ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 ရန္ကုန္တုိင္းေဒသႀကီးအတြင္း က်ဴးေက်ာ္ေနအိမ္ မ်ား ေဆာက္လုပ္မႈကို သက္ ဆုိင္ရာ အုပ္ခ်ဳပ္ေရးမွဴးမ်ားက ခြင့္ျပဳေနပါက တာဝန္မွ ရပ္စဲသည္အထိ အေရးယူမည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္စိုးက ေျပာၾကားသည္။

ႏိုဝင္ဘာ ၁၅ ရက္တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာခင္ ေမာင္ေမာင္က ၿမိဳ႕နယ္၊ ရပ္ကြက္ မ်ားအတြင္း အခုိင္အမာက်ဴး ေက်ာ္ေနျခင္းအား ခြင့္ျပဳထားျခင္း ကို အေရးယူရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းရာ ျပည္ထဲေရးဝန္ ႀကီးက အထက္ပါအတုိင္း ထည့္ သြင္းေျဖၾကားသည္။

ထပ္မံက်ဴးေက်ာ္ေနသည့္ တဲမ်ားကို တစ္တဲထိုး တစ္တဲရွင္း စနစ္ျဖင့္ ေဆာင္ရြက္ေနၿပီး ပုဂၢလိ က ေျမေပၚတြင္ က်ဴးေက်ာ္ပါက ေျမပိုင္ရွင္မ်ားက  လည္းေကာင္း၊ အစိုးရဌာနပိုင္ေျမျဖစ္ပါက သက္ဆုိင္ရာဌာနမ်ား၏ ဥပေဒထုပ္ထံုးလုပ္နည္းမ်ားျဖင့္ လည္းေကာင္းတရားစြဲဆိုမည္ ျဖစ္ေၾကာင္း ျပည္ထဲေရးဒုဝန္ႀကီးက ဆက္လက္ေျပာ ၾကားသည္။

သို႔ရာတြင္ ေမးခြန္းေမးျမန္း သည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ ေဒါက္တာခင္ေမာင္ ေမာင္က ၎၏ ၿမိဳ႕နယ္အတြင္း အေဆာက္အအံုအခိုင္အမာ ေဆာက္လုပ္၍ က်ဴးေက်ာ္သူမ်ား ႏွင့္ပတ္သက္၍ တုိင္ၾကားခဲ့ေသာ္လည္း အေရးယူေဆာင္ရြက္ျခင္းမရွိေၾကာင္း လႊတ္ေတာ္၌ ေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔ ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္းမွာရွိတဲ့ အိမ္ေတြက်ဴး ေက်ာ္လာတာကို တုိင္တဲ့အခါမွာ ရွင္းလင္းဖယ္ရွားေပးရမယ္ဆုိ ေတာ့ ဘယ္အခ်ိန္ဖယ္ရွားေပး မလဲလို႔ ေမးတဲ့အခါမွာ စီမံခ်က္ ခ်ၿပီး အမ်ားနဲ႔အတူ ရွင္းတဲ့အခါ က်ရင္ ဖယ္ေပးပါမယ္လို႔ ေျဖပါ တယ္’’ဟု ေဒါက္တာခင္ေမာင္ ေမာင္က ဆုိသည္။

ရန္ကုန္တုိင္းေဒသႀကီး ၃၇ ၿမိဳ႕နယ္အတြင္း က်ဴး ေက်ာ္စာရင္းမ်ားေကာက္ယူၿပီး စလစ္ထုတ္ေပးျခင္းကို ၂၀၁၆ ႏွစ္လယ္တြင္ စတင္ခဲ့ၿပီး ၂၀၁၇ ဇူလုိင္ ၁၀ ရက္တြင္ ၿပီးဆံုးခဲ့သည္ ဟု ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္စိုးက လႊတ္ေတာ္၌ ရွင္းျပသည္။

ယင္းေကာက္ယူထားခ်က္ အရ ၃၇ ၿမိဳ႕နယ္တြင္ က်ဴးေက်ာ္ အိမ္ေထာင္စု တစ္သိန္းတစ္ ေသာင္းငါးေထာင္ေက်ာ္ရွိၿပီး လူ ဦးေရ ေလးေသာင္းခုနစ္ေထာင္ ေက်ာ္ရွိေၾကာင္း ၎က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေအိမ် များ ဆောက်လုပ်မှုကို သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ခွင့်ပြုနေပါက တာဝန်မှ ရပ်စဲသည်အထိ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင် မောင်မောင်က မြို့နယ်၊ ရပ်ကွက် များအတွင်း အခိုင်အမာကျူး ကျော်နေခြင်းအား ခွင့်ပြုထားခြင်း ကို အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန် ကြီးက အထက်ပါအတိုင်း ထည့် သွင်းဖြေကြားသည်။

ထပ်မံကျူးကျော်နေသည့် တဲများကို တစ်တဲထိုး တစ်တဲရှင်း စနစ်ဖြင့် ဆောင်ရွက်နေပြီး ပုဂ္ဂလိ က မြေပေါ်တွင် ကျူးကျော်ပါက မြေပိုင်ရှင်များက  လည်းကောင်း၊ အစိုးရဌာနပိုင်မြေဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေထုပ်ထုံးလုပ်နည်းများဖြင့် လည်းကောင်းတရားစွဲဆိုမည် ဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီးက ဆက်လက်ပြော ကြားသည်။

သို့ရာတွင် မေးခွန်းမေးမြန်း သည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာခင်မောင် မောင်က ၎င်း၏ မြို့နယ်အတွင်း အဆောက်အအုံအခိုင်အမာ ဆောက်လုပ်၍ ကျူးကျော်သူများ နှင့်ပတ်သက်၍ တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း လွှတ်တော်၌ ပြောသည်။

‘‘ကျွန်တော်တို့ ဒဂုံမြို့သစ် မြောက်ပိုင်းမှာရှိတဲ့ အိမ်တွေကျူး ကျော်လာတာကို တိုင်တဲ့အခါမှာ ရှင်းလင်းဖယ်ရှားပေးရမယ်ဆို တော့ ဘယ်အချိန်ဖယ်ရှားပေး မလဲလို့ မေးတဲ့အခါမှာ စီမံချက် ချပြီး အများနဲ့အတူ ရှင်းတဲ့အခါ ကျရင် ဖယ်ပေးပါမယ်လို့ ဖြေပါ တယ်’’ဟု ဒေါက်တာခင်မောင် မောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ၃၇ မြို့နယ်အတွင်း ကျူး ကျော်စာရင်းများကောက်ယူပြီး စလစ်ထုတ်ပေးခြင်းကို ၂၀၁၆ နှစ်လယ်တွင် စတင်ခဲ့ပြီး ၂၀၁၇ ဇူလိုင် ၁၀ ရက်တွင် ပြီးဆုံးခဲ့သည် ဟု ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်၌ ရှင်းပြသည်။

ယင်းကောက်ယူထားချက် အရ ၃၇ မြို့နယ်တွင် ကျူးကျော် အိမ်ထောင်စု တစ်သိန်းတစ် သောင်းငါးထောင်ကျော်ရှိပြီး လူ ဦးရေ လေးသောင်းခုနစ်ထောင် ကျော်ရှိကြောင်း ၎င်းက ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top