Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တ႐ုတ္အစုိးရက ေတာ႐ိုင္းတိရိစာၦန္ တရားမဝင္ ကုန္သြယ္မႈျပဳလုပ္သူေတြကုိ ႀကီးေလးတဲ့ ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံအတြင္း ေထာင္နဲ႕ခ်ီတဲ့ လိပ္ျပာအေသမ်ား ခုိးသြင္းခဲ့သူ ၃ ဦးကုိ ေထာင္ဒဏ္မ်ား အသီးသီး ခ်မွတ္လုိက္ေၾကာင္း အစုိးရသတင္းဌာနက ေျပာပါတယ္။

တ႐ုတ္အာဏာပုိုင္ေတြက ၂၀၁၆ ခုနွစ္ အေစာပုိင္းမွာ အဝတ္အထည္မ်ား ထည့္သြင္းသယ္ေဆာင္လာတယ္လို႕ ထင္ခဲ့ၾကတဲ့ အထုပ္ေတြကုိ ဖြင့္ေဖာက္စစ္ေဆးခဲ့ရာမွ အေရာင္စုံ လိပ္ျပာအေသ အမ်ားအျပားကုိ ႐ွာေဖြေတြ႕႐ွိခဲ့တာ ျဖစ္ပါတယ္။

လိပ္ျပာအေသေတြကုိ အြန္လုိင္းမွတစ္ဆင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္းနဲ႕ တ႐ုတ္သုိ႕တင္ပုိ႕ကာ မွန္ေဘာင္သြင္းၿပီး ျပန္လည္ေရာင္းခ်ရန္ ျဖစ္တယ္လို႕ ဆုိပါတယ္။ လိပ္ျပာအေသမ်ား ေမွာင္ခိုတင္သြင္းခဲ့ၾကသူေတြကုိ ၅ ႏွစ္၊ ၇ ႏွစ္နဲ႕ ၁၀ ႏွစ္စီ ေထာင္ဒဏ္မ်ား ခ်မွတ္လိုက္ေၾကာင္း တ႐ုတ္အစုိးရ သတင္းဌာန ဆင္ဟြာက ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္အေ႐ွ႕ပိုင္း ႐ွန္ေဒါင္းျပည္နယ္ ဂ်ီနန္ၿမဳိ႕ တရား႐ုံးက ၎တုိ႕ကုိ ေထာင္ဒဏ္အျပင္  ဒဏ္ေၾကးေငြလည္း ေပးေဆာင္ေစခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္ႏုိင္ငံအတြင္း ခုိးသြင္းခဲ့တဲ့ လိပ္ျပာအမ်ားအျပားဟာ ႐ွားပါးၿပီး ထိန္းသိမ္းေစာင့္ေ႐ွာက္ထားတဲ့ မ်ဳိးစိတ္ေတြလည္း ျဖစ္ပါတယ္။

ယခု ျဖစ္ရပ္ဟာ တ႐ုတ္အာဏာပုိင္ေတြ ေဖာ္ထုတ္ႏုိင္ခဲ့တဲ့ လိပ္ျပာေမွာင္ခိုမႈမ်ားအနက္ အႀကီးဆုံးလည္း ျဖစ္လာပါတယ္။ ေမွာင္ခုိတင္သြင္းသူ ၃ ဦးက လိပ္ျပာ ၂,၈၀၀ ကုိ မေလး႐ွားနဲ႕ ဖိလစ္ပိုင္ ႏုိင္ငံတုိ႕မွ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆုိထားပါတယ္။

ေစ်းကြက္မွာ တန္ဖုိးအႀကီးဆုံး လိပ္ျပာမ်ဳိးစိတ္တစ္ခုမွာ Papilio Chikae မ်ဳိးစိတ္ျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံက စုေဆာင္းသူေတြက အဆုိပါမ်ဳိးစိတ္ လိပ္ျပာတစ္ေကာင္ကုိ ျမန္မာက်ပ္ေငြ သိန္း၂၀ ေက်ာ္ (အေမရိကန္ေဒၚလာ ၁,၅၀၀) အထိ ေစ်းႏႈန္းျဖင့္ ဝယ္ယူရန္ စီစဥ္ထားတယ္လို႕ ဆုိပါတယ္။

တ႐ုတ္ကုိ ေမွာင္ခုိတင္သြင္းလာၿပီး သိမ္းဆည္းရမိခဲ့တဲ့ လိပ္ျပာေတြအနက္ ထက္ဝက္နီးပါးဟာ အျပည္ျပည္ဆုိင္ရာ သေဘာတူညီခ်က္ Convention on International Trade in Endangered Species of Wild Fauna and Flora (Cites) အရ ထိန္းသိမ္းေစာင့္ေ႐ွာက္ထားတဲ့ မ်ဳိးစိတ္ေတြျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္အစုိးရက ေတာ႐ိုင္းတိရိစာၦန္ တရားမဝင္ ကုန္သြယ္မႈျပဳလုပ္သူေတြကုိ ယခင္ကလည္း ႀကီးေလးတဲ့ ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္က ၎ရဲ႕ေနအိမ္အနီး ေတြ႕႐ွိခဲ့တဲ့ ႐ွားပါးစာရင္းဝင္ သိမ္းငွက္တစ္ေကာင္ကုိ ေရာင္းခ်ခဲ့တဲ့ တကၠသုိလ္ေက်ာင္းသားတစ္ဦးအား ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ဖူးေၾကာင္းလည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တရုတ်အစိုးရက တောရိုင်းတိရိစ္ဆာန် တရားမဝင် ကုန်သွယ်မှုပြုလုပ်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံအတွင်း ထောင်နဲ့ချီတဲ့ လိပ်ပြာအသေများ ခိုးသွင်းခဲ့သူ ၃ ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက ၂၀၁၆ ခုနှစ် အစောပိုင်းမှာ အဝတ်အထည်များ ထည့်သွင်းသယ်ဆောင်လာတယ်လို့ ထင်ခဲ့ကြတဲ့ အထုပ်တွေကို ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှ အရောင်စုံ လိပ်ပြာအသေ အများအပြားကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လိပ်ပြာအသေတွေကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနဲ့ တရုတ်သို့တင်ပို့ကာ မှန်ဘောင်သွင်းပြီး ပြန်လည်ရောင်းချရန် ဖြစ်တယ်လို့ ဆိုပါတယ်။ လိပ်ပြာအသေများ မှောင်ခိုတင်သွင်းခဲ့ကြသူတွေကို ၅ နှစ်၊ ၇ နှစ်နဲ့ ၁၀ နှစ်စီ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

တရုတ်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်မြို့ တရားရုံးက ၎င်းတို့ကို ထောင်ဒဏ်အပြင်  ဒဏ်ကြေးငွေလည်း ပေးဆောင်စေခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံအတွင်း ခိုးသွင်းခဲ့တဲ့ လိပ်ပြာအများအပြားဟာ ရှားပါးပြီး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မျိုးစိတ်တွေလည်း ဖြစ်ပါတယ်။

ယခု ဖြစ်ရပ်ဟာ တရုတ်အာဏာပိုင်တွေ ဖော်ထုတ်နိုင်ခဲ့တဲ့ လိပ်ပြာမှောင်ခိုမှုများအနက် အကြီးဆုံးလည်း ဖြစ်လာပါတယ်။ မှောင်ခိုတင်သွင်းသူ ၃ ဦးက လိပ်ပြာ ၂,၈၀၀ ကို မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

ဈေးကွက်မှာ တန်ဖိုးအကြီးဆုံး လိပ်ပြာမျိုးစိတ်တစ်ခုမှာ Papilio Chikae မျိုးစိတ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံက စုဆောင်းသူတွေက အဆိုပါမျိုးစိတ် လိပ်ပြာတစ်ကောင်ကို မြန်မာကျပ်ငွေ သိန်း၂၀ ကျော် (အမေရိကန်ဒေါ်လာ ၁,၅၀၀) အထိ ဈေးနှုန်းဖြင့် ဝယ်ယူရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်ကို မှောင်ခိုတင်သွင်းလာပြီး သိမ်းဆည်းရမိခဲ့တဲ့ လိပ်ပြာတွေအနက် ထက်ဝက်နီးပါးဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် Convention on International Trade in Endangered Species of Wild Fauna and Flora (Cites) အရ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မျိုးစိတ်တွေဖြစ်ကြောင်း သိရပါတယ်။

တရုတ်အစိုးရက တောရိုင်းတိရိစ္ဆာန် တရားမဝင် ကုန်သွယ်မှုပြုလုပ်သူတွေကို ယခင်ကလည်း ကြီးလေးတဲ့ ပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ၎င်းရဲ့နေအိမ်အနီး တွေ့ရှိခဲ့တဲ့ ရှားပါးစာရင်းဝင် သိမ်းငှက်တစ်ကောင်ကို ရောင်းချခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ဖူးကြောင်းလည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top