AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ၾကက္သြန္ျဖဴကို ရိုးရာတိုင္းရင္းေဆးအျဖစ္ ကမၻာနဲ႔ အႏွ႔ံမွာ ယခုခ်ိန္ထိ တြင္တြင္က်ယ္က်ယ္ အသံုးျပဳေနၾကဆဲျဖစ္သလို ၾကက္သြန္ျဖဴမွာပါ၀င္တဲ့ ေဆးအာနိသင္ကိုလည္း အသိအမွတ္ျပဳ ေနၾကရဆဲပါပဲ။ ျမန္မာတို႔ရဲ့ဟင္းလ်ာတိုင္းမွာ ၾကက္သြန္ျဖဴပါေလ့ရွိပါတယ္။

အဟာရ အက်ိဳးေက်းဇူး

ၾကက္သြန္ျဖဴမွာ ဗီတာမင္ A,B-Complex, C ပါ၀င္ပါတယ္။ မဂၢနီဆီယမ္၊ ေဖာ့စေဖာ့လ္ရပ္စ္၊ ကယ္လ္ဆီယမ္၊ ေၾကးနီ၊ ပိုတက္ဆီယမ္၊ သံဓါတ္စတဲ့ သတၱဳဓါတ္ေတြလည္း ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့အျပင္ Amino Acid, Essential Oil, ရွားပါ သတၱဳဓါတ္ေတြျဖစ္တဲ့ Germanium, Selenium, Tellurium ဓါတ္ေတြလည္းပါ၀င္ပါတယ္။

ဒါ့အျပင္ Antioxidant ၁၂ မ်ိဳးပါ၀င္ၿပီး ဗိုင္းရပ္အမ်ိဳးမ်ိဳးကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေဆးျဖစ္၀ါးျဖစ္ မွီ၀ဲၾကပါတယ္။

ညအိပ္ယာမ၀င္ခင္ ၾကက္သြန္ျဖဴကို ဘယ္လိုစားမလဲ

ၾကက္သြန္ျဖဴအစိမ္းကို ဒီအတိုင္းစားရတာ အရမ္းကိုလြယ္ကူပါတယ္ေနာ္။ ေန႔စဥ္အစားအစာထဲမွာ ထည့္သြင္းစားသံုးေပးတာဟာ ေကာင္းမြန္ပါတယ္။

ညအိပ္ယာမ၀င္ခင္မွာ ၾကက္သြန္ျဖဴတစ္ဇြန္း စားမယ္

ၾကက္သြန္ျဖဴ ႏွစ္စိတ္ကို ေဖ်ာ္စက္ထဲထည့္ၿပီး ႀကိတ္လိုက္ပါ။ (သို႔) ေတာက္ေတာ္ကစဥ္းလုိ္က္ပါ။ ၿပီးရင္ ခဏထားပါ။ ဇြန္းထဲထည့္ၿပီး ေရနဲ႔အတူ မ်ိဳခ်လိုက္ပါ။ တကယ္လို႔ ဒီအတိုင္းမစားခ်င္ရင္ ပ်ားရည္နည္းနည္းေရာၿပီးစားေပးႏိုင္ပါတယ္။

ညအိပ္ယာမ၀င္ခင္ေသာက္ေပးရင္ အဆိပ္အေတာက္ေတြ႕ို ဖယ္ရွားေပးႏိုင္ၿပီး ဘက္တီးရီးယားေတြကိုလည္း သန္႔စင္ေပးႏိုင္သလို က်န္းမာေရးအက်ိဳးေက်းဇူးေတြ မ်ားစြာရွိပါတယ္။

ၾကက္သြန္ျဖဴအႏွံ႔မထြက္ေစခ်င္လို႔ မ၀ါးစားဘဲ မ်ိဳခ်ေပးရပါမယ္ေနာ္။ မနက္မိုးလင္းရင္ေတာ့ ေရတစ္ခြက္အျပည့္ေသာက္ပါ။

က်န္းမာေရးအက်ိဳးေက်းဇူး

ကင္ဆာကာကြယ္ေပးႏိုင္ျခင္း

ကင္ဆာဆန္႔က်င္တဲ့ဓါတ္ေတြပါ၀င္လို႔ ကင္ဆာျဖစ္ပြားမႈကို ေလွ်ာ့က်ေစပါတယ္။ အထူးသျဖင့္ အစာအိမ္၊ အူမႀကီးကင္ဆာျဖစ္ပြားမႈကို ေလွ်ာ့က်ေစပါတယ္။

အဖ်ားအမ်ိဳးမ်ိဳး

အေအးမိဖ်ားနာတာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ အေအးမိဖ်ားနာရင္လည္း ၾကက္သြန္ျဖဴ စားႏိုင္ပါတယ္။

ကိုလက္စထေရာ သန္႔စင္ေပးျခင္း

မေကာင္းဆဲ့ကိုလက္စထေရာေတြ႕ို ဖယ္ရွားေပးၿပီး ေသြးေၾကာကို သန္႔စင္ေစလို႔ ႏွလံုးေရာဂါျဖစ္ပြားမႈကို ေလွ်ာ့က်ေစပါတယ္။

ဆီးခ်ိဳ

တစ္ေန႔ကို ၾကက္သြန္ျဖဴတစ္စိတ္စားေပးတာဟာ ေသြးတြင္းသၾကားဓါတ္ကို ေလွ်ာ့က်ေစပါတယ္။

ေသြးတိုးက်ေစျခင္း

ေသြးတိုးက်ေစၿပီး ေသြးဖိအားပံုမွန္ျဖစ္ေစပါတယ္။

အဆိပ္အေတာက္ဖယ္ရွားေပးျခင္း

ေသြးတြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

သတိေပးျခင္း

က်န္းမာေရးအက်ိဳးေက်းဇူးေတြ မ်ားစြာရွိေနေပမယ့္ ေသြးၾကဲေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေသြးခဲတာကို ကာကြယ္ေပးတဲ့ ေဆးေတြနဲ႔ တြဲၿပီး မေသာက္သင့္ပါဘူး။ ၾကက္သြန္ျဖဴမ်ားမ်ားစားတာကိုေရွာင္ပါ။ ၾကက္သြန္ျဖဴမ်ားမ်ားစားရင္ ေသြးအားနည္းတာ၊ ကိုယ္အေလးခ်ိန္က်ဆင္းတာ၊ gas အလြန္အကၽြံထြက္တာ၊ ၀မ္းေလွ်ာတာနဲ႔ ပန္းနာရင္က်ပ္ျဖစ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
ကြက်သွန်ဖြူကို ရိုးရာတိုင်းရင်းဆေးအဖြစ် ကမ္ဘာနဲ့ အနှံ့မှာ ယခုချိန်ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြဆဲဖြစ်သလို ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆေးအာနိသင်ကိုလည်း အသိအမှတ်ပြု နေကြရဆဲပါပဲ။ မြန်မာတို့ရဲ့ဟင်းလျာတိုင်းမှာ ကြက်သွန်ဖြူပါလေ့ရှိပါတယ်။

အဟာရ အကျိုးကျေးဇူး

ကြက်သွန်ဖြူမှာ ဗီတာမင် A,B-Complex, C ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ဖော့စဖော့လ်ရပ်စ်၊ ကယ်လ်ဆီယမ်၊ ကြေးနီ၊ ပိုတက်ဆီယမ်၊ သံဓါတ်စတဲ့ သတ္တုဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် Amino Acid, Essential Oil, ရှားပါ သတ္တုဓါတ်တွေဖြစ်တဲ့ Germanium, Selenium, Tellurium ဓါတ်တွေလည်းပါဝင်ပါတယ်။

ဒါ့အပြင် Antioxidant ၁၂ မျိုးပါဝင်ပြီး ဗိုင်းရပ်အမျိုးမျိုးကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဖြစ်ဝါးဖြစ် မှီဝဲကြပါတယ်။

ညအိပ်ယာမဝင်ခင် ကြက်သွန်ဖြူကို ဘယ်လိုစားမလဲ

ကြက်သွန်ဖြူအစိမ်းကို ဒီအတိုင်းစားရတာ အရမ်းကိုလွယ်ကူပါတယ်နော်။ နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးတာဟာ ကောင်းမွန်ပါတယ်။

ညအိပ်ယာမဝင်ခင်မှာ ကြက်သွန်ဖြူတစ်ဇွန်း စားမယ်

ကြက်သွန်ဖြူ နှစ်စိတ်ကို ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ (သို့) တောက်တော်ကစဉ်းလိုက်ပါ။ ပြီးရင် ခဏထားပါ။ ဇွန်းထဲထည့်ပြီး ရေနဲ့အတူ မျိုချလိုက်ပါ။ တကယ်လို့ ဒီအတိုင်းမစားချင်ရင် ပျားရည်နည်းနည်းရောပြီးစားပေးနိုင်ပါတယ်။

ညအိပ်ယာမဝင်ခင်သောက်ပေးရင် အဆိပ်အတောက်တွေ့ို ဖယ်ရှားပေးနိုင်ပြီး ဘက်တီးရီးယားတွေကိုလည်း သန့်စင်ပေးနိုင်သလို ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိပါတယ်။

ကြက်သွန်ဖြူအနှံ့မထွက်စေချင်လို့ မဝါးစားဘဲ မျိုချပေးရပါမယ်နော်။ မနက်မိုးလင်းရင်တော့ ရေတစ်ခွက်အပြည့်သောက်ပါ။

ကျန်းမာရေးအကျိုးကျေးဇူး

ကင်ဆာကာကွယ်ပေးနိုင်ခြင်း

ကင်ဆာဆန့်ကျင်တဲ့ဓါတ်တွေပါဝင်လို့ ကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။

အဖျားအမျိုးမျိုး

အအေးမိဖျားနာတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိဖျားနာရင်လည်း ကြက်သွန်ဖြူ စားနိုင်ပါတယ်။

ကိုလက်စထရော သန့်စင်ပေးခြင်း

မကောင်းဆဲ့ကိုလက်စထရောတွေ့ို ဖယ်ရှားပေးပြီး သွေးကြောကို သန့်စင်စေလို့ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။

ဆီးချို

တစ်နေ့ကို ကြက်သွန်ဖြူတစ်စိတ်စားပေးတာဟာ သွေးတွင်းသကြားဓါတ်ကို လျှော့ကျစေပါတယ်။

သွေးတိုးကျစေခြင်း

သွေးတိုးကျစေပြီး သွေးဖိအားပုံမှန်ဖြစ်စေပါတယ်။

အဆိပ်အတောက်ဖယ်ရှားပေးခြင်း

သွေးတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သတိပေးခြင်း

ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိနေပေမယ့် သွေးကြဲစေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးတွေနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ ကြက်သွန်ဖြူများများစားတာကိုရှောင်ပါ။ ကြက်သွန်ဖြူများများစားရင် သွေးအားနည်းတာ၊ ကိုယ်အလေးချိန်ကျဆင်းတာ၊ gas အလွန်အကျွံထွက်တာ၊ ဝမ်းလျှောတာနဲ့ ပန်းနာရင်ကျပ်ဖြစ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top