ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေမြးရပ္ေျမကို ေက်းဇူး ဆပ္သည့္အေနျဖင့္ ျမန္မာႏုိင္ငံ တြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾက ရန္ ႏိုင္ငံတကာသို႔ ေရာက္ရွိေန သည့္ ျမန္မာျပည္ဖြား တ႐ုတ္လူ မ်ိဳးမ်ားကို မႏၲေလးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ ေမာင္က ဖိတ္ေခၚသည္။

ႏိုဝင္ဘာ ၁၈ ရက္က မႏၲ ေလးၿမိဳ႕ အမ်ိဳးသားကဇာတ္႐ံု တြင္ က်င္းပသည့္ နဝမအႀကိမ္ ေျမာက္ ျမန္မာျပည္ဖြား ပင္လယ္ ရပ္ျခားေရာက္ ေပါက္ေဖာ္ေသြး ခ်င္းမ်ား ျပန္လည္ေတြ႕ဆံုပြဲႏွင့္ စီးပြားေရးဖိုရမ္ဖြင့္ပြဲအခမ္းအနား တြင္ မႏၲေလးတိုင္းေဒသႀကီး ဝန္ ႀကီးခ်ဳပ္က အထက္ပါအတိုင္း ဖိတ္ေခၚခဲ့သည္။

‘‘မႏၲေလးၿမိဳ႕က ပထဝီဝင္ အေနအထားအရ တ႐ုတ္ျပည္မ ႀကီးနဲ႔လည္း အလြယ္တကူသြား လာႏိုင္ပါတယ္။ အလားတူ အိႏၵိယႏုိင္ငံႀကီးနဲ႔လည္း အလြယ္ တကူ သြားလာႏုိင္ပါတယ္။ ႏုိင္ငံ ႀကီးႏွစ္ႏုိင္ငံၾကားမွာ ျမန္မာႏိိုင္ငံ က မႏၲေလးၿမိဳ႕ တည္ရွိေနတယ္။ ျမန္မာ့ေရကို ေသာက္သံုးၾကတဲ့ ကြၽန္ေတာ္တုိ႔ ေဆြမ်ိဳးေပါက္ေဖာ္ ေတြက ျမန္မာႏုိင္ငံကို လာၿပီး ေတာ့ ခုခ်ိန္မွာ ေက်းဇူးဆပ္ခ်င္ပါ တယ္ဆုိတဲ့ ရည္ရြယ္ခ်က္က အ လြန္ေကာင္းမြန္ပါတယ္။ နဝမအ ႀကိမ္ေျမာက္ ေတြ႕ဆံုပြဲက ကြၽန္ ေတာ္တုိ႔ႏုိင္ငံရဲ႕ လူမႈေရး၊ ပညာ ေရး၊ က်န္းမာေရး၊ ကုန္သြယ္ေရး၊ခရီးသြားလာေရးေတြကို လာ ေရာက္ရင္းႏွီးျမႇဳပ္ႏွံပါလို႔ တုိင္း ေဒသႀကီး အစိုးရအဖြဲ႕ကိုယ္စား ဖိတ္ေခၚခ်င္ပါတယ္’’ဟု ဝန္ႀကီး ခ်ဳပ္က ေျပာသည္။

အဆုိပါ ေတြ႕ဆံုပြဲသို႔ ျမန္မာ ႏုိင္ငံတြင္ ေမြးဖြားၿပီး ႏိုင္ငံတကာ သို႔ ေရာက္ရွိေနသည့္ တ႐ုတ္လူ မ်ိဳး ၃၀၀ ေက်ာ္ႏွင့္ ျပည္တြင္းေန တ႐ုတ္ႏုိင္ငံသား တစ္ေထာင္ ေက်ာ္ တက္ေရာက္ခဲ့သည္။ ျပည္ပေရာက္ တ႐ုတ္လူမ်ိဳး ၃၀၀ ေက်ာ္အနက္ အေမရိကန္ႏုိင္ငံသို႔ ေရာက္ရွိေနသည့္ ျမန္မာျပည္ဖြား တ႐ုတ္လူမ်ိဳး ၁၀၀ ေက်ာ္ပါဝင္ၿပီး တုိင္းဝန္ႀကီးခ်ဳပ္၏ ဖိတ္ေခၚမႈအ ေပၚ ၎တုိ႔အုပ္စုက စိတ္ဝင္စားမႈ ရွိၾကေၾကာင္း     အခမ္းအနား ဦးေဆာင္က်င္းပသည့္ ျမန္မာ-တ႐ုတ္ ခ်စ္ၾကည္ေရးအသင္း ဒုဥကၠ႒ ဦးစက္တီက ေျပာသည္။

‘‘ဝန္ႀကီးခ်ဳပ္က ဖိတ္ေခၚ တယ္။ တက္လာတဲ့သူေတြက လည္း စိတ္ဝင္တစားရွိၾကတယ္။ အေမရိကန္ကလာတဲ့သူေတြက ဟုိတယ္လုပ္ငန္းေတြ လာလုပ္ၾက မယ္လုိ႔ ေျပာတယ္။ တိုင္ေပကဆုိ လည္း အလုပ္သမားေခၚတာေတြ လုပ္ေနတယ္။ လာၾကမယ္ထင္ တယ္’’ဟု ဦးစက္တီက ေျပာ သည္။

ဟိုတယ္ႏွင့္ ခရီးသြားလုပ္ ငန္း၊ ဓာတ္ေျမဩဇာႏွင့္ ဓာတု ေဗဒလုပ္ငန္း၊ ခ်ည္မွ်င္အထည္ အလိပ္လုပ္ငန္းႏွင့္     ေရာ္ဘာ ပလတ္စတစ္လုပ္ငန္းမ်ားတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္ ရန္ တ႐ုတ္ႏွင့္ တုိင္ေပလုပ္ငန္း ရွင္မ်ားက ၿပီးခဲ့သည့္လမ်ားအ တြင္း မႏၲေလးတြင္ လာေရာက္ ေဆြးေႏြးခဲ့သည္။

အဆိုပါ ေတြ႕ဆံုပြဲကို ၂၀၀၀ ျပည့္ႏွစ္ကစတင္ကာ ၂ ႏွစ္တစ္ႀကိမ္ ႏုိင္ငံအလိုက္ က်င္းပခဲ့ၿပီးမႏၲေလးတြင္ ျပဳလုပ္သည့္ ေတြ႕ဆံုပြဲသည္ ကိုးႀကိမ္ေျမာက္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မွေးရပ်မြေကို ကျေးဇူး ဆပ်သည့်အနေဖြင့် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံကြ ရန် နိုင်ငံတကာသို့ ရောက်ရှိနေ သည့် မြန်မာပြည်ဖွား တရုတ်လူ မျိုးများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ဖိတ်ခေါ်သည်။

နိုဝင်ဘာ ၁၈ ရက်က မန္တ လေးမြို့ အမျိုးသားကဇာတ်ရုံ တွင် ကျင်းပသည့် နဝမအကြိမ် မြောက် မြန်မာပြည်ဖွား ပင်လယ် ရပ်ခြားရောက် ပေါက်ဖော်သွေး ချင်းများ ပြန်လည်တွေ့ဆုံပွဲနှင့် စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနား တွင် မန္တလေးတိုင်းဒေသကြီး ဝန် ကြီးချုပ်က အထက်ပါအတိုင်း ဖိတ်ခေါ်ခဲ့သည်။

‘‘မန္တလေးမြို့က ပထဝီဝင် အနေအထားအရ တရုတ်ပြည်မ ကြီးနဲ့လည်း အလွယ်တကူသွား လာနိုင်ပါတယ်။ အလားတူ အိန္ဒိယနိုင်ငံကြီးနဲ့လည်း အလွယ် တကူ သွားလာနိုင်ပါတယ်။ နိုင်ငံ ကြီးနှစ်နိုင်ငံကြားမှာ မြန်မာနိုင်ငံ က မန္တလေးမြို့ တည်ရှိနေတယ်။ မြန်မာ့ရေကို သောက်သုံးကြတဲ့ ကျွန်တော်တို့ ဆွေမျိုးပေါက်ဖော် တွေက မြန်မာနိုင်ငံကို လာပြီး တော့ ခုချိန်မှာ ကျေးဇူးဆပ်ချင်ပါ တယ်ဆိုတဲ့ ရည်ရွယ်ချက်က အ လွန်ကောင်းမွန်ပါတယ်။ နဝမအ ကြိမ်မြောက် တွေ့ဆုံပွဲက ကျွန် တော်တို့နိုင်ငံရဲ့ လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ခရီးသွားလာရေးတွေကို လာ ရောက်ရင်းနှီးမြှုပ်နှံပါလို့ တိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖိတ်ခေါ်ချင်ပါတယ်’’ဟု ဝန်ကြီး ချုပ်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာ နိုင်ငံတွင် မွေးဖွားပြီး နိုင်ငံတကာ သို့ ရောက်ရှိနေသည့် တရုတ်လူ မျိုး ၃၀၀ ကျော်နှင့် ပြည်တွင်းနေ တရုတ်နိုင်ငံသား တစ်ထောင် ကျော် တက်ရောက်ခဲ့သည်။ ပြည်ပရောက် တရုတ်လူမျိုး ၃၀၀ ကျော်အနက် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာပြည်ဖွား တရုတ်လူမျိုး ၁၀၀ ကျော်ပါဝင်ပြီး တိုင်းဝန်ကြီးချုပ်၏ ဖိတ်ခေါ်မှုအ ပေါ် ၎င်းတို့အုပ်စုက စိတ်ဝင်စားမှု ရှိကြကြောင်း     အခမ်းအနား ဦးဆောင်ကျင်းပသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌ ဦးစက်တီက ပြောသည်။

‘‘ဝန်ကြီးချုပ်က ဖိတ်ခေါ် တယ်။ တက်လာတဲ့သူတွေက လည်း စိတ်ဝင်တစားရှိကြတယ်။ အမေရိကန်ကလာတဲ့သူတွေက ဟိုတယ်လုပ်ငန်းတွေ လာလုပ်ကြ မယ်လို့ ပြောတယ်။ တိုင်ပေကဆို လည်း အလုပ်သမားခေါ်တာတွေ လုပ်နေတယ်။ လာကြမယ်ထင် တယ်’’ဟု ဦးစက်တီက ပြော သည်။

ဟိုတယ်နှင့် ခရီးသွားလုပ် ငန်း၊ ဓာတ်မြေဩဇာနှင့် ဓာတု ဗေဒလုပ်ငန်း၊ ချည်မျှင်အထည် အလိပ်လုပ်ငန်းနှင့်     ရော်ဘာ ပလတ်စတစ်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင် ရန် တရုတ်နှင့် တိုင်ပေလုပ်ငန်း ရှင်များက ပြီးခဲ့သည့်လများအ တွင်း မန္တလေးတွင် လာရောက် ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို ၂၀၀၀ ပြည့်နှစ်ကစတင်ကာ ၂ နှစ်တစ်ကြိမ် နိုင်ငံအလိုက် ကျင်းပခဲ့ပြီးမန္တလေးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲသည် ကိုးကြိမ်မြောက်ဖြစ် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top