Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တည္ၾကည္သပ္ရပ္ျပီး လိုက္ဖက္လွပတဲ့ ဖက္ရွင္မ်ိဳးကို ေခတ္မီမီ ၀တ္စားဆင္ယင္တတ္ျခင္းကလည္း မိန္းကေလးတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈကို တဖက္တလမ္းကေန အေထာက္အကူျပဳေစပါတယ္။

မဂၤလာ ပ်ိဳေမေလးတုိ႔ေရ။ အသက္ ၂၀ ေလာက္ ဆုိရင္ ေက်ာင္းၿပီးလုိ႔ လုပ္ငန္းခြင္ ဝင္ေနေလာက္ၿပီေပါ့ေနာ္။ အလုပ္စလုပ္ရတဲ့ ကာလေတြဟာ ဘယ္တုန္းကမွ မလြယ္ကူခဲ့ပါဘူး။ ေက်ာင္းစာေတြပဲ က်က္ေနခဲ့ရာက အလုပ္ထဲမွာ အဆင္ေျပေအာင္ ႀကိဳးစားရတဲ့အခါ အသားမက်ေသးခ်ိန္မွာ စိတ္ဆင္းရဲၾကရတယ္ေနာ္။ လုပ္ငန္းခြင္ဝင္ေနၾကတဲ့ ပ်ိဳေမေလးတုိ႔ကို အလုပ္ထဲမွာ အဆင္ေျပေစမယ့္ အၾကံဉာဏ္အခ်ိဳ႕ မဒီက ေျပာျပလိုက္ပါ့မယ္။

၁။ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္႐ွိပါေစ

မိမိကိုယ္ကို ယံုၾကည္မႈ အျပည့္အ၀ရွိေနတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ပံုစံက ျမင္သူတိုင္းရဲ႕အထင္ၾကီးေလးစားမႈကို ရရွိေစပါတယ္။ ေမာ္ၾကြားေနတဲ့ ပံုစံမ်ိဳးမဟုတ္ပဲ တက္ၾကြလန္းဆန္းတဲ့ဟန္ပန္အျပည့္နဲ႕ လွဴပ္ရွားမႈေတြက ကိုယ္တိုင္ စိတ္ေက်နပ္မႈကို ရရွိေစမွာျဖစ္ျပီးေတာ့ အျခားသူေတြဆီကိုပါ ယံုၾကည္မႈေတြ ကူးစက္ေစပါတယ္။

၂။ ေခတ္မီပါ၊ ေခတ္မလြန္ပါေစနဲ႔

အ၀တ္အစားပိုင္းမွာဆိုရင္လည္း သတိျပဳ ၀တ္ဆင္ဖို႕ အေရးပါပါတယ္။ စမတ္က်က်နဲ႕ခန္႕ျငားလွပေနျခင္းက မိမိရဲ႕ အိေျႏၵရွိမႈကို ေဖာ္က်ဴးေပးႏိုင္မွာျဖစ္ျပီး ကိုယ့္ရဲ႕ အဆင့္အတန္းတစ္ခုကိုလည္း ေဖာ္ျပေပးေနမွာပါ။ တည္ၾကည္သပ္ရပ္ျပီး လိုက္ဖက္လွပတဲ့ ဖက္ရွင္မ်ိဳးကို

ေခတ္မီမီ ၀တ္စားဆင္ယင္တတ္ျခင္းကလည္း မိန္းကေလးတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈကိုတဖက္တလမ္းမွေန အေထာက္အကူျပဳေစပါတယ္။

၃။ စကားေျပာတဲ့အခါတည္ၿငိမ္ပါေစ

လုပ္ငန္းခြင္အတြင္းျဖစ္ေစ၊ ျပင္ပလူေနမႈဘ၀မွာပဲ ျဖစ္ေစ တဖက္သားနဲ႕ စကားေျပာဆိုတဲ့အခါမ်ိဳးမွာတည္တည္ျငိမ္ျငိမ္နဲ႕ ေျပာဆိုတတ္ဖို႕လည္း လိုအပ္ပါတယ္။ ကလက္တက္တက္ဆန္စြာ ေျပာဆိုျခင္းမ်ိဳး၊ ပလစ္ဆန္စြာေျပာဆိုတာမ်ိဳးကို ေရွာင္ရွားျပီး တည္ျငိမ္မႈ၊ ယံုၾကည္မႈနဲ႕ ေအးေဆးျငင္သာစြာေျပာဆိုျခင္းျဖင့္ တဖက္သားအေပၚ လႊမ္းမိုးႏိုင္စြမ္း ရွိလာမွာျဖစ္ျပီး စည္းရုံးရတာလည္း လြယ္ကူေစပါတယ္။

၄။ ဘဝင္မျမင့္ရဘူး

သူတပါး အျမင္မွာ မိမိက ဂုဏ္ေမာက္သူ၊ ေခ်သူ ဆိုတဲ့ အျမင္မ်ိဳး မျဖစ္ေပၚေစဖို႕ ဆင္ျခင္ရမွာပါ။ တကူးတကၾကီးလုပ္ယူထားတာမ်ိဳးမဟုတ္တဲ့ ရိုးသားပြင့္လင့္တဲ့ ဟန္ပန္မ်ိဳးကိုသာ ပိုင္ဆိုင္ျပီဆိုရင္ေတာ့ သင့္ရဲ႕ ေဆာင္ရြက္တာေတြက ျပီးေျမာက္ေအာင္ျမင္ဖို႕ လြယ္ကူေစတယ္ေလ။ ခန္႕ခန္႕ထည္ထည္ ေနပါ၊ မ၀င့္ၾကြားမိေစဖို႕ေတာ့ သတိျပဳရပါလိမ့္မယ္။

၅။ လိုက္ေလ်ာညီေထြမႈရွိပါေစ

တဖက္သား စကားကို အေလးအနက္ထား နားေထာင္ေပးပါ။ တဖက္သား ေျပာဆိုမႈကို ေလးနက္စြာ နားေထာင္ေပးျပီးႏွစ္ဦးႏွစ္ဖက္လိုခ်င္တဲ့အေနအထားကို ညွိႏိႈင္းေျပာဆိုျခင္းမ်ိဳးက လုပ္ငန္းခြင္အတြင္း နားလည္မႈျပည့္၀လာေစျပီး အေပးအယူ ညီညႊတ္မွ်တမႈအျပည့္နဲ႕ အတူတူပူးေပါင္းေဆာင္ရြက္ႏိုင္ျပီေလ။ သာမာန္ျငင္းခုံရတာမ်ိဳးက အစျပဳျပီးလိုက္ေလ်ာညီေထြမႈရွိစြာ ဆက္ဆံတတ္ျခင္းက သင့္အလုပ္ေတြ ျပီးေျမာက္ဖို႕အတြက္ အေရးပါပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


တည်ကြည်သပ်ရပ်ပြီး လိုက်ဖက်လှပတဲ့ ဖက်ရှင်မျိုးကို ခေတ်မီမီ ဝတ်စားဆင်ယင်တတ်ခြင်းကလည်း မိန်းကလေးတစ်ယောက်ရဲ့ အောင်မြင်မှုကို တဖက်တလမ်းကနေ အထောက်အကူပြုစေပါတယ်။

မင်္ဂလာ ပျိုမေလေးတို့ရေ။ အသက် ၂၀ လောက် ဆိုရင် ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်နေလောက်ပြီပေါ့နော်။ အလုပ်စလုပ်ရတဲ့ ကာလတွေဟာ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ကျောင်းစာတွေပဲ ကျက်နေခဲ့ရာက အလုပ်ထဲမှာ အဆင်ပြေအောင် ကြိုးစားရတဲ့အခါ အသားမကျသေးချိန်မှာ စိတ်ဆင်းရဲကြရတယ်နော်။ လုပ်ငန်းခွင်ဝင်နေကြတဲ့ ပျိုမေလေးတို့ကို အလုပ်ထဲမှာ အဆင်ပြေစေမယ့် အကြံဉာဏ်အချို့ မဒီက ပြောပြလိုက်ပါ့မယ်။

၁။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိပါစေ

မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံက မြင်သူတိုင်းရဲ့အထင်ကြီးလေးစားမှုကို ရရှိစေပါတယ်။ မော်ကြွားနေတဲ့ ပုံစံမျိုးမဟုတ်ပဲ တက်ကြွလန်းဆန်းတဲ့ဟန်ပန်အပြည့်နဲ့ လှူပ်ရှားမှုတွေက ကိုယ်တိုင် စိတ်ကျေနပ်မှုကို ရရှိစေမှာဖြစ်ပြီးတော့ အခြားသူတွေဆီကိုပါ ယုံကြည်မှုတွေ ကူးစက်စေပါတယ်။

၂။ ခေတ်မီပါ၊ ခေတ်မလွန်ပါစေနဲ့

အဝတ်အစားပိုင်းမှာဆိုရင်လည်း သတိပြု ဝတ်ဆင်ဖို့ အရေးပါပါတယ်။ စမတ်ကျကျနဲ့ခန့်ငြားလှပနေခြင်းက မိမိရဲ့ အိနြေ္ဒရှိမှုကို ဖော်ကျူးပေးနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ အဆင့်အတန်းတစ်ခုကိုလည်း ဖော်ပြပေးနေမှာပါ။ တည်ကြည်သပ်ရပ်ပြီး လိုက်ဖက်လှပတဲ့ ဖက်ရှင်မျိုးကို

ခေတ်မီမီ ဝတ်စားဆင်ယင်တတ်ခြင်းကလည်း မိန်းကလေးတစ်ယောက်ရဲ့ အောင်မြင်မှုကိုတဖက်တလမ်းမှနေ အထောက်အကူပြုစေပါတယ်။

၃။ စကားပြောတဲ့အခါတည်ငြိမ်ပါစေ

လုပ်ငန်းခွင်အတွင်းဖြစ်စေ၊ ပြင်ပလူနေမှုဘဝမှာပဲ ဖြစ်စေ တဖက်သားနဲ့ စကားပြောဆိုတဲ့အခါမျိုးမှာတည်တည်ငြိမ်ငြိမ်နဲ့ ပြောဆိုတတ်ဖို့လည်း လိုအပ်ပါတယ်။ ကလက်တက်တက်ဆန်စွာ ပြောဆိုခြင်းမျိုး၊ ပလစ်ဆန်စွာပြောဆိုတာမျိုးကို ရှောင်ရှားပြီး တည်ငြိမ်မှု၊ ယုံကြည်မှုနဲ့ အေးဆေးငြင်သာစွာပြောဆိုခြင်းဖြင့် တဖက်သားအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိလာမှာဖြစ်ပြီး စည်းရုံးရတာလည်း လွယ်ကူစေပါတယ်။

၄။ ဘဝင်မမြင့်ရဘူး

သူတပါး အမြင်မှာ မိမိက ဂုဏ်မောက်သူ၊ ချေသူ ဆိုတဲ့ အမြင်မျိုး မဖြစ်ပေါ်စေဖို့ ဆင်ခြင်ရမှာပါ။ တကူးတကကြီးလုပ်ယူထားတာမျိုးမဟုတ်တဲ့ ရိုးသားပွင့်လင့်တဲ့ ဟန်ပန်မျိုးကိုသာ ပိုင်ဆိုင်ပြီဆိုရင်တော့ သင့်ရဲ့ ဆောင်ရွက်တာတွေက ပြီးမြောက်အောင်မြင်ဖို့ လွယ်ကူစေတယ်လေ။ ခန့်ခန့်ထည်ထည် နေပါ၊ မဝင့်ကြွားမိစေဖို့တော့ သတိပြုရပါလိမ့်မယ်။

၅။ လိုက်လျောညီထွေမှုရှိပါစေ

တဖက်သား စကားကို အလေးအနက်ထား နားထောင်ပေးပါ။ တဖက်သား ပြောဆိုမှုကို လေးနက်စွာ နားထောင်ပေးပြီးနှစ်ဦးနှစ်ဖက်လိုချင်တဲ့အနေအထားကို ညှိနှိုင်းပြောဆိုခြင်းမျိုးက လုပ်ငန်းခွင်အတွင်း နားလည်မှုပြည့်ဝလာစေပြီး အပေးအယူ ညီညွှတ်မျှတမှုအပြည့်နဲ့ အတူတူပူးပေါင်းဆောင်ရွက်နိုင်ပြီလေ။ သာမာန်ငြင်းခုံရတာမျိုးက အစပြုပြီးလိုက်လျောညီထွေမှုရှိစွာ ဆက်ဆံတတ်ခြင်းက သင့်အလုပ်တွေ ပြီးမြောက်ဖို့အတွက် အရေးပါပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top