ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီတစ္ခါ က်ိဳက္ထီးရိုးတက္ရင္ စြန္ပလြံယိုေလးေတာ႔ ဝယ္လာဖို႔ မေမ႔ၾကနဲ႔ေနာ...

က်ိဳက္ထီးရိုးကို ဘုရားဖူးသြားရင္ အျပန္လက္ေဆာင္အျဖစ္ စြန္ပလြံယိုတစ္ဘူးေတာ႔ လက္ေဆာင္ဝယ္ခဲ႔ဖူးမွာပါ။ စြန္ပလြံသီးဆိုတာ အေရွ႕အလည္ပိုင္း ႏိုင္ငံေတြနဲ႔ အပူပိုင္းေဒသေတြမွာ ေပါက္ေရာက္တဲ႔ အုန္းထန္းပင္မ်ိဳးႏြယ္ဝင္ အပင္တစ္မ်ိဳးျဖစ္ပါတယ္။

သိပၸံနာမည္ Phoenix dactylifera ျဖစ္တဲ႔ စြန္ပလြံသီးဟာ အီရတ္ျပည္မွာ စတင္ေပၚထြန္းခဲ႔တယ္လို႔ အဆိုရွိပါတယ္္။ မွတ္တမ္းေတြ အရဆိုရင္ ေရွးေဟာင္းအီဂ်စ္လူမ်ိဳးေတြဟာ ဒီသစ္သီးကို ဝိုင္ေဖာက္ဖို႔အတြက္ အသံုးျပဳခဲ႔ၾကပါတယ္တဲ႔။ ယေန႔ေခတ္မွာေတာ႔ စြန္ပလြံသီးကို ကမၻာတလႊားမွာ ႏွစ္ျခိဳက္စြာ စားသံုးေနၾကပါၿပီ။

စြန္ပလြံသီးမွာ ဗိုက္တာမင္ ဘီစစ္၊ ေအ နဲ႔ ေက ၾကြယ္ဝစြာပါဝင္ပါတယ္။ အဲဒါေတြက အရိုးဖြံ႕ၿဖိဳးမႈနဲ႔ စကၡဳအျမင္ေကာင္းမြန္ေရး အတြက္လည္း ကူညီေပးႏိုင္ပါတယ္။ စြန္ပလြံသီးမွာပါဝင္တဲ႔ အမွ်င္ဓာတ္ကလည္း ဝမ္းတြင္းကလီစာေတြ က်န္းမာေနေစဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ အစာအိမ္နဲ႔ အူမႀကီးကင္ဆာလို ေရာဂါမ်ိဳးေတြကေန ကာကြယ္ေပးႏိုင္ပါတယ္။

စြန္ပလြံသီးမွာပါဝင္္တဲ႔ အျခားသတၳဳဓာတ္ေတြ ျဖစ္တဲ႔ ကယ္လ္ဆီယမ္၊ သံဓာတ္၊ ပိုတက္စီယမ္၊ ပရိုတိန္း၊ မဂၢနိစ္၊ မဂၢနီစီယမ္၊ ေဖာ႔စ္ပရက္၊ ေကာ႔ပါးနဲ႔ ဆာလ္ဖာတို႔ဟာလည္း ခႏၶာကိုယ္တစ္ခုလံုး ေကာင္းမြန္စြာအလုပ္လုပ္ႏိုင္ဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။

စြန္ပလြံသီးဟာ ဇီဝကမၼ လုပ္ေဆာင္မႈေတြနဲ႔ ကိုယ္ခံအားစနစ္ကိုလည္း တိုးတက္ေစပါတယ္။ စြန္ပလြံသီးမွာပါဝင္တဲ႔ ဖိုလိတ္ (folate) ဓာတ္ဟာ ကိုယ္ဝန္ေဆာင္ေတြအတြက္ ေကာင္းမြန္ပါတယ္။

စြန္ပလြံသီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြကေတာ႔...

၁။ ကိုလက္စ္ထေရာေတြကို ထိန္းညွိေပးတယ္

အစၥေရးသုေတသနတစ္ခုရဲ႕အဆိုအရ စြန္ပလြံသီးစားသံုးျခင္းျဖင္႔ ကုိကလက္စ္ထေရာပမာဏနဲ႔ oxidative stress လို႔ေခၚတဲ႔ ေအာက္ဆီဂ်င္ဓာတ္ျပဳျခင္းဖိအားကို ေလ်ာ႔က်ေစတယ္လို႔ ဆိုပါတယ္။ စြန္ပလြံသီး ေတြမွာ ကိုလက္စ္ထေရာလည္း လံုးဝမပါဝင္ပါဘူး။ စြန္ပလြံသီးဟာ သံဓာတ္ၾကြယ္ဝၿပီး ငွက္ေပ်ာသီးမွာပါဝင္တဲ႔ အမွ်င္ဓာတ္ထက္ပိုတဲ႔ အမွ်င္ဓာတ္ေတြေတာင္ပါဝင္ပါေသးတယ္။

၂။ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစတယ္

တစ္ေန႔ကို စြန္ပလြံသီး (သို႔) စြန္ပလြံသီးေျခာက္ လက္တစ္ဆုပ္ေလာက္ စားေပးမယ္ဆိုရင္ ႏွလံုးက်န္းမာေရးကို ပိုမိုေကာင္းမြန္ေစပါတယ္။ စြန္ပလြံသီးမွာပါဝင္တဲ႔ antioxidant ေတြဟာ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါနဲ႔ ႏွလံုးေသြးေၾကာမာ ေရာဂါေတြကိုလည္း တားဆီးေပးႏိုင္ပါတယ္။

ေနာက္ၿပီး အဲဒီ antioxidant ေတြကပဲ ႏွလံုးေသြးေၾကာ ဆဲလ္ေတြထဲမွာရွိတဲ႔ ကုိလက္စ္ထေရာေတြကို ဖယ္ရွားေပးပါတယ္။ ေနာက္တစ္ခုကေတာ႔ စြန္ပလြံသီးလို အမွ်င္ဓာတ္ၾကြယ္ဝတဲ႔ အသီးမ်ိဳးဟာ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းညွိေပးတဲ႔အတြက္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ႔က်ေစပါတယ္။

၃။ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစတယ္

ေလ႔လာမႈေတြအရ စြန္ပလြံသီးကေန ထုတ္ထားတဲ႔ အရည္ဟာ ဝမ္းတြင္းကလီစာ လုပ္ေဆာင္မႈေတြကို အားျဖည္႔ကူညီေပးၿပီး ဝမ္းခ်ဳပ္ေရာဂါကို ကုသရာမွာလည္း အေထာက္အကူေပးႏိုင္ပါတယ္။ စြန္ပလြံသီးရဲ႕အသားကလည္း ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတဲ႔ သတၳဳဓာတ္မူမမွန္ျခင္းကို ျပင္ဆင္ေပးျခင္းျဖင္႔ ဝမ္းခ်ဳပ္ေဝဒနာကို သက္သာေစပါတယ္။ တစ္ေန႔ကို အနည္းဆံုး (၂၀) ဂရမ္ေလာက္ စားေပးမယ္ဆိုရင္ အေကာင္းဆံုးပါပဲ။

၄။ ေသြးတိုးက်ေစတယ္

စြန္ပလြံသီးမွာ ပါဝင္တဲ႔ ပိုတက္စီယမ္ဓာတ္ဟာ ေသြးတိုးက်ေစပါတယ္္။ အမွန္ေတာ႔ စြန္ပလြံသီးတစ္လံုးမွာ ပိုတက္စီယမ္ (၁၆၇) မီလီဂရမ္ခန္႕ပါဝင္ပါတယ္။ ဒါဟာ တျခားသစ္သီးဝလံေတြမွာ ပါဝင္တဲ႔ပမာဏထက္ အမ်ားႀကီးပိုမ်ားပါတယ္။ ပိုတက္စီယမ္ဓာတ္ မလံုေလာက္ျခင္းဟာ ဆီးေက်ာက္တည္ျခင္းကို ျဖစ္ေစႏိုင္တဲ႔အတြက္ ဆီးေရာဂါအတြက္လည္း ေကာင္းပါတယ္။

၅။ အရိုးက်န္းမာေရးကို ေကာင္းမြန္ေစတယ္

စြန္ပလြံသီးေတြဟာ ေကာ႔ပါး၊ မဂၢနီစီယမ္၊ ဆီလီနီယမ္နဲ႔ မဂၢနိစ္ အစရွိတဲ႔ သတၳဳဓာတ္ေတြ စံုလင္ၾကြယ္ဝပါတယ္။ အဲဒီဓာတ္ေတြ အားလံုးဟာ အရိုးေတြ က်န္းမာေနေစဖို႔နဲ႔ အရိုးပြေရာဂါလိုမ်ိဳး အရိုးနဲ႔ဆိုင္တဲ႔ ေရာဂါေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဗိုက္တာမင္ေကလို အရိုးေတြရဲ႕ ဇီဝကမၼလုပ္ေဆာင္မႈေတြကို ကူညီေပးတဲ႔ဗိုက္တာမင္မ်ိဳးလည္း စြန္ပလြံသီးမွာ ပါဝင္ပါတယ္။

၆။ လိင္က်န္းမာေရးကိုလည္း အေထာက္အကူျဖစ္ေစတယ္

အိႏၵိယသုေတသနတစ္ခုရဲ႕ အဆိုအရေတာ႔ စြန္ပလြံသီးပင္ရဲ႕ ဝတ္မႈန္ကို ရိုးရာေယာက်္ားအားေဆးတစ္မ်ိဳး ေဖာ္စပ္ရာမွာ အသံုးျပဳႏိုင္ပါတယ္တဲ႔။ ဒီေတာ႔ စြန္ပလြံသီးစားေပးျခင္းဟာ အိပ္ယာေပၚက စြမ္းေဆာင္ရည္ကိုလည္း ျမင္႔တက္လာေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


ဒီတစ်ခါ ကျိုက်ထီးရိုးတက်ရင် စွန်ပလွံယိုလေးတော့ ဝယ်လာဖို့ မမေ့ကြနဲ့နော...

ကျိုက်ထီးရိုးကို ဘုရားဖူးသွားရင် အပြန်လက်ဆောင်အဖြစ် စွန်ပလွံယိုတစ်ဘူးတော့ လက်ဆောင်ဝယ်ခဲ့ဖူးမှာပါ။ စွန်ပလွံသီးဆိုတာ အရှေ့အလည်ပိုင်း နိုင်ငံတွေနဲ့ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ အုန်းထန်းပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။

သိပ္ပံနာမည် Phoenix dactylifera ဖြစ်တဲ့ စွန်ပလွံသီးဟာ အီရတ်ပြည်မှာ စတင်ပေါ်ထွန်းခဲ့တယ်လို့ အဆိုရှိပါတယ်။ မှတ်တမ်းတွေ အရဆိုရင် ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ ဒီသစ်သီးကို ဝိုင်ဖောက်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်တဲ့။ ယနေ့ခေတ်မှာတော့ စွန်ပလွံသီးကို ကမ္ဘာတလွှားမှာ နှစ်ခြိုက်စွာ စားသုံးနေကြပါပြီ။

စွန်ပလွံသီးမှာ ဗိုက်တာမင် ဘီစစ်၊ အေ နဲ့ ကေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒါတွေက အရိုးဖွံ့ဖြိုးမှုနဲ့ စက္ခုအမြင်ကောင်းမွန်ရေး အတွက်လည်း ကူညီပေးနိုင်ပါတယ်။ စွန်ပလွံသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကလည်း ဝမ်းတွင်းကလီစာတွေ ကျန်းမာနေစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူမကြီးကင်ဆာလို ရောဂါမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

စွန်ပလွံသီးမှာပါဝင်တဲ့ အခြားသတ္ထုဓာတ်တွေ ဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ ပရိုတိန်း၊ မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ပရက်၊ ကော့ပါးနဲ့ ဆာလ်ဖာတို့ဟာလည်း ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

စွန်ပလွံသီးဟာ ဇီဝကမ္မ လုပ်ဆောင်မှုတွေနဲ့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေပါတယ်။ စွန်ပလွံသီးမှာပါဝင်တဲ့ ဖိုလိတ် (folate) ဓာတ်ဟာ ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန်ပါတယ်။

စွန်ပလွံသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့...

၁။ ကိုလက်စ်ထရောတွေကို ထိန်းညှိပေးတယ်

အစ္စရေးသုတေသနတစ်ခုရဲ့အဆိုအရ စွန်ပလွံသီးစားသုံးခြင်းဖြင့် ကိုကလက်စ်ထရောပမာဏနဲ့ oxidative stress လို့ခေါ်တဲ့ အောက်ဆီဂျင်ဓာတ်ပြုခြင်းဖိအားကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ စွန်ပလွံသီး တွေမှာ ကိုလက်စ်ထရောလည်း လုံးဝမပါဝင်ပါဘူး။ စွန်ပလွံသီးဟာ သံဓာတ်ကြွယ်ဝပြီး ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ထက်ပိုတဲ့ အမျှင်ဓာတ်တွေတောင်ပါဝင်ပါသေးတယ်။

၂။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

တစ်နေ့ကို စွန်ပလွံသီး (သို့) စွန်ပလွံသီးခြောက် လက်တစ်ဆုပ်လောက် စားပေးမယ်ဆိုရင် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ စွန်ပလွံသီးမှာပါဝင်တဲ့ antioxidant တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးသွေးကြောမာ ရောဂါတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

နောက်ပြီး အဲဒီ antioxidant တွေကပဲ နှလုံးသွေးကြော ဆဲလ်တွေထဲမှာရှိတဲ့ ကိုလက်စ်ထရောတွေကို ဖယ်ရှားပေးပါတယ်။ နောက်တစ်ခုကတော့ စွန်ပလွံသီးလို အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးမျိုးဟာ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးတဲ့အတွက် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

၃။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်

လေ့လာမှုတွေအရ စွန်ပလွံသီးကနေ ထုတ်ထားတဲ့ အရည်ဟာ ဝမ်းတွင်းကလီစာ လုပ်ဆောင်မှုတွေကို အားဖြည့်ကူညီပေးပြီး ဝမ်းချုပ်ရောဂါကို ကုသရာမှာလည်း အထောက်အကူပေးနိုင်ပါတယ်။ စွန်ပလွံသီးရဲ့အသားကလည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ သတ္ထုဓာတ်မူမမှန်ခြင်းကို ပြင်ဆင်ပေးခြင်းဖြင့် ဝမ်းချုပ်ဝေဒနာကို သက်သာစေပါတယ်။ တစ်နေ့ကို အနည်းဆုံး (၂၀) ဂရမ်လောက် စားပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။

၄။ သွေးတိုးကျစေတယ်

စွန်ပလွံသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးတိုးကျစေပါတယ်။ အမှန်တော့ စွန်ပလွံသီးတစ်လုံးမှာ ပိုတက်စီယမ် (၁၆၇) မီလီဂရမ်ခန့်ပါဝင်ပါတယ်။ ဒါဟာ တခြားသစ်သီးဝလံတွေမှာ ပါဝင်တဲ့ပမာဏထက် အများကြီးပိုများပါတယ်။ ပိုတက်စီယမ်ဓာတ် မလုံလောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် ဆီးရောဂါအတွက်လည်း ကောင်းပါတယ်။

၅။ အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

စွန်ပလွံသီးတွေဟာ ကော့ပါး၊ မဂ္ဂနီစီယမ်၊ ဆီလီနီယမ်နဲ့ မဂ္ဂနိစ် အစရှိတဲ့ သတ္ထုဓာတ်တွေ စုံလင်ကြွယ်ဝပါတယ်။ အဲဒီဓာတ်တွေ အားလုံးဟာ အရိုးတွေ ကျန်းမာနေစေဖို့နဲ့ အရိုးပွရောဂါလိုမျိုး အရိုးနဲ့ဆိုင်တဲ့ ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗိုက်တာမင်ကေလို အရိုးတွေရဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ကူညီပေးတဲ့ဗိုက်တာမင်မျိုးလည်း စွန်ပလွံသီးမှာ ပါဝင်ပါတယ်။

၆။ လိင်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတယ်

အိန္ဒိယသုတေသနတစ်ခုရဲ့ အဆိုအရတော့ စွန်ပလွံသီးပင်ရဲ့ ဝတ်မှုန်ကို ရိုးရာယောကျ်ားအားဆေးတစ်မျိုး ဖော်စပ်ရာမှာ အသုံးပြုနိုင်ပါတယ်တဲ့။ ဒီတော့ စွန်ပလွံသီးစားပေးခြင်းဟာ အိပ်ယာပေါ်က စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top