Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္-မႏၲေလးအျမန္ လမ္းႀကီးတြင္ ႏုိ၀င္ဘာ ၁၂ ရက္ နံနက္က အိမ္စီးကား Alphard တစ္စီးေရွ႕ဘီးျပဳတ္ထြက္ကာ တိမ္းေမွာက္သျဖင့္ ယာဥ္ေပၚပါသူ ငါးဦးဒဏ္ရာရရွိခဲ့သည္။

သီးကုန္းအျမန္လမ္း မုိင္တုိင္အမွတ္ ၃၀၄ မုိင္ ၃ ဖာလုံအေက်ာ္တြင္  ယာဥ္ေမာင္းျမတ္မင္းကို ေမာင္းႏွင္လာေသာ Alphard ယာဥ္သည္ ယာဘက္ေရွ႕ဘီးျပဳတ္ထြက္ၿပီး အရွိန္မထိန္းႏုိင္ဘဲ တိမ္းေမွာက္ခဲ့ေၾကာင္း အျမန္လမ္းရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

‘‘ကားေရွ႕ဘီးပြင့္ထြက္သြား တယ္။ ၿပီးေတာ့မွ ဘီးပါကၽြတ္ ထြက္ၿပီး   ေမွာက္သြားတာပါ။ ကား ေပၚပါတဲ့သူေတြထဲမွာေတာ့ စိုးရိမ္ရတဲ့သူေတြ မပါပါဘူး’’ဟု အျမန္လမ္းၾကက္ေျခနီအဖဲြ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အဆုိပါ ယာဥ္သည္ မႏၲေလးမွ ေနျပည္ေတာ္သို႔ ေမာင္းႏွင္စဥ္တိမ္းေမွာက္ၿပီး ထိခိုက္ဒဏ္ရာရ သူမ်ားကို မိတၳီလာေဆး႐ုံသုိ႔ တင္ပုိ႔ထားေၾကာင္း သီးကုန္းအျမန္လမ္းရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ကားေပၚမွာ ပါလာတာ ေတာ့ လူငယ္ေလးေတြ။ ေက်ာင္း ပိတ္ရက္ ခရီးထြက္လာတဲ့ပုံေတာ့  ေပၚပါတယ္။ ကားကုိေသခ်ာစစ္ ေဆးၿပီးမွ ထြက္ပါလို႔ေျပာခ်င္ တယ္။  အခုလည္းကားက ေကာင္း ေပမယ့္ ဘီးေတြ ေသခ်ာမစစ္လို႔ ျဖစ္တာပါ။ လူေတြဘာမွ ႀကီးႀကီး မားမား မထိတာ ကံေကာင္းပါ တယ္’’ဟု အျမန္လမ္းၾကက္ေျခ နီအဖဲြ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ယာဥ္ေမာင္းသူကုိ ယာဥ္္မဆင္မျခင္ ေမာင္းႏွင္မႈျဖင့္ သီးကုန္းအျမန္လမ္းရဲစခန္းက အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ရန်ကုန်-မန္တလေးအမြန် လမ်းကြီးတွင် နိုဝင်ဘာ ၁၂ ရက် နံနက်က အိမ်စီးကား Alphard တစ်စီးရှေ့ဘီးပြုတ်ထွက်ကာ တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါသူ ငါးဦးဒဏ်ရာရရှိခဲ့သည်။

သီးကုန်းအမြန်လမ်း မိုင်တိုင်အမှတ် ၃၀၄ မိုင် ၃ ဖာလုံအကျော်တွင်  ယာဉ်မောင်းမြတ်မင်းကို မောင်းနှင်လာသော Alphard ယာဉ်သည် ယာဘက်ရှေ့ဘီးပြုတ်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

‘‘ကားရှေ့ဘီးပွင့်ထွက်သွား တယ်။ ပြီးတော့မှ ဘီးပါကျွတ် ထွက်ပြီး   မှောက်သွားတာပါ။ ကား ပေါ်ပါတဲ့သူတွေထဲမှာတော့ စိုးရိမ်ရတဲ့သူတွေ မပါပါဘူး’’ဟု အမြန်လမ်းကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်သည် မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်စဉ်တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ သူများကို မိတ္ထီလာဆေးရုံသို့ တင်ပို့ထားကြောင်း သီးကုန်းအမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကားပေါ်မှာ ပါလာတာ တော့ လူငယ်လေးတွေ။ ကျောင်း ပိတ်ရက် ခရီးထွက်လာတဲ့ပုံတော့  ပေါ်ပါတယ်။ ကားကိုသေချာစစ် ဆေးပြီးမှ ထွက်ပါလို့ပြောချင် တယ်။  အခုလည်းကားက ကောင်း ပေမယ့် ဘီးတွေ သေချာမစစ်လို့ ဖြစ်တာပါ။ လူတွေဘာမှ ကြီးကြီး မားမား မထိတာ ကံကောင်းပါ တယ်’’ဟု အမြန်လမ်းကြက်ခြေ နီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယာဉ်မောင်းသူကို ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် သီးကုန်းအမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top