Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လံုၿခံဳေရးစိတ္ခ်ရမႈေၾကာင့္ အျခားၿမိဳ႕နယ္မ်ားမွ ေျပာင္းေရႊ႕ေနထုိင္သူမ်ားလာ ေသာေၾကာင့္ ေတာင္ကုတ္ၿမိဳ႕ရွိ အိမ္ၿခံေျမမ်ား ေစ်းျမင့္လာေၾကာင္း ၿမိဳ႕ခံအိမ္ၿခံေျမ ဝန္ေဆာင္မႈလုပ္ ငန္းရွင္အခ်ိဳ႕က ေျပာသည္။

လြန္ခဲ့သည့္ ၂ ႏွစ္က ေတာင္ကုတ္ၿမိဳ႕ရွိ ေပ ၄၀×၆၀ ေျမတစ္ ကြက္လွ်င္ အမ်ားဆံုးက်ပ္သိန္း ေျခာက္ဆယ္သာ ေပါက္ေစ်းရွိခဲ့ ေသာ္လည္း လက္ရွိတြင္  က်ပ္သိန္း တစ္ရာမွ သိန္းသံုးရာေက်ာ္အထိ ေစ်းေပါက္ေနေၾကာင္း​ ၎တို႔က ေျပာသည္။

‘‘အဓိကကေတာ့ ျပည္မနဲ႔ နီးတယ္။ ဘဂၤါလီမရွိဘူး။ လံုၿခံဳ ေရးစိတ္ခ်ရတယ္ ဆိုၿပီးေတာ့ ေျပာင္းေရႊ႕ေနထုိင္လာၾကတယ္။ တခ်ိဳ႕ ေငြေၾကးတတ္ႏုိင္သူေတြက ေျမဝယ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံထားၾက တယ္’’ ဟု ေတာင္ကုတ္ၿမိဳ႕တြင္ အိမ္ၿခံေျမ အေရာင္းအဝယ္ျပဳ လုပ္ေနသူ ဦးမိုးႏိုင္စိုးက ေျပာ ၾကားသည္။

ေတာင္ကုတ္ၿမိဳ႕သည္ ရခိုင္ ျပည္နယ္ သံတြဲ၊ မာန္ေအာင္၊ ရမ္းၿဗဲ၊ ေက်ာက္ျဖဴ၊ အမ္းၿမိဳ႕နယ္ မ်ားႏွင့္ ဆက္သြယ္ရာတြင္ အဓိကအခ်က္အခ်ာက်ၿပီး ပဲခူးတိုင္းေဒ သႀကီး ျပည္ၿမိဳ႕ႏွင့္ ဆက္သြယ္၍လည္း အခ်က္အခ်ာက်သည့္ၿမိဳ႕ ျဖစ္သည္။

 ထုိ႔ေၾကာင့္ စီးပြားေရးအ တြက္ ရင္းႏွီးျမႇဳပ္ႏွံၾကသည့္ လုပ္ ငန္းရွင္မ်ားသည္လည္း ေတာင္ ကုတ္ၿမိဳ႕တြင္ အိမ္ၿခံေျမ ဝယ္ယူ ရင္းႏွီးမႈမ်ားျပားလာသည္ဟု ဦးမိုး ႏိုင္စိုးက ဆိုသည္။

ေတာင္ကုတ္ၿမိဳ႕တြင္ ဒီဂရီ ေကာလိပ္  ဖြင့္လွစ္ၿပီးေနာက္ ယခင္ထက္ ပိုမိုလူစည္ကားလာ ၿပီး ရခိုင္ျပည္နယ္ေတာင္ဘက္ ပိုင္းတြင္ စီးပြားေရး၊ လူမႈေရးႏွင့္  ပညာေရးအတြက္ ေကာင္းမြန္ ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာသျဖင့္ အျခားၿမိဳ႕မ်ားမွ ေျပာင္းေရႊ႕ေန ထုိင္မႈမ်ားလာျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


လုံခြုံရေးစိတ်ချရမှုကြောင့် အခြားမြို့နယ်များမှ ပြောင်းရွှေ့နေထိုင်သူများလာ သောကြောင့် တောင်ကုတ်မြို့ရှိ အိမ်ခြံမြေများ ဈေးမြင့်လာကြောင်း မြို့ခံအိမ်ခြံမြေ ဝန်ဆောင်မှုလုပ် ငန်းရှင်အချို့က ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်က တောင်ကုတ်မြို့ရှိ ပေ ၄၀×၆၀ မြေတစ် ကွက်လျှင် အများဆုံးကျပ်သိန်း ခြောက်ဆယ်သာ ပေါက်ဈေးရှိခဲ့ သော်လည်း လက်ရှိတွင်  ကျပ်သိန်း တစ်ရာမှ သိန်းသုံးရာကျော်အထိ ဈေးပေါက်နေကြောင်း ၎င်းတို့က ပြောသည်။

‘‘အဓိကကတော့ ပြည်မနဲ့ နီးတယ်။ ဘင်္ဂါလီမရှိဘူး။ လုံခြုံ ရေးစိတ်ချရတယ် ဆိုပြီးတော့ ပြောင်းရွှေ့နေထိုင်လာကြတယ်။ တချို့ ငွေကြေးတတ်နိုင်သူတွေက မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံထားကြ တယ်’’ ဟု တောင်ကုတ်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ်ပြု လုပ်နေသူ ဦးမိုးနိုင်စိုးက ပြော ကြားသည်။

တောင်ကုတ်မြို့သည် ရခိုင် ပြည်နယ် သံတွဲ၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့နယ် များနှင့် ဆက်သွယ်ရာတွင် အဓိကအချက်အချာကျပြီး ပဲခူးတိုင်းဒေ သကြီး ပြည်မြို့နှင့် ဆက်သွယ်၍လည်း အချက်အချာကျသည့်မြို့ ဖြစ်သည်။

 ထို့ကြောင့် စီးပွားရေးအ တွက် ရင်းနှီးမြှုပ်နှံကြသည့် လုပ် ငန်းရှင်များသည်လည်း တောင် ကုတ်မြို့တွင် အိမ်ခြံမြေ ဝယ်ယူ ရင်းနှီးမှုများပြားလာသည်ဟု ဦးမိုး နိုင်စိုးက ဆိုသည်။

တောင်ကုတ်မြို့တွင် ဒီဂရီ ကောလိပ်  ဖွင့်လှစ်ပြီးနောက် ယခင်ထက် ပိုမိုလူစည်ကားလာ ပြီး ရခိုင်ပြည်နယ်တောင်ဘက် ပိုင်းတွင် စီးပွားရေး၊ လူမှုရေးနှင့်  ပညာရေးအတွက် ကောင်းမွန် သော မြို့တစ်မြို့ဖြစ်လာသဖြင့် အခြားမြို့များမှ ပြောင်းရွှေ့နေ ထိုင်မှုများလာခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top