ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕႐ိုး က်ဳံးေရထဲမွာ မေန႔ညက ႏိုင္ငံျခားသားတဦး ေရနစ္ေပ်ာက္ဆုံးေနတယ္လို႔ ေခါဝ္ဆြတ္ ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ႏိုဝင္ဘာ ၁၉ ရက္ ညက ခ်င္းမိုင္ၿမိဳ႕ ဆီဖုံးရပ္ မြန္းမိုင္းလမ္း (ထာ့ဖဲဂိတ္ဘက္ျခမ္း) လိုးတပ္စ္ကုန္တိုက္ေရွ႕ က်ဳံးထဲမွာ ႏိုင္ငံျခားသားတေယာက္ ေရနစ္ေၾကာင္း သတင္းရရွိတဲ့အတြက္ ကယ္ဆယ္ေရးယာဥ္ေတြနဲ႔အတူ သြားေရာက္စစ္ေဆးၾကည့္ရႈရာ ယာဥ္ေၾကာေတြပိတ္ေနၿပီး လူအမ်ားအျပား က်ဳံးေရျပင္ဘက္ကို ၾကည့္ေနၾကတာ ေတြ႕ရတယ္လို႔ ခ်င္းမိုင္ၿမိဳ႕မရဲစခန္း တာဝန္က်ရဲအုပ္ ခုမ္းကလစ္ဘန္းယာက သတင္းေထာက္ေတြကို ေျပာပါတယ္။

က်ဳံးေရွ႕ရွိ ပလက္ေဖာင္းေပၚက ေဈးသည္တဦး ေျပာျပခ်က္အရ သူ႔ဆိုင္ေရွ႕ က်ဳံးစပ္မွာ ႏိုင္ငံျခားသားတဦး ထိုင္ေနတာ ေတြ႕ရေၾကာင္း၊ ခနအၾကာ က်ဳံးတဘက္ကမ္းရွိ လူတဦးက ႏိုင္ငံျခားသားတေယာက္ ေရနစ္ေနေၾကာင္း ေအာ္ေျပာတဲ့အတြက္ သူလည္း က်ဳံးစပ္နား ေလွ်ာက္လာခဲ့ေၾကာင္း၊ သူေရာက္သြားတဲ့အခါမွာေတာ့ ဘာမွမေတြ႕ရေတာ့ဘူးလို႔ ဆိုပါတယ္။

ရဲအုပ္ကလည္း ေရငုပ္သမားေတြ အကူအညီနဲ႔ အဲဒီႏိုင္ငံျခားသားကို ေရထဲဆင္းရွာခဲ့ေၾကာင္း၊ တနာရီေက်ာ္ရွာေပမယ့္ မေတြ႕ေသးေၾကာင္း၊ ညဥ့္နက္ၿပီျဖစ္တဲ့အတြက္ ရွာေဖြေရးကို ရပ္နားလိုက္ရၿပီး ေရနစ္သူ ေသဆုံးတယ္ဆိုရင္ အေလာင္းက ေရေပၚ ေပၚလာႏိုင္ေၾကာင္း၊ ေပၚမလာဘူးဆိုရင္လည္း ေနာက္တေန႔ ဆက္ၿပီးရွာမယ္လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
#Unicode Version#
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရိုး ကျုံးရေထဲမှာ မနေ့ညက နိုင်ငံခြားသားတဦး ရေနစ်ပျောက်ဆုံးနေတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁၉ ရက် ညက ချင်းမိုင်မြို့ ဆီဖုံးရပ် မွန်းမိုင်းလမ်း (ထာ့ဖဲဂိတ်ဘက်ခြမ်း) လိုးတပ်စ်ကုန်တိုက်ရှေ့ ကျုံးထဲမှာ နိုင်ငံခြားသားတယောက် ရေနစ်ကြောင်း သတင်းရရှိတဲ့အတွက် ကယ်ဆယ်ရေးယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုရာ ယာဉ်ကြောတွေပိတ်နေပြီး လူအများအပြား ကျုံးရေပြင်ဘက်ကို ကြည့်နေကြတာ တွေ့ရတယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျရဲအုပ် ခုမ်းကလစ်ဘန်းယာက သတင်းထောက်တွေကို ပြောပါတယ်။

ကျုံးရှေ့ရှိ ပလက်ဖောင်းပေါ်က ဈေးသည်တဦး ပြောပြချက်အရ သူ့ဆိုင်ရှေ့ ကျုံးစပ်မှာ နိုင်ငံခြားသားတဦး ထိုင်နေတာ တွေ့ရကြောင်း၊ ခနအကြာ ကျုံးတဘက်ကမ်းရှိ လူတဦးက နိုင်ငံခြားသားတယောက် ရေနစ်နေကြောင်း အော်ပြောတဲ့အတွက် သူလည်း ကျုံးစပ်နား လျှောက်လာခဲ့ကြောင်း၊ သူရောက်သွားတဲ့အခါမှာတော့ ဘာမှမတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

ရဲအုပ်ကလည်း ရေငုပ်သမားတွေ အကူအညီနဲ့ အဲဒီနိုင်ငံခြားသားကို ရေထဲဆင်းရှာခဲ့ကြောင်း၊ တနာရီကျော်ရှာပေမယ့် မတွေ့သေးကြောင်း၊ ညဉ့်နက်ပြီဖြစ်တဲ့အတွက် ရှာဖွေရေးကို ရပ်နားလိုက်ရပြီး ရေနစ်သူ သေဆုံးတယ်ဆိုရင် အလောင်းက ရေပေါ် ပေါ်လာနိုင်ကြောင်း၊ ပေါ်မလာဘူးဆိုရင်လည်း နောက်တနေ့ ဆက်ပြီးရှာမယ်လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top