Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕ မဟာ ေအာင္ေျမေက်ာက္မ်က္ေရာင္း ဝယ္ေရးစခန္း (ေက်ာက္ဝုိင္း)ကို က်ပ္သိန္း ၁,၃၀၀ ေက်ာ္သုံးစြဲ၍ အဆင့္ျမႇင္တင္ ေဆာက္လုပ္မည္ ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ေဇာေအာင္က ေျပာ သည္။

ေက်ာက္ဝုိင္းအေရွ႕ဘက္ ျခမ္းရွိ အခင္းဝိုင္းကို အမိုးႏွင့္ ေအာက္ခံအုတ္ခံုမ်ား ပါဝင္မည့္ ဆိုင္ခန္းငယ္မ်ားအျဖစ္ တည္ ေဆာက္မည္ျဖစ္ၿပီး ယခုလ အတြင္း တည္ေဆာက္မည္ျဖစ္ ေၾကာင္း ၎ကဆိုသည္။

‘‘အခြန္ဌာနလက္ေအာက္ မွာရွိၿပီး အခြန္ေကာက္ခံေနတဲ့ ကားႀကီးဝင္းေတြ၊ ကားဝုိင္းေတြ၊ ေက်ာက္ဝိုင္းေတြကို စည္ပင္ အေနနဲ႔ တတ္ႏုိင္တဲ့ ဘတ္ဂ်က္ အေပၚမူတည္ၿပီး လုပ္ေဆာင္ေပး တာပါ။ အခြန္ေတြေကာက္ၿပီး ဘာမွလုပ္မေပးဘူးလို႔ ေျပာၾက တာေတြရွိတယ္။ ၿမိဳ႕ေန ျပည္သူ လူထုကို ေကာက္ခံတဲ့အခြန္ကေန တတ္ႏုိင္သေလာက္ ျပန္ၿပီးလုပ္ ေပးတာပါ’’ဟု ၎က ေျပာသည္။

အခင္းဝုိင္းအဆင့္ျမႇင့္တင္ တည္ေဆာက္ေရး လုပ္ငန္းမ်ားကို မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီ အေဆာက္အအံု ႏွင့္ ကုန္႐ံုဌာနက တာဝန္ယူတည္ ေဆာက္မည္ျဖစ္သည္။

လက္ရွိတြင္ ေက်ာက္ဝုိင္းသို႔ လာေရာက္သည့္ ႏိုင္ငံျခားသား မ်ားကို ဝင္ေၾကးတစ္ဦး ၂,၅၀၀ က်ပ္ ေကာက္ခံၿပီး ပ်ံက်ေရာင္းခ် သည့္ ေစ်းသည္မ်ားကို ေစ်းခင္း သည့္အရြယ္အစားေပၚမူတည္၍ ၂၅၀ က်ပ္ႏွင့္ ၅၀၀ က်ပ္သတ္ မွတ္ေကာက္ခံေနသည္။

ျမန္မာႏိုင္ငံတြင္ ေက်ာက္ စိမ္းအဓိက ေရာင္းဝယ္သည့္ ေစ်း အျဖစ္ ျမစ္ႀကီးနား၊ မႏၲေလးႏွင့္ စစ္ကိုင္းၿမိဳ႕တို႔တြင္ တည္ရွိၿပီး မႏၲ ေလးၿမိဳ႕မွ မဟာေအာင္ေျမ ေက်ာက္မ်က္ ေရာင္းဝယ္ေရး စခန္း(ေက်ာက္ဝိုင္း)သည္ ျမန္မာ ႏိုင္ငံတြင္ အႀကီးဆံုးႏွင့္ အဓိက က်သည့္ ေက်ာက္စိမ္းေရာင္းဝယ္ ရာေနရာ ျဖစ္သည္။

မႏၲေလး မဟာေအာင္ေျမ ေက်ာက္မ်က္ ေရာင္းဝယ္ေရးစခန္းကို ၂၀၀၁ တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ေက်ာက္ဝိုင္းအတြင္း အၿမဲတမ္းဆိုင္ခန္း ၁,၁၁၇ခု ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မန္တလေးမြို့ မဟာ အောင်မြေကျောက်မျက်ရောင်း ဝယ်ရေးစခန်း (ကျောက်ဝိုင်း)ကို ကျပ်သိန်း ၁,၃၀၀ ကျော်သုံးစွဲ၍ အဆင့်မြှင်တင် ဆောက်လုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြော သည်။

ကျောက်ဝိုင်းအရှေ့ဘက် ခြမ်းရှိ အခင်းဝိုင်းကို အမိုးနှင့် အောက်ခံအုတ်ခုံများ ပါဝင်မည့် ဆိုင်ခန်းငယ်များအဖြစ် တည် ဆောက်မည်ဖြစ်ပြီး ယခုလ အတွင်း တည်ဆောက်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘အခွန်ဌာနလက်အောက် မှာရှိပြီး အခွန်ကောက်ခံနေတဲ့ ကားကြီးဝင်းတွေ၊ ကားဝိုင်းတွေ၊ ကျောက်ဝိုင်းတွေကို စည်ပင် အနေနဲ့ တတ်နိုင်တဲ့ ဘတ်ဂျက် အပေါ်မူတည်ပြီး လုပ်ဆောင်ပေး တာပါ။ အခွန်တွေကောက်ပြီး ဘာမှလုပ်မပေးဘူးလို့ ပြောကြ တာတွေရှိတယ်။ မြို့နေ ပြည်သူ လူထုကို ကောက်ခံတဲ့အခွန်ကနေ တတ်နိုင်သလောက် ပြန်ပြီးလုပ် ပေးတာပါ’’ဟု ၎င်းက ပြောသည်။

အခင်းဝိုင်းအဆင့်မြှင့်တင် တည်ဆောက်ရေး လုပ်ငန်းများကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံ နှင့် ကုန်ရုံဌာနက တာဝန်ယူတည် ဆောက်မည်ဖြစ်သည်။

လက်ရှိတွင် ကျောက်ဝိုင်းသို့ လာရောက်သည့် နိုင်ငံခြားသား များကို ဝင်ကြေးတစ်ဦး ၂,၅၀၀ ကျပ် ကောက်ခံပြီး ပျံကျရောင်းချ သည့် ဈေးသည်များကို ဈေးခင်း သည့်အရွယ်အစားပေါ်မူတည်၍ ၂၅၀ ကျပ်နှင့် ၅၀၀ ကျပ်သတ် မှတ်ကောက်ခံနေသည်။

မြန်မာနိုင်ငံတွင် ကျောက် စိမ်းအဓိက ရောင်းဝယ်သည့် ဈေး အဖြစ် မြစ်ကြီးနား၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် တည်ရှိပြီး မန္တ လေးမြို့မှ မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်း(ကျောက်ဝိုင်း)သည် မြန်မာ နိုင်ငံတွင် အကြီးဆုံးနှင့် အဓိက ကျသည့် ကျောက်စိမ်းရောင်းဝယ် ရာနေရာ ဖြစ်သည်။

မန္တလေး မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်းကို ၂၀၀၁ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဝိုင်းအတွင်း အမြဲတမ်းဆိုင်ခန်း ၁,၁၁၇ခု ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top