Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Image may contain: 1 person, standing and outdoorကန္ ဟာ ထုိင္းႏုိင္ငံမွ လူငယ္တစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ရည္းစားက ၀လြန္းတဲ့အတြက္ အဆက္ျဖတ္ျခင္းကုိ ခံခဲ့ရတာျဖစ္ပါတယ္။
သူ႕ခ်စ္သူမိန္းကေလးက သူ႕ခႏၶာကုိယ္ဟာ ၿပီးျပည့္စံုမႈမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး သူ႕ႏွလံုးသားကုိ ထိခိုက္ေစမယ့္ စကားတစ္ခြန္းကုိလည္း ေျပာခဲ့ပါတယ္။
“ရွင့္လုိလူက ဘယ္ေတာ့မွ ဗိုက္ၾကြက္သားေျခာက္ခု (six-packs) ရွိလာမွာ မဟုတ္ဘူး” ဆိုတဲ့ စကားပဲျဖစ္ပါတယ္။

သူ႕ရည္းစားက အဆက္ျဖတ္သြားၿပီးေနာက္ပုိင္း ခႏၶာကုိယ္အခ်ိဳးအစားက်နသူတစ္ေယာက္နဲ႔ လက္တြဲေနတယ္ဆိုတဲ့ သတင္းကုိလည္း ကန္ က ၾကားခဲ့ရပါတယ္။ဒီသတင္းေၾကာင့္ သူဟာ စိတ္မခ်မ္းမေျမ႕ျဖစ္ခဲ့ရရံုမက၊ သူ႕အေနနဲ႔ ခႏၶာကိုယ္အလွ ရွိႏုိင္တယ္ဆိုတာ သက္ေသျပဖို႔ ဆံုးျဖတ္ခ်က္ခ်ေစပါတယ္။

သူ႕ခ်စ္သူရဲ႕ ႏွလံုးသားကုိထိခိုက္ေစတဲ့ စကားကုိ ရင္မွာသိမ္းဆည္းထားရင္း သူက ေန႔တုိင္းအားကစားခန္းမကိုသြားကာ၊ ေလးလအတြင္း ၁၀ ကီလုိဂရမ္ အေလးခ်ိန္က်ဆင္းကာ၊ ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏုိင္ဘူးလို႔ ယူဆထားတဲ့ ၿပီးျပည့္စံုတဲ့ခႏၶာကုိယ္ကုိ ပိုင္ဆုိင္ခဲ့ပါတယ္။ သူ႕ရည္းစားေဟာင္းက ျပန္လည္လက္တြဲဖို႔ ေျပာလာေပမယ့္ သူမကုိ ျငင္းဆိုျခင္းအားျဖင့္ ဒဏ္ခတ္လိုက္တယ္လို႔ သိရပါတယ္။

“ကၽြန္ေတာ့္အေနနဲ႔ သူမခ်န္ထားခဲ့တဲ့ စကားလံုးေတြကုိ ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး၊ ဘာေၾကာင့္လည္းဆုိေတာ့ ဒီစကားလံုးေတြဟာ အလြန္နာက်င္ၿပီး၊ ကၽြန္ေတာ့္ထံမွာ အမာရြတ္ေတြ ခ်န္ထားခဲ့တယ္။ကၽြန္ေတာ္ဟာ အလြန္ယံုၾကည္မႈေပ်ာက္ဆံုးခဲ့တယ္။ဒါေပမယ့္ ကုိယ့္ဖာသာကုိယ္ ဒီနာက်င္မႈကုိ လြန္ေျမာက္ေစႏုိင္ခဲ့တယ္” လို႔ ကန္ က ေျပာပါတယ္။
ကန္ ရဲ႕ ဇာတ္လမ္းဟာ အလ်င္အျမန္ျပန္႔ႏွံ႔သြားၿပီး၊ အခုခ်ိန္မွာေတာ့ ေမာ္ဒယ္တစ္ေယာက္အျဖစ္ ရပ္တည္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploader
#Unicode Version#


ကန် ဟာ ထိုင်းနိုင်ငံမှ လူငယ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ရည်းစားက ဝလွန်းတဲ့အတွက် အဆက်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
သူ့ချစ်သူမိန်းကလေးက သူ့ခန္ဓာကိုယ်ဟာ ပြီးပြည့်စုံမှုမရှိဘူးလို့ ပြောကြားခဲ့ပြီး သူ့နှလုံးသားကို ထိခိုက်စေမယ့် စကားတစ်ခွန်းကိုလည်း ပြောခဲ့ပါတယ်။
“ရှင့်လိုလူက ဘယ်တော့မှ ဗိုက်ကြွက်သားခြောက်ခု (six-packs) ရှိလာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

သူ့ရည်းစားက အဆက်ဖြတ်သွားပြီးနောက်ပိုင်း ခန္ဓာကိုယ်အချိုးအစားကျနသူတစ်ယောက်နဲ့ လက်တွဲနေတယ်ဆိုတဲ့ သတင်းကိုလည်း ကန် က ကြားခဲ့ရပါတယ်။ဒီသတင်းကြောင့် သူဟာ စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရရုံမက၊ သူ့အနေနဲ့ ခန္ဓာကိုယ်အလှ ရှိနိုင်တယ်ဆိုတာ သက်သေပြဖို့ ဆုံးဖြတ်ချက်ချစေပါတယ်။

သူ့ချစ်သူရဲ့ နှလုံးသားကိုထိခိုက်စေတဲ့ စကားကို ရင်မှာသိမ်းဆည်းထားရင်း သူက နေ့တိုင်းအားကစားခန်းမကိုသွားကာ၊ လေးလအတွင်း ၁၀ ကီလိုဂရမ် အလေးချိန်ကျဆင်းကာ၊ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ရည်းစားဟောင်းက ပြန်လည်လက်တွဲဖို့ ပြောလာပေမယ့် သူမကို ငြင်းဆိုခြင်းအားဖြင့် ဒဏ်ခတ်လိုက်တယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့ သူမချန်ထားခဲ့တဲ့ စကားလုံးတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ ဘာကြောင့်လည်းဆိုတော့ ဒီစကားလုံးတွေဟာ အလွန်နာကျင်ပြီး၊ ကျွန်တော့်ထံမှာ အမာရွတ်တွေ ချန်ထားခဲ့တယ်။ကျွန်တော်ဟာ အလွန်ယုံကြည်မှုပျောက်ဆုံးခဲ့တယ်။ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ဒီနာကျင်မှုကို လွန်မြောက်စေနိုင်ခဲ့တယ်” လို့ ကန် က ပြောပါတယ်။
ကန် ရဲ့ ဇာတ်လမ်းဟာ အလျင်အမြန်ပြန့်နှံ့သွားပြီး၊ အခုချိန်မှာတော့ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top