Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံ မွ အမ်ိဳးသမီး တဦးဟာ ကေလး ကို ေပြ႔ခ်ီလ်က္သား အေျခအေနနဲ႔ ယာဘစိတ္ႂကြမူးယစ္ေဆး သံုးစြဲေနတဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ စာမ်က္ႏွာ ေတြေပၚမွာ ပ်ံ႔ႏွံ႔ခဲ့ၿပီးေနာက္မွာ ေဝဖန္မႈ ေတြ ျမင့္တက္ေနပါတယ္။

ဒီ ႐ုပ္သံ ဗြီဒီယိုဖိုင္ ကို အမ်ိဳးသား တဦးက အြန္လိုင္း ေပၚမွတဆင့္ မွ်ေဝခဲ့တာျဖစ္ၿပီး လူ ႔အဖြဲ႔အစည္း အတြက္ ခုလိုအေျခအေနေတြမွာ ဘယ္သူ႔မွာ တာဝန္ရွိေနသလဲလို႔ ေမးခြန္းထုတ္လိုက္တာပါ။

အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာ ေတြေပၚမွာေတာ့ ေဝဖန္မႈေတြ ပလူပ်ံေနခဲ့ကာ ထိုင္းဘာသာနဲ႔ထုတ္ေဝတဲ့ မန္ေနဂ်ာအြန္လိုင္း သတင္းကေတာ့ နာမက်န္းျဖစ္ေနတဲ့ စိတ္ပ်က္စရာေကာင္းတဲ့ အဖြဲ႔အစည္းတခုရဲ႕ ညႊန္းကိန္းလို႔ ေခါင္းစဥ္တပ္ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

႐ုပ္သံ ဗြီဒီယိုဖိုင္ ကိုတင္ခဲ့သူ အမ်ိဳးသား က သူဟာ ဒီ ျမင္ကြင္း ကို သူ႔ အဖြားအိမ္ သြားေရာက္လည္ပတ္ခ်ိန္မွာ ေတြ႔ျမင္ခဲ့ရတာလို႔ ေဖာ္ျပထားပါတယ္။

ေပြ႔ခ်ီထားခံရတဲ့ ကေလး ဟာ ေမြးကင္းစ အရြယ္သာ ရွိေသးၿပီး မူးယစ္ေဆးေငြ႔ ေတြကို ႐ႉ႐ႈိက္ေနရတယ္လို႔ သူက ေျပာပါတယ္။

လက္ရွိမွာေတာ့ ဒီကိစၥကို ရဲေတြဆီ တိုင္ၾကားထားၿပီး အင္တာနက္ အသံုးျပဳသူေတြကေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္က ထိုင္းလူမႈအဖြဲ႔အစည္းကို ေရာင္ျပန္ဟပ္ေနတဲ့ လူမႈျပႆနာေတြကို ေျပာျပေနတာျဖစ္တယ္လို႔ ေျပာေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ထိုင်းနိုင်ငံ မှ အမျိုးသမီး တဦးဟာ ကလေး ကို ပွေ့ချီလျက်သား အခြေအနေနဲ့ ယာဘစိတ်ကြွမူးယစ်ဆေး သုံးစွဲနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် စာမျက်နှာ တွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှု တွေ မြင့်တက်နေပါတယ်။

ဒီ ရုပ်သံ ဗွီဒီယိုဖိုင် ကို အမျိုးသား တဦးက အွန်လိုင်း ပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်း အတွက် ခုလိုအခြေအနေတွေမှာ ဘယ်သူ့မှာ တာဝန်ရှိနေသလဲလို့ မေးခွန်းထုတ်လိုက်တာပါ။

အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တွေပေါ်မှာတော့ ဝေဖန်မှုတွေ ပလူပျံနေခဲ့ကာ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်း သတင်းကတော့ နာမကျန်းဖြစ်နေတဲ့ စိတ်ပျက်စရာကောင်းတဲ့ အဖွဲ့အစည်းတခုရဲ့ ညွှန်းကိန်းလို့ ခေါင်းစဉ်တပ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ ဗွီဒီယိုဖိုင် ကိုတင်ခဲ့သူ အမျိုးသား က သူဟာ ဒီ မြင်ကွင်း ကို သူ့ အဖွားအိမ် သွားရောက်လည်ပတ်ချိန်မှာ တွေ့မြင်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။

ပွေ့ချီထားခံရတဲ့ ကလေး ဟာ မွေးကင်းစ အရွယ်သာ ရှိသေးပြီး မူးယစ်ဆေးငွေ့ တွေကို ရှူရှိုက်နေရတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ဒီကိစ္စကို ရဲတွေဆီ တိုင်ကြားထားပြီး အင်တာနက် အသုံးပြုသူတွေကတော့ ဒီရုပ်သံဗွီဒီယိုဖိုင်က ထိုင်းလူမှုအဖွဲ့အစည်းကို ရောင်ပြန်ဟပ်နေတဲ့ လူမှုပြဿနာတွေကို ပြောပြနေတာဖြစ်တယ်လို့ ပြောနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top