Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





Credit: lwinpyin
#Unicode Version#
မင်္ဂလာပွဲ ကို ဂုဏ်ပြုပြီး ဧည့်သည်တော်တစ်ဦး ပစ်ဖောက်ခဲ့တဲ့ သေနတ် ကျည်ဆန် က သတို့သားရဲ့ ဝှေးစေ့ကို ထိမှန်ခဲ့လို့ သတို့သားတစ်ဦး ဆေးရုံရောက်ခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိတဲ့ အီဂျစ်နိုင်ငံသား အယ်ဆိုင်ရက်ဟာ လူပျိုဘဝနောက်ဆုံးညမှာ ပျော်ရွှင်နေတုန်း သေနတ်ထိမှန်ခဲ့လို့ ဝှေးစေ့၊ ပေါင်ခြံနဲ့ လက်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပြီး ဆေးရုံ တက်ခဲ့ရတာပါ။

လေထဲကို သေနတ်ပစ်ဖောက်ရမယ့်အစား သတို့သားကို သေနတ်နဲ့ မတော်တဆ ပစ်မိခဲ့တဲ့ ဧည့်သည်တော်ဟာ အခင်းဖြစ်ဖြစ်ချင်း ထွက်ပြေးသွားခဲ့ပေမယ့် နောက်ပိုင်းကို သူ့ကို ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

 အရှေ့အလယ်ပိုင်းကမင်္ဂလာပွဲ အခမ်းအနားတွေမှာ သေနတ်ပစ်ဖောက် အောင်ပွဲခံတဲ့ အလေ့အထရှိပြီး ဒီဖြစ်ရပ်ကြောင့် လူတော်တော်များများက အဲဒီအလေ့အထကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top