ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေနာက္ေျမာက္ မုတ္သံုေလတိုက္ခတ္မႈနဲ႔အတူ ေအးျမ လန္းဆန္းမႈေတြနဲ႔ ေဆာင္းရာသီက ႏႈတ္ဆက္လိုက္တဲ့ အထိအေတြ႔က ေႏြရာသီရဲ႕ ပူျပင္းမႈေတြကို ေလ်ာ့က်ေစႏိုင္တာေၾကာင့္ လူေတြက ေဆာင္းရာသီေရာက္ဖို႔ကို အျမဲေမွ်ာ္လင့္ ေနတတ္ပါတယ္။ ေဆာင္းရာသီက ေကာင္းတဲ့အခ်က္ေတြ မ်ားေပမယ့္ မေကာင္းတဲ့ အခ်က္တစ္ခ်က္လည္းရွိေနပါတယ္။ ထိုအခ်က္က ေဆာင္းရာသီမွာ အေရျပားေျခာက္ေသြ႔တာ၊ ႏႈတ္ခမ္းကြဲတာလိုမ်ိဳး ေျခာက္ေသြ႔မႈကို ခံစားရတာပဲျဖစ္ပါတယ္။

ႏႈတ္ခမ္းေျခာက္ေသြ႔တာက အရမ္းကိုနာက်င္ပါတယ္။ တစ္ခါတေလ ႏႈတ္ခမ္း ေျခာက္ေသြ႔တဲ့ အခါ ေသြးထြက္တာမ်ိဳးေတြအထိ ျဖစ္ေပၚႏိုင္ပါတယ္။ တကယ္လို႔သင့္အေနနဲ႔ အဆိုပါ ျပႆနာေတြနဲ႔ ပတ္သက္ျပီး စိုးရိမ္ေနတယ္ဆိုရင္ေတာ့ အိမ္တြင္းသံုးပစၥည္းေလးေတြကို အသံုးျပဳျပီး ႏႈတ္ခမ္းေျခာက္ျပီးကြဲတာကို “ ဘိုင့္ဘိုင့္” လို႔သာႏႈတ္ဆက္လိုက္ပါ။

ႏႈတ္ခမ္းကြဲရတဲ့အေၾကာင္းရင္းခံေတြက ဘာေတြမ်ားျဖစ္မလဲ

ႏႈတ္ခမ္းေျခာက္ေသြ႔ကြဲအက္ကတဲ့ အေၾကာင္းအရင္းေတြ အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ အျဖစ္မ်ားတဲ့အေၾကာင္းအရင္းေတြကေတာ့ –

    ရာသီဥတုအကူးအေျပာင္း
    အသက္အရြယ္ၾကီးရင့္လာမႈကလည္း ႏႈတ္ခမ္းေျခာက္ေသြ႔ရျခင္းရဲ႕ အဓိက အေၾကာင္းအရင္း တစ္ရပ္ပါ။
    ႏႈတ္ခမ္းကိုက္တာကလည္း ႏႈတ္ခမ္းကိုေသြးထြက္ေစျပီး ကြဲေစႏိုင္ပါတယ္။
    ႏႈတ္ခမ္းကို လ်က္တာကလည္း အက်င့္ဆိုးတစ္ခုပါ။
    ႏႈတ္ခမ္းကို လက္ေခ်ာင္းေတြနဲ႔ကိုင္တြယ္ထိေတြ႔တာက ပိုးေတြကို ကူးစက္ေစႏိုင္ပါတယ္။
    ေရဓာတ္ခမ္းေျခာက္ျခင္း
    ႏႈတ္ခမ္းနီလိုမ်ိဳး ဓာတုပစၥည္းေတြအလြန္အကၽြံသံုးစြဲျခင္း
    အယ္လ္ကိုေဟာပါဝင္မႈေၾကာင့္ အေရျပားေျခာက္ေသြ႔ျခင္း
    တာရွည္ခံဓာတုေဗဒပစၥည္းေတြပါဝင္ေနတဲ့ ထုတ္ကုန္ေတြ  အသံုးျပဳျခင္း
    ႏႈတ္ခမ္းနီမဖ်က္ဘဲ ညအိပ္ျခင္း
    အယ္လ္ကိုေဟာ၊ ရီတင္ႏို နဲ႔ မန္ေသာ္ပါတဲ့ ႏႈတ္ခမ္းဆိုးေဆးမ်ား အသံုးျပဳျခင္း

ဘယ္လိုကာကြယ္မလဲ

ႏႈတ္ခမ္းကို အစိုဓာတ္ျပည့္ဝေအာင္ထားေပးဖို႔လိုပါတယ္။ အျပင္သြားတဲ့အခါမ်ိဳးမ်ာပဲျျဖစ္ျဖစ္ အိမ္မွာေနရင္းျဖစ္ျဖစ္ ႏႈတ္ခမ္းကို အစိုဓာတ္ျပည့္ဝေနေအာင္ ဂရုျပဳပါ။ ေန႔တိုင္း ေရဓာတ္လံုေလာက္ေအာင္ ေသာက္သံုးဖို႔ကလည္း အေရးပါလွပါတယ္။ ဒီလိုမ်ိုးလုပ္ေဆာင္ေပးျခင္းက ႏႈတ္ခမ္းကိုသာမက အေရျပားကိုပါ ေရဓာတ္ျပည့္ဝေစမွာ ျဖစ္ပါတယ္။ ေန႔စဥ္စားသံုးတဲ့ အစားအေသာက္ထဲမွာ ဗီတာမင္ ဘီ (Vitamine B) ပါဝင္မႈနည္းတာကလည္း ႏႈတ္ခမ္းေျခာက္ေသြ႔ ကြဲအက္တာကို ျဖစ္ေစႏိုင္တာေၾကာင့္ ေန႔စဥ္စားသံုးတဲ့ အစားအေသာက္ေတြထဲမွာ အနီေရာင္အသားေတြ၊ ေကြကာအုတ္၊ အဆီထုတ္ႏို႔၊ ဆြစ္ခ်ိစ္၊ ဥအမ်ိဳးမ်ိဳး၊ ပဲျပားတို႔ကို ထည့္သြင္းစားသံုးေပးျပီး ႏႈတ္ခမ္းကို ကာကြယ္လိုက္ပါ။

ႏႈတ္ခမ္းသားလွပက်န္းမာေအာင္ ဒါေတြလုပ္ေဆာင္ေပးပါ။

    ေဆးလိပ္ျဖတ္လိုက္ပါ – ေဆးလိပ္ေသာက္တာက ႏႈတ္ခမ္းသားကိုထိခိုက္ပ်က္စီးေစသလို အခ်ိန္ၾကာလာတာနဲပအမွ် ႏႈတ္ခမ္းသားအေရာင္ကို ပ်က္စီးေစႏိုင္တာေၾကာင့္ ေဆးလိပ္ျဖတ္လိုက္ပါ။
    ႏႈတ္ခမ္းကို အျမဲအစိုဓာတ္ရေနေစဖို႔ အစိုဓာတ္ထိန္းေပးတဲ့ ႏႈတ္ခမ္းဆိုးေဆးအသံုးျပဳပါ။
    ညအိပ္ရာမဝင္ခင္ အစိုဓာတ္ထိန္းေပးတဲ့ ႏႈတ္ခမ္းဆိုးေဆးဆိုးေပးပါ။
    ႏႈတ္ခမ္းကို တံေတြးစြတ္တဲ့အက်င့္ကိုေဖ်ာက္ပါ။
    တာရွည္ခံႏႈတ္ခမ္းနီေတြမဆိုးပါနဲ႔။

ေဆာင္းရာသီအတြက္ ႏႈတ္ခမ္းနီေရြးခ်ယ္ဝယ္ယူမယ္ဆိုရင္ေတာ့ အစိုဓာတ္ထိန္းေပးႏိုင္စြမ္းျမင့္မားတဲ့ ႏႈတ္ခမ္းဆိုးေဆးကိုေရြးခ်ယ္ပါ။

သင္ေရြးခ်ယ္တဲ့ ႏႈတ္ခမ္းဆိုးေဆးက ေရရွည္မွာအက်ိဳးသက္ေရာက္မႈရွိလာမွာျဖစ္ပါတယ္။ ပိုျပီးအက်ိဳးသက္ေရာက္ေစခ်င္ရင္ေတာ့ SPF ပါတဲ့ ႏႈတ္ခမ္းဆိုးေဆးမ်ိဳးကိုေရြးခ်ယ္ဝယ္ေပးပါ။ ႏႈတ္ခမ္းဆိုးေဆးဝယ္ယူတဲ့အခါ ေအာက္မွာျပထားတဲ့ အရာေတြပါတာကိုေရြးခ်ယ္ဝယ္ယူတာက အေကာင္းဆံုးပါပဲ။

Shea Butter – Shea butter က သဘာဝေနေလာင္ကာေဆးတစ္မ်ိဳးျဖစ္ျပီး အနာက်က္ေစႏိုင္စြမ္းရွိပါတယ္။ ႏႈတ္ခမ္းသားကို ေခ်ာေမြ႔ေစပါတယ္။

ရွားေစာင္းလက္ပတ္ – ရွားေစာင္းလက္ပတ္က ေရာင္ရမ္းမႈကို သက္သာေစျပီး ဘက္တီးရီးယားေတြကို ေသေစႏိုင္တာေၾကာင့္ အေရျပားကို ပိုးကူးစက္တာေတြကို ကာကြယ္ေပးျပီး ႏႈတ္ခမ္းသားကိုေခ်ာေမြ႔ေစႏိုင္သလို အစိုဓာတ္လည္းထိန္းေပးပါတယ္။

အလွဆီ –  အေရျပားကိုေခ်ာေမြ႔ေစျပီး အစိုဓာတ္ထိန္းေပးတဲ့ သဘာဝပစၥည္းတစ္မ်ိဳးပါ။

ဂ်ိဳဂ်ိဳးဘားဆီ – အေရျပားအတြက္ အေကာင္းဆံုးအာဟာရျဖည့္ေပးပါတယ္။။ အေရျပားကို ေခ်ာေမြ႔ႏူးညံ႔ေစပါတယ္။

ဗီတာမင္ အီး – ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္ရပ္ျဖစ္သလို အေရျပားကိုလည္း အစိုဓာတ္ထိန္းေပးပါတယ္။ ႏႈတ္ခမ္းကိုလည္းေနေရာင္ဒဏ္ကေနကာကြယ္ေပးနိုင္ပါတယ္။

အုန္းဆီ – အေရျပားေျခာက္ေသြ႔ယားယံတာကို သက္သာေစပါတယ္။ ႏႈတ္ခမ္းသားကိုႏူးညံ႔ေစျပီး အစိုဓာတ္ထိန္းေပးပါတယ္။

ပ်ားဖေယာင္း – အေရျပားကို အာဟာရဓာတ္ျဖည့္ေပးပါ။ ေရာင္ရမ္းမႈကိုေလ်ာ့က်ေစႏိုင္သလို ဘက္တီးရီးယားေတြကိုလည္း ေသေစႏိုင္တာေၾကာင့္ အေရျပားမထိခိုက္ေအာင္လုပ္ေဆာင္ေပးပါတယ္။

ဗီတာမင္ ေအ နဲ႔ ဗီတာမင္ ဒီ – ဒီဗီတာမင္ေတြမွာ fatty acid ပါဝင္ေနတာေၾကာင့္ အေရျပားကလိုအပ္တဲ့ အာဟာရဓာတ္ေတြကို အလြယ္တကူစုပ္ယူႏိုင္ေစပါတယ္။ အေရျပားကို ေခ်ာေမြ႔ေစျပီး အနာက်က္ျမန္ေစပါတယ္။

ႏႈတ္ခမ္းကြဲတာကို အိမ္သံုးပစၥည္းေတြနဲ႔ သက္သာေအာင္လုပ္ေဆာင္မယ္

မိမိအိမ္မွာ အလြယ္တကူရႏိုင္တဲ့ ပစၥည္းေလးေတြကို အသံုးျပဳျပီး ႏႈတ္ခမ္းကြဲတာကို သက္သာေအာင္လုပ္ေဆာင္လို႔ရပါတယ္။ ႏႈတ္ခမ္းကို အစိုဓာတ္ထိန္းေပးျခင္းက ႏႈတ္ခမ္းသားကို ေျခာက္ေသြ႔ကြဲအက္တာေတြကေနကာကြယ္ႏိုင္မယ့္ အေကာင္းဆံုးေသာ နည္းလမ္းတစ္ရပ္ပါ။ ႏႈတ္ခမ္းအစိုဓာတ္ထိန္းေပးႏိုင္မယ့္ အိမ္သံုးပစၥည္းေလးအခ်ိဳ႕နဲ႔ မိတ္ဆက္ေပးလိုက္ပါတယ္။

ပ်ားရည္ – ပ်ားရည္က ႏႈတ္ခမ္းအစိုဓာတ္ကိုထိန္းေပးႏိုင္တဲ့ အေကာင္းဆံုးေသာ အစိုဓာတ္ထိန္းပစၥည္းပါ။ ညအိပ္တဲ့အခါ ႏႈတ္ခမ္းမွာ ပ်ားရည္လူျပီး အိပ္ေပးပါ။ ႏႈတ္ခမ္းကိုေနေရာင္ေၾကာင့္ ညိဳမဲမႈကေနသက္သာေစျပီး သန္႔ရွင္းေစမွာျဖစ္ပါတယ္။

လက္ဖက္စိမ္းေရေႏြးအိတ္ေလးေတြ – အသံုးျပဳျပီးသား လက္ဖက္စိမ္းေရေႏြးအိတ္ေလးကို ႏႈတ္ခမ္းေပၚမွာ ၄ မိနစ္ေလာက္ဖိကပ္ေပးပါ။ ေနပတိုင္းလုပ္ေပးမယ္ဆိုရင္ ႏႈတ္ခမ္းေျခာက္ေသြ႔ ကြျအက္တာကို သက္သာေစမွာျဖစ္ပါတယ္။

သံပုရာရည္ – ႏို႔လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာကို သံပုရာရည္ ၃ စက္နဲ႔ေရာျပီး ေရခဲေသတၱာထဲမွာ တစ္နာရီေလာက္ထားေပးပါ။  မအိပ္ခင္ ႏႈတ္ခမ္းမွာ အဆိုပါေရာစပ္ထားတဲ့အရည္ကိုလူးေပးပါ။ ႏႈတ္ခမ္းသားကို တင္းရင္းျပည့္ျဖိဳးေစမွာျဖစ္ပါတယ္။

ဂ်ိဳဂ်ိဳးဘားဆီ –  ႏႈတ္ခမ္းကြဲတာကို သက္သာေစႏိုင္တဲ့အာနိသင္ရွိပါတယ္။ ႏႈတ္ခမ္းကြဲတဲ့ေနရာမွာ လူဒေပးမယ္ဆိုရင္ ႏႈၽတ္ခမ္းကြဲတာကို သက္သာေစမွာျဖစ္သလို ႏႈတ္ခမ္းကိုလည္း ေရဓာတ္ျပည့္ဝေစမွာျဖစ္ပါတယ္။

သခြားသီး – ႏႈတ္ခမ္းကို အခြံႏႊာထားတဲ့ သခြားသီးနဲ႔ပြတ္ေပးပါ။ သခြားသီးအရည္ကို ႏႈတ္ခမ္းမွာစြတ္ေပးျပီး မိနစ္ ၂၀ ေလာက္ထားေပးပါ။ ျပီးတဲ့ေနာက္ ေရနဲ႔ေဆးခ်လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အနောက်မြောက် မုတ်သုံလေတိုက်ခတ်မှုနဲ့အတူ အေးမြ လန်းဆန်းမှုတွေနဲ့ ဆောင်းရာသီက နှုတ်ဆက်လိုက်တဲ့ အထိအတွေ့က နွေရာသီရဲ့ ပူပြင်းမှုတွေကို လျော့ကျစေနိုင်တာကြောင့် လူတွေက ဆောင်းရာသီရောက်ဖို့ကို အမြဲမျှော်လင့် နေတတ်ပါတယ်။ ဆောင်းရာသီက ကောင်းတဲ့အချက်တွေ များပေမယ့် မကောင်းတဲ့ အချက်တစ်ချက်လည်းရှိနေပါတယ်။ ထိုအချက်က ဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊ နှုတ်ခမ်းကွဲတာလိုမျိုး ခြောက်သွေ့မှုကို ခံစားရတာပဲဖြစ်ပါတယ်။

နှုတ်ခမ်းခြောက်သွေ့တာက အရမ်းကိုနာကျင်ပါတယ်။ တစ်ခါတလေ နှုတ်ခမ်း ခြောက်သွေ့တဲ့ အခါ သွေးထွက်တာမျိုးတွေအထိ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အဆိုပါ ပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုရင်တော့ အိမ်တွင်းသုံးပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းခြောက်ပြီးကွဲတာကို “ ဘိုင့်ဘိုင့်” လို့သာနှုတ်ဆက်လိုက်ပါ။

နှုတ်ခမ်းကွဲရတဲ့အကြောင်းရင်းခံတွေက ဘာတွေများဖြစ်မလဲ

နှုတ်ခမ်းခြောက်သွေ့ကွဲအက်ကတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ –

    ရာသီဥတုအကူးအပြောင်း
    အသက်အရွယ်ကြီးရင့်လာမှုကလည်း နှုတ်ခမ်းခြောက်သွေ့ရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။
    နှုတ်ခမ်းကိုက်တာကလည်း နှုတ်ခမ်းကိုသွေးထွက်စေပြီး ကွဲစေနိုင်ပါတယ်။
    နှုတ်ခမ်းကို လျက်တာကလည်း အကျင့်ဆိုးတစ်ခုပါ။
    နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ကိုင်တွယ်ထိတွေ့တာက ပိုးတွေကို ကူးစက်စေနိုင်ပါတယ်။
    ရေဓာတ်ခမ်းခြောက်ခြင်း
    နှုတ်ခမ်းနီလိုမျိုး ဓာတုပစ္စည်းတွေအလွန်အကျွံသုံးစွဲခြင်း
    အယ်လ်ကိုဟောပါဝင်မှုကြောင့် အရေပြားခြောက်သွေ့ခြင်း
    တာရှည်ခံဓာတုဗေဒပစ္စည်းတွေပါဝင်နေတဲ့ ထုတ်ကုန်တွေ  အသုံးပြုခြင်း
    နှုတ်ခမ်းနီမဖျက်ဘဲ ညအိပ်ခြင်း
    အယ်လ်ကိုဟော၊ ရီတင်နို နဲ့ မန်သော်ပါတဲ့ နှုတ်ခမ်းဆိုးဆေးများ အသုံးပြုခြင်း

ဘယ်လိုကာကွယ်မလဲ

နှုတ်ခမ်းကို အစိုဓာတ်ပြည့်ဝအောင်ထားပေးဖို့လိုပါတယ်။ အပြင်သွားတဲ့အခါမျိုးမျာပဲြဖြစ်ဖြစ် အိမ်မှာနေရင်းဖြစ်ဖြစ် နှုတ်ခမ်းကို အစိုဓာတ်ပြည့်ဝနေအောင် ဂရုပြုပါ။ နေ့တိုင်း ရေဓာတ်လုံလောက်အောင် သောက်သုံးဖို့ကလည်း အရေးပါလှပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးခြင်းက နှုတ်ခမ်းကိုသာမက အရေပြားကိုပါ ရေဓာတ်ပြည့်ဝစေမှာ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် ဘီ (Vitamine B) ပါဝင်မှုနည်းတာကလည်း နှုတ်ခမ်းခြောက်သွေ့ ကွဲအက်တာကို ဖြစ်စေနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အနီရောင်အသားတွေ၊ ကွေကာအုတ်၊ အဆီထုတ်နို့၊ ဆွစ်ချိစ်၊ ဥအမျိုးမျိုး၊ ပဲပြားတို့ကို ထည့်သွင်းစားသုံးပေးပြီး နှုတ်ခမ်းကို ကာကွယ်လိုက်ပါ။

နှုတ်ခမ်းသားလှပကျန်းမာအောင် ဒါတွေလုပ်ဆောင်ပေးပါ။

    ဆေးလိပ်ဖြတ်လိုက်ပါ – ဆေးလိပ်သောက်တာက နှုတ်ခမ်းသားကိုထိခိုက်ပျက်စီးစေသလို အချိန်ကြာလာတာနဲပအမျှ နှုတ်ခမ်းသားအရောင်ကို ပျက်စီးစေနိုင်တာကြောင့် ဆေးလိပ်ဖြတ်လိုက်ပါ။
    နှုတ်ခမ်းကို အမြဲအစိုဓာတ်ရနေစေဖို့ အစိုဓာတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးအသုံးပြုပါ။
    ညအိပ်ရာမဝင်ခင် အစိုဓာတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးဆိုးပေးပါ။
    နှုတ်ခမ်းကို တံတွေးစွတ်တဲ့အကျင့်ကိုဖျောက်ပါ။
    တာရှည်ခံနှုတ်ခမ်းနီတွေမဆိုးပါနဲ့။

ဆောင်းရာသီအတွက် နှုတ်ခမ်းနီရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ အစိုဓာတ်ထိန်းပေးနိုင်စွမ်းမြင့်မားတဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ပါ။

သင်ရွေးချယ်တဲ့ နှုတ်ခမ်းဆိုးဆေးက ရေရှည်မှာအကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ ပိုပြီးအကျိုးသက်ရောက်စေချင်ရင်တော့ SPF ပါတဲ့ နှုတ်ခမ်းဆိုးဆေးမျိုးကိုရွေးချယ်ဝယ်ပေးပါ။ နှုတ်ခမ်းဆိုးဆေးဝယ်ယူတဲ့အခါ အောက်မှာပြထားတဲ့ အရာတွေပါတာကိုရွေးချယ်ဝယ်ယူတာက အကောင်းဆုံးပါပဲ။

Shea Butter – Shea butter က သဘာဝနေလောင်ကာဆေးတစ်မျိုးဖြစ်ပြီး အနာကျက်စေနိုင်စွမ်းရှိပါတယ်။ နှုတ်ခမ်းသားကို ချောမွေ့စေပါတယ်။

ရှားစောင်းလက်ပတ် – ရှားစောင်းလက်ပတ်က ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် အရေပြားကို ပိုးကူးစက်တာတွေကို ကာကွယ်ပေးပြီး နှုတ်ခမ်းသားကိုချောမွေ့စေနိုင်သလို အစိုဓာတ်လည်းထိန်းပေးပါတယ်။

အလှဆီ –  အရေပြားကိုချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။

ဂျိုဂျိုးဘားဆီ – အရေပြားအတွက် အကောင်းဆုံးအာဟာရဖြည့်ပေးပါတယ်။။ အရေပြားကို ချောမွေ့နူးညံ့စေပါတယ်။

ဗီတာမင် အီး – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်သလို အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။ နှုတ်ခမ်းကိုလည်းနေရောင်ဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီ – အရေပြားခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ နှုတ်ခမ်းသားကိုနူးညံ့စေပြီး အစိုဓာတ်ထိန်းပေးပါတယ်။

ပျားဖယောင်း – အရေပြားကို အာဟာရဓာတ်ဖြည့်ပေးပါ။ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တာကြောင့် အရေပြားမထိခိုက်အောင်လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် အေ နဲ့ ဗီတာမင် ဒီ – ဒီဗီတာမင်တွေမှာ fatty acid ပါဝင်နေတာကြောင့် အရေပြားကလိုအပ်တဲ့ အာဟာရဓာတ်တွေကို အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ အရေပြားကို ချောမွေ့စေပြီး အနာကျက်မြန်စေပါတယ်။

နှုတ်ခမ်းကွဲတာကို အိမ်သုံးပစ္စည်းတွေနဲ့ သက်သာအောင်လုပ်ဆောင်မယ်

မိမိအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းကွဲတာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးခြင်းက နှုတ်ခမ်းသားကို ခြောက်သွေ့ကွဲအက်တာတွေကနေကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ရပ်ပါ။ နှုတ်ခမ်းအစိုဓာတ်ထိန်းပေးနိုင်မယ့် အိမ်သုံးပစ္စည်းလေးအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ပျားရည် – ပျားရည်က နှုတ်ခမ်းအစိုဓာတ်ကိုထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အစိုဓာတ်ထိန်းပစ္စည်းပါ။ ညအိပ်တဲ့အခါ နှုတ်ခမ်းမှာ ပျားရည်လူပြီး အိပ်ပေးပါ။ နှုတ်ခမ်းကိုနေရောင်ကြောင့် ညိုမဲမှုကနေသက်သာစေပြီး သန့်ရှင်းစေမှာဖြစ်ပါတယ်။

လက်ဖက်စိမ်းရေနွေးအိတ်လေးတွေ – အသုံးပြုပြီးသား လက်ဖက်စိမ်းရေနွေးအိတ်လေးကို နှုတ်ခမ်းပေါ်မှာ ၄ မိနစ်လောက်ဖိကပ်ပေးပါ။ နေပတိုင်းလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်သွေ့ ကွအြက်တာကို သက်သာစေမှာဖြစ်ပါတယ်။

သံပုရာရည် – နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပုရာရည် ၃ စက်နဲ့ရောပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားပေးပါ။  မအိပ်ခင် နှုတ်ခမ်းမှာ အဆိုပါရောစပ်ထားတဲ့အရည်ကိုလူးပေးပါ။ နှုတ်ခမ်းသားကို တင်းရင်းပြည့်ဖြိုးစေမှာဖြစ်ပါတယ်။

ဂျိုဂျိုးဘားဆီ –  နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ နှုတ်ခမ်းကွဲတဲ့နေရာမှာ လူဒပေးမယ်ဆိုရင် နှုျတ်ခမ်းကွဲတာကို သက်သာစေမှာဖြစ်သလို နှုတ်ခမ်းကိုလည်း ရေဓာတ်ပြည့်ဝစေမှာဖြစ်ပါတယ်။

သခွားသီး – နှုတ်ခမ်းကို အခွံနွှာထားတဲ့ သခွားသီးနဲ့ပွတ်ပေးပါ။ သခွားသီးအရည်ကို နှုတ်ခမ်းမှာစွတ်ပေးပြီး မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးတဲ့နောက် ရေနဲ့ဆေးချလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top