ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဘူတာမွထြက္ခ်ိန္ စကၠန္႔ပိုင္းမွ် အလြဲအေခ်ာ္ ျဖစ္သြားသည့္အတြက္ ဂ်ပန္ ရထားကုမၸဏီ တစ္ခုက ခရီးသည္မ်ားကို ျပန္လည္ ေတာင္းပန္ခဲ့ေၾကာင္း သိရသည္။

တိုက်ိဳႏွင့္ ဆူကူဘားတို႔ၾကား ေျပးဆြဲေနသည့္ ဆူကူဘား အိတ္စ္ပရက္စ္ ရထားလိုင္း၏ စီမံေရးရာ အဖြဲ႕က မိမိတို႔၏ လြဲေခ်ာ္မႈေၾကာင့္ ထိခိုက္နစ္နာခဲ့သူ အားလံုးကို အႏူးအညြတ္ ေတာင္းပန္ေၾကာင္း ေၾကညာခဲ့သည္။

အေၾကာင္းရင္းမွာ ႏိုဝင္ဘာ ၁၆ ရက္ မနက္ပိုင္းက ဆူကူဘား အိတ္စ္ပရက္စ္၏ ရထားသည္ သတ္မွတ္ထားသည္ထက္ စကၠန္႔ ၂၀ ေစာထြက္မိခဲ့၍ ျဖစ္သည္။ ရထားသည္ တိုက်ိဳေျမာက္ပိုင္းရွိ မီနာမီ နာဂါရီယာမာ ဘူတာမွ ၉ နာရီ ၄၄ မိနစ္ႏွင့္ စကၠန္႔ ၄၀ တြင္ ထြက္ရမည္ ျဖစ္ေသာ္လည္း ၉ နာရီ ၄၄ မိနစ္ႏွင့္ စကၠန္႔ ၂၀ တြင္ ဘူတာမွ ထြက္ခြာခဲ့သည္။

ကုမၸဏီက မိမိတို႔၏ ဝန္ထမ္းမ်ားသည္ ရထားလမ္းေၾကာင္း အခ်ိန္စာရင္းကို ျပန္မစစ္မိသျဖင့္ ယခုလို လြဲေခ်ာ္သြားျခင္းဟု ေၾကညာသည္။ ထိုကိစၥအတြက္ ခရီးသည္အခ်ိဳ႕ အခက္ေတြ႕ခဲ့သည္ဟု သတင္းမ်ား ျပန္ၾကားခဲ့ရေၾကာင္း၊ သို႔ေသာ္လည္း ကုမၸဏီသို႔ တရားဝင္ အေရးဆို ကန္႔ကြက္မႈ မရွိေသးေၾကာင္းလည္း ေဖာ္ျပထားသည္။

ဂ်ပန္ကဲ့သို႔ အခ်ိန္ကို စနစ္က်စြာ ၾကပ္မတ္သည့္ အေလ့အထမ်ိဳးရွိေသာ ႏုိင္ငံမ်ိဳးတြင္ပင္ ကုမၸဏီ၏ တရားဝင္ ထုတ္ျပန္ ေတာင္းပန္ေသာ တာဝန္ယူမႈသည္ အမ်ားအတြက္ အံ့ဩစရာ ျဖစ္ခဲ့သည္။ “ရထား ဝန္ထမ္းေတြက ထြက္ခြာခ်ိန္ သတ္မွတ္ခ်က္ကို လံုေလာက္တဲ့ ျပန္လည္ စစ္ေဆးမႈမ်ိဳး မလုပ္မိခဲ့ပါဘူး”ဟု ကုမၸဏီက ေၾကညာခဲ့သည္။

ဂ်ပန္၏ ရထားစနစ္သည္ ကမာၻေပၚတြင္ အယံုၾကည္ရဆံုး၊ စိတ္အခ်ရဆံုး ကြန္ရက္တစ္ခုအျဖစ္ အသိအမွတ္ျပဳ ခံရၿပီး ထြက္ခြာခ်ိန္၊ ဆိုက္ေရာက္ခ်ိန္ တိက်မႈမ်ားေၾကာင့္လည္း နာမည္ေကာင္းျဖင့္ ေက်ာ္ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ဘူတာမှထွက်ချိန် စက္ကန့်ပိုင်းမျှ အလွဲအချော် ဖြစ်သွားသည့်အတွက် ဂျပန် ရထားကုမ္ပဏီ တစ်ခုက ခရီးသည်များကို ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရသည်။

တိုကျိုနှင့် ဆူကူဘားတို့ကြား ပြေးဆွဲနေသည့် ဆူကူဘား အိတ်စ်ပရက်စ် ရထားလိုင်း၏ စီမံရေးရာ အဖွဲ့က မိမိတို့၏ လွဲချော်မှုကြောင့် ထိခိုက်နစ်နာခဲ့သူ အားလုံးကို အနူးအညွတ် တောင်းပန်ကြောင်း ကြေညာခဲ့သည်။

အကြောင်းရင်းမှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ဆူကူဘား အိတ်စ်ပရက်စ်၏ ရထားသည် သတ်မှတ်ထားသည်ထက် စက္ကန့် ၂၀ စောထွက်မိခဲ့၍ ဖြစ်သည်။ ရထားသည် တိုကျိုမြောက်ပိုင်းရှိ မီနာမီ နာဂါရီယာမာ ဘူတာမှ ၉ နာရီ ၄၄ မိနစ်နှင့် စက္ကန့် ၄၀ တွင် ထွက်ရမည် ဖြစ်သော်လည်း ၉ နာရီ ၄၄ မိနစ်နှင့် စက္ကန့် ၂၀ တွင် ဘူတာမှ ထွက်ခွာခဲ့သည်။

ကုမ္ပဏီက မိမိတို့၏ ဝန်ထမ်းများသည် ရထားလမ်းကြောင်း အချိန်စာရင်းကို ပြန်မစစ်မိသဖြင့် ယခုလို လွဲချော်သွားခြင်းဟု ကြေညာသည်။ ထိုကိစ္စအတွက် ခရီးသည်အချို့ အခက်တွေ့ခဲ့သည်ဟု သတင်းများ ပြန်ကြားခဲ့ရကြောင်း၊ သို့သော်လည်း ကုမ္ပဏီသို့ တရားဝင် အရေးဆို ကန့်ကွက်မှု မရှိသေးကြောင်းလည်း ဖော်ပြထားသည်။

ဂျပန်ကဲ့သို့ အချိန်ကို စနစ်ကျစွာ ကြပ်မတ်သည့် အလေ့အထမျိုးရှိသော နိုင်ငံမျိုးတွင်ပင် ကုမ္ပဏီ၏ တရားဝင် ထုတ်ပြန် တောင်းပန်သော တာဝန်ယူမှုသည် အများအတွက် အံ့ဩစရာ ဖြစ်ခဲ့သည်။ “ရထား ဝန်ထမ်းတွေက ထွက်ခွာချိန် သတ်မှတ်ချက်ကို လုံလောက်တဲ့ ပြန်လည် စစ်ဆေးမှုမျိုး မလုပ်မိခဲ့ပါဘူး”ဟု ကုမ္ပဏီက ကြေညာခဲ့သည်။

ဂျပန်၏ ရထားစနစ်သည် ကမ္ဘာပေါ်တွင် အယုံကြည်ရဆုံး၊ စိတ်အချရဆုံး ကွန်ရက်တစ်ခုအဖြစ် အသိအမှတ်ပြု ခံရပြီး ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် တိကျမှုများကြောင့်လည်း နာမည်ကောင်းဖြင့် ကျော်ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top