Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဒီတစ္ခါေတာ့ ပ်ိဳေမ တို႔ေရလို႔ ေခၚတဲ့အခါမွာ ႏွစ္ခါခြဲေခၚရမယ္နဲ႔တူတယ္။ ဆယ္ေက်ာ္သက္ ပ်ိဳေလးေတြနဲ႔ သမီးေခ်ာတို႔ေမေမ မမလွလွေတြ ဆိုၿပီးေတာ့ေပါ့။ အက္ဒမင္ဟာ ႏွစ္ဘက္လံုးကေနၾကည့္ရင္ ကိုးလိုးကန္႔လန္႔အရြယ္ပါ။ ဆယ္ေက်ာ္သက္အရြယ္ မဟုတ္ေတာ့တာ ဆယ္စုႏွစ္တစ္ႏွစ္စာေလာက္ ၾကာခဲ့ၿပီေလ။ ဒါေပမယ့္ အခုထိ လြတ္လပ္ေရးအတြက္ (တိုက္ပြဲမျပင္းထန္ေတာ့ေပမယ့္) တိုက္ယူေနရဆဲဆိုေတာ့ ေယာင္းတို႔ ခံစားခ်က္ကို နားလည္ေပးႏိုင္ပါတယ္။ အခုထိအပ်ိဳႀကီးျဖစ္တုန္း ကေလးယူဖို႔လဲ စိတ္ကူးမရွိေပမယ့္ ေမေမနဲ႔ နီးနီးကပ္ကပ္ေနၿပီး အင္မတန္မွ ဖ်ပ္ဖ်ပ္လူးတဲ့ ဆယ္ေက်ာ္မသက္ ညီမဆိုးေပကို ထိန္းေနရတာမို႔ ဆယ္ေက်ာ္သက္ေမေမ ေယာင္းတို႔ကိုလဲ နားလည္ေပးႏိုင္လိမ့္မယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ခံယူပါတယ္။

အခုရက္ပိုင္း ျမင္ေနရတာေတြက သမီးေတြက သူတို႔သူငယ္ခ်င္းေတြကို အိမ္မပိုင္ဘူး ေျပာရမွာ ရွက္တယ္တဲ့။ အေမမလႊတ္ဘူးဆိုတာ အင္မတန္ မ်က္ႏွာငယ္စရာလို႔ ထင္ၾကပါတယ္တဲ့။ ဒီလိုျဖစ္ေနရင္ေတာ့ ေယာင္းေရ အက္ဒမင္အႀကံေပးပါ့မယ္။ ေမေမက ေယာင္းကိုမယံုဘူးဆိုရင္ ဘာလို႔မယံုတာလဲ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးပါ။ တစ္ခါမွမလႊတ္ေပးဘူးဘဲ မယံုျဖစ္ေနတာလား။ တစ္ခါလႊတ္ေပးလိုက္တာ ေယာင္းက အခ်ိန္တန္ အိမ္ျပန္မေရာက္လို႔ မယံုတာလား။ ေယာင္းက မယံုၾကည္စရာ လုပ္ထားဖူးတယ္ဆိုရင္ေတာ့ ေမေမေယာင္းကို ျပန္ယံုလာေအာင္ ယံုၾကည္မႈျပန္တည္ေဆာက္ ရပါမယ္။ တစ္ခါမွ မလႊတ္ဖူးဘဲနဲ႔ မယံုဘူးျဖစ္ေနရင္လဲ ယံုၾကည္မႈရွိလာေအာင္ တည္ေဆာက္ေပးရပါ့မယ္။ အက္ဒမင္ဆို ဒီအခ်ိန္ ျပန္ေရာက္မယ္ဆို ျပန္ေရာက္ေအာင္ လာပါတယ္။ ဒီသြားမယ္ဆိုၿပီး ဟိုမေရာက္ေစရဘူး။ ဒီလိုေလးေတြနဲ႔ ေမေမ့ယံုၾကည္မႈကို ရေအာင္ယူပါတယ္။

ဒါမွမဟုတ္ ေမေမက ေယာင္းကို စိတ္ပူေနတာလား။ ဒါဆိုရင္ေတာ့ ေယာင္းသူငယ္ခ်င္းေတြကို ျပန္ဆန္းစစ္ၾကည့္ပါ။ ေမေမစိတ္ပူေလာက္စရာ ဆိုးေပေလးေတြပါေနတာလား။ ပါေနရင္ေတာ့ ေယာင္းသူငယ္ခ်င္းေတြကို ေယာင္းစိစစ္သင့္ပါၿပီ။ မပါဘူးဆိုရင္ ေမေမစိတ္မပူေအာင္ ေယာင္းသူငယ္ခ်င္း အေကာင္းစားေလးေတြကို ေမေမနဲ႔ရင္းႏွီးေအာင္ မိတ္ဆက္ေပးထားပါ။ သူတို႔ေတြ အိမ္ကို အဝင္အထြက္ရွိေနပါေစ။ အက္ဒမင့္မွာေတာ့ အဲ့လိုသူငယ္ခ်င္းတစ္ေယာက္ ရွိခဲ့ဖူးပါတယ္။ အေမက သူ႔ကိုအရမ္းယံုတာေၾကာင့္ သူလာေခၚရင္ သူအာမခံေပးရင္ အက္ဒမင့္ကို ေပးထြက္ပါတယ္။ သူ႔အာမခံနဲ႔ အင္းလ်ားကန္ေဘာင္ေပၚေတာင္ ေယာက်္ားေလးေတြပါတဲ့ သူငယ္ခ်င္း အုပ္စုလိုက္ႀကီးနဲ႔ သြားဖူးပါတယ္။

လြတ္လပ္မႈလိုခ်င္ရင္ေတာ့ လြတ္လပ္မႈနဲ႔ ထိုက္တန္သူျဖစ္ေအာင္ ေနရပါ့မယ္။ အိမ္မွာလဲ ေမေမအားကိုးရတဲ့ သမီးျဖစ္ေအာင္ ကူညီလုပ္ကိုင္ေပးပါ။ ေမေမယံုေအာင္လဲ ကိုယ္ေျပာတဲ့စကားအတိုင္း တည္ပါ။

ဘယ္သြားမွာလဲ

သြားမယ့္ေနရာကို မလိမ္ပါနဲ႔။ ပြင့္ပြင့္လင္းလင္းေျပာပါ။

ဘယ္သူေတြပါမွာလဲ

ဒါလဲမလိမ္ပါနဲ႔ ေသခ်ာေျပာျပပါ။ ပါမယ့္လူေတြ ေတာ္ေတာ္မ်ားမ်ားဟာ ေမေမနဲ႔ ရင္းႏွီးသူေတြ ျဖစ္ေနရင္ ပိုေကာင္းပါလိမ့္မယ္။

ဘယ္အခ်ိန္ျပန္ေရာက္မွာလဲ

ေမေမနဲ႔ညွိပါ။ ေနာက္က်ႏိုင္ရင္ တတ္ႏိုင္သေလာက္ ေနာက္က်ေအာင္ ညွိယူပါ။ ၇နာရီဆို အဲ့အခ်ိန္အတိအက် အိမ္ေပၚေရာက္ေနပါေစ။

မ်ားေသာအားျဖင့္ ဒီအခ်က္သံုးခ်က္ကို ေသခ်ာေျပာျပႏိုင္ၿပီဆိုရင္ ေမေမကလဲ အရမ္းေတာ့ ခ်ဳပ္ကိုင္ထားမွာမဟုတ္ပါဘူး။ အက္ဒမင့္ေမေမဆို သမီးေတြကိုအရမ္းခ်စ္ေတာ့ နည္းနည္းခ်ဳပ္ခ်ယ္တဲ့ပံု ေပါက္ခ်င္ပါတယ္။ ဒါေပမဲ့ အက္ဒမင္က ေမေမယံုေအာင္ ေနျပႏိုင္တာမို႔ သိပ္ေတာ့ အဆိုးဝါးႀကီး မဟုတ္ပါဘူး။ အခုအသက္သံုးဆယ္နား နီးတဲ့ထိ သူ႔သမီးအပ်ိဳႀကီးကို စိတ္ပူတုန္းမို႔ သြားေတာ့မယ္ဆို ေသခ်ာေျပာျပသြားရပါတယ္။ အဓိကကေတာ့ ေမေမနဲ႔ စကားေတြအမ်ားႀကီးေျပာၿပီး သူ႔ကိုစိတ္ေက်နပ္မႈ ေပးႏိုင္ဖို႔ပါပဲ။

သမီးေခ်ာေတြကလည္း ေမေမတို႔ရဲ႕ အခ်စ္နဲ႔ စိုးရိမ္မႈကို နားလည္ေပးေစခ်င္သလို ေမြးသမိခင္ ေက်းဇူးရွင္တို႔ ဘက္ကလဲ ေခတ္ကာလသားသမီးေတြကို လမ္းမွားမေရာက္ေအာင္ ညႊန္ျပေပးတာက ကိုယ္ထင္တဲ့ လမ္းမွန္ေပၚကို ႀကိဳးတုပ္ၿပီး တြန္းပို႔ေနတာထက္ ပိုထိေရာက္တယ္ဆိုတာကို စဥ္းစားၾကေစခ်င္ပါတယ္။ သမီးတို႔ကလဲ ေမေမ့ကိုယံုၾကည္ေအာင္ သမီးအလိမၼာေလးေတြ လုပ္ၾကမယ္၊ ေမေမတို႔ကလဲ ကိုယ့္ငယ္ဘဝကို ျပန္ေတြးၿပီး သမီးတို႔အတြက္ ထိုက္သင့္တဲ့ လြတ္လပ္ခြင့္ကို ေပးမယ့္ဆိုရင္ျဖင့္ ေမေမနဲ႔သမီးၾကားမွာ ဆက္ဆံေရး အဆင္ေတြေခ်ာလို႔ ေပ်ာ္ရႊင္ၾကရမွာ အေသအခ်ာပါပဲ ေယာင္းတို႔ေရ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khine (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီတစ်ခါတော့ ပျိုမေ တို့ရေလို့ ခေါ်တဲ့အခါမှာ နှစ်ခါခွဲခေါ်ရမယ်နဲ့တူတယ်။ ဆယ်ကျော်သက် ပျိုလေးတွေနဲ့ သမီးချောတို့မေမေ မမလှလှတွေ ဆိုပြီးတော့ပေါ့။ အက်ဒမင်ဟာ နှစ်ဘက်လုံးကနေကြည့်ရင် ကိုးလိုးကန့်လန့်အရွယ်ပါ။ ဆယ်ကျော်သက်အရွယ် မဟုတ်တော့တာ ဆယ်စုနှစ်တစ်နှစ်စာလောက် ကြာခဲ့ပြီလေ။ ဒါပေမယ့် အခုထိ လွတ်လပ်ရေးအတွက် (တိုက်ပွဲမပြင်းထန်တော့ပေမယ့်) တိုက်ယူနေရဆဲဆိုတော့ ယောင်းတို့ ခံစားချက်ကို နားလည်ပေးနိုင်ပါတယ်။ အခုထိအပျိုကြီးဖြစ်တုန်း ကလေးယူဖို့လဲ စိတ်ကူးမရှိပေမယ့် မေမေနဲ့ နီးနီးကပ်ကပ်နေပြီး အင်မတန်မှ ဖျပ်ဖျပ်လူးတဲ့ ဆယ်ကျော်မသက် ညီမဆိုးပေကို ထိန်းနေရတာမို့ ဆယ်ကျော်သက်မေမေ ယောင်းတို့ကိုလဲ နားလည်ပေးနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူပါတယ်။

အခုရက်ပိုင်း မြင်နေရတာတွေက သမီးတွေက သူတို့သူငယ်ချင်းတွေကို အိမ်မပိုင်ဘူး ပြောရမှာ ရှက်တယ်တဲ့။ အမေမလွှတ်ဘူးဆိုတာ အင်မတန် မျက်နှာငယ်စရာလို့ ထင်ကြပါတယ်တဲ့။ ဒီလိုဖြစ်နေရင်တော့ ယောင်းရေ အက်ဒမင်အကြံပေးပါ့မယ်။ မေမေက ယောင်းကိုမယုံဘူးဆိုရင် ဘာလို့မယုံတာလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ တစ်ခါမှမလွှတ်ပေးဘူးဘဲ မယုံဖြစ်နေတာလား။ တစ်ခါလွှတ်ပေးလိုက်တာ ယောင်းက အချိန်တန် အိမ်ပြန်မရောက်လို့ မယုံတာလား။ ယောင်းက မယုံကြည်စရာ လုပ်ထားဖူးတယ်ဆိုရင်တော့ မေမေယောင်းကို ပြန်ယုံလာအောင် ယုံကြည်မှုပြန်တည်ဆောက် ရပါမယ်။ တစ်ခါမှ မလွှတ်ဖူးဘဲနဲ့ မယုံဘူးဖြစ်နေရင်လဲ ယုံကြည်မှုရှိလာအောင် တည်ဆောက်ပေးရပါ့မယ်။ အက်ဒမင်ဆို ဒီအချိန် ပြန်ရောက်မယ်ဆို ပြန်ရောက်အောင် လာပါတယ်။ ဒီသွားမယ်ဆိုပြီး ဟိုမရောက်စေရဘူး။ ဒီလိုလေးတွေနဲ့ မေမေ့ယုံကြည်မှုကို ရအောင်ယူပါတယ်။

ဒါမှမဟုတ် မေမေက ယောင်းကို စိတ်ပူနေတာလား။ ဒါဆိုရင်တော့ ယောင်းသူငယ်ချင်းတွေကို ပြန်ဆန်းစစ်ကြည့်ပါ။ မေမေစိတ်ပူလောက်စရာ ဆိုးပေလေးတွေပါနေတာလား။ ပါနေရင်တော့ ယောင်းသူငယ်ချင်းတွေကို ယောင်းစိစစ်သင့်ပါပြီ။ မပါဘူးဆိုရင် မေမေစိတ်မပူအောင် ယောင်းသူငယ်ချင်း အကောင်းစားလေးတွေကို မေမေနဲ့ရင်းနှီးအောင် မိတ်ဆက်ပေးထားပါ။ သူတို့တွေ အိမ်ကို အဝင်အထွက်ရှိနေပါစေ။ အက်ဒမင့်မှာတော့ အဲ့လိုသူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါတယ်။ အမေက သူ့ကိုအရမ်းယုံတာကြောင့် သူလာခေါ်ရင် သူအာမခံပေးရင် အက်ဒမင့်ကို ပေးထွက်ပါတယ်။ သူ့အာမခံနဲ့ အင်းလျားကန်ဘောင်ပေါ်တောင် ယောကျ်ားလေးတွေပါတဲ့ သူငယ်ချင်း အုပ်စုလိုက်ကြီးနဲ့ သွားဖူးပါတယ်။

လွတ်လပ်မှုလိုချင်ရင်တော့ လွတ်လပ်မှုနဲ့ ထိုက်တန်သူဖြစ်အောင် နေရပါ့မယ်။ အိမ်မှာလဲ မေမေအားကိုးရတဲ့ သမီးဖြစ်အောင် ကူညီလုပ်ကိုင်ပေးပါ။ မေမေယုံအောင်လဲ ကိုယ်ပြောတဲ့စကားအတိုင်း တည်ပါ။

ဘယ်သွားမှာလဲ

သွားမယ့်နေရာကို မလိမ်ပါနဲ့။ ပွင့်ပွင့်လင်းလင်းပြောပါ။

ဘယ်သူတွေပါမှာလဲ

ဒါလဲမလိမ်ပါနဲ့ သေချာပြောပြပါ။ ပါမယ့်လူတွေ တော်တော်များများဟာ မေမေနဲ့ ရင်းနှီးသူတွေ ဖြစ်နေရင် ပိုကောင်းပါလိမ့်မယ်။

ဘယ်အချိန်ပြန်ရောက်မှာလဲ

မေမေနဲ့ညှိပါ။ နောက်ကျနိုင်ရင် တတ်နိုင်သလောက် နောက်ကျအောင် ညှိယူပါ။ ၇နာရီဆို အဲ့အချိန်အတိအကျ အိမ်ပေါ်ရောက်နေပါစေ။

များသောအားဖြင့် ဒီအချက်သုံးချက်ကို သေချာပြောပြနိုင်ပြီဆိုရင် မေမေကလဲ အရမ်းတော့ ချုပ်ကိုင်ထားမှာမဟုတ်ပါဘူး။ အက်ဒမင့်မေမေဆို သမီးတွေကိုအရမ်းချစ်တော့ နည်းနည်းချုပ်ချယ်တဲ့ပုံ ပေါက်ချင်ပါတယ်။ ဒါပေမဲ့ အက်ဒမင်က မေမေယုံအောင် နေပြနိုင်တာမို့ သိပ်တော့ အဆိုးဝါးကြီး မဟုတ်ပါဘူး။ အခုအသက်သုံးဆယ်နား နီးတဲ့ထိ သူ့သမီးအပျိုကြီးကို စိတ်ပူတုန်းမို့ သွားတော့မယ်ဆို သေချာပြောပြသွားရပါတယ်။ အဓိကကတော့ မေမေနဲ့ စကားတွေအများကြီးပြောပြီး သူ့ကိုစိတ်ကျေနပ်မှု ပေးနိုင်ဖို့ပါပဲ။

သမီးချောတွေကလည်း မေမေတို့ရဲ့ အချစ်နဲ့ စိုးရိမ်မှုကို နားလည်ပေးစေချင်သလို မွေးသမိခင် ကျေးဇူးရှင်တို့ ဘက်ကလဲ ခေတ်ကာလသားသမီးတွေကို လမ်းမှားမရောက်အောင် ညွှန်ပြပေးတာက ကိုယ်ထင်တဲ့ လမ်းမှန်ပေါ်ကို ကြိုးတုပ်ပြီး တွန်းပို့နေတာထက် ပိုထိရောက်တယ်ဆိုတာကို စဉ်းစားကြစေချင်ပါတယ်။ သမီးတို့ကလဲ မေမေ့ကိုယုံကြည်အောင် သမီးအလိမ္မာလေးတွေ လုပ်ကြမယ်၊ မေမေတို့ကလဲ ကိုယ့်ငယ်ဘဝကို ပြန်တွေးပြီး သမီးတို့အတွက် ထိုက်သင့်တဲ့ လွတ်လပ်ခွင့်ကို ပေးမယ့်ဆိုရင်ဖြင့် မေမေနဲ့သမီးကြားမှာ ဆက်ဆံရေး အဆင်တွေချောလို့ ပျော်ရွှင်ကြရမှာ အသေအချာပါပဲ ယောင်းတို့ရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top