Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စည္သြပ္ဘူး ေတြက အထဲမွာ မလတ္ေတာ့ဘူးဆိုရင္ ဘူူးကဖုေဖာင္း လာပါတယ္။ ေစ်း ကိုသြားရင္၊ ကုန္စံုဆိုင္ကိုသြားရင္ ကိုယ္လိုခ်င္တာေလးေတြကို ဝယ္မယ္ဆို လတ္ဆတ္မႈ ရွိ၊ မရွိဆိုတာ ၾကည့္တတ္ရပါမယ္။ တခ်ိဳ႕စားစရာ ေတြက မလတ္ဆတ္တဲ့ အဆင့္ ကိုေတာင္ ေက်ာ္လြန္ၿပီး စားသံုးလို႔မသင့္ေတာ့တဲ့အထိ ျဖစ္ေနပါၿပီ။ ဒါကို ကိုယ္က ၾကည့္တတ္ဖုိ႔လိုပါတယ္။ မဟုတ္ရင္ ေငြကုန္ၿပီး လႊင့္ပစ္ လိုက္တာ ႏွေမ်ာစရာပါ။

၁။ ႏြားႏို႔ ဟာ ေရခဲေသတၱာထဲမွာထားမယ္ဆုိ ထင္ထားတာထက္ ပိုၿပီးအထားခံပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ စူပါမားကတ္ေတြမွာေရာင္းတဲ့ ႏြားႏို႔ေတြက ပိုးသတ္ၿပီးသားေတြ မို႔လို႔ပါ။ ဘူးအဖံုးက ခ်ဥ္စုတ္စုတ္အနံ႔ထြက္လာၿပီဆုိရင္ေတာ့ ႏြားနုိ႔ က မေကာင္းေတာာ့ပါဘူး။ မယံုရင္ျမည္းၾကည့္ပါ အရသာကလည္း ခ်ဥ္ေနပါၿပီ။

၂။ အသားဆုိရင္လည္း အနံ႔ကိုနမ္းရံုနဲ႔ သိႏိုင္ပါတယ္။ တစ္ခါတစ္ေလဆုိ အေရာင္ေတြပါ ေျပာင္းေနတတ္တယ္။ ဒီလိုအသားကိုစားရင္ အစာအဆိပ္သင့္မႈ ျဖစ္ႏိုင္ပါတယ္။

၃။ ပင္လယ္စာ ဆုိတာ တကယ္တမ္းေတာ့ ပင္လယ္မွာပဲ လတ္လတ္ဆတ္ဆတ္စားႏိုင္တာပါ။ ေစ်းကြက္ထဲေရာက္လာတာေတြက တစ္ပတ္ေလာက္ၾကာၿပီးမွ ေရာက္လာတာပါ။ အနံ႔လည္းမေကာင္းေတာ့ဘူး၊ ပံုစံကလည္း ခၽြဲက်ိက်ိျဖစ္ေနၿပီဆုိ အဲ့ဒီငါးကို မစားပါနဲ႔ေတာာ့။

၄။ စည္သြပ္ဘူး ေတြက အထဲမွာ မလတ္ေတာ့ဘူးဆိုရင္ ဘူူးကဖုေဖာင္းလာပါတယ္။

၅။ ၾကက္ဥ လတ္၊ မလတ္ကိုေတာ့ ေရထဲထည့္ၾကည့္ရင္ သိႏိုင္ပါတယ္။ ေရထဲျမဳပ္ေနရင္ ၾကက္ဥ က လတ္ပါတယ္။

၆။ သစ္သီးဝလံ နဲ႔ ဟင္းသီးဟင္းရြက္ ေတြကိုေတာ့ ရိရြဲျပီး အေရာင္ေျပာင္းလာတာကိုၾကည့္ရင္ မလတ္ဘူးလို႔ဆိုတာ သိႏိုင္ပါတယ္။

၇။ ယိုနဲ႔ဂ်ယ္လီဘူးေတြက အထဲမွာ ခဲေနတာေတြ႔ရင္ မလတ္ေတာ့ပါဘူး။

၈။ ေထာပတ္နဲ႔ ခ်ိစ္ေတြ လတ္ဆတ္မႈနည္းလာျပီးဆုိကိုေတာ့ ေအာက္ခံျပားမွာ ဆီေခ်းေစာ္နံလာာၿပီဆို မလတ္ေတာ့ဘူးလို႔ မွတ္ယူလိုက္ပါ။ ဘက္တီးရီးယားေတြေပါက္ပြားေနၾကပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
စည်သွပ်ဘူး တွေက အထဲမှာ မလတ်တော့ဘူးဆိုရင် ဘူူးကဖုဖောင်း လာပါတယ်။ ဈေး ကိုသွားရင်၊ ကုန်စုံဆိုင်ကိုသွားရင် ကိုယ်လိုချင်တာလေးတွေကို ဝယ်မယ်ဆို လတ်ဆတ်မှု ရှိ၊ မရှိဆိုတာ ကြည့်တတ်ရပါမယ်။ တချို့စားစရာ တွေက မလတ်ဆတ်တဲ့ အဆင့် ကိုတောင် ကျော်လွန်ပြီး စားသုံးလို့မသင့်တော့တဲ့အထိ ဖြစ်နေပါပြီ။ ဒါကို ကိုယ်က ကြည့်တတ်ဖို့လိုပါတယ်။ မဟုတ်ရင် ငွေကုန်ပြီး လွှင့်ပစ် လိုက်တာ နှမျောစရာပါ။

၁။ နွားနို့ ဟာ ရေခဲသေတ္တာထဲမှာထားမယ်ဆို ထင်ထားတာထက် ပိုပြီးအထားခံပါတယ်။ ဘာကြောင့်လဲဆိုတော့ စူပါမားကတ်တွေမှာရောင်းတဲ့ နွားနို့တွေက ပိုးသတ်ပြီးသားတွေ မို့လို့ပါ။ ဘူးအဖုံးက ချဉ်စုတ်စုတ်အနံ့ထွက်လာပြီဆိုရင်တော့ နွားနို့ က မကောင်းတောာ့ပါဘူး။ မယုံရင်မြည်းကြည့်ပါ အရသာကလည်း ချဉ်နေပါပြီ။

၂။ အသားဆိုရင်လည်း အနံ့ကိုနမ်းရုံနဲ့ သိနိုင်ပါတယ်။ တစ်ခါတစ်လေဆို အရောင်တွေပါ ပြောင်းနေတတ်တယ်။ ဒီလိုအသားကိုစားရင် အစာအဆိပ်သင့်မှု ဖြစ်နိုင်ပါတယ်။

၃။ ပင်လယ်စာ ဆိုတာ တကယ်တမ်းတော့ ပင်လယ်မှာပဲ လတ်လတ်ဆတ်ဆတ်စားနိုင်တာပါ။ ဈေးကွက်ထဲရောက်လာတာတွေက တစ်ပတ်လောက်ကြာပြီးမှ ရောက်လာတာပါ။ အနံ့လည်းမကောင်းတော့ဘူး၊ ပုံစံကလည်း ချွဲကျိကျိဖြစ်နေပြီဆို အဲ့ဒီငါးကို မစားပါနဲ့တောာ့။

၄။ စည်သွပ်ဘူး တွေက အထဲမှာ မလတ်တော့ဘူးဆိုရင် ဘူူးကဖုဖောင်းလာပါတယ်။

၅။ ကြက်ဥ လတ်၊ မလတ်ကိုတော့ ရေထဲထည့်ကြည့်ရင် သိနိုင်ပါတယ်။ ရေထဲမြုပ်နေရင် ကြက်ဥ က လတ်ပါတယ်။

၆။ သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက် တွေကိုတော့ ရိရွဲပြီး အရောင်ပြောင်းလာတာကိုကြည့်ရင် မလတ်ဘူးလို့ဆိုတာ သိနိုင်ပါတယ်။

၇။ ယိုနဲ့ဂျယ်လီဘူးတွေက အထဲမှာ ခဲနေတာတွေ့ရင် မလတ်တော့ပါဘူး။

၈။ ထောပတ်နဲ့ ချိစ်တွေ လတ်ဆတ်မှုနည်းလာပြီးဆိုကိုတော့ အောက်ခံပြားမှာ ဆီချေးစော်နံလာာပြီဆို မလတ်တော့ဘူးလို့ မှတ်ယူလိုက်ပါ။ ဘက်တီးရီးယားတွေပေါက်ပွားနေကြပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top