Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကြၽန္ေတာ္တို႕တေတြ အသက္ၾကီးလာတာနဲ႕အမွ် အေရးအေၾကာင္းေတြ ေပၚေပါက္လာတာဟာ ေရွာင္လႊဲလို႕မရတဲ့ အမွန္တရားတခု ျဖစ္ပါတယ္။ဒါေပမယ့္ အေရးအေၾကာင္းေတြ နည္းသြားေအာင္ ထိေရာက္စြာ လုပ္ေဆာင္ေပးႏိုင္တဲ့ သဘာဝနည္းလမ္းေတြလည္း အမွန္တကယ္ပဲ ရွိေနပါတယ္။

အေရးအေၾကာင္းေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႕အတြက္ အိမ္မွာပဲ ျပဳလုပ္ႏိုင္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

ေအာက္ေဖာ္ျပပါ နည္းလမ္းေလးေတြကို စမ္းသုံးၾကည့္ပါ။
၁။လတ္ဆတ္တဲ့ ႏြားႏို႕နဲ႕ ပ်ားရည္တို႕ကို အသုံးျပဳျပီး မ်က္ႏွာသစ္ေဆး ဖန္တီးၾကည့္ပါ။

·        ပ်ားရည္မွာ ပါဝင္တဲ့ အစိုဓာတ္ထိန္းပစၥည္းေတြဟာ သင့္အသားအေရကို သဘာဝအတိုင္း စိုေျပေနေစပါလိမ့္မယ္။ဒီလိုဆိုရင္ အေရျပားကို တင္းတင္းရင္းရင္းျဖစ္ေစတာမို႕ အေရးေၾကာင္းေတြကို ေလွ်ာ့ခ်ေပးပါလိမ့္မယ္။

ဒါ့အျပင္ လတ္ဆတ္တဲ့ ႏြားႏို႕မွာပါဝင္တဲ့ lactic acid ဟာ ေမြးညင္းေပါက္ေတြကို ပိတ္ဆို႕ေစႏိုင္တဲ့ အညစ္အေၾကးေတြကို ဖယ္ရွားေပးတာေၾကာင့္ သင့္အေရျပားအေနနဲ႕ collagen ဓာတ္ကို သဘာဝအတိုင္း ပိုမိုျပီး ထုတ္လုပ္ေပးႏိုင္ပါလိမ့္မယ္။
၂။သံပုရာရည္နဲ႕ သၾကားတို႕ကို အသုံးျပဳျပီး အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးပါ။

·        သၾကားမွာ ပါဝင္တဲ့ Glycolic acid ဟာ အေရျပားဆဲလ္ေသေတြကို ျပန္လည္ေကာင္းမြန္ေစပါတယ္။ဒါ့အျပင္ citric acid ဟာ တိုက္စားႏိုင္တဲ့ သတၱိရွိတာမို႕ အေရျပားဆဲလ္ေသေတြကို ညင္သာစြာ ဖယ္ရွားေပးမွာျဖစ္တာေၾကာင့္ သင့္အသားအေရကို ႏူးညံ့ေပ်ာ့ေျပာင္းေစပါလိမ့္မယ္။သံပုရာရည္မွာပါဝင္တဲ့ ဗီတာမင္စီဟာလည္း အေရျပားကေန collagen ထြက္ရွိမႈကို အားေပးကူညီပါတယ္။
၃။ၾကက္ဥအကာနဲ႕ မ်က္ႏွာဖုံးလုပ္ပါ။

·        ဒီနည္းလမ္းကေန အက်ိဳးအာနိသင္ရတာ ျမန္ေပမယ့္ ယာယီပဲ အက်ိဳးရွိပါတယ္။ၾကက္ဥအကာမွာ အသားအေရကို တင္းရင္းေစတဲ့ ဓာတ္တမ်ိဳးပါဝင္လို႕ပဲ ျဖစ္ပါတယ္။
၄။သင့္စားေသာက္မႈပံုစံ မွန္ကန္ပါေစ။

ေအာက္ေဖာ္ျပပါ အစားအစာေတြဟာ အသားအေရအတြက္ အက်ိဳးမ်ားေစပါတယ္။
·        ဓာတ္တိုးဆန္႕က်င္ပစၥည္းမ်ား

အေရးေၾကာင္းေတြျဖစ္ေပၚလာျခင္းအပါအဝင္ အသားအေရဆိုင္ရာ ျပႆနာေတြကို ျဖစ္ေပၚေစတဲ့ ဓာတ္ပစၥည္းေတြကို ဓာတ္တိုးဆန္႕က်င္ပစၥည္းေတြက ဆန္႕က်င္တိုက္ထုတ္ႏိုင္ပါတယ္။ဒါေၾကာင့္ ဘလူးဘယ္ရီသီးကဲ့သို႕ေသာ ဓာတ္တိုးဆန္႕က်င္ပစၥည္းေတြ ႂကြယ္ဝစြာ ပါဝင္တဲ့ အစားအစာေတြကို စားသုံးေပးရပါမယ္။
·        ဗီတာမင္

ဗီတာမင္ဓာတ္အမ်ားအျပားမွာ ဓာတ္တိုးဆန္႕က်င္ပစၥည္းေတြ ပါဝင္ပါတယ္။အသား၊ဥ နဲ႕ (ဆန္၊ဂ်ံု စတဲ့) whole grains ေတြကေန ဗီတာမင္ ဘီ အုပ္စုကို ရရွိႏိုင္သလို လတ္ဆတ္တဲ့ သစ္သီးေတြနဲ႕ ဟင္းသီးဟင္းရြက္ေတြကေန ဗီတာမင္ ေအ၊စီ နဲ႕ အီး တို႕ကို ရရွိေစပါတယ္။ဗာဒံေစ့မွာလည္း ဗီတာမင္ အီး ပမာဏ ျမင့္မားစြာ ပါဝင္ပါတယ္။
·        ေခ်ာကလက္

ေခ်ာကလက္ကို မ်ားမ်ားစားေပးပါ။ေခ်ာကလက္အမည္းရဲ့ အဓိကပါဝင္ပစၥည္း ကိုကာမွာ ဓာတ္တိုးဆန္႕က်င္ပစၥည္း ၇၂ရာခိုင္ႏွုန္းေလာက္ ပါဝင္ပါတယ္။ဒါ့အျပင္ သင့္အသားအေရကို ခရမ္းလြန္ေရာင္ျခည္ဒါဏ္ကေန ကာကြယ္ေပးႏိုင္တဲ့ epicatechin နဲ႕catechins ဓာတ္ေတြလည္း ေခ်ာကလက္မွာ ပါဝင္ပါေသးတယ္။
·        အိုမီဂါ -၃ ပါဝင္တဲ့ အစားအစာေတြ

omega-3 fatty acids ဟာ အေရျပားကို အစိုဓာတ္ေထာက္ပံ့ေပးႏိုင္တဲ့အတြက္ omega-3 fatty acids ပါဝင္တဲ့ ဆယ္လ္မြန္ငါးေတြနဲ႕ ေရေအးေနငါးေတြကို စားေပးပါ။
၅။အေရးေၾကာင္းေတြကို ဖယ္ရွားေပးႏိုင္ဖို႕ မ်က္ႏွာကို ညင္သာစြာ ႏွိပ္နယ္ေပးပါ။

မ်က္ႏွာကို မိနစ္အနည္းငယ္ေလာက္ ႏွိပ္ေပးရင္ပဲ သင့္အသားအေရကို တင္းရင္းေစပါတယ္။ျပန္ရည္ဖုေတြကို အဓိကထား ႏွိပ္ေပးျခင္းအားျဖင့္ သင့္မ်က္ႏွာက ပိုလွ်ံေနတဲ့ ေရဓာတ္ေတြကို ဖယ္ရွားေပးႏိုင္မွာပါ။

အေကာင္းဆုံးေသာ အက်ိဳးအာနိသင္ကို ရရွိေစဖို႕အတြက္ မ်က္ႏွာေလ့က်င့္ခန္း မၾကာခဏ လုပ္ေပးရပါမယ္။ေအာက္ပါအခ်က္ေလးေတြကို လိုက္နာေဆာင္ရြက္ပါ။

·        လက္ညိႈးနဲ႕ လက္ခလယ္ကို အသုံးျပဳျပီး စက္ဝိုင္းပံုသ႑ာန္ ေရြ႕ရွားကာႏွိပ္နယ္ေပးပါ။

·        နားအေနာက္ဖက္က စတင္ႏွိပ္ရမွာျဖစ္ျပီး လည္ပင္းနဲ႕ ညွပ္႐ိုးတို႕ဆီကို ဦးတည္သြားရပါမယ္။

·        ထို႕ေနာက္ ေမးေစ့ေအာက္၊ေမး႐ိုးေအာက္တို႕မွတဆင့္ နားဆီကို ေရြ႕လ်ားျပီး ႏွိပ္ေပးရမွာပါ။

·        မ်က္လုံးရဲ့ အတြင္းဖက္ေထာင့္ကေန အျပင္ဖက္ေထာင့္ဆီကို ႏွိပ္သြားပါ။

·        ျပီးရင္ နားထင္ကို ႏွိပ္နယ္ေပးရမွာျဖစ္ျပီး နားထင္ကေန ေအာက္ကို တျဖည္းျဖည္းဆင္းသြားရပါမယ္။

က်န္းမာေရးနဲ႕ ညီညြတ္တဲ့ စားေသာက္ေနထိုင္မႈပံုစံကို လိုက္နာမယ္ဆိုရင္ အေရးေၾကာင္းေတြ ေလ်ာ့နည္းသြားမွာ အမွန္ပါ။ဒါေၾကာင့္ အထက္မွာ ေဖာ္ျပခဲ့တဲ့ နည္းလမ္းေလးေတြကို အခုပဲ စတင္အသုံးျပဳလိုက္ရေအာင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ကျွန်တော်တို့တတွေ အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေ ပေါ်ပေါက်လာတာဟာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ဒါပေမယ့် အရေးအကြောင်းတွေ နည်းသွားအောင် ထိရောက်စွာ လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေလည်း အမှန်တကယ်ပဲ ရှိနေပါတယ်။

အရေးအကြောင်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို စမ်းသုံးကြည့်ပါ။
၁။လတ်ဆတ်တဲ့ နွားနို့နဲ့ ပျားရည်တို့ကို အသုံးပြုပြီး မျက်နှာသစ်ဆေး ဖန်တီးကြည့်ပါ။

·        ပျားရည်မှာ ပါဝင်တဲ့ အစိုဓာတ်ထိန်းပစ္စည်းတွေဟာ သင့်အသားအရေကို သဘာဝအတိုင်း စိုပြေနေစေပါလိမ့်မယ်။ဒီလိုဆိုရင် အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတာမို့ အရေးကြောင်းတွေကို လျှော့ချပေးပါလိမ့်မယ်။

ဒါ့အပြင် လတ်ဆတ်တဲ့ နွားနို့မှာပါဝင်တဲ့ lactic acid ဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် သင့်အရေပြားအနေနဲ့ collagen ဓာတ်ကို သဘာဝအတိုင်း ပိုမိုပြီး ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။
၂။သံပုရာရည်နဲ့ သကြားတို့ကို အသုံးပြုပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပါ။

·        သကြားမှာ ပါဝင်တဲ့ Glycolic acid ဟာ အရေပြားဆဲလ်သေတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ဒါ့အပြင် citric acid ဟာ တိုက်စားနိုင်တဲ့ သတ္တိရှိတာမို့ အရေပြားဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးမှာဖြစ်တာကြောင့် သင့်အသားအရေကို နူးညံ့ပျော့ပြောင်းစေပါလိမ့်မယ်။သံပုရာရည်မှာပါဝင်တဲ့ ဗီတာမင်စီဟာလည်း အရေပြားကနေ collagen ထွက်ရှိမှုကို အားပေးကူညီပါတယ်။
၃။ကြက်ဥအကာနဲ့ မျက်နှာဖုံးလုပ်ပါ။

·        ဒီနည်းလမ်းကနေ အကျိုးအာနိသင်ရတာ မြန်ပေမယ့် ယာယီပဲ အကျိုးရှိပါတယ်။ကြက်ဥအကာမှာ အသားအရေကို တင်းရင်းစေတဲ့ ဓာတ်တမျိုးပါဝင်လို့ပဲ ဖြစ်ပါတယ်။
၄။သင့်စားသောက်မှုပုံစံ မှန်ကန်ပါစေ။

အောက်ဖော်ပြပါ အစားအစာတွေဟာ အသားအရေအတွက် အကျိုးများစေပါတယ်။
·        ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ

အရေးကြောင်းတွေဖြစ်ပေါ်လာခြင်းအပါအဝင် အသားအရေဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆန့်ကျင်တိုက်ထုတ်နိုင်ပါတယ်။ဒါကြောင့် ဘလူးဘယ်ရီသီးကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။
·        ဗီတာမင်

ဗီတာမင်ဓာတ်အများအပြားမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။အသား၊ဥ နဲ့ (ဆန်၊ဂျုံ စတဲ့) whole grains တွေကနေ ဗီတာမင် ဘီ အုပ်စုကို ရရှိနိုင်သလို လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင် အေ၊စီ နဲ့ အီး တို့ကို ရရှိစေပါတယ်။ဗာဒံစေ့မှာလည်း ဗီတာမင် အီး ပမာဏ မြင့်မားစွာ ပါဝင်ပါတယ်။
·        ချောကလက်

ချောကလက်ကို များများစားပေးပါ။ချောကလက်အမည်းရဲ့ အဓိကပါဝင်ပစ္စည်း ကိုကာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၇၂ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ဒါ့အပြင် သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ epicatechin နဲ့catechins ဓာတ်တွေလည်း ချောကလက်မှာ ပါဝင်ပါသေးတယ်။
·        အိုမီဂါ -၃ ပါဝင်တဲ့ အစားအစာတွေ

omega-3 fatty acids ဟာ အရေပြားကို အစိုဓာတ်ထောက်ပံ့ပေးနိုင်တဲ့အတွက် omega-3 fatty acids ပါဝင်တဲ့ ဆယ်လ်မွန်ငါးတွေနဲ့ ရေအေးနေငါးတွေကို စားပေးပါ။
၅။အရေးကြောင်းတွေကို ဖယ်ရှားပေးနိုင်ဖို့ မျက်နှာကို ညင်သာစွာ နှိပ်နယ်ပေးပါ။

မျက်နှာကို မိနစ်အနည်းငယ်လောက် နှိပ်ပေးရင်ပဲ သင့်အသားအရေကို တင်းရင်းစေပါတယ်။ပြန်ရည်ဖုတွေကို အဓိကထား နှိပ်ပေးခြင်းအားဖြင့် သင့်မျက်နှာက ပိုလျှံနေတဲ့ ရေဓာတ်တွေကို ဖယ်ရှားပေးနိုင်မှာပါ။

အကောင်းဆုံးသော အကျိုးအာနိသင်ကို ရရှိစေဖို့အတွက် မျက်နှာလေ့ကျင့်ခန်း မကြာခဏ လုပ်ပေးရပါမယ်။အောက်ပါအချက်လေးတွေကို လိုက်နာဆောင်ရွက်ပါ။

·        လက်ညှိုးနဲ့ လက်ခလယ်ကို အသုံးပြုပြီး စက်ဝိုင်းပုံသဏ္ဍာန် ရွေ့ရှားကာနှိပ်နယ်ပေးပါ။

·        နားအနောက်ဖက်က စတင်နှိပ်ရမှာဖြစ်ပြီး လည်ပင်းနဲ့ ညှပ်ရိုးတို့ဆီကို ဦးတည်သွားရပါမယ်။

·        ထို့နောက် မေးစေ့အောက်၊မေးရိုးအောက်တို့မှတဆင့် နားဆီကို ရွေ့လျားပြီး နှိပ်ပေးရမှာပါ။

·        မျက်လုံးရဲ့ အတွင်းဖက်ထောင့်ကနေ အပြင်ဖက်ထောင့်ဆီကို နှိပ်သွားပါ။

·        ပြီးရင် နားထင်ကို နှိပ်နယ်ပေးရမှာဖြစ်ပြီး နားထင်ကနေ အောက်ကို တဖြည်းဖြည်းဆင်းသွားရပါမယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင် အရေးကြောင်းတွေ လျော့နည်းသွားမှာ အမှန်ပါ။ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အခုပဲ စတင်အသုံးပြုလိုက်ရအောင်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top