×

ယြန္းယြန္း လို႔ေခၚတဲ့ သည္ကေလးငယ္ဟာ ငါးတန္းေက်ာင္းသူပါ။
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ အလယ္တန္းအဆင့္ စက္ဘီးစီး ၿပိဳင္ပြဲမွာ ပထမဆုရရွိထားတာပါ။
ႏွစ္ထပ္တိုက္ အမ်ိဳးအစား တိုက္အိမ္ကေလးရဲ႕ ၿခံဝင္းထဲမွာ လူတခ်ိဳ႕ အလုပ္႐ႈပ္ေနၾကတယ္။ မ႑ပ္ထိုးဖို႔ ျပင္ေနသူ၊ ထမင္းခ်က္ေနသူနဲ႔ အိမ္ေအာက္ထပ္ကို လွမ္းၾကည့္ၿပီး တီးတိုး စကားေျပာေနသူေတြရဲ႕ မ်က္ႏွာေပၚမွာ ဝမ္းနည္းေသာကေရာက္ေနတဲ့ အမူအရာကေတာ့ ဖံုးကြယ္လို႔ မရပါဘူး။

တိုက္အိမ္ကေလးရဲ႕ ေအာက္ထပ္မွာေတာ့ အမ်ိဳးသမီးတစ္စု စကားထိုင္ေျပာရင္း ေငြဖလားထဲက စာအုပ္ကေလးကို ထုတ္ၿပီး ေဘာ ပင္နဲ႔ ေရးမွတ္ေနတယ္။ ဖလားအတြင္းကို ေငြစကၠဴေတြ ထည့္ဝင္ေနၾကၿပီး ဖလားထဲက စာရြက္ကိုကိုင္ၿပီး သက္ျပင္းေတြ ကိုယ္စီခ်ေနၾကပါတယ္။

အိမ္အတြင္းပိုင္းက နံရံကို မွီလ်က္ထိုင္ေန တဲ့ အသက္ ၄၀ ဝန္းက်င္၊ ဆံပင္အညိဳေရာင္၊ ဖားလ်ားခ်လ်က္ ညဝတ္အက်ႌနဲ႔ ေဘာင္းဘီ ရွည္ဝတ္ဆင္ထားၿပီး စိတ္မၿငိမ္ျဖစ္ေနဟန္ရွိတဲ့ အမ်ိဳးသမီးကဝင္လာတဲ့ ဧည့္သည္ေတြကို ဧည့္ဝတ္ျပဳေနတယ္။ သူ႕ေဘးမွာေတာ့ အမ်ိဳးသမီး ႏွစ္ဦးခန္႔က တစ္ဖက္တစ္ခ်က္ ေနရာယူၿပီး သူ႕ကို ထိန္းၿပီးထိုင္ေနပါတယ္။

အိမ္အတြင္းထဲကို ဝင္လာသူေတြကို ျမင္လိုက္တာနဲ႔ အဲသည္ အမ်ိဳးသမီးက ‘သူတို႔ကို အဝတ္တိုင္းေပးလိုက္ၿပီး ကထိန္လွည့္ဖို႔ အဝတ္ေတြ ခ်ဳပ္ရမွာေလ၊ ဒီအိမ္မွာကထိန္လုပ္ဖို႔ လူေတြ စုေနၾကတာ၊ လာလာဒီမွာထိုင္ဆိုၿပီး ေျပာေနရင္း မ်က္ဝန္းက မ်က္ရည္ေတြ တစ္သြင္သြင္ စီးက်လာပါတယ္။

ဝင္လာသူေတြကလည္း သည္အမ်ိဳးသမီး ဘာေျပာေနတာလဲ ဆိုတာကို ခ်က္ခ်င္းမရိပ္မိ ဘဲ ေၾကာင္ေတာင္ေတာင္ အမူအရာနဲ႔ လက္ ထဲမွာ ပါလာတဲ့ အသုဘဖိတ္စာကို ၾကည့္လိုက္၊ ကြပ္ပစ္ေပၚမွာ အေလာင္းဆင္ထားတဲ့ ေနရာ ကို ၾကည့္လိုက္နဲ႔ အံ့ဩေနၾကပါတယ္။

အိမ္ထဲမွာ ရွိေနတဲ့ အျခားအမ်ိဳးသမီးေတြက ဝင္လာသူေတြကို မ်က္ႏွာရိပ္ မ်က္ႏွာကဲနဲ႔ သတိေပးသလိုဟန္နဲ႔ “ေအးေအး သူတို႔ကို ကထိန္လွည့္ဖို႔ အဝတ္ခ်ဳပ္ခိုင္းလိုက္မယ္၊ လာ လာ အစ္မတို႔ ခဏေန အပ္ခ်ဳပ္ဆိုင္ကို သြားၿပီး ခ်ဳပ္လိုက္ေနာ္၊ ကထိန္အမီ ဒီမွာကထိန္အလွဴပြဲႀကီးက်င္းပဖို႔ေလ၊ အဝတ္ဆင္တူ ဝတ္ၾကၿပီး ကၾကမွာလို႔ ေျပာေနရင္းက်လာတဲ့ မ်က္ရည္ေတြကို လက္နဲ႔ မသိမသာ သုတ္လိုက္ၾကပါတယ္။
အဲသည္အခါက်မွ ဝင္လာသူေတြလည္း သေဘာေပါက္သြားၾကၿပီး သည္ျမင္ကြင္းကို ၾကည့္ၿပီး ငိုၾကသူေတြနဲ႔ အိမ္ကေလးထဲမွာ လႈပ္လႈပ္ရွားရွား ျဖစ္ေနၾကပါတယ္။

မယံုႏိုင္စရာ
ဘုရားစင္ေအာက္နားမွာ အေလာင္းထား တဲ့ ေသတၱာထဲမွာေတာ့ ေခ်ာေမာလွပတဲ့ အသက္ ၁၁ ႏွစ္အရြယ္ မိန္းကေလးငယ္ဟာ ၿငိမ္သက္စြာ လဲေလ်ာင္းေနတယ္။ သူ႕နံေဘးမွာ ႏွင္းဆီပန္းေတြ ျဖန္႔ခင္းထားပါတယ္။ နားရြက္ေအာက္အထိ ရွည္ေနတဲ့ အမည္းေရာင္ ဆံပင္ ေပၚမွာ ဖဲျပားေလးပါတဲ့ ဆံကုတ္ကေလး တပ္ဆင္ထားပါတယ္။ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ မ်က္ ႏွာျပင္ေပၚက ပါးမို႔မို႔ေပၚမွာ အနီေရာင္ျခယ္ေပး ထားတယ္။
ေျဖာင့္စင္းေနတဲ့ ႏွာတံ၊ ေကာ့ညြတ္ေနတဲ့ မ်က္ေတာင္ရွည္၊ ပန္းေရာင္ဆိုးထားတဲ့ ႏႈတ္ ခမ္းေလးေတြ ေကြးညြတ္ေနတဲ့ ပံုစံကို ၾကည့္ ၿပီး အသက္မဲ့ သြားၿပီဆိုတာကို ဘယ္သူမွ မယံုႏိုင္ဘဲ ျဖစ္ေနၾကပါတယ္။
ယြန္းယြန္းလို႔ေခၚတဲ့ သည္ကေလးငယ္ဟာ ငါးတန္းေက်ာင္းသူပါ။ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ အလယ္တန္း အဆင့္ စက္ဘီးစီး ၿပိဳင္ပြဲမွာ ပထမဆုရရွိထားတာပါ။

သည္လ ၃ ရက္ေန႔ လျပည့္ေန႔ညက မိသား စုနဲ႔ အတူ တန္ေဆာင္တိုင္ပြဲ လည္ေနရင္း ဖ်ားလာတာေၾကာင့္ အျခား မိသားစုဝင္ေတြကို ထားခဲ့ၿပီး ဖခင္နဲ႔အတူ အိမ္ျပန္လာခဲ့ပါတယ္။ ေနအိမ္ေရာက္တဲ့အခ်ိန္မွာပဲ အဖ်ားႀကီးလို႔ ေရ ဖတ္တိုက္ေပး၊ ေစာင္ ၿခံဳထားေပးေပမဲ့ ကေလးက တစ္ခ်က္၊ တစ္ခ်က္ ကေယာင္ေခ်ာက္ခ်ား ေတြ ေျပာလာတာေၾကာင့္ ေတာင္ႀကီးၿမိဳ႕က နာ မည္ႀကီး၊ ပုဂၢလိက ေဆး႐ံုႀကီးကို ေခၚသြားခဲ့ေပမဲ့ ဆရာဝန္ေတြက ဂ်ပန္ဦးေႏွာက္အေျမႇးပါး ေရာဂါလို႔ မွတ္ခ်က္ခ်ၿပီး အစိုးရေဆး႐ံုကိုသာ လႊဲလိုက္ပါတယ္။
ကေလးေဆး႐ံုႀကီးေရာက္တဲ့အခ်ိန္မွာပဲ ဆရာဝန္ေတြ ႀကိဳးစားကုသခဲ့ေပမဲ့ ေနာက္ေန႔ မနက္ ၂းဝ၀ နာရီေက်ာ္အခ်ိန္မွာ ေသဆံုးသြား ပါတယ္။

မိဘေတြဟာ သမီးရဲ႕ အျဖစ္အပ်က္ကို ၾကည့္ၿပီး၊ ႐ူးမတတ္ခံစားၾကရတယ္။ မိခင္ဟာ သမီးျဖစ္သူ ေသသြားတာကို လံုးဝမယံုၾကည္ေသးဘဲ စိတ္လြတ္ၿပီး နာေရးလာသူေတြကို ကထိန္လွည့္မွာ အလွဴေငြလာထည့္ေနတာဆို ၿပီး သတိလက္လႊတ္အမူအရာေတြ ျဖစ္ေနတာကို အားလံုး က႐ုဏာသက္ေနၾကပါတယ္။

တစ္ခ်က္တစ္ခ်က္ ကေလးမိခင္ဟာ ပါးစပ္ကေန တိုးညင္းစြာ ေရရြတ္ၿပီး “သမီးေလး စက္ဘီးသြားစီးတာ ၾကာလိုက္တာ၊ ေနပူေနမယ္သြားေခၚမယ္”ဆိုၿပီး ကေယာင္ကတမ္းေတြ ေျပာေနတာေၾကာင့္ ေဆြမ်ိဳးေတြက ဝိုင္းဝန္းထိန္းေနၾကၿပီး “ယြန္းယြန္းေလးက ေနာက္ထပ္ၿပိဳင္ပြဲေတြ ဝင္ၿပိဳင္မွာမို႔ ေလ့က်င့္ေနတယ္၊ စိတ္မပူနဲ႔သိလား၊ ကထိန္လွည့္ဖို႔အတြက္ အလုပ္ေတြ လုပ္ရမယ္”ဆိုၿပီး ေျပာဆိုႏွစ္သိမ့္ေပး ေနၾကပါတယ္။
မငယ္ငယ္လို႔ ေခၚတဲ့ ကေလးမိခင္က “ငယ္ေလ အလွဴလုပ္ေနတယ္ဆိုေပမဲ့ စိတ္ထဲမွာ တအားငိုခ်င္ေနတာ ဘာျဖစ္လို႔လဲ၊ တအားကို ဝမ္း နည္းေနတယ္၊ ရင္ထဲမွာလဲ ဆို႔ေနတယ္၊ ဟိုေသတၱာပံုးႀကီးက အလွဴေငြထည့္ဖို႔တဲ့ သူ႕အေဖလုပ္လာတာ၊ ဒီပိုက္ဆံေတြ အကုန္ဟိုအ ထဲထည့္မွာ၊ ငယ့္အလွဴ အႀကီးႀကီး ျဖစ္ေတာ့ မယ္၊ ဒါေပမဲ့ ရင္ဘတ္ထဲက တအားနာက်င္ေန တာပဲ˘လို႔ ေျပာရင္း လက္တစ္ဖက္က ရင္ ဘတ္ကို ဖိၿပီး ငိုေနပါေတာ့တယ္။

ေရာဂါလကၡဏာ
တကယ္ေတာ့ ယြန္းယြန္းေလးအသက္ကို ႏုတ္ယူသြားတဲ့ ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါဟာ ၂၀၁၇ ခုႏွစ္အတြင္း ျဖစ္ပြားသူ၊ ၁၅၁ ဦး ရွိၿပီး၊ ၁၃ ဦး ေသဆံုးခဲ့ပါတယ္။ ေရာဂါ ျဖစ္ပြားသူေတြရဲ႕ ၂၀ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္း အထိ ေသဆံုးႏိုင္ေျခ ရွိပါတယ္။

သည္ေရာဂါရဲ႕ လကၡဏာေတြကေတာ့ ႐ုတ္တရက္ အျပင္းဖ်ားတာ၊ ခ်မ္းတုန္၊ ေခါင္းကိုက္တာ၊ ေမာပန္းႏြမ္းနယ္တာ၊ ပ်ိဳ႕တာ၊ အန္တာေတြ ျဖစ္ပါတယ္။ ေရာဂါ အေျခအေန ဆိုးရြားလာတဲ့ အခါ စိတ္႐ႈပ္ေထြးေတြေဝတာ၊ တက္တာအေၾကာဆြဲေတာေတြ ျဖစ္ပြားႏိုင္ပါတယ္။
အသက္ရွင္ က်န္ခဲ့သူေတြထဲမွာေတာ့ အေၾကာေသတာ၊ ကိုယ္လက္အဂၤါ မသန္စြမ္းျဖစ္တာ၊ နားေလးတာ၊ မၾကာခဏ တက္တတ္တာ၊ စကားမေျပာႏိုင္တာ၊ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြ ခံစားႏိုင္တာေၾကာင့္ ႀကိဳတင္ကာကြယ္ေဆးထိုးဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဧရာဝတီတိုင္း၊ရန္ကုန္တိုင္း နဲ႔ ပဲခူးတိုင္းေတြမွာ အမ်ားဆံုးျဖစ္ပြားေနတယ္ လို႔ သိရပါတယ္။
သည္ေရာဂါေၾ ကာင့္ ေသဆံုးခဲ့တဲ့ ယြန္းယြန္းရဲ႕ ဖခင္က “အရင္ကလဲ သူက ေနမေကာင္းရင္ ဒီလိုပဲ အိပ္ေနက်ဆိုေတာ့ ဒီေရာဂါ ျဖစ္မယ္လို႔ သတိမထားမိဘူး၊ ေကြ်းသမွ် အန္တယ္၊ ကြ်န္ေတာ္တို႔ ဘယ္လိုမွ မခံစားႏိုင္ဘူး၊ သူ႕အေမဆို ခုအထိ ပံုမွန္မျဖစ္ေသးဘူး၊ ကြ်န္ ေတာ္ေတာင္ ေယာက်ာ္းျဖစ္ၿပီး ဒီျဖစ္ရပ္ ေၾကာင့္ ဘယ္လိုမွ မေျဖႏိုင္ဘူး ျဖစ္ေနတယ္”လို႔ ေျပာတယ္။

သည္ကာကြယ္ေဆးေတြကို က်န္းမာေရး နဲ႔ အားကစားဝန္ႀကီးဌာန၊ ယူနီဆက္၊ Gavi နဲ႔ ကမၻာ့က်န္းမာေရးအဖြဲ႕ေတြရဲ႕ ပူးေပါင္းထည့္ ဝင္ေငြေတြနဲ႔ အခမဲ့ ထိုးႏွံေပးမွာပါ။ ျမန္မာႏိုင္ငံဟာသည္ေရာဂါ ျဖစ္ပြားမႈ အမ်ားဆံုး ၂၄ ႏိုင္ငံ ထဲမွာ ပါဝင္ေနပါတယ္။
သည္ေဆးဟာ တ႐ုတ္ႏိုင္ငံလုပ္ ကာကြယ္ေဆးျဖစ္ၿပီး ကမၻာ့က်န္းမာေရးအဖြဲ႕က အရည္ အေသြးမီတဲ့ေဆး ျဖစ္တယ္ဆိုတာကို အသိအမွတ္ျပဳထားၿပီး ျဖစ္ေပမဲ့ မိဘတခ်ိဳ႕ကေတာ့ ျပင္ပေဆး႐ံုေတြမွာ ထိုးဖို႔ ေမးျမန္းတာေတြလည္း ရွိေနေသးတယ္လို႔ သိရပါတယ္။ ျပင္ပေဆးခန္းေတြမွာ ထိုးရင္ေဈးႏႈန္းက က်ပ္ ၅၀,ဝ၀ဝ ကေန ၈၀,ဝ၀ဝ အထိ ရွိေနတယ္။

ေဆးထိုးၾကပါ
ယြန္းယြန္းရဲ႕ ဖခင္ ဦးေက်ာ္စိုးလင္းကေတာ့ သူ႕သမီး အသက္ကို ႏုတ္ယူသြားတဲ့ သည္ေရာဂါဆိုးကို ကေလးေတြအားလံုး လြတ္ေျမာက္ဖို႔၊ ေဆးမပ်က္မကြက္ ထိုးၾကဖို႔ နီးစပ္ရာ ပတ္ဝန္းက်င္မွာ သူ႕သမီး ျဖစ္ပြားပံုကို လိုက္လံ ရွင္းျပေနပါတယ္။
သူ႕မွာ ေနာက္ထပ္ အသက္သံုးႏွစ္အရြယ္ သမီးတစ္ဦးကို အစိုးရအစီအစဥ္နဲ႔ ေဆးမထိုး ႏွံေပးရင္ ျပင္ပေဆး႐ုုံေတြမွာ ဘယ္ေလာက္ ကုန္ကုန္ထိုးဖို႔ ရည္ရြယ္ၿပီးသားျဖစ္တယ္လို႔ သူ႕ခံစားခ်က္ကို ေျပာျပပါတယ္။
“ကြ်န္ေတာ့္ သမီးက ကာကြယ္ေဆးမထိုးလိုက္ရလို႔ ျဖစ္သြားတာ၊ ဒီလို ျဖစ္ရပ္မ်ိဳး တျခား ကေလးေတြကို ဒီလို မျဖစ္ေစခ်င္ဘူး၊ ကိုယ္ခ်င္းစာတယ္၊ ေဆးမထိုးရလို႔ ကေလးေတြ ဒုကၡ ေရာက္မွာကို မၾကည့္ရက္ဘူး”လို႔ ေျပာျပရင္း ငိုေနပါတယ္။

သည္ေရာဂါဟာ အသက္ကိုးလကေန ၁၅ ႏွစ္အတြင္း ကေလးငယ္ေတြ အျဖစ္မ်ားတာေၾကာင့္ ကေလးအားလံုး မျဖစ္မေန ထိုးဖို႔ နည္း လမ္းေပါင္းစံုကေနပညာေပးတာ၊ လက္ကမ္း စာေစာင္ျဖန္႔ေဝတာ၊ တီဗီ၊ သတင္းစာ၊ လူအ မ်ားအျပားသြားလာတဲ့ ေနရာ၊ ရပ္ကြက္အတြင္းက လမ္းေတြမွာ ပိုစတာေတြနဲ႔ ခ်ိတ္ဆြဲထားၾကပါတယ္။
မိဘတခ်ိဳ႕ကေတာ့ ကာကြယ္ေဆးအေပၚ မွာ စိုးရိမ္စိတ္ရွိေနၾကၿပီး ေဘးထြက္ဆိုးက်ိဳး ရွိလာမွာကို စိုးရိမ္ေနေပမဲ့ ဆရာဝန္အမ်ားစုက စိုးရိမ္ဖို႔ မလိုဘဲ ကာကြယ္ေဆးထိုးၾကဖို႔ လိုတယ္လို႔ သတိေပးၾကပါတယ္။

အေထြေထြေရာဂါကုသမားေတာ္ႀကီး ေဒါက္တာ စိုးမင္းက “ကေလးအားလံုးရဲ႕ ၆၀ ရာခိုင္ႏႈန္း၊ ၇၀ ရာခိုင္ႏႈန္းကို လႊမ္းၿခံဳႏိုင္ရင္ပဲ ကာဗာျဖစ္ႏိုင္ပါတယ္၊ ထိုးဖို႔ မေၾကာက္ပါနဲ႔ သူက အဖ်ားေသြးပဲ တက္တတ္ပါတယ္၊ ေဆးေလးတိုက္လိုက္ရင္ ရပါတယ္၊ ထိုးသင့္ပါတယ္၊ အားေပးတယ္”လို႔ ေျပာပါတယ္။
ကာကြယ္ေဆးကို သည္လ ၁၅ ရက္ေန႔က ေန ၂၃ ရက္ေန႔အထိ ေက်ာင္းေနအရြယ္ ကေလးမ်ားအားလံုးနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာ ေရးေက်ာင္း၊ မိဘမဲ့ ေက်ာင္းေတြမွာ ေက်ာင္း အေျချပဳေဆာင္ရြက္ေပးမွာ ျဖစ္ၿပီး ဒီဇင္ဘာလ ၁၁ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိကို ျပည္သူလူထုအေျချပဳကာကြယ္ေဆးထိုးအစီအစဥ္ကို ျပဳလုပ္မွာ ျဖစ္ပါတယ္။

ေက်ာင္းအေျချပဳ ကာကြယ္ေဆးထိုး အစီအစဥ္မွာ ေဆးထိုးဖို႔ ပ်က္ကြက္ခဲ့တဲ့ ကေလးငယ္ေတြက ျပည္သူလူထု အေျချပဳကာကြယ္ ေဆးထိုး အစီအစဥ္မွာ ထိုးႏွံလို႔ရပါတယ္။
ကာကြယ္ေဆးထိုးရမယ့္ စာရင္းကို ေအာက္တိုဘာလအတြင္းက ရပ္ကြက္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး႐ံုးေတြကေန တစ္ဆင့္ ေက်ာင္းေတြမွာလည္း ပညာေရးမွဴးေတြကတစ္ဆင့္ ေကာက္ယူထားၿပီး ျဖစ္ပါတယ္။
ေက်ာက္မဲၿမိဳ႕ ျပည္သူ႕ေဆး႐ံုႀကီးက ေက်ာင္းက်န္းမာေရးတာဝန္ခံဆရာဝန္ ေဒါက္ တာ နန္းရီလိႈင္ဦးက“ရပ္ကြက္ထဲက ကေလးေတြနဲ႔ ကိုယ္ပိုင္ေက်ာင္းမွာေနတဲ့ ကေလးငယ္ေတြက မိခင္နဲ႔ ကေလးဌာနသက္ဆိုင္ရာေတြမွာ စာရင္း ရွိတယ္၊ အားလံုး ထိုးေပးရမွာေပါ့၊ ဒီေဆးက ဓာတ္မတည့္တဲ့ ကိစၥ မရွိသေလာက္ နည္းတယ္၊ ေဆးထိုးၿပီးရင္ တစ္ခ်က္ ျပန္မလႊတ္ဘဲ ေစာင့္ၾကည့္မယ္၊ ၁၅ ႏွစ္ေအာက္ ကေလးတိုင္း ထိုးသင့္ပါတယ္၊ စိတ္ပူဖို႔ မလိုပါဘူး” ေျပာျပပါတယ္။

ဘယ္လို ကူးစက္လဲ
ဂ်ပန္ ဦးေႏွာက္ေရာင္ ေရာဂါပိုး Japanese Encephalitis Virus သယ္ေဆာင္တဲ့ က်ဴးလက္ျခင္ (culex tritaeniorhynchus) ကိုက္ တာေၾကာင့္ ေရာဂါျဖစ္ပြားပါတယ္။ ျခင္မွတစ္ ဆင့္ ပိုးဟာ ဝက္၊ ငွက္၊ ဘဲ၊ ခို၊ လင္းႏို႔ တို႔ရဲ႕ ခႏၶာကိုယ္ထဲမွာ ကူးစက္ပြားမ်ားပါတယ္။
သည္တိရစၦာန္ေတြနဲ႔ နီးကပ္စြာ ေနထိုင္သူေတြမွာ ျဖစ္ပြားေလ့ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သိရပါတယ္။ သည္ေရာဂါဟာ ျခင္ကိုက္ရာက ရရွိတဲ့ ေရာဂါ ျဖစ္လို႔ အသက္အရြယ္မေရြး၊ က်ား/မ မေရြးကူးစက္ျဖစ္ပြားႏိုင္ပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာ နအေနနဲ႔ ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းေတြကို ေဆာင္ရြက္ေနၿပီး ေရာဂါ ျဖစ္ပြားမႈကို စဥ္ဆက္ မျပတ္ ေစာင့္ၾကပ္ၾကည့္႐ႈ သတင္းေပးပို႔တာ၊ ဂ်ပန္ဦးေႏွာက္ေရာင္ ေရာဂါဆိုင္ရာ ေမးျမန္း စံုစမ္းတာ၊ လူနာအိမ္ႏွင့္ ပတ္ဝန္းက်င္မွာ ဖ်ား နာသူ ရွိ/မရွိ က်န္းမာေရးဝန္ထမ္းေတြက ရွာေဖြတာ၊လူနာေနအိမ္ ပတ္ဝန္းက်င္ရွိ တိရစၦာန္ေတြမွာ အလားတူေရာဂါ ရွိ/မရွိ စံုစမ္းစစ္ေဆးတာ၊ ျခင္ႏ ွိမ္နင္းေရးလုပ္ငန္းနဲ႔ က်န္းမာေရး အသိ ပညာေပးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

စြန္႔ပစ္ကေလးငယ္ေတြနဲ႔ မိဘမဲ့ ကေလးေတြကို ေစာင့္ေရွာက္ေပးေနတဲ့ ကိုဖိုးေဇာ္ကေတာ့ သူေစာင့္ေရွာက္ထားတဲ့ ကေလးငယ္ေတြကို အစိုးရက အခမဲ့ ထိုးႏွံေပးေနတဲ့ ကာကြယ္ေဆးေတြ အားလံုးကို ထိုးေပးထားၿပီး လက္ရွိ ထိုးေပးမယ့္ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးကိုလည္း မပ်က္မကြက္ထိုးမယ္လို႔ ဆိုပါတယ္။

သူတို႔ ေစာင့္ေရွာက္ထားတဲ့ ေဂဟာမွာ ေဆးထိုးေပးဖို႔ လိုအပ္ေနတဲ့ ကေလး ၃၄ ေယာက္ကို သည္လ ၁၆ ရက္ေန႔မွာ ထိုးဖို႔လာ ေရာက္ အေၾကာင္းၾကားၿပီး ျဖစ္တယ္လို႔ ေျပာပါ တယ္။
သည္ကာကြယ္ေဆးဟာ ေသြးနဲ႔ သက္ဆိုင္တဲ့ ေရာဂါရွိသူေတြ၊ A B C ပိုး ရွိသူေတြ၊ ေဆးထိုးရန္ မတည့္သူေတြ၊ တီဘီေဆးထိုးေနရသူေတြ၊ ကိုယ္ခံအားက်ဆင္းေနသူေတြ၊ မၾကာခဏ တက္တတ္သူေတြ၊အေၾကာဆြဲ၊ ပိုလီယိုရွိ သူေတြ၊ နားေရာဂါ ရွိသူေတြ၊ ဦးေႏွာက္ေရာင္ ေရာဂါပိုးရွိေနသူေတြ၊ ေခြး႐ူးျပန္ကာကြယ္ ေဆးထိုးေနသူေတြဆိုရင္ လက္ရွိ ကုသေပး ေနတဲ့ ဆရာဝန္ေတြကို ခြင့္ျပဳခ်က္ေတာင္းၿပီးမွ ေဆးထိုးရမွာပါ။
မတည့္တဲ့ေဆးရွိသူေတြလည္း ႀကိဳတင္အေၾကာင္းၾကားရမယ္လို႔ ေဆးထိုးႏွံေပးမယ့္ ဖိတ္စာ စာရြက္ေတြမွာ သတိေပးခ်က္ေတြအေနနဲ႔ ထည့္သြင္းထားပါတယ္။

လိႈင္သာယာ က်ဴးေက်ာ္ရပ္ကြက္တစ္ခုမွာ ေနထိုင္တဲ့ မဝင္းမာကေတာ့ သူတို႔ေနတဲ့ ေနရာေတြကို သည္ေရာဂါနဲ႔ ပတ္သက္ၿပီး ေဆးထိုးဖို႔ လာေရာက္ အေၾကာင္းၾကားထား တာေတြ လက္ရွိအခ်ိန္အထိ မေတြ႕ေသးဘူးလို႔ ဆိုပါတယ္။
သူက “ကိုယ္ေတြရဲ႕ ဘဝက အပယ္ခံေတြပါ၊ ရပ္ကြက္က အိမ္ေထာင္စုစာရင္းလဲ မဝင္ေတာ့ ကေလးမွာသာ တကယ္ ျဖစ္ခဲ့ရင္ အေသ ခံ႐ံုပဲရွိမယ္၊ ဘာမွမသိဘူး”လို႔ ေျပာပါတယ္။
ေျဖမဆည္ႏိုင္
ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါနဲ႔ ေသဆံုးသြားတယ္ဆိုတဲ့ ယြန္းယြန္းရဲ႕ သတင္းေၾကာင့္ သူတို႔ ရပ္ကြက္မွာေနထိုင္တဲ့ ကေလးမိခင္ေတြ အားလံုးကာကြယ္ေဆးထိုးႏွံမယ့္ ရက္ ေရာက္ရင္ မပ်က္မကြက္ ထိုးႏွံဖို႔ စိတ္ဆႏၵရွိေန ၾကပါတယ္။

သူတို႔ မ်က္စိေရွ႕မွာ ေန႔စဥ္ ေန႔တိုင္း စက္ဘီးစီးေလ့က်င့္ေနတဲ့ ယြန္းယြန္းေလး သည္ ေရာဂါေၾကာင့္ ျမန္ျမန္ဆန္ဆန္ေသဆံုးသြားတာကို ယူႀကံဳးမရ ျဖစ္ေနၾကပါတယ္။နာေရးအိမ္ကို ေရာက္လာသူေတြ အားလံုးကလည္း ကေလး႐ုပ္အေလာင္း ထည့္ထားတဲ့ ေသတၱာနားကို မေယာင္မလည္နဲ႔ ခိုးဝွက္ၾကည့္လိုက္၊ စိတ္ကေယာင္ကတမ္း ျဖစ္ေနတဲ့ မိခင္ကို ၾကည့္လိုက္နဲ႔ သည္ျဖစ္ရပ္အတြက္ ရင္နာမဆံုး ျဖစ္ေနၾကပါတယ္။
ယြန္းယြန္းရဲ႕ မိခင္မငယ္ကေတာ့ ပါးစပ္ကေန သူ႕သမီးနာမည္ကို ေရရြတ္ၿပီး ဘုရားစင္ ေဘးနားမွာ ေထာင္ထားတဲ့ စက္ဘီးစီးခ်န္ပီယံ ဒိုင္းဆုကို ရပ္ေနသူေတြထဲက တစ္ေယာက္ကို ယူခိုင္းၿပီး ‘ဒါ သမီးဆုရတုန္းက ဒိုင္းဆုေလ၊ သူက စက္ဘီးစီးတာကို သိပ္ၿပီး စိတ္ဝင္စား တာ၊ ခုေတာင္ ညေနေရာက္ေနၿပီ ျပန္မလာေသးဘူး၊ ေလ့က်င့္ေနတာေလ”လို႔ နာေရးလာသူေတြကို မေမာတမ္း ရွင္းျပေနတယ္။

သူက’သူကဆုရေတာ့ ကြ်န္ေတာ္က သူ႕ကို စက္ဘီးအသစ္ေလး တစ္စီး ဝယ္ေပးလိုက္တယ္၊ သူစီးေနက် စက္ဘီး အေဟာင္းေလးကို စက္ဘီးမရွိတဲ့ သူ႕သူငယ္ခ်င္းကို ေပးလိုက္ပါ ဆိုၿပီး ေျပာလို႔ ကြ်န္ေတာ္ေပးခဲ့ၿပီးၿပီ၊ ခုအသစ္ဝယ္ထားတဲ့ စက္ဘီးအသစ္ေလးကေတာ့ အိမ္မွာ စီးမယ့္သူ မရွိေတာ့ဘူး၊ သူၿပိဳင္ပြဲေတြ အမ်ား ႀကီးၿပိဳင္ခ်င္တယ္လို႔ ေျပာသြားတဲ့ သူ႕ဆႏၵေလး မျပည့္ဝသြားဘူး၊ ကြ်န္ေတာ္အခုဆို ရင္နာနာနဲ႔ ကာကြယ္ေဆးထိုးၾကဖို႔ အသိေပးရတယ္၊ ကြ်န္ေတာ္ မခံစားႏိုင္ေတာ့ဘူး”လို႔ ေျပာရင္း သူ႕ ပါးျပင္ေပၚမွာ မ်က္ရည္ေတြ စီးက်ေနပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ယွန်းယွန်း လို့ခေါ်တဲ့ သည်ကလေးငယ်ဟာ ငါးတန်းကျောင်းသူပါ။
ရှမ်းပြည်နယ် တောင်ပိုင်း၊ အလယ်တန်းအဆင့် စက်ဘီးစီး ပြိုင်ပွဲမှာ ပထမဆုရရှိထားတာပါ။
နှစ်ထပ်တိုက် အမျိုးအစား တိုက်အိမ်ကလေးရဲ့ ခြံဝင်းထဲမှာ လူတချို့ အလုပ်ရှုပ်နေကြတယ်။ မဏ္ဍပ်ထိုးဖို့ ပြင်နေသူ၊ ထမင်းချက်နေသူနဲ့ အိမ်အောက်ထပ်ကို လှမ်းကြည့်ပြီး တီးတိုး စကားပြောနေသူတွေရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းသောကရောက်နေတဲ့ အမူအရာကတော့ ဖုံးကွယ်လို့ မရပါဘူး။

တိုက်အိမ်ကလေးရဲ့ အောက်ထပ်မှာတော့ အမျိုးသမီးတစ်စု စကားထိုင်ပြောရင်း ငွေဖလားထဲက စာအုပ်ကလေးကို ထုတ်ပြီး ဘော ပင်နဲ့ ရေးမှတ်နေတယ်။ ဖလားအတွင်းကို ငွေစက္ကူတွေ ထည့်ဝင်နေကြပြီး ဖလားထဲက စာရွက်ကိုကိုင်ပြီး သက်ပြင်းတွေ ကိုယ်စီချနေကြပါတယ်။

အိမ်အတွင်းပိုင်းက နံရံကို မှီလျက်ထိုင်နေ တဲ့ အသက် ၄၀ ဝန်းကျင်၊ ဆံပင်အညိုရောင်၊ ဖားလျားချလျက် ညဝတ်အကျႌနဲ့ ဘောင်းဘီ ရှည်ဝတ်ဆင်ထားပြီး စိတ်မငြိမ်ဖြစ်နေဟန်ရှိတဲ့ အမျိုးသမီးကဝင်လာတဲ့ ဧည့်သည်တွေကို ဧည့်ဝတ်ပြုနေတယ်။ သူ့ဘေးမှာတော့ အမျိုးသမီး နှစ်ဦးခန့်က တစ်ဖက်တစ်ချက် နေရာယူပြီး သူ့ကို ထိန်းပြီးထိုင်နေပါတယ်။

အိမ်အတွင်းထဲကို ဝင်လာသူတွေကို မြင်လိုက်တာနဲ့ အဲသည် အမျိုးသမီးက ‘သူတို့ကို အဝတ်တိုင်းပေးလိုက်ပြီး ကထိန်လှည့်ဖို့ အဝတ်တွေ ချုပ်ရမှာလေ၊ ဒီအိမ်မှာကထိန်လုပ်ဖို့ လူတွေ စုနေကြတာ၊ လာလာဒီမှာထိုင်ဆိုပြီး ပြောနေရင်း မျက်ဝန်းက မျက်ရည်တွေ တစ်သွင်သွင် စီးကျလာပါတယ်။

ဝင်လာသူတွေကလည်း သည်အမျိုးသမီး ဘာပြောနေတာလဲ ဆိုတာကို ချက်ချင်းမရိပ်မိ ဘဲ ကြောင်တောင်တောင် အမူအရာနဲ့ လက် ထဲမှာ ပါလာတဲ့ အသုဘဖိတ်စာကို ကြည့်လိုက်၊ ကွပ်ပစ်ပေါ်မှာ အလောင်းဆင်ထားတဲ့ နေရာ ကို ကြည့်လိုက်နဲ့ အံ့ဩနေကြပါတယ်။

အိမ်ထဲမှာ ရှိနေတဲ့ အခြားအမျိုးသမီးတွေက ဝင်လာသူတွေကို မျက်နှာရိပ် မျက်နှာကဲနဲ့ သတိပေးသလိုဟန်နဲ့ “အေးအေး သူတို့ကို ကထိန်လှည့်ဖို့ အဝတ်ချုပ်ခိုင်းလိုက်မယ်၊ လာ လာ အစ်မတို့ ခဏနေ အပ်ချုပ်ဆိုင်ကို သွားပြီး ချုပ်လိုက်နော်၊ ကထိန်အမီ ဒီမှာကထိန်အလှူပွဲကြီးကျင်းပဖို့လေ၊ အဝတ်ဆင်တူ ဝတ်ကြပြီး ကကြမှာလို့ ပြောနေရင်းကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ မသိမသာ သုတ်လိုက်ကြပါတယ်။
အဲသည်အခါကျမှ ဝင်လာသူတွေလည်း သဘောပေါက်သွားကြပြီး သည်မြင်ကွင်းကို ကြည့်ပြီး ငိုကြသူတွေနဲ့ အိမ်ကလေးထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။

မယုံနိုင်စရာ
ဘုရားစင်အောက်နားမှာ အလောင်းထား တဲ့ သေတ္တာထဲမှာတော့ ချောမောလှပတဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ဟာ ငြိမ်သက်စွာ လဲလျောင်းနေတယ်။ သူ့နံဘေးမှာ နှင်းဆီပန်းတွေ ဖြန့်ခင်းထားပါတယ်။ နားရွက်အောက်အထိ ရှည်နေတဲ့ အမည်းရောင် ဆံပင် ပေါ်မှာ ဖဲပြားလေးပါတဲ့ ဆံကုတ်ကလေး တပ်ဆင်ထားပါတယ်။ ပန်းရောင်ဖျော့ဖျော့ မျက် နှာပြင်ပေါ်က ပါးမို့မို့ပေါ်မှာ အနီရောင်ခြယ်ပေး ထားတယ်။
ဖြောင့်စင်းနေတဲ့ နှာတံ၊ ကော့ညွတ်နေတဲ့ မျက်တောင်ရှည်၊ ပန်းရောင်ဆိုးထားတဲ့ နှုတ် ခမ်းလေးတွေ ကွေးညွတ်နေတဲ့ ပုံစံကို ကြည့် ပြီး အသက်မဲ့ သွားပြီဆိုတာကို ဘယ်သူမှ မယုံနိုင်ဘဲ ဖြစ်နေကြပါတယ်။
ယွန်းယွန်းလို့ခေါ်တဲ့ သည်ကလေးငယ်ဟာ ငါးတန်းကျောင်းသူပါ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ အလယ်တန်း အဆင့် စက်ဘီးစီး ပြိုင်ပွဲမှာ ပထမဆုရရှိထားတာပါ။

သည်လ ၃ ရက်နေ့ လပြည့်နေ့ညက မိသား စုနဲ့ အတူ တန်ဆောင်တိုင်ပွဲ လည်နေရင်း ဖျားလာတာကြောင့် အခြား မိသားစုဝင်တွေကို ထားခဲ့ပြီး ဖခင်နဲ့အတူ အိမ်ပြန်လာခဲ့ပါတယ်။ နေအိမ်ရောက်တဲ့အချိန်မှာပဲ အဖျားကြီးလို့ ရေ ဖတ်တိုက်ပေး၊ စောင် ခြုံထားပေးပေမဲ့ ကလေးက တစ်ချက်၊ တစ်ချက် ကယောင်ချောက်ချား တွေ ပြောလာတာကြောင့် တောင်ကြီးမြို့က နာ မည်ကြီး၊ ပုဂ္ဂလိက ဆေးရုံကြီးကို ခေါ်သွားခဲ့ပေမဲ့ ဆရာဝန်တွေက ဂျပန်ဦးနှောက်အမြှေးပါး ရောဂါလို့ မှတ်ချက်ချပြီး အစိုးရဆေးရုံကိုသာ လွှဲလိုက်ပါတယ်။
ကလေးဆေးရုံကြီးရောက်တဲ့အချိန်မှာပဲ ဆရာဝန်တွေ ကြိုးစားကုသခဲ့ပေမဲ့ နောက်နေ့ မနက် ၂းဝ၀ နာရီကျော်အချိန်မှာ သေဆုံးသွား ပါတယ်။

မိဘတွေဟာ သမီးရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး၊ ရူးမတတ်ခံစားကြရတယ်။ မိခင်ဟာ သမီးဖြစ်သူ သေသွားတာကို လုံးဝမယုံကြည်သေးဘဲ စိတ်လွတ်ပြီး နာရေးလာသူတွေကို ကထိန်လှည့်မှာ အလှူငွေလာထည့်နေတာဆို ပြီး သတိလက်လွှတ်အမူအရာတွေ ဖြစ်နေတာကို အားလုံး ကရုဏာသက်နေကြပါတယ်။

တစ်ချက်တစ်ချက် ကလေးမိခင်ဟာ ပါးစပ်ကနေ တိုးညင်းစွာ ရေရွတ်ပြီး “သမီးလေး စက်ဘီးသွားစီးတာ ကြာလိုက်တာ၊ နေပူနေမယ်သွားခေါ်မယ်”ဆိုပြီး ကယောင်ကတမ်းတွေ ပြောနေတာကြောင့် ဆွေမျိုးတွေက ဝိုင်းဝန်းထိန်းနေကြပြီး “ယွန်းယွန်းလေးက နောက်ထပ်ပြိုင်ပွဲတွေ ဝင်ပြိုင်မှာမို့ လေ့ကျင့်နေတယ်၊ စိတ်မပူနဲ့သိလား၊ ကထိန်လှည့်ဖို့အတွက် အလုပ်တွေ လုပ်ရမယ်”ဆိုပြီး ပြောဆိုနှစ်သိမ့်ပေး နေကြပါတယ်။
မငယ်ငယ်လို့ ခေါ်တဲ့ ကလေးမိခင်က “ငယ်လေ အလှူလုပ်နေတယ်ဆိုပေမဲ့ စိတ်ထဲမှာ တအားငိုချင်နေတာ ဘာဖြစ်လို့လဲ၊ တအားကို ဝမ်း နည်းနေတယ်၊ ရင်ထဲမှာလဲ ဆို့နေတယ်၊ ဟိုသေတ္တာပုံးကြီးက အလှူငွေထည့်ဖို့တဲ့ သူ့အဖေလုပ်လာတာ၊ ဒီပိုက်ဆံတွေ အကုန်ဟိုအ ထဲထည့်မှာ၊ ငယ့်အလှူ အကြီးကြီး ဖြစ်တော့ မယ်၊ ဒါပေမဲ့ ရင်ဘတ်ထဲက တအားနာကျင်နေ တာပဲ˘လို့ ပြောရင်း လက်တစ်ဖက်က ရင် ဘတ်ကို ဖိပြီး ငိုနေပါတော့တယ်။

ရောဂါလက္ခဏာ
တကယ်တော့ ယွန်းယွန်းလေးအသက်ကို နုတ်ယူသွားတဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါဟာ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားသူ၊ ၁၅၁ ဦး ရှိပြီး၊ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ရောဂါ ဖြစ်ပွားသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ သေဆုံးနိုင်ခြေ ရှိပါတယ်။

သည်ရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက် အပြင်းဖျားတာ၊ ချမ်းတုန်၊ ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာ၊ ပျို့တာ၊ အန်တာတွေ ဖြစ်ပါတယ်။ ရောဂါ အခြေအနေ ဆိုးရွားလာတဲ့ အခါ စိတ်ရှုပ်ထွေးတွေဝေတာ၊ တက်တာအကြောဆွဲတောတွေ ဖြစ်ပွားနိုင်ပါတယ်။
အသက်ရှင် ကျန်ခဲ့သူတွေထဲမှာတော့ အကြောသေတာ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်တာ၊ နားလေးတာ၊ မကြာခဏ တက်တတ်တာ၊ စကားမပြောနိုင်တာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ခံစားနိုင်တာကြောင့် ကြိုတင်ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်းတွေမှာ အများဆုံးဖြစ်ပွားနေတယ် လို့ သိရပါတယ်။
သည်ရောဂါေြ ကာင့် သေဆုံးခဲ့တဲ့ ယွန်းယွန်းရဲ့ ဖခင်က “အရင်ကလဲ သူက နေမကောင်းရင် ဒီလိုပဲ အိပ်နေကျဆိုတော့ ဒီရောဂါ ဖြစ်မယ်လို့ သတိမထားမိဘူး၊ ကျွေးသမျှ အန်တယ်၊ ကျွန်တော်တို့ ဘယ်လိုမှ မခံစားနိုင်ဘူး၊ သူ့အမေဆို ခုအထိ ပုံမှန်မဖြစ်သေးဘူး၊ ကျွန် တော်တောင် ယောကျာ်းဖြစ်ပြီး ဒီဖြစ်ရပ် ကြောင့် ဘယ်လိုမှ မဖြေနိုင်ဘူး ဖြစ်နေတယ်”လို့ ပြောတယ်။

သည်ကာကွယ်ဆေးတွေကို ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန၊ ယူနီဆက်၊ Gavi နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေရဲ့ ပူးပေါင်းထည့် ဝင်ငွေတွေနဲ့ အခမဲ့ ထိုးနှံပေးမှာပါ။ မြန်မာနိုင်ငံဟာသည်ရောဂါ ဖြစ်ပွားမှု အများဆုံး ၂၄ နိုင်ငံ ထဲမှာ ပါဝင်နေပါတယ်။
သည်ဆေးဟာ တရုတ်နိုင်ငံလုပ် ကာကွယ်ဆေးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရည် အသွေးမီတဲ့ဆေး ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုထားပြီး ဖြစ်ပေမဲ့ မိဘတချို့ကတော့ ပြင်ပဆေးရုံတွေမှာ ထိုးဖို့ မေးမြန်းတာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ပြင်ပဆေးခန်းတွေမှာ ထိုးရင်ဈေးနှုန်းက ကျပ် ၅၀,ဝဝဝ ကနေ ၈၀,ဝဝဝ အထိ ရှိနေတယ်။

ဆေးထိုးကြပါ
ယွန်းယွန်းရဲ့ ဖခင် ဦးကျော်စိုးလင်းကတော့ သူ့သမီး အသက်ကို နုတ်ယူသွားတဲ့ သည်ရောဂါဆိုးကို ကလေးတွေအားလုံး လွတ်မြောက်ဖို့၊ ဆေးမပျက်မကွက် ထိုးကြဖို့ နီးစပ်ရာ ပတ်ဝန်းကျင်မှာ သူ့သမီး ဖြစ်ပွားပုံကို လိုက်လံ ရှင်းပြနေပါတယ်။
သူ့မှာ နောက်ထပ် အသက်သုံးနှစ်အရွယ် သမီးတစ်ဦးကို အစိုးရအစီအစဉ်နဲ့ ဆေးမထိုး နှံပေးရင် ပြင်ပဆေးရုုံတွေမှာ ဘယ်လောက် ကုန်ကုန်ထိုးဖို့ ရည်ရွယ်ပြီးသားဖြစ်တယ်လို့ သူ့ခံစားချက်ကို ပြောပြပါတယ်။
“ကျွန်တော့် သမီးက ကာကွယ်ဆေးမထိုးလိုက်ရလို့ ဖြစ်သွားတာ၊ ဒီလို ဖြစ်ရပ်မျိုး တခြား ကလေးတွေကို ဒီလို မဖြစ်စေချင်ဘူး၊ ကိုယ်ချင်းစာတယ်၊ ဆေးမထိုးရလို့ ကလေးတွေ ဒုက္ခ ရောက်မှာကို မကြည့်ရက်ဘူး”လို့ ပြောပြရင်း ငိုနေပါတယ်။

သည်ရောဂါဟာ အသက်ကိုးလကနေ ၁၅ နှစ်အတွင်း ကလေးငယ်တွေ အဖြစ်များတာကြောင့် ကလေးအားလုံး မဖြစ်မနေ ထိုးဖို့ နည်း လမ်းပေါင်းစုံကနေပညာပေးတာ၊ လက်ကမ်း စာစောင်ဖြန့်ဝေတာ၊ တီဗီ၊ သတင်းစာ၊ လူအ များအပြားသွားလာတဲ့ နေရာ၊ ရပ်ကွက်အတွင်းက လမ်းတွေမှာ ပိုစတာတွေနဲ့ ချိတ်ဆွဲထားကြပါတယ်။
မိဘတချို့ကတော့ ကာကွယ်ဆေးအပေါ် မှာ စိုးရိမ်စိတ်ရှိနေကြပြီး ဘေးထွက်ဆိုးကျိုး ရှိလာမှာကို စိုးရိမ်နေပေမဲ့ ဆရာဝန်အများစုက စိုးရိမ်ဖို့ မလိုဘဲ ကာကွယ်ဆေးထိုးကြဖို့ လိုတယ်လို့ သတိပေးကြပါတယ်။

အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာ စိုးမင်းက “ကလေးအားလုံးရဲ့ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ရင်ပဲ ကာဗာဖြစ်နိုင်ပါတယ်၊ ထိုးဖို့ မကြောက်ပါနဲ့ သူက အဖျားသွေးပဲ တက်တတ်ပါတယ်၊ ဆေးလေးတိုက်လိုက်ရင် ရပါတယ်၊ ထိုးသင့်ပါတယ်၊ အားပေးတယ်”လို့ ပြောပါတယ်။
ကာကွယ်ဆေးကို သည်လ ၁၅ ရက်နေ့က နေ ၂၃ ရက်နေ့အထိ ကျောင်းနေအရွယ် ကလေးများအားလုံးနဲ့ ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်း၊ မိဘမဲ့ ကျောင်းတွေမှာ ကျောင်း အခြေပြုဆောင်ရွက်ပေးမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိကို ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်မှာ ဆေးထိုးဖို့ ပျက်ကွက်ခဲ့တဲ့ ကလေးငယ်တွေက ပြည်သူလူထု အခြေပြုကာကွယ် ဆေးထိုး အစီအစဉ်မှာ ထိုးနှံလို့ရပါတယ်။
ကာကွယ်ဆေးထိုးရမယ့် စာရင်းကို အောက်တိုဘာလအတွင်းက ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေကနေ တစ်ဆင့် ကျောင်းတွေမှာလည်း ပညာရေးမှူးတွေကတစ်ဆင့် ကောက်ယူထားပြီး ဖြစ်ပါတယ်။
ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးက ကျောင်းကျန်းမာရေးတာဝန်ခံဆရာဝန် ဒေါက် တာ နန်းရီလှိုင်ဦးက“ရပ်ကွက်ထဲက ကလေးတွေနဲ့ ကိုယ်ပိုင်ကျောင်းမှာနေတဲ့ ကလေးငယ်တွေက မိခင်နဲ့ ကလေးဌာနသက်ဆိုင်ရာတွေမှာ စာရင်း ရှိတယ်၊ အားလုံး ထိုးပေးရမှာပေါ့၊ ဒီဆေးက ဓာတ်မတည့်တဲ့ ကိစ္စ မရှိသလောက် နည်းတယ်၊ ဆေးထိုးပြီးရင် တစ်ချက် ပြန်မလွှတ်ဘဲ စောင့်ကြည့်မယ်၊ ၁၅ နှစ်အောက် ကလေးတိုင်း ထိုးသင့်ပါတယ်၊ စိတ်ပူဖို့ မလိုပါဘူး” ပြောပြပါတယ်။

ဘယ်လို ကူးစက်လဲ
ဂျပန် ဦးနှောက်ရောင် ရောဂါပိုး Japanese Encephalitis Virus သယ်ဆောင်တဲ့ ကျူးလက်ခြင် (culex tritaeniorhynchus) ကိုက် တာကြောင့် ရောဂါဖြစ်ပွားပါတယ်။ ခြင်မှတစ် ဆင့် ပိုးဟာ ဝက်၊ ငှက်၊ ဘဲ၊ ခို၊ လင်းနို့ တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကူးစက်ပွားများပါတယ်။
သည်တိရစ္ဆာန်တွေနဲ့ နီးကပ်စွာ နေထိုင်သူတွေမှာ ဖြစ်ပွားလေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။ သည်ရောဂါဟာ ခြင်ကိုက်ရာက ရရှိတဲ့ ရောဂါ ဖြစ်လို့ အသက်အရွယ်မရွေး၊ ကျား/မ မရွေးကူးစက်ဖြစ်ပွားနိုင်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နအနေနဲ့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ရောဂါ ဖြစ်ပွားမှုကို စဉ်ဆက် မပြတ် စောင့်ကြပ်ကြည့်ရှု သတင်းပေးပို့တာ၊ ဂျပန်ဦးနှောက်ရောင် ရောဂါဆိုင်ရာ မေးမြန်း စုံစမ်းတာ၊ လူနာအိမ်နှင့် ပတ်ဝန်းကျင်မှာ ဖျား နာသူ ရှိ/မရှိ ကျန်းမာရေးဝန်ထမ်းတွေက ရှာဖွေတာ၊လူနာနေအိမ် ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်တွေမှာ အလားတူရောဂါ ရှိ/မရှိ စုံစမ်းစစ်ဆေးတာ၊ ခြင်န ှိမ်နင်းရေးလုပ်ငန်းနဲ့ ကျန်းမာရေး အသိ ပညာပေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စွန့်ပစ်ကလေးငယ်တွေနဲ့ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ ကိုဖိုးဇော်ကတော့ သူစောင့်ရှောက်ထားတဲ့ ကလေးငယ်တွေကို အစိုးရက အခမဲ့ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေ အားလုံးကို ထိုးပေးထားပြီး လက်ရှိ ထိုးပေးမယ့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကိုလည်း မပျက်မကွက်ထိုးမယ်လို့ ဆိုပါတယ်။

သူတို့ စောင့်ရှောက်ထားတဲ့ ဂေဟာမှာ ဆေးထိုးပေးဖို့ လိုအပ်နေတဲ့ ကလေး ၃၄ ယောက်ကို သည်လ ၁၆ ရက်နေ့မှာ ထိုးဖို့လာ ရောက် အကြောင်းကြားပြီး ဖြစ်တယ်လို့ ပြောပါ တယ်။
သည်ကာကွယ်ဆေးဟာ သွေးနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေ၊ A B C ပိုး ရှိသူတွေ၊ ဆေးထိုးရန် မတည့်သူတွေ၊ တီဘီဆေးထိုးနေရသူတွေ၊ ကိုယ်ခံအားကျဆင်းနေသူတွေ၊ မကြာခဏ တက်တတ်သူတွေ၊အကြောဆွဲ၊ ပိုလီယိုရှိ သူတွေ၊ နားရောဂါ ရှိသူတွေ၊ ဦးနှောက်ရောင် ရောဂါပိုးရှိနေသူတွေ၊ ခွေးရူးပြန်ကာကွယ် ဆေးထိုးနေသူတွေဆိုရင် လက်ရှိ ကုသပေး နေတဲ့ ဆရာဝန်တွေကို ခွင့်ပြုချက်တောင်းပြီးမှ ဆေးထိုးရမှာပါ။
မတည့်တဲ့ဆေးရှိသူတွေလည်း ကြိုတင်အကြောင်းကြားရမယ်လို့ ဆေးထိုးနှံပေးမယ့် ဖိတ်စာ စာရွက်တွေမှာ သတိပေးချက်တွေအနေနဲ့ ထည့်သွင်းထားပါတယ်။

လှိုင်သာယာ ကျူးကျော်ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ မဝင်းမာကတော့ သူတို့နေတဲ့ နေရာတွေကို သည်ရောဂါနဲ့ ပတ်သက်ပြီး ဆေးထိုးဖို့ လာရောက် အကြောင်းကြားထား တာတွေ လက်ရှိအချိန်အထိ မတွေ့သေးဘူးလို့ ဆိုပါတယ်။
သူက “ကိုယ်တွေရဲ့ ဘဝက အပယ်ခံတွေပါ၊ ရပ်ကွက်က အိမ်ထောင်စုစာရင်းလဲ မဝင်တော့ ကလေးမှာသာ တကယ် ဖြစ်ခဲ့ရင် အသေ ခံရုံပဲရှိမယ်၊ ဘာမှမသိဘူး”လို့ ပြောပါတယ်။
ဖြေမဆည်နိုင်
ဂျပန်ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးသွားတယ်ဆိုတဲ့ ယွန်းယွန်းရဲ့ သတင်းကြောင့် သူတို့ ရပ်ကွက်မှာနေထိုင်တဲ့ ကလေးမိခင်တွေ အားလုံးကာကွယ်ဆေးထိုးနှံမယ့် ရက် ရောက်ရင် မပျက်မကွက် ထိုးနှံဖို့ စိတ်ဆန္ဒရှိနေ ကြပါတယ်။

သူတို့ မျက်စိရှေ့မှာ နေ့စဉ် နေ့တိုင်း စက်ဘီးစီးလေ့ကျင့်နေတဲ့ ယွန်းယွန်းလေး သည် ရောဂါကြောင့် မြန်မြန်ဆန်ဆန်သေဆုံးသွားတာကို ယူကြုံးမရ ဖြစ်နေကြပါတယ်။နာရေးအိမ်ကို ရောက်လာသူတွေ အားလုံးကလည်း ကလေးရုပ်အလောင်း ထည့်ထားတဲ့ သေတ္တာနားကို မယောင်မလည်နဲ့ ခိုးဝှက်ကြည့်လိုက်၊ စိတ်ကယောင်ကတမ်း ဖြစ်နေတဲ့ မိခင်ကို ကြည့်လိုက်နဲ့ သည်ဖြစ်ရပ်အတွက် ရင်နာမဆုံး ဖြစ်နေကြပါတယ်။
ယွန်းယွန်းရဲ့ မိခင်မငယ်ကတော့ ပါးစပ်ကနေ သူ့သမီးနာမည်ကို ရေရွတ်ပြီး ဘုရားစင် ဘေးနားမှာ ထောင်ထားတဲ့ စက်ဘီးစီးချန်ပီယံ ဒိုင်းဆုကို ရပ်နေသူတွေထဲက တစ်ယောက်ကို ယူခိုင်းပြီး ‘ဒါ သမီးဆုရတုန်းက ဒိုင်းဆုလေ၊ သူက စက်ဘီးစီးတာကို သိပ်ပြီး စိတ်ဝင်စား တာ၊ ခုတောင် ညနေရောက်နေပြီ ပြန်မလာသေးဘူး၊ လေ့ကျင့်နေတာလေ”လို့ နာရေးလာသူတွေကို မမောတမ်း ရှင်းပြနေတယ်။

သူက’သူကဆုရတော့ ကျွန်တော်က သူ့ကို စက်ဘီးအသစ်လေး တစ်စီး ဝယ်ပေးလိုက်တယ်၊ သူစီးနေကျ စက်ဘီး အဟောင်းလေးကို စက်ဘီးမရှိတဲ့ သူ့သူငယ်ချင်းကို ပေးလိုက်ပါ ဆိုပြီး ပြောလို့ ကျွန်တော်ပေးခဲ့ပြီးပြီ၊ ခုအသစ်ဝယ်ထားတဲ့ စက်ဘီးအသစ်လေးကတော့ အိမ်မှာ စီးမယ့်သူ မရှိတော့ဘူး၊ သူပြိုင်ပွဲတွေ အများ ကြီးပြိုင်ချင်တယ်လို့ ပြောသွားတဲ့ သူ့ဆန္ဒလေး မပြည့်ဝသွားဘူး၊ ကျွန်တော်အခုဆို ရင်နာနာနဲ့ ကာကွယ်ဆေးထိုးကြဖို့ အသိပေးရတယ်၊ ကျွန်တော် မခံစားနိုင်တော့ဘူး”လို့ ပြောရင်း သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျနေပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top