








Credit: Duwun
#Unicode Version#
ဘယ်လောက်ဆုပေါက်တယ်ထင်လဲ။

မင်းမော်ကွန်းကတော့ အိမ်ထောင်သက် နှစ်နှစ်ဆယ်ပြည့်အမှတ်တရအနေနဲ့ မိန်းမနဲ့အတူ ထီစပ်တူထိုးခဲ့ပါတယ်တဲ့။

အဲ့ဒီထိုးခဲ့တဲ့ ထီက ဒီနေ့(နိုဝင်ဘာ၁ရက်)နေ့ ထီထွက်တဲ့နေ့မှာတော့ သူတို့ နှစ်ယောက်ထိုးခဲ့တဲ့ထီက ပေါက်တယ်လို့ သိရပါတယ်။ ထီပေါက်တဲ့အတွက်လည်း မင်းမော်ကွန်းတစ်ယောက် ပျော်လို့နေပါတယ်။

ထီကတော့ ငါးသောင်းဆုပေါက်တာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"မနေ့ကအိမ်ထောင်သက်နှစ်နှစ်ဆယ်ပြည့်

အမှတ်တရ မိန်းမနဲ့ထီစပ်တူထိုးတယ်

ဒီနေ့တကယ်ပေါက်တယ်ဗျို့" ဆိုပြီး ပြောထားပါတယ်။

မင်းမော်ကွန်းဟာ အနုပညာလောကထဲမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပြီး သမီးတစ်ယောက်၊ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားသူ ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top