ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ခါးနာေရာဂါ ျဖစ္လွ်င္ အလုပ္ပ်က္ အကိုင္ပ်က္ ျဖစ္ရသည္ကို ခံစားဖူးသူတုိင္း သိၾကသည္။ ခါးနာျဖစ္လွ်င္ လြယ္လြယ္ႏွင့္ မေပ်ာက္ႏုိင္ ရက္သတၱ တစ္ပတ္မွ ေလးပတ္ထိ ကုသရေလ့ ရွိသည္။ အခ်ဳိ႕ ခါးနာမွာ ေလးပတ္ ထက္ပင္ ပို၍ၾကာေလ့ ရွိသည္။ ခါးနာေလးမ်ဳိးရွိသည္။

၁။ ေလခို၍ျဖစ္ေသာခါးနာ
႐ုတ္တရက္ အေလးအပင္ မ, လိုက္ရာမွ ျဖစ္ေစ၊ ကိုယ္လက္ လႈပ္ရွားမႈ တစ္ခုခု ျပဳလုပ္ရာမွ ျဖစ္ေစ အေနအထား၊ ဟန္ခ်က္မမွန္ မႈေၾကာင့္ ခါးနာတတ္သည္။ အရပ္ေခၚ ခါးတြင္ေလခို သြားသည္ဟု ေခၚၾကသည္။ ခါးအလွည့္ အေစာင္းတြင္ အခန္႔မသင့္လွ်င္ ျဖစ္တတ္သည္။

၂။ ဒဏ္ေၾကာင့္ျဖစ္ေသာခါးနာ
ခါးကို တစ္စံုတစ္ရာျဖင့္ ႐ိုက္မိျခင္း၊ ထိခိုက္မိျခင္း၊ အျမင့္မွ ျပဳတ္က်ျခင္း၊ ေနာက္ျပန္ ေခ်ာ္လဲျခင္း၊ ခါးေပၚသို႔ ပစၥည္း တစ္စံုတစ္ရာ ျပဳတ္က်ျခင္း၊ အနင္းအႏွိပ္ ခံရာမွ လြန္ကဲ၍ ဒဏ္ျဖစ္သြားျခင္း၊ ယာဥ္၊ ကား၊ ရထားစီး၍ ခရီးသြားရာတြင္ အထိုင္ၾကာျခင္း၊ သက္ေသာင့္ သက္သာ မရွိျခင္း တို႔ေၾကာင့္ ခါးမွ အ႐ိုး၊ အဆစ္၊ ၾကြက္သားမ်ား ဒဏ္ျဖစ္ သြားႏုိင္သည္။

၃။ က်ီးေပါင္းေၾကာင့္ ျဖစ္ေသာခါးနာ
အထိုင္မ်ားေသာ သူမ်ား၊ ႐ံုးစာေရး ဝန္ထမ္းမ်ား၊ အေဝးေျပး ယာဥ္ေမာင္းမ်ား၊ အသက္အရြယ္ ႀကီးရင့္သူ၊ အ႐ိုးပြေရာဂါရွိသူ မ်ားတြင္ က်ီးေပါင္းတက္၊ ခါးနာေရာဂါ ျဖစ္ႏုိင္သည္။ သစ္ပင္တြင္ အေပြးတက္ ေသာအခါ ေဖာင္းၾကြ လာသကဲ့သို႔ အ႐ိုးအဆစ္မ်ား ေဖာင္းၾကြ၍ ပံုသဏၭာန္ မမွန္ျဖစ္ၿပီး တစ္ဆစ္ႏွင့္ တစ္ဆစ္ ထိဆက္သြားျခင္း၊ အာ႐ံုေၾကာငယ္ မ်ားကို ဖိမိ၊ ညပ္မိျခင္းတို႔ ျဖစ္ကာ ခါးနာေရာဂါ ျဖစ္လာသည္။ အကုရ ခက္ေသာ ခါးနာမ်ဳိးတြင္ ပါဝင္သည္။ ခါးကို ခဲဆြဲကုသ ေပးရေသာ ခါးနာမ်ဳိး ျဖစ္သည္။ လခ်ီ၊ ႏွစ္ခ်ီ၍ ကုသရေလ့ ရွိသည္။ က်ီးေပါင္းႏွင့္ ခါးေၾကာညပ္ သြား၍ ခြဲစိတ္ကုသ ရသူမ်ားလည္း ရွိသည္။ အာ႐ံုေၾကာညပ္ ေရာဂါေၾကာင့္ ဂ႐ုတစိုက္ မကုသလွ်င္ ျဖစ္ေစ၊ ကုသမႈမ်ားလွ်င္ ျဖစ္ေစ ေအာက္ပိုင္း ေသသည္ထိ ျဖစ္ၿပီး ဒုကၡိတဘဝ ေရာက္ရသူမ်ား ရွိသည္။ က်ီးေပါင္းတက္ ေရာဂါသည္ သဘာဝ မဟုတ္ေသာ ရယ္ဒီမိတ္ အစာ မ်ားေၾကာင့္လည္းျ ဖစ္ႏုိင္သည္ဟု ေလ့လာ ေတြ႕ရွိခ်က္၊ သုေတသန ျပဳခ်က္မ်ား ရွိသျဖင့္ ေခါက္ဆြဲေျခာက္ ႏွင့္ ေကာ္ဖီမစ္၊ ဆုိးေဆး ပါေသာမုန္႔မ်ား ကိုလည္း သတိျပဳ လာၾကသည္။

၄။ ေက်ာက္ကပ္ေၾကာင့္ ျဖစ္ေသာခါးနာ
ေက်ာက္ကပ္ေရာဂါ အမ်ဳိးမ်ဳိးေၾကာင့္ ခါးနာ ျဖစ္ႏုိင္သည္။ လူနာတစ္ဦးသည္ ပစၥည္းတစ္ခုကို ကုန္းေကာက္ လိုက္ရာမွ ခါးနာ သြားသည္။ သာမန္ထင္၍ ပ႐ုတ္ဆီ လိမ္းေနရာ ရက္ၾကာသည္ထိ မေပ်ာက္။ တစ္ခါတစ္ရံ သက္သာသလို ျဖစ္ရာမွ အလုပ္လုပ္လွ်င္ ျပန္နာလာသည္။ ေနာက္ဆံုးတြင္ ေဆး႐ံုတြင္ ျပၿပီး စစ္ေဆး ကုသမႈခံယူေသာ အခါမွ ေက်ာက္ကပ္တြင္ ေက်ာက္တည္ ေနသည္ကို ေတြ႕ရသည္။ ဆီးခ်ဳိေရာဂါႏွင့္ ေဂါက္ေရာဂါရွိ သူမ်ားတြင္လည္း ေက်ာက္ကပ္ ေရာင္ရာမွ ခါးႏွင့္ ဝမ္းဗိုက္တြင္ နာက်င္ ကိုက္ခဲသည့္ ေဝဒနာကို ခံစားရေလ့ ရွိသည္။ အျမင့္မွ ခုန္ခ်သူတစ္ဦး ခါးနာသြားရာ ဒဏ္ရာထင္၍ ေဆးလိမ္းေနရာမွ အဖ်ားဝင္ လာေသာအခါမွာ ေက်ာက္ကပ္တစ္ဖက္ လိမ္သြား၍ ပုပ္သြားသျဖင့္ ခြဲစိတ္ၿပီး ထုတ္လိုက္ရသည့္ အေျခအေနသို႔ ေရာက္သြားသည္။ ခါးနာလွ်င္ ေပါ့ေပါ့တန္တန္ မေနသင့္ေပ။ တတ္ကြၽမ္း နားလည္ေသာ ဆရာျဖင့္ အဆင့္ဆင့္ ျပသကုသ သင့္သည္။

အထက္တြင္ ေဖာ္ျပခဲ့ေသာ ခါးနာေဝဒနာ ေလးမ်ဳိးတြင္ နံပါတ္(၁) ေလ႐ိႈ၍ ျဖစ္ေသာ ခါးနာမွလြဲ၍ က်န္ ခါးနာမ်ားမွာ ေဆးခန္း၊ ေဆး႐ံုျပသ၍ စနစ္တက် ကုသျခင္း၊ X-Ray ဓာတ္မွန္ျဖင့္ စစ္ေဆးၿပီး မည္သည့္ခါးနာ အမ်ဳိးအစား ျဖစ္သည္ကို တတ္ကြၽမ္း နားလည္သည့္ သမားေတာ္ကို ျပၿပီး ကုသမႈခံယူ ရမည္ျဖစ္သည္။ ခါးနာကို အရပ္ အႏွိပ္သည္ျဖင့္ အႏွိပ္ခံ ကုသရာမွ အခ်ိန္ကုန္ၿပီး ကုသမႈ ေနာက္က်ကာ ဒုကၡေရာက္ရသူ၊ အသက္ဆံုး႐ံႈး ရသူမ်ားရွိ သျဖင့္ မေပါ့ဆသင့္ေသာ ေဝဒနာမ်ဳိး ျဖစ္ေၾကာင္း အသိေပး တင္ျပေရးသား လိုက္ရေပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရတနာပံုေန႔စဥ္

# Unicode Version ျဖင့္ ဖတ္ပါ #

 ခါးနာရောဂါ ဖြစ်လျှင် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရသည်ကို ခံစားဖူးသူတိုင်း သိကြသည်။ ခါးနာဖြစ်လျှင် လွယ်လွယ်နှင့် မပျောက်နိုင် ရက်သတ္တ တစ်ပတ်မှ လေးပတ်ထိ ကုသရလေ့ ရှိသည်။ အချို့ ခါးနာမှာ လေးပတ် ထက်ပင် ပို၍ကြာလေ့ ရှိသည်။ ခါးနာလေးမျိုးရှိသည်။

၁။ လေခို၍ဖြစ်သောခါးနာ
ရုတ်တရက် အလေးအပင် မ, လိုက်ရာမှ ဖြစ်စေ၊ ကိုယ်လက် လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ရာမှ ဖြစ်စေ အနေအထား၊ ဟန်ချက်မမှန် မှုကြောင့် ခါးနာတတ်သည်။ အရပ်ခေါ် ခါးတွင်လေခို သွားသည်ဟု ခေါ်ကြသည်။ ခါးအလှည့် အစောင်းတွင် အခန့်မသင့်လျှင် ဖြစ်တတ်သည်။

၂။ ဒဏ်ကြောင့်ဖြစ်သောခါးနာ
ခါးကို တစ်စုံတစ်ရာဖြင့် ရိုက်မိခြင်း၊ ထိခိုက်မိခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း၊ နောက်ပြန် ချော်လဲခြင်း၊ ခါးပေါ်သို့ ပစ္စည်း တစ်စုံတစ်ရာ ပြုတ်ကျခြင်း၊ အနင်းအနှိပ် ခံရာမှ လွန်ကဲ၍ ဒဏ်ဖြစ်သွားခြင်း၊ ယာဉ်၊ ကား၊ ရထားစီး၍ ခရီးသွားရာတွင် အထိုင်ကြာခြင်း၊ သက်သောင့် သက်သာ မရှိခြင်း တို့ကြောင့် ခါးမှ အရိုး၊ အဆစ်၊ ကြွက်သားများ ဒဏ်ဖြစ် သွားနိုင်သည်။

၃။ ကျီးပေါင်းကြောင့် ဖြစ်သောခါးနာ
အထိုင်များသော သူများ၊ ရုံးစာရေး ဝန်ထမ်းများ၊ အဝေးပြေး ယာဉ်မောင်းများ၊ အသက်အရွယ် ကြီးရင့်သူ၊ အရိုးပွရောဂါရှိသူ များတွင် ကျီးပေါင်းတက်၊ ခါးနာရောဂါ ဖြစ်နိုင်သည်။ သစ်ပင်တွင် အပွေးတက် သောအခါ ဖောင်းကြွ လာသကဲ့သို့ အရိုးအဆစ်များ ဖောင်းကြွ၍ ပုံသဏ္ဌာန် မမှန်ဖြစ်ပြီး တစ်ဆစ်နှင့် တစ်ဆစ် ထိဆက်သွားခြင်း၊ အာရုံကြောငယ် များကို ဖိမိ၊ ညပ်မိခြင်းတို့ ဖြစ်ကာ ခါးနာရောဂါ ဖြစ်လာသည်။ အကုရ ခက်သော ခါးနာမျိုးတွင် ပါဝင်သည်။ ခါးကို ခဲဆွဲကုသ ပေးရသော ခါးနာမျိုး ဖြစ်သည်။ လချီ၊ နှစ်ချီ၍ ကုသရလေ့ ရှိသည်။ ကျီးပေါင်းနှင့် ခါးကြောညပ် သွား၍ ခွဲစိတ်ကုသ ရသူများလည်း ရှိသည်။ အာရုံကြောညပ် ရောဂါကြောင့် ဂရုတစိုက် မကုသလျှင် ဖြစ်စေ၊ ကုသမှုများလျှင် ဖြစ်စေ အောက်ပိုင်း သေသည်ထိ ဖြစ်ပြီး ဒုက္ခိတဘဝ ရောက်ရသူများ ရှိသည်။ ကျီးပေါင်းတက် ရောဂါသည် သဘာဝ မဟုတ်သော ရယ်ဒီမိတ် အစာ များကြောင့်လည်းြ ဖစ်နိုင်သည်ဟု လေ့လာ တွေ့ရှိချက်၊ သုတေသန ပြုချက်များ ရှိသဖြင့် ခေါက်ဆွဲခြောက် နှင့် ကော်ဖီမစ်၊ ဆိုးဆေး ပါသောမုန့်များ ကိုလည်း သတိပြု လာကြသည်။

၄။ ကျောက်ကပ်ကြောင့် ဖြစ်သောခါးနာ
ကျောက်ကပ်ရောဂါ အမျိုးမျိုးကြောင့် ခါးနာ ဖြစ်နိုင်သည်။ လူနာတစ်ဦးသည် ပစ္စည်းတစ်ခုကို ကုန်းကောက် လိုက်ရာမှ ခါးနာ သွားသည်။ သာမန်ထင်၍ ပရုတ်ဆီ လိမ်းနေရာ ရက်ကြာသည်ထိ မပျောက်။ တစ်ခါတစ်ရံ သက်သာသလို ဖြစ်ရာမှ အလုပ်လုပ်လျှင် ပြန်နာလာသည်။ နောက်ဆုံးတွင် ဆေးရုံတွင် ပြပြီး စစ်ဆေး ကုသမှုခံယူသော အခါမှ ကျောက်ကပ်တွင် ကျောက်တည် နေသည်ကို တွေ့ရသည်။ ဆီးချိုရောဂါနှင့် ဂေါက်ရောဂါရှိ သူများတွင်လည်း ကျောက်ကပ် ရောင်ရာမှ ခါးနှင့် ဝမ်းဗိုက်တွင် နာကျင် ကိုက်ခဲသည့် ဝေဒနာကို ခံစားရလေ့ ရှိသည်။ အမြင့်မှ ခုန်ချသူတစ်ဦး ခါးနာသွားရာ ဒဏ်ရာထင်၍ ဆေးလိမ်းနေရာမှ အဖျားဝင် လာသောအခါမှာ ကျောက်ကပ်တစ်ဖက် လိမ်သွား၍ ပုပ်သွားသဖြင့် ခွဲစိတ်ပြီး ထုတ်လိုက်ရသည့် အခြေအနေသို့ ရောက်သွားသည်။ ခါးနာလျှင် ပေါ့ပေါ့တန်တန် မနေသင့်ပေ။ တတ်ကျွမ်း နားလည်သော ဆရာဖြင့် အဆင့်ဆင့် ပြသကုသ သင့်သည်။

အထက်တွင် ဖော်ပြခဲ့သော ခါးနာဝေဒနာ လေးမျိုးတွင် နံပါတ်(၁) လေရှို၍ ဖြစ်သော ခါးနာမှလွဲ၍ ကျန် ခါးနာများမှာ ဆေးခန်း၊ ဆေးရုံပြသ၍ စနစ်တကျ ကုသခြင်း၊ X-Ray ဓာတ်မှန်ဖြင့် စစ်ဆေးပြီး မည်သည့်ခါးနာ အမျိုးအစား ဖြစ်သည်ကို တတ်ကျွမ်း နားလည်သည့် သမားတော်ကို ပြပြီး ကုသမှုခံယူ ရမည်ဖြစ်သည်။ ခါးနာကို အရပ် အနှိပ်သည်ဖြင့် အနှိပ်ခံ ကုသရာမှ အချိန်ကုန်ပြီး ကုသမှု နောက်ကျကာ ဒုက္ခရောက်ရသူ၊ အသက်ဆုံးရှုံး ရသူများရှိ သဖြင့် မပေါ့ဆသင့်သော ဝေဒနာမျိုး ဖြစ်ကြောင်း အသိပေး တင်ပြရေးသား လိုက်ရပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရတနာပုံနေ့စဉ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top