Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အဲလိုအခ်ဳပ္ခံရရင္ ဂြမ္းတာပဲ…

ဒီ ဗြီဒီယိုဖိုင္ ကို သက္ေသအျဖစ္ တင္ျပေပးလိုက္ပါတယ္…။ျမန္မာ့ စပါးၾကီးေျမြ၊ ေအာင္လအန္ဆန္းသည္ ပြဲစၿပီး ၃ မိနစ္ခန္႔အတြင္း ၿပိဳင္ဘက္ျဖစ္သည့္ Alain Ngalani (က်ားသစ္နက္)ကို အႏိုင္ရ သြားခဲ့ျခင္းသည္ လုပ္ပြဲ မဟုတ္ေၾကာင္း ပြဲစီစဥ္သူ ျမန္မာ လက္ခေမာင္း ကုမၸဏီ ဥကၠ႒ ဦးေဇသီဟ က တံု႔ျပန္ေျပာဆိုလိုက္သည္။

“ေအာင္လ ကို ဂါလာနီ နဲ႔ စတည္တုန္းက ပြဲစီစဥ္သူ ကို ၀ိုင္းဆဲၾကတာမွတ္မိမွာပါ။ ဒီေလာက္ ၀ိတ္ကြာတာ ကိုယ့္ ျမန္မာကို ကိုယ္ျပန္သတ္တယ္ဆိုၿပီးေတာ့ေလ။ ပြဲမစခင္အခ်ိန္ထိ ဂါလာနီ အနိုင္ပဲ ေပးတဲ့လူေတြမ်ားပါတယ္။ အခု ေအာင္လ နိုင္ျပန္ေတာ့လည္း လုပ္ပြဲ လားတဲ့။ လုပ္ပြဲ သာျဖစ္ခဲ့မယ္ဆိုရင္ ၅ ခ်ီထိ ဆြဲေခၚထိုးသြားမွာပါ။ ဘာျဖစ္လို႔လဲသိလား။ Skynet မွာ လက္ခံထားတဲ့ ေၾကာ္ျငာ ေတြကို ဘယ္လို ျပန္ရွင္းေပးရမလဲဆိုတာ ေတြးၾကည့္ ေပါ့။ ဒီတစ္ေခါက္ Skynet ေၾကာ္ျငာ က တစ္ Round စာပဲ ရလို႔ မကိုက္ဘူးဆိုတာ အားလံုးသိေစခ်င္ပါတယ္။ ဒီ့ထက္ရွင္းတဲ့ အေျဖ ရွိပါဦးမလား”ဟု ဦးေဇသီဟ က ယေန႔ ႏိုဝင္ဘာ ၄ ရက္ေန႔ညပိုင္းက ၄င္း၏ လူမႈကြန္ယက္ စာမ်က္ႏွာ မွ တစ္ဆင့္ ေျပာသည္။

ယေန႔ က်င္းပသည့္ One Championship (MMA) ၿပိဳင္ပြဲ တြင္ ၂ ခ်ီအတြင္းအႏုိင္ယူမည္ဟု ေၾကြးေၾကာ္ထားသည့္ ျမန္မာ့စပါးၾကီးေျမြ၊ ေအာင္လအန္ဆန္ သည္ ပြဲစၿပီး ၃ မိနစ္ခန္ အတြင္း ၁ ခ်ီမျပီးမီ ၿပိဳင္ဘက္ ျဖစ္သည့္ Alain Ngalani (က်ားသစ္နက္)ကို အႏိုင္ရ သြားခဲ့ျခင္းျဖစ္သည္။

ယင္းအေပၚ ပရိသတ္ မ်ားက အားမလိုအားမရျဖစ္ခဲ႔ၾကၿပီး ေျပာဆိုေဝဖန္ခဲ႔ၾကျခင္းျဖစ္ကာ ပံုမွန္အားျဖင့္ ငါးခ်ီအထိ ထိုးသတ္ရန္ သတ္မွတ္ ထားသည္။

ပြဲစသည္ႏွင့္ Alain Ngalani သည္ ေအာင္လအန္ဆန္ ကို လ်င္ျမန္ အားပါသည့္ လက္သီးခ်က္ မ်ားျဖင့္ ဖိအားေပးရန္ ႀကိဳးပမ္းခဲ့ၿပီး ၂ ဦးသား လုံးေထြးသြားခ်ိန္တြင္ ေအာင္လအန္ဆန္ ၏ မ်က္ႏွာ ကို လက္သီး ျဖင့္ တရစပ္ထိုးရန္ ႀကိဳးပမ္းခဲ့သည္။

Alain Ngalani က ေအာင္လအန္ဆန္ ကို ျပန္လည္ကိုင္ေပါက္ကာ တြန္းလွဲလိုက္ခ်ိန္တြင္ ၄င္း၏ လည္ပင္း ကို ေအာင္လအန္ဆန္းက ပိုင္ပိုင္ႏိုင္ႏိုင္ ခ်ဳပ္လိုက္ႏိုင္ၿပီး ယင္း ခ်ဳပ္ကြက္ ျဖင့္ တိုက္ခိုက္ျခင္းကို ခံလိုက္ရသည္။

စကၠန႔္ပိုင္း အတြင္းမွာပင္ Alain Ngalani မွာ ၾကမ္းျပင္ ကို လက္ျဖင့္ပုတ္၍ အရႈံးေပး ေျကာင္း အခ်က္ျပသြားခဲ့ရသည္။

ပြဲသိမ္း ျမန္သြားသည့္အေပၚ ေအာင္လအန္ဆန္က” ဒီေန႔ပြဲအေပၚ သိပ္အားမရပါဘူး။ ပရိသတ္ ကိုလည္း ေတာင္းပန္ပါတယ္။ ေနာက္ပြဲက်ရင္ ေကာင္းေကာင္းထိုးေပးပါ့မယ္”ဟု ေအာင္လအန္ဆန္းက ေျပာသည္။

Alain Ngalani သည္ မ်ားမၾကာမီက ONE Championship ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ဆုစိန္ေခၚပြဲတြင္ ဂ်ပန္ကိုယ္ခံပညာစုံ တိုက္ခိုက္ေရး ကစားသမား Sekine Hideki ႏွင့္ယွဥ္ၿပိဳင္ခဲ့ရာ၌ ပြဲအစ ၁၁ စကၠန႔္အတြင္း၌ ၿပိဳင္ဘက္ကို အလဲထိုးလိုက္ႏိုင္ၿပီး ယင္း ပြဲခ်ိန္ ပမာဏ မွာ ONE Championship ၿပိဳင္ပြဲသမိုင္းေၾကာင္း တစ္ေလွ်ာက္ အျမန္ဆုံး ပြဲအဆုံးသတ္ႏိုင္မႈအျဖစ္ စံခ်ိန္၀င္ သြားခဲ့ဖူးသူျဖစ္ၿပီး ယခုအခါ ေအာင္လ အန္ဆန္းအား ႐ႈံးနိမ္႔ သြားခဲ႔သည္။

ျမန္မာ့ စပါးႀကီးေႁမြ ဟု အမည္ေပးအပ္ျခင္းခံထားရသည့္ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ ေအာင္လအန္ဆန္းသည္ ႐ုရွားကိုယ္ခံပညာစုံတိုက္ခိုက္ေရးကစားသမား ဗိုင္တာလီ ဘစ္ဂ္ဒတ္ရွ္ႏွင့္ စိတ္မေက်ပြဲ ျပန္လည္ယွဥ္ၿပိဳင္ထိုးသတ္ရာတြင္ အမွတ္ျဖင့္ အႏိုင္ရယူကာ ONE Championship မစ္ဒယ္ ဝိတ္တန္း တြင္ ကမာ ၻ႔ ခ်န္ပီယံ ျဖစ္လာ ခဲ့ျခင္းျဖစ္သည္။

ယခုအခါ MMA မစ္ဒယ္ဝိတ္တန္း ကမၻာ့ ခ်န္ပီယံ ျမန္မာ့ ဂုဏ္ေဆာင္ ေအာင္လအန္ဆန္း သည္ ျမန္မာ့ေျမ တြင္ ၄ပြဲဆက္တိုက္ အႏိုင္ရရွိခဲ႔ၿပီျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
အဲလိုအချုပ်ခံရရင် ဂွမ်းတာပဲ…

ဒီ ဗွီဒီယိုဖိုင် ကို သက်သေအဖြစ် တင်ပြပေးလိုက်ပါတယ်…။မြန်မာ့ စပါးကြီးမြွေ၊ အောင်လအန်ဆန်းသည် ပွဲစပြီး ၃ မိနစ်ခန့်အတွင်း ပြိုင်ဘက်ဖြစ်သည့် Alain Ngalani (ကျားသစ်နက်)ကို အနိုင်ရ သွားခဲ့ခြင်းသည် လုပ်ပွဲ မဟုတ်ကြောင်း ပွဲစီစဉ်သူ မြန်မာ လက်ခမောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇေသီဟ က တုံ့ပြန်ပြောဆိုလိုက်သည်။

“အောင်လ ကို ဂါလာနီ နဲ့ စတည်တုန်းက ပွဲစီစဉ်သူ ကို ဝိုင်းဆဲကြတာမှတ်မိမှာပါ။ ဒီလောက် ဝိတ်ကွာတာ ကိုယ့် မြန်မာကို ကိုယ်ပြန်သတ်တယ်ဆိုပြီးတော့လေ။ ပွဲမစခင်အချိန်ထိ ဂါလာနီ အနိုင်ပဲ ပေးတဲ့လူတွေများပါတယ်။ အခု အောင်လ နိုင်ပြန်တော့လည်း လုပ်ပွဲ လားတဲ့။ လုပ်ပွဲ သာဖြစ်ခဲ့မယ်ဆိုရင် ၅ ချီထိ ဆွဲခေါ်ထိုးသွားမှာပါ။ ဘာဖြစ်လို့လဲသိလား။ Skynet မှာ လက်ခံထားတဲ့ ကြော်ငြာ တွေကို ဘယ်လို ပြန်ရှင်းပေးရမလဲဆိုတာ တွေးကြည့် ပေါ့။ ဒီတစ်ခေါက် Skynet ကြော်ငြာ က တစ် Round စာပဲ ရလို့ မကိုက်ဘူးဆိုတာ အားလုံးသိစေချင်ပါတယ်။ ဒီ့ထက်ရှင်းတဲ့ အဖြေ ရှိပါဦးမလား”ဟု ဦးဇေသီဟ က ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ညပိုင်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ မှ တစ်ဆင့် ပြောသည်။

ယနေ့ ကျင်းပသည့် One Championship (MMA) ပြိုင်ပွဲ တွင် ၂ ချီအတွင်းအနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် မြန်မာ့စပါးကြီးမြွေ၊ အောင်လအန်ဆန် သည် ပွဲစပြီး ၃ မိနစ်ခန် အတွင်း ၁ ချီမပြီးမီ ပြိုင်ဘက် ဖြစ်သည့် Alain Ngalani (ကျားသစ်နက်)ကို အနိုင်ရ သွားခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ် ပရိသတ် များက အားမလိုအားမရဖြစ်ခဲ့ကြပြီး ပြောဆိုဝေဖန်ခဲ့ကြခြင်းဖြစ်ကာ ပုံမှန်အားဖြင့် ငါးချီအထိ ထိုးသတ်ရန် သတ်မှတ် ထားသည်။

ပွဲစသည်နှင့် Alain Ngalani သည် အောင်လအန်ဆန် ကို လျင်မြန် အားပါသည့် လက်သီးချက် များဖြင့် ဖိအားပေးရန် ကြိုးပမ်းခဲ့ပြီး ၂ ဦးသား လုံးထွေးသွားချိန်တွင် အောင်လအန်ဆန် ၏ မျက်နှာ ကို လက်သီး ဖြင့် တရစပ်ထိုးရန် ကြိုးပမ်းခဲ့သည်။

Alain Ngalani က အောင်လအန်ဆန် ကို ပြန်လည်ကိုင်ပေါက်ကာ တွန်းလှဲလိုက်ချိန်တွင် ၎င်း၏ လည်ပင်း ကို အောင်လအန်ဆန်းက ပိုင်ပိုင်နိုင်နိုင် ချုပ်လိုက်နိုင်ပြီး ယင်း ချုပ်ကွက် ဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

စက္ကန့်ပိုင်း အတွင်းမှာပင် Alain Ngalani မှာ ကြမ်းပြင် ကို လက်ဖြင့်ပုတ်၍ အရှုံးပေး ကြောင်း အချက်ပြသွားခဲ့ရသည်။

ပွဲသိမ်း မြန်သွားသည့်အပေါ် အောင်လအန်ဆန်က” ဒီနေ့ပွဲအပေါ် သိပ်အားမရပါဘူး။ ပရိသတ် ကိုလည်း တောင်းပန်ပါတယ်။ နောက်ပွဲကျရင် ကောင်းကောင်းထိုးပေးပါ့မယ်”ဟု အောင်လအန်ဆန်းက ပြောသည်။

Alain Ngalani သည် များမကြာမီက ONE Championship ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုစိန်ခေါ်ပွဲတွင် ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား Sekine Hideki နှင့်ယှဉ်ပြိုင်ခဲ့ရာ၌ ပွဲအစ ၁၁ စက္ကန့်အတွင်း၌ ပြိုင်ဘက်ကို အလဲထိုးလိုက်နိုင်ပြီး ယင်း ပွဲချိန် ပမာဏ မှာ ONE Championship ပြိုင်ပွဲသမိုင်းကြောင်း တစ်လျှောက် အမြန်ဆုံး ပွဲအဆုံးသတ်နိုင်မှုအဖြစ် စံချိန်ဝင် သွားခဲ့ဖူးသူဖြစ်ပြီး ယခုအခါ အောင်လ အန်ဆန်းအား ရှုံးနိမ့် သွားခဲ့သည်။

မြန်မာ့ စပါးကြီးမြွေ ဟု အမည်ပေးအပ်ခြင်းခံထားရသည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်လအန်ဆန်းသည် ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား ဗိုင်တာလီ ဘစ်ဂ်ဒတ်ရှ်နှင့် စိတ်မကျေပွဲ ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရာတွင် အမှတ်ဖြင့် အနိုင်ရယူကာ ONE Championship မစ်ဒယ် ဝိတ်တန်း တွင် ကမာ ္ဘ့ ချန်ပီယံ ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

ယခုအခါ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ မြန်မာ့ ဂုဏ်ဆောင် အောင်လအန်ဆန်း သည် မြန်မာ့မြေ တွင် ၄ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top