Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေက်းဇူးတင္စကားဆိုျခင္းဆိုတာက ဘဝမွာေတြ႔ၾကံဳလာရတဲ့ေက်းဇူးတင္ရေလာက္တဲ့ အေျခအေနမ်ိဳးကုိဆိုလိုတာ ျဖစ္ပါတယ္။ ဘာသာတရား ေတာ္ေတာ္မ်ားမ်ားမွာ ေက်းဇူးတင္တာကို အားေပးေထာက္ခံၾကပါတယ္။ ဘာသာေရး ကို သက္ဝင္ယံုၾကည္မႈမရွိတဲ့သူေတြေတာင္မွ သူတို႔ရဲ႕ကေလးငယ္ေတြကို ေက်းဇူးတင္ပါတယ္လို႔ ေျပာတတ္ေအာင္ ေလ့က်င့္ေပးပါတယ္။ ဒါေၾကာင့္ေက်းဇူးတင္စကား ဆိုတတ္ဖို႔ကအေရးပါပါတယ္။ လက္ေတြ႔မွာေတာ့ ေက်းဇူးတင္ပါတယ္လို႔ ေျပာတတ္တာက အျခားေကာင္းမြန္တဲ့အေၾကာင္းအရာေတြထက္ ပိုမိုေကာင္းက်ိဳးရွိတယ္ဆိုတာကို ျပသေနပါတယ္။ ေကးဇူးတင္စကားဆိုျခင္းကေန ရရွိႏိုင္တဲ့ လက္ေတြ႔အက်ိဳးေက်းဇူးေတြကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

၁။ ေက်းဇူးတင္စကားဆိုတာက မိတ္ေဆြတိုးေစပါတယ္။

လူရယ္လို႔ျဖစ္လာရင္ လူ႔အသိုင္းအဝိုင္းဆိုတာ လိုအပ္ပါတယ္။ မိ္တ္ေဆြဖြဲ႔တာက လူမႈပတ္ဝန္းက်င္ က်ယ္ျပန္႔လာေအာင္ လုပ္ေဆာင္ႏိုင္မယ့္ အေကာင္းဆံုးနည္းလမ္းပဲျဖစ္ပါတယ္။ မိတ္ေဆြဖြဲ႔တဲ့ေနရာမွာလည္း ခင္မင္မႈအဓြန္႔ရွည္ေစဖို႔ အခ်က္အမ်ားအျပားလိုအပ္ပါတယ္။ ေက်းဇူးတင္စကားဆိုတတ္ျခင္းကလည္း အဆုိပါအခ်က္မ်ားစြာထဲက တစ္ခ်က္ျဖစ္ပါတယ္။ ေက်းဇူးတင္စကားဆိုတတ္တာက လက္ရွိဆက္ဆံေရး ေတြကိုခိုင္ျမဲေစရံုသာမက အျခားမသိေသးသူေတြနဲ႔ မိတ္ေဆြဖြဲ႔ရာမွာလည္းအသံုးဝင္ပါတယ္။ လူတိုင္းဟာသူတို႔ရဲ ႔ေကာင္းမြန္တဲ့လုပ္ရပ္ေတြကို အသိအမွတ္ျပဳေပးတာမ်ိဳး လိုခ်င္ၾကပါတယ္။ တကယ္လို႔ မိတ္ေဆြတိုးခ်င္တယ္ဆိုရင္ေတာ့ လူေတြကိုေက်းဇူးတင္ဖို႔မေမ့ပါနဲ႔။

၂။ ေက်းဇူးတင္စကားဆိုတာက ေကာင္းမြန္စြာအိပ္စက္ခြင့္ရေစပါတယ္။

အသံံုးခ်စိတ္ပညာမွာေဖာ္ျပခဲ့တဲ့ေလ့လာမႈအရ ေက်းဇူးတင္စကားဆိုတတ္တဲ့ သူေတြဟာ အျခားသူေတြထက္ ပိုမိုအိပ္ေပ်ာ္တာကိုေတြ႔ရပါတယ္။ အိပ္စက္ျခင္းဆိုင္ရာျပႆနာေတြကို မခံစားရသလို ႏိုးထတဲ့အခါမွာလည္း ၾကည္ၾကည္လင္လင္နဲ႕ ႏိုးထလာႏိုင္တာကိုေတြ႔ရပါတယ္။ အိပ္စက္မႈဆိုင္ရာျပႆနာ ျဖစ္ေပၚေနမယ္ဆိုရင္ပဲျဖစ္ျဖစ္ အိပ္ေဆးေသာက္မွ အိပ္ေပ်ာ္တယ္ဆိုရင္ပဲျဖစ္ျဖစ္ ေက်းဇူတင္စကားဆိုတဲ့ အေလ့အက်င့္ ကုထံုးကိုသံုးၾကည့္ပါ လို႔ေျပာပါရေစ။ စာရြက္နဲ႕ေဘာလ္ပင္ယူျပီး ဘဝမွာေတြ႔ၾကံဳခဲ့ ရတဲ့ေပ်ာ္ရႊင္စရာအျဖစ္အပ်က္ေတြနဲ႔ အေၾကာင္းအရာေတြကိုေရးခ်ပါ။ တကယ္လို႔မ်ား အျမင္အာရံု၊ အၾကားအာရံု၊ လက္ေတြေျခေတြဆံုးရံႈးခဲ့ရင္ ဘယ္လိုမ်ားေနမလဲဆိုတာကိုေတြးၾကည့္ပါ။ အခုထိ ဒီအရာေတြရွိေနေသးတာကို ေက်းဇူးတင္လိုက္ပါ။ တစ္ခါတရံမွာ တန္ဖိုးရွိတ့ဲအရာေတြက အရမ္းကိုျမင္သာျပီး ကၽြန္ေတာ္တို႔က ၎တို႔ရဲ႕တန္ဖိုးအစစ္အမွန္ကို နားမလည္ပဲျဖစ္ေနတတ္ပါတယ္။ အိပ္ရာမဝင္ခင္မွာ ေက်းဇူးတင္ေလာက္တဲ့အရာေတြကို ေတြးေတာေရးမွတ္တာက အိပ္စက္ရာမွာ ပိုျပီး ေကာင္းေကာင္းမြန္မြန္ အိပ္စက္ႏိုင္ေစမွာျဖစ္ျပီး သင္ကအရမ္းကိုကံေကာင္းတဲ့သူတစ္ဦးဆိုတာကို သိခြင့္ရ ေစမွာျဖစ္ပါတယ္။

၃။ ေက်းဇူးတင္တတ္ျခင္းက စိတ္တည္ျငိမ္မႈကို ရရွိေစပါတယ္။

အပ်က္သေဘာေဆာင္တဲ့ အေတြးေတြျဖစ္တဲ့ မနာလို၊ဝန္တိုတာနဲ ႔ စိတ္မေကာင္းျဖစ္တာေတြက စိတ္က်န္းမာေရး အေပၚလႊမ္းမိုးေစပါတယ္။ ဘဝမွာေပ်ာ္ရႊင္ေစဖို႔အတြက္ အဆိုးျမင္တဲ့ခံစားခ်က္ေတြကို ကိုင္တြယ္ဖို႔ သင္ယူရမွာ ျဖစ္ပါတယ္။ အျမဲတမ္း တစ္ပါးသူက သင့္ထက္သာေနတယ္လို႔ မေတြးပါနဲ႔။ ေက်းဇူးတင္စကားဆိုတာက ထိုကဲ့သို႔ ႏိႈင္းယွဥ္တာမ်ိဳးကို ေလ်ာ့ပါးသြားေစမွာျဖစ္ပါတယ္။ ကိုယ္ေအာင္ျမင္ေရးကိုပဲ အာရံုစိုက္လိုက္ပါ။ အျခားသူကိုမနာလိုဝန္တိုျဖစ္မေနပါနဲ႔။ ကိုယ္အတြက္အက်ိဳးရွိမယ့္ အရာေတြေပၚမွာပဲ အာရံုစိုက္ပါ။

ေက်းဇူးတင္စကားဆုိရတာက အေျပာလြယ္သေလာက္ အလုပ္ခက္ပါတယ္။ သို႔ေသာ္ အေလ့အက်င့္တစ္ခုလုိမ်ိဳး ပ်ိဳးေထာင့္ၾကည့္လုိက္ပါ။ သင့္အတြက္အစပိုင္းမွာ ခက္ခဲေနေပမဲ့ ေနာက္ပိုင္း ထုိက္တန္တဲ့ အက်ိဳးေက်းဇူးမ်ားစြာရရွိေစမွာ အမွန္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ကျေးဇူးတင်စကားဆိုခြင်းဆိုတာက ဘဝမှာတွေ့ကြုံလာရတဲ့ကျေးဇူးတင်ရလောက်တဲ့ အခြေအနေမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရား တော်တော်များများမှာ ကျေးဇူးတင်တာကို အားပေးထောက်ခံကြပါတယ်။ ဘာသာရေး ကို သက်ဝင်ယုံကြည်မှုမရှိတဲ့သူတွေတောင်မှ သူတို့ရဲ့ကလေးငယ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောတတ်အောင် လေ့ကျင့်ပေးပါတယ်။ ဒါကြောင့်ကျေးဇူးတင်စကား ဆိုတတ်ဖို့ကအရေးပါပါတယ်။ လက်တွေ့မှာတော့ ကျေးဇူးတင်ပါတယ်လို့ ပြောတတ်တာက အခြားကောင်းမွန်တဲ့အကြောင်းအရာတွေထက် ပိုမိုကောင်းကျိုးရှိတယ်ဆိုတာကို ပြသနေပါတယ်။ ကေးဇူးတင်စကားဆိုခြင်းကနေ ရရှိနိုင်တဲ့ လက်တွေ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ကျေးဇူးတင်စကားဆိုတာက မိတ်ဆွေတိုးစေပါတယ်။

လူရယ်လို့ဖြစ်လာရင် လူ့အသိုင်းအဝိုင်းဆိုတာ လိုအပ်ပါတယ်။ မိတ်ဆွေဖွဲ့တာက လူမှုပတ်ဝန်းကျင် ကျယ်ပြန့်လာအောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ မိတ်ဆွေဖွဲ့တဲ့နေရာမှာလည်း ခင်မင်မှုအဓွန့်ရှည်စေဖို့ အချက်အများအပြားလိုအပ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်ခြင်းကလည်း အဆိုပါအချက်များစွာထဲက တစ်ချက်ဖြစ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်တာက လက်ရှိဆက်ဆံရေး တွေကိုခိုင်မြဲစေရုံသာမက အခြားမသိသေးသူတွေနဲ့ မိတ်ဆွေဖွဲ့ရာမှာလည်းအသုံးဝင်ပါတယ်။ လူတိုင်းဟာသူတို့ရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေကို အသိအမှတ်ပြုပေးတာမျိုး လိုချင်ကြပါတယ်။ တကယ်လို့ မိတ်ဆွေတိုးချင်တယ်ဆိုရင်တော့ လူတွေကိုကျေးဇူးတင်ဖို့မမေ့ပါနဲ့။

၂။ ကျေးဇူးတင်စကားဆိုတာက ကောင်းမွန်စွာအိပ်စက်ခွင့်ရစေပါတယ်။

အသံုံးချစိတ်ပညာမှာဖော်ပြခဲ့တဲ့လေ့လာမှုအရ ကျေးဇူးတင်စကားဆိုတတ်တဲ့ သူတွေဟာ အခြားသူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရပါတယ်။ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို မခံစားရသလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင်နဲ့ နိုးထလာနိုင်တာကိုတွေ့ရပါတယ်။ အိပ်စက်မှုဆိုင်ရာပြဿနာ ဖြစ်ပေါ်နေမယ်ဆိုရင်ပဲဖြစ်ဖြစ် အိပ်ဆေးသောက်မှ အိပ်ပျော်တယ်ဆိုရင်ပဲဖြစ်ဖြစ် ကျေးဇူတင်စကားဆိုတဲ့ အလေ့အကျင့် ကုထုံးကိုသုံးကြည့်ပါ လို့ပြောပါရစေ။ စာရွက်နဲ့ဘောလ်ပင်ယူပြီး ဘဝမှာတွေ့ကြုံခဲ့ ရတဲ့ပျော်ရွှင်စရာအဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေကိုရေးချပါ။ တကယ်လို့များ အမြင်အာရုံ၊ အကြားအာရုံ၊ လက်တွေခြေတွေဆုံးရှုံးခဲ့ရင် ဘယ်လိုများနေမလဲဆိုတာကိုတွေးကြည့်ပါ။ အခုထိ ဒီအရာတွေရှိနေသေးတာကို ကျေးဇူးတင်လိုက်ပါ။ တစ်ခါတရံမှာ တန်ဖိုးရှိတဲ့အရာတွေက အရမ်းကိုမြင်သာပြီး ကျွန်တော်တို့က ၎င်းတို့ရဲ့တန်ဖိုးအစစ်အမှန်ကို နားမလည်ပဲဖြစ်နေတတ်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ကျေးဇူးတင်လောက်တဲ့အရာတွေကို တွေးတောရေးမှတ်တာက အိပ်စက်ရာမှာ ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်စေမှာဖြစ်ပြီး သင်ကအရမ်းကိုကံကောင်းတဲ့သူတစ်ဦးဆိုတာကို သိခွင့်ရ စေမှာဖြစ်ပါတယ်။

၃။ ကျေးဇူးတင်တတ်ခြင်းက စိတ်တည်ငြိမ်မှုကို ရရှိစေပါတယ်။

အပျက်သဘောဆောင်တဲ့ အတွေးတွေဖြစ်တဲ့ မနာလို၊ဝန်တိုတာနဲ့ စိတ်မကောင်းဖြစ်တာတွေက စိတ်ကျန်းမာရေး အပေါ်လွှမ်းမိုးစေပါတယ်။ ဘဝမှာပျော်ရွှင်စေဖို့အတွက် အဆိုးမြင်တဲ့ခံစားချက်တွေကို ကိုင်တွယ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ အမြဲတမ်း တစ်ပါးသူက သင့်ထက်သာနေတယ်လို့ မတွေးပါနဲ့။ ကျေးဇူးတင်စကားဆိုတာက ထိုကဲ့သို့ နှိုင်းယှဉ်တာမျိုးကို လျော့ပါးသွားစေမှာဖြစ်ပါတယ်။ ကိုယ်အောင်မြင်ရေးကိုပဲ အာရုံစိုက်လိုက်ပါ။ အခြားသူကိုမနာလိုဝန်တိုဖြစ်မနေပါနဲ့။ ကိုယ်အတွက်အကျိုးရှိမယ့် အရာတွေပေါ်မှာပဲ အာရုံစိုက်ပါ။

ကျေးဇူးတင်စကားဆိုရတာက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ သို့သော် အလေ့အကျင့်တစ်ခုလိုမျိုး ပျိုးထောင့်ကြည့်လိုက်ပါ။ သင့်အတွက်အစပိုင်းမှာ ခက်ခဲနေပေမဲ့ နောက်ပိုင်း ထိုက်တန်တဲ့ အကျိုးကျေးဇူးများစွာရရှိစေမှာ အမှန်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top