးခဲႏိုင္ေျခ၊ ေလျဖတ္ႏိုင္ေျခနဲ႔ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခေတြကိုလည္း တိုးျမင္႔ေစပါတယ္။

၂။ က်န္းမာေရးနဲ႔ မကိုက္ညီတဲ႔ အစားအစာေတြကို စားမိမယ္

ေဆာင္းရာသီ၊ ခရစၥမတ္္နဲ႔ ႏွစ္ကူးကာလေတြမွာ ဝိတ္တက္လာတာက အဆန္းေတာ႔မဟုတ္္ပါဘူး။ ဒါေပမယ္႔ အဲဒီလိုဝိတ္တက္လာျခင္းက ႏွလံုးက်န္းမာေရးကိုလည္း ထိခိုက္ႏိုင္ေစပါလိမ္႔မယ္။ ေဆာင္းရာသီ အားလပ္ရက္ေတြမွာ စားမိတဲ႔ ျပည္႔ဝဆီနဲ႔ ဆိုဒီယမ္ပါဝင္မႈမ်ားတဲ႔ အစားအစာေတြဟာ ႏွလံုးက်န္းမာေရးကို တိုက္ရိုက္ထိခိုက္ေစႏိုင္ပါတယ္။ အဓိက ကေတာ႔ အဲဒီအစားအစာေတြဟာ ခႏၶာကိုယ္ထဲက ေရဓာတ္ေတြကို ႏွလံုးအတြက္ အလုပ္လုပ္ေပးဖို႔ ေႏွးေကြးေစတာပါ။ ဒါကလည္း ေဆာင္းရာသီနဲ႔ ဆက္ႏြယ္ေနပါတယ္။

၃။ အစားမ်ားမ်ားစားမိမယ္

ေဆာင္းရာသီအားလပ္ရက္ ပန္းကန္ျပားေပၚမွာရွိတဲ႔ အစားအေသာက္ေတြရဲ႕ အမ်ိဳးအစားကပဲ အေရးႀကီးတာမဟုတ္ပါဘူး။ ေဆာင္းရာသီမွာ လူေတာ္ေတာ္မ်ားမ်ားဟာ ပံုမွန္ထက္ ပိုစားမိတတ္ၾကပါတယ္။ ဒါကလည္း ႏွလံုးအတြက္ ျပႆနာတစ္ခုပါပဲ။ အစားအစာကို တဝတျပဲစားၿပီးတုိင္း အစာေျခအဂၤါစနစ္က အလုပ္လုပ္ေဆာင္ဖို႔အတြက္ ႏွလံုးဆီက ေသြးမ်ားမ်ား ေတာင္းခံပါတယ္။ အဲဒီအခ်ိန္မွာ ႏွလံုးလည္း အလုပ္ပိုလုပ္ရတဲ႔အတြက္ ၾကာလာရင္ ဒဏ္ပိလာႏိုင္ပါတယ္။

၄။ စိတ္ဖိစီးမႈ ျမင္႔တက္လာမယ္

ေဆာင္းရာသီဟာ ေအးခ်မ္းတဲ႔ရာသီတစ္ခုျဖစ္သလို ပြဲလမ္းသဘင္ေတြ မ်ားျပားလြန္းတဲ႔ ရာသီလည္း ျဖစ္ပါတယ္။ ႏွစ္ခ်ဳပ္စာရင္းေတြ၊ ႏွစ္တစ္ႏွစ္ရဲ႕ တားဂတ္ျပည္႔မျပည္႔ စစ္ေဆးတိုင္းထြာရတဲ႔ အခ်ိန္လည္း ျဖစ္တဲ႔အတြက္ အလုပ္ကလည္း အရမ္းရႈပ္တဲ႔ ရာသီပါ။ ဒါေၾကာင္႔ ေဆာင္းရာသီမွာ စိတ္ဖိစီးမႈ ပံုမွန္ထက္ ပိုမ်ားတာက သဘာဝပါပဲ။ စိတ္ဖိစီးမႈဟာ ႏွလံုးနဲ႔ တိုက္ရိုက္ဆက္ႏြယ္ ေနတဲ႔အတြက္ ေဆာင္းရာသီကာလမွာ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ ပိုမ်ားႏိုင္ပါတယ္။

၅။ ေဆာင္းရာသီက အထီးက်န္ဆန္တယ္

ေဆာင္းရာသီအားလပ္ရက္ေတြမွာ တခ်ိဳ႕က မိသားစုနဲ႔ ေပ်ာ္ေပ်ာ္ျမဴးျမဴး ေတြ႕ဆံုေနခ်ိန္မွာ တခ်ိဳ႕တစ္ကိုယ္တည္း သမားေတြကေတာ႔ အရင္ကထက္ပိုၿပီး အထီးက်န္ဆန္ေနပါတယ္။ ေဆာင္းႏွင္းေလးေတြဟာ အတိတ္ကို ျပန္ေျပာင္းသတိရေအာင္ ဆြဲေဆာင္ႏိုင္တဲ႔အတြက္ အထီးက်န္သမားေတြအတြက္ေတာ႔ ရွိရင္းစြဲ ခံစားခ်က္ကို ႏွစ္ဆျမွင္႔လိုက္သလိုပါပဲ။ အထီးက်န္ ခံစားခ်က္ဟာလည္း ႏွလံုးကို သြားထိေစႏိုင္တဲ႔အတြက္ ဒါဟာလည္း ေဆာင္းရာသီနဲ႔ ႏွလံုးေရာဂါၾကားက ဆက္ႏြယ္မႈတစ္ခုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သုတေသနတွေက အေးချမ်းတဲ့ ရာသီဥတုနဲ့ နှလုံးရောဂါအန္တရာယ်ကြားက ဆက်နွယ်မှုတစ်ခုကို ဖော်ပြနိုင်ခဲ့ပါတယ်။

ပြင်ပအပူချိန်နဲ့ နှလုံးကျန်းမာရေး ဘယ်လိုဆက်ဆံနေမလဲဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။ ဒါပေမယ့် သုတေသနတွေက အေးချမ်းတဲ့ ရာသီဥတုနဲ့ နှလုံးရောဂါအန္တရာယ်ကြားက ဆက်နွယ်မှုတစ်ခုကို ဖော်ပြနိုင်ခဲ့ပါတယ်။ အမေရိကန်သုုတေသနတစ်ခုက ပြီးခဲ့တဲ့ (၃) နှစ်အတွင်း နှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ရတဲ့ လူနာခြောက်သိန်းကို သုတေသနပြုလုပ်ခဲ့ပြီး ဆောင်းရာသီမှာ နှလုံးရောဂါ ပိုမိုဆိုးဝါးတာကို တွေ့ရှိခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့

၁။ သွေးကြောတွေ ပိုမိုကျဉ်းမြောင်းနေမယ်

ခန္ဓာကိုယ်ကို ပိုမိုနွေးထွေးဖို့ ကြိုးစားချိန်မှာ ဦးနှောက်နဲ့ အဆုတ်တို့လို အရေးပါတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကာကွယ်ဖို့ကိုပဲ အဓိက အာရုံစိုက်ကြပါတယ်။ အဲဒီလုပ်ဆောင်မှုရဲ့ တုံ့ပြန်မှုတစ်ခုကတော့ သွေးတွေကို ခန္ဓာကိုယ်တစ်ခုလုံး အနှံ့မရောက်စေဖို့အတွက် သွေးကြောတွေကို ပိုမိုကျဉ်းမြောင်းအောင် လုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ နှလုံးအနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့ အောက်ဆီဂျင်တွေ ထောက်ပံ့ပေးဖို့အတွက် ပိုအလုပ်လုပ်ရမယ်လို့ ဆိုလိုပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတွေ မြင့်တက်နေချိန်မှာ သွေးခဲနိုင်ခြေ၊ လေဖြတ်နိုင်ခြေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလည်း တိုးမြင့်စေပါတယ်။

၂။ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစားအစာတွေကို စားမိမယ်

ဆောင်းရာသီ၊ ခရစ္စမတ်နဲ့ နှစ်ကူးကာလတွေမှာ ဝိတ်တက်လာတာက အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလိုဝိတ်တက်လာခြင်းက နှလုံးကျန်းမာရေးကိုလည်း ထိခိုက်နိုင်စေပါလိမ့်မယ်။ ဆောင်းရာသီ အားလပ်ရက်တွေမှာ စားမိတဲ့ ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ နှလုံးကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ အဓိက ကတော့ အဲဒီအစားအစာတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို နှလုံးအတွက် အလုပ်လုပ်ပေးဖို့ နှေးကွေးစေတာပါ။ ဒါကလည်း ဆောင်းရာသီနဲ့ ဆက်နွယ်နေပါတယ်။

၃။ အစားများများစားမိမယ်

ဆောင်းရာသီအားလပ်ရက် ပန်းကန်ပြားပေါ်မှာရှိတဲ့ အစားအသောက်တွေရဲ့ အမျိုးအစားကပဲ အရေးကြီးတာမဟုတ်ပါဘူး။ ဆောင်းရာသီမှာ လူတော်တော်များများဟာ ပုံမှန်ထက် ပိုစားမိတတ်ကြပါတယ်။ ဒါကလည်း နှလုံးအတွက် ပြဿနာတစ်ခုပါပဲ။ အစားအစာကို တဝတပြဲစားပြီးတိုင်း အစာခြေအင်္ဂါစနစ်က အလုပ်လုပ်ဆောင်ဖို့အတွက် နှလုံးဆီက သွေးများများ တောင်းခံပါတယ်။ အဲဒီအချိန်မှာ နှလုံးလည်း အလုပ်ပိုလုပ်ရတဲ့အတွက် ကြာလာရင် ဒဏ်ပိလာနိုင်ပါတယ်။

၄။ စိတ်ဖိစီးမှု မြင့်တက်လာမယ်

ဆောင်းရာသီဟာ အေးချမ်းတဲ့ရာသီတစ်ခုဖြစ်သလို ပွဲလမ်းသဘင်တွေ များပြားလွန်းတဲ့ ရာသီလည်း ဖြစ်ပါတယ်။ နှစ်ချုပ်စာရင်းတွေ၊ နှစ်တစ်နှစ်ရဲ့ တားဂတ်ပြည့်မပြည့် စစ်ဆေးတိုင်းထွာရတဲ့ အချိန်လည်း ဖြစ်တဲ့အတွက် အလုပ်ကလည်း အရမ်းရှုပ်တဲ့ ရာသီပါ။ ဒါကြောင့် ဆောင်းရာသီမှာ စိတ်ဖိစီးမှု ပုံမှန်ထက် ပိုများတာက သဘာဝပါပဲ။ စိတ်ဖိစီးမှုဟာ နှလုံးနဲ့ တိုက်ရိုက်ဆက်နွယ် နေတဲ့အတွက် ဆောင်းရာသီကာလမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။

၅။ ဆောင်းရာသီက အထီးကျန်ဆန်တယ်

ဆောင်းရာသီအားလပ်ရက်တွေမှာ တချို့က မိသားစုနဲ့ ပျော်ပျော်မြူးမြူး တွေ့ဆုံနေချိန်မှာ တချို့တစ်ကိုယ်တည်း သမားတွေကတော့ အရင်ကထက်ပိုပြီး အထီးကျန်ဆန်နေပါတယ်။ ဆောင်းနှင်းလေးတွေဟာ အတိတ်ကို ပြန်ပြောင်းသတိရအောင် ဆွဲဆောင်နိုင်တဲ့အတွက် အထီးကျန်သမားတွေအတွက်တော့ ရှိရင်းစွဲ ခံစားချက်ကို နှစ်ဆမြှင့်လိုက်သလိုပါပဲ။ အထီးကျန် ခံစားချက်ဟာလည်း နှလုံးကို သွားထိစေနိုင်တဲ့အတွက် ဒါဟာလည်း ဆောင်းရာသီနဲ့ နှလုံးရောဂါကြားက ဆက်နွယ်မှုတစ်ခုပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top