AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

တခ်ိဳ႕လူေတြရဲ႕ အသားအေရဟာ ေဆာင္းတြင္းမွာဆို ေျခာက္ေသြ႕ၿပီး ယားယံတတ္ပါတယ္။

ေဆာင္းရာသီက လူတိုင္းအတြက္ သင္႔ေတာ္ေနတဲ႔ ရာသီတစ္ခုေတာ႔ မဟုတ္ပါဘူး။ တခ်ိဳ႕လူေတြရဲ႕ အသားအေရဟာ ေဆာင္းတြင္းမွာဆို ေျခာက္ေသြ႕ၿပီး ယားယံတတ္ပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ အေအးနည္းနည္း ခံလိုက္တာနဲ႔ အသားအေရ အက္ကြဲလာတယ္လို႔ ခံစားရပါတယ္တဲ႔။ အဲဒီလို အသားအေရ ပ်က္ဆီးလြယ္တဲ႔ ပ်ိဳေမေလးေတြအတြက္ ေဆာင္းရာသီ အသားအေရ ထိန္းသိမ္းနည္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေရေႏြးပူနဲဲ႔ ေရခ်ိဳးပါ

ေဆာင္းတြင္းမွာ အရမ္းမေအးရင္ ဘယ္သူမွ ဒုကၡခံ ေရေႏြးတည္မေနဘဲ ေရေအးနဲ႔ပဲ ေရျမန္ျမန္ခ်ိဳးလိုက္ တတ္ၾကပါတယ္။ တကယ္ေတာ႔ အသားအေရ sensitive ျဖစ္လြယ္သူေတြအတြက္ေတာ႔ ဒါဟာ မေကာင္းပါဘူး။ ေရေႏြးေလးနဲ႔ ေရခ်ိဳးေပးတာက အသားအေရကို သက္ညွာတာပါ။ ဒါေၾကာင္႔ ေဆာင္းတြင္းမနက္ပိုင္းမွာ ေရခ်ိဳးခ်င္တယ္ဆိုရင္ ေရေအးအစား ေရေႏြးကိုသာ အသံုးျပဳပါ။

၂။ အေရျပားအစိုဓာတ္ ထိန္းသိမ္းမယ္

သဘာဝပစၥည္းေတြ ပါဝင္တဲ႔ Moisturizer ခရင္မ္လိမ္းေပးျခင္းဟာ ေဆာင္းရာသီမွာ အသားအေရထိန္းသိမ္းဖို႔ အေကာင္းဆံုးပါပဲ။ ေဆာင္းတြင္းမွာ Moisturizer ခရင္မ္လိမ္းေပးမယ္ဆိုရင္ အေရျပားအက္ကြဲျခင္းကို ကာကြယ္တားဆီးႏိုင္ပါတယ္။ ဒါဆိုရင္လည္း အသားပတ္ေနတဲ႔ မ်က္ႏွာအေရျပားနဲ႔၊ အက္ကြဲေနတဲ႔ အသားအေရနဲ႔ အျပင္ထြက္မိၿပီး အရွက္စရာလည္း မရွိေတာ႔ဘူးေပါ႔ေနာ္။

၃။ အေရျပားကို ကာကြယ္ပါ

ေႏြရာသီတစ္ခုတည္းက အသားအေရကို ပ်က္ဆီးေစတာ မဟုတ္ပါဘူး။ ေဆာင္းရာသီ ေနပူဒဏ္ကလည္း အသားအေရကို ပ်က္ဆီးေစႏိုင္ပါတယ္။ ဒါေၾကာင္႔ အသားအေရကို ကာကြယ္ဖို႔အတြက္ ေနေလာင္ကာခရင္မ္လိမ္းျခင္း၊ လက္အိတ္ဝတ္ျခင္းတို႔ကို ျပဳလုပ္သင္႔ပါတယ္။

၄။ ေရမ်ားမ်ားေသာက္ပါ

တခ်ိဳ႕ေတြက ေဆာင္းရာသီဆိုရင္ ေအးျမတဲ႔ ခံစားခ်က္ရွိျခင္း၊ ေခြ်းထြက္နည္းျခင္းတို႔ေၾကာင္႔ ေရအေသာက္နည္းၾကပါတယ္။ တကယ္ေတာ႔ လူ႔ခႏၶာကိုယ္ဟာ ေဆာင္းတြင္းမွာလည္း ေရဓာတ္ ခမ္းေျခာက္တတ္ပါတယ္။ ေဆာင္းတြင္းမွာလည္း ေရမ်ားမ်ားေသာက္ေပးဖို႔ မျဖစ္မေန လိုအပ္ပါတယ္။

၅။ ညဘက္မွာလည္း moisturizer သံုးေပးသင္႔တယ္

တခ်ိဳ႕ေတြက moisturizer ကို အျပင္သြားစရာရွိမွ လိမ္းရတယ္လို႔ ထင္ၾကပါတယ္။ ဒါေပမယ္႔ အိပ္စက္ေနခ်ိန္မွာလည္း အေရျပားအစိုဓာတ္ကို ထိန္းသိမ္းထားဖို႔ လိုအပ္ပါတယ္။ လက္ေတြ၊ တံေတာင္ေတြ၊ ဒူးေတြကအစ အေရျပားအထိ moisturizer ကို လိမ္းၿပီးမွ အိပ္သင္႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တချို့လူတွေရဲ့ အသားအရေဟာ ဆောင်းတွင်းမှာဆို ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။

ဆောင်းရာသီက လူတိုင်းအတွက် သင့်တော်နေတဲ့ ရာသီတစ်ခုတော့ မဟုတ်ပါဘူး။ တချို့လူတွေရဲ့ အသားအရေဟာ ဆောင်းတွင်းမှာဆို ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။ တစ်ချို့ဆိုရင် အအေးနည်းနည်း ခံလိုက်တာနဲ့ အသားအရေ အက်ကွဲလာတယ်လို့ ခံစားရပါတယ်တဲ့။ အဲဒီလို အသားအရေ ပျက်ဆီးလွယ်တဲ့ ပျိုမေလေးတွေအတွက် ဆောင်းရာသီ အသားအရေ ထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေနွေးပူနဲ့ ရေချိုးပါ

ဆောင်းတွင်းမှာ အရမ်းမအေးရင် ဘယ်သူမှ ဒုက္ခခံ ရေနွေးတည်မနေဘဲ ရေအေးနဲ့ပဲ ရေမြန်မြန်ချိုးလိုက် တတ်ကြပါတယ်။ တကယ်တော့ အသားအရေ sensitive ဖြစ်လွယ်သူတွေအတွက်တော့ ဒါဟာ မကောင်းပါဘူး။ ရေနွေးလေးနဲ့ ရေချိုးပေးတာက အသားအရေကို သက်ညှာတာပါ။ ဒါကြောင့် ဆောင်းတွင်းမနက်ပိုင်းမှာ ရေချိုးချင်တယ်ဆိုရင် ရေအေးအစား ရေနွေးကိုသာ အသုံးပြုပါ။

၂။ အရေပြားအစိုဓာတ် ထိန်းသိမ်းမယ်

သဘာဝပစ္စည်းတွေ ပါဝင်တဲ့ Moisturizer ခရင်မ်လိမ်းပေးခြင်းဟာ ဆောင်းရာသီမှာ အသားအရေထိန်းသိမ်းဖို့ အကောင်းဆုံးပါပဲ။ ဆောင်းတွင်းမှာ Moisturizer ခရင်မ်လိမ်းပေးမယ်ဆိုရင် အရေပြားအက်ကွဲခြင်းကို ကာကွယ်တားဆီးနိုင်ပါတယ်။ ဒါဆိုရင်လည်း အသားပတ်နေတဲ့ မျက်နှာအရေပြားနဲ့၊ အက်ကွဲနေတဲ့ အသားအရေနဲ့ အပြင်ထွက်မိပြီး အရှက်စရာလည်း မရှိတော့ဘူးပေါ့နော်။

၃။ အရေပြားကို ကာကွယ်ပါ

နွေရာသီတစ်ခုတည်းက အသားအရေကို ပျက်ဆီးစေတာ မဟုတ်ပါဘူး။ ဆောင်းရာသီ နေပူဒဏ်ကလည်း အသားအရေကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကာကွယ်ဖို့အတွက် နေလောင်ကာခရင်မ်လိမ်းခြင်း၊ လက်အိတ်ဝတ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

၄။ ရေများများသောက်ပါ

တချို့တွေက ဆောင်းရာသီဆိုရင် အေးမြတဲ့ ခံစားချက်ရှိခြင်း၊ ချွေးထွက်နည်းခြင်းတို့ကြောင့် ရေအသောက်နည်းကြပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်ဟာ ဆောင်းတွင်းမှာလည်း ရေဓာတ် ခမ်းခြောက်တတ်ပါတယ်။ ဆောင်းတွင်းမှာလည်း ရေများများသောက်ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

၅။ ညဘက်မှာလည်း moisturizer သုံးပေးသင့်တယ်

တချို့တွေက moisturizer ကို အပြင်သွားစရာရှိမှ လိမ်းရတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် အိပ်စက်နေချိန်မှာလည်း အရေပြားအစိုဓာတ်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ လက်တွေ၊ တံတောင်တွေ၊ ဒူးတွေကအစ အရေပြားအထိ moisturizer ကို လိမ်းပြီးမှ အိပ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top