ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဥပမာ သံပုရာရည္မွာ ဆုိရင္ pH (၂.၂) ပဲ ပါဝင္တဲ႔အတြက္ အက္ဆစ္ပမာဏအလြန္ျမင္႔မားပါတယ္။
ငယ္ငယ္တံုးက သိပၸံအတန္းထဲမွာ pH (potential of hydrogen) လယ္ဗယ္ေတြအေၾကာင္းသင္ခဲ႔ရဖူးမွာေပါ႔။ ေသာက္လို႔ရတဲ႔ ေရသန္႔မွာဆိုရင္ pH လယ္ဗယ္ (၇) ပါရွိၿပီး (၇) ေအာက္ဆိုရင္ အက္ဆစ္ မ်ားတဲ႔ဘက္ေရာက္သြားပါတယ္။ ဥပမာ သံပုရာရည္မွာ ဆုိရင္ pH (၂.၂) ပဲ ပါဝင္တဲ႔အတြက္ အက္ဆစ္ ပမာဏ အလြန္ျမင္႔မားပါတယ္။ pH လယ္ဗယ္ (၇) ထက္မ်ားရင္ေတာ႔ အယ္လ္ကာလီ ပမာဏ မ်ားတယ္လို႔ ေယဘုယ်ယူဆႏိုင္ပါတယ္။
အက္ဆစ္ပါဝင္မႈမ်ားတဲ႔ အစားအေသာက္ ေတြကို အယ္လ္ကာလီ ပါဝင္မႈမ်ားတဲ႔ အစားအေသာက္ ေတြနဲ႔ အစားထိုးျခင္းျဖင္႔ ခႏၶာကိုယ္ တြင္း pH လယ္ဗယ္ ကို ထိန္းညွိေပးႏိုင္မယ္ဆိုတဲ႔ အယူအဆရွိပါတယ္။ ပရိုတိန္း၊ ေဖာ႔စဖရိတ္နဲ႔ ဆာလ္ဖာၾကြယ္ဝတဲ႔ အစားအစာ ေတြဟာ ခႏၶာကုိယ္ မွာ အက္ဆစ္ ပမာဏ မ်ားျပားေစပါတယ္။

ကယ္လ္ဆီယမ္၊ ပိုတက္စီယမ္နဲ႔ မဂၢနီစီယမ္ ပါဝင္တဲ႔ အစားအေသာက္ ေတြကေတာ႔ အယ္လ္ကာလီ ပမာဏ ကို ျမွင္႔တင္ေပးပါတယ္။ အသား၊ ငါး၊ ၾကက္ဥ၊ ႏို႔ထြက္ကုန္၊ အရက္ဘီယာနဲ႔ အေစ႔အဆန္အမ်ားစုကေတာ႔ အက္ဆစ္ၾကြယ္ဝတဲ႔ အစားအစာေတြ ျဖစ္ပါတယ္။ ခႏၶာကိုယ္ကို အယ္လ္ကာလီ ပမာဏ ျပန္လည္ျဖည္႔တင္းေပးျခင္းျဖင္႔ ကိုယ္တြင္း pH ပမာဏကို ထိန္းညွိေပးႏိုင္တဲ႔ အစားအေသာက္ေတြကေတာ႔…

၁။ အယ္လ္မြန္ေစ႔ နဲ႔ အယ္လ္မြန္ႏို႔

အယ္လ္မြန္ (almond) ေစ႔ ေတြဟာ အရသာရွိၿပီး က်န္းမာေရး နဲ႔အသင္႔ေတာ္ဆံုး အစားအေသာက္ ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ေနာက္ၿပီး သူတို႔ဟာ အယ္လ္ကာလီ ၾကြယ္ဝတဲ႔ အစားအစာ ေတြလည္း ျဖစ္ၾကပါတယ္။ အယ္လ္မြန္ေစ ေတြဟာ ၾကြက္သားဖြံ႕ၿဖိဳးေရး၊ ကိုလက္စထေရာေလွ်ာ႔ခ်ေရးနဲ႔ အဆီက်ေရးေတြမွာ ကူညီေပးႏိုင္တဲ႔အရာေတြလည္း ျဖစ္ပါတယ္။

၂။ ဟင္းႏုႏြယ္ရြက္

အိမ္ကအေမေတြ ကြ်န္ေတာ္တို႔ကို ဟင္းႏုႏြယ္ရြက္ေၾကာ္ကို တုတ္မိုးၿပီး စားခိုင္းတာအေၾကာင္းရွိပါတယ္။ ဟင္းႏုႏြယ္ရြက္ေတြမွာ ဗိုက္တာမင္ေတြ၊ သတၳဳဓာတ္ေတြ အလြန္ၾကြယ္ဝစြာ ပါဝင္ရံုသာမက ကိုယ္တြင္း အက္ဆစ္ဓာတ္ ကိုလည္း ထိန္းညွိေပးပါတယ္။

၃။ ေဂၚဖီထုပ္

ေဂၚဖီထုပ္ ေတြဟာ ခ်ိဳၿမတဲ႔အရသာရွိၿပီး ေၾကာ္စားစား၊ ျပဳတ္စားစား စားလို႔ေကာင္းတဲ႔ ဟင္းသီးဟင္းရြက္ေတြျဖစ္ပါတယ္။ က်န္းမာေရးအတြက္လည္း အလြန္ေကာင္းမြန္ၿပီး အက္ဆစ္ ပမာဏ ကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။

၄။ အာလူး

အာလူး မွာေတာ႔ ခႏၶာကိုယ္ တြင္း အက္ဆစ္ ျကြယ္ဝမႈကို ထိန္းခ်ဳပ္ေပးႏိုင္တဲ႔ အာနိသင္ရွိပါတယ္။ ဒါ႔အျပင္ သူ႕မွာလည္း အယ္လ္ကာလီၾကြယ္ဝပါေသးတယ္။ ဒီေတာ႔ အေမ အာလူး ဟင္းခ်က္ရင္ ဟင္း မေကာင္းဘူး ေအာ္ၿပီး ထြက္မေျပးပါနဲ႔။ စားျဖစ္ေအာင္စားလိုက္ပါ။

၅။ ကညႊတ္

အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ ေတြနဲ႔ လက္တြဲတာက ဘယ္ေတာ႔မွ မမွားပါဘူး။ ကညႊတ္ ေတြမွာ ခႏၶာကိုယ္ အတြက္ အက်ိဳးရွိမယ္႔ အယ္လ္ကာလီ အက်ိဳးသက္ေရာက္မႈေတြ ရွိပါတယ္။ တကယ္တမ္း ေျပာရရင္ ကညႊတ္ ေတြဟာ အယ္လ္ကာလီ အၾကြယ္ဝဆံုး အစားအေသာက္ ေတြပါပဲ။ အစားအေသာက္ ေတြအကုန္လံုးကို အယ္လ္ကာလီ ဘယ္ေလာက္ၾကြယ္ဝလဲဆိုတဲ႔ စံႏႈန္းနဲ႔ တိုင္းတာလိုက္မယ္ဆိုရင္ ကညႊတ္ ပင္က ထိပ္ဆံုးနားမွာ စာရင္းဝင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဥပမာ သံပုရာရည်မှာ ဆိုရင် pH (၂.၂) ပဲ ပါဝင်တဲ့အတွက် အက်ဆစ်ပမာဏအလွန်မြင့်မားပါတယ်။
ငယ်ငယ်တုံးက သိပ္ပံအတန်းထဲမှာ pH (potential of hydrogen) လယ်ဗယ်တွေအကြောင်းသင်ခဲ့ရဖူးမှာပေါ့။ သောက်လို့ရတဲ့ ရေသန့်မှာဆိုရင် pH လယ်ဗယ် (၇) ပါရှိပြီး (၇) အောက်ဆိုရင် အက်ဆစ် များတဲ့ဘက်ရောက်သွားပါတယ်။ ဥပမာ သံပုရာရည်မှာ ဆိုရင် pH (၂.၂) ပဲ ပါဝင်တဲ့အတွက် အက်ဆစ် ပမာဏ အလွန်မြင့်မားပါတယ်။ pH လယ်ဗယ် (၇) ထက်များရင်တော့ အယ်လ်ကာလီ ပမာဏ များတယ်လို့ ယေဘုယျယူဆနိုင်ပါတယ်။
အက်ဆစ်ပါဝင်မှုများတဲ့ အစားအသောက် တွေကို အယ်လ်ကာလီ ပါဝင်မှုများတဲ့ အစားအသောက် တွေနဲ့ အစားထိုးခြင်းဖြင့် ခန္ဓာကိုယ် တွင်း pH လယ်ဗယ် ကို ထိန်းညှိပေးနိုင်မယ်ဆိုတဲ့ အယူအဆရှိပါတယ်။ ပရိုတိန်း၊ ဖော့စဖရိတ်နဲ့ ဆာလ်ဖာကြွယ်ဝတဲ့ အစားအစာ တွေဟာ ခန္ဓာကိုယ် မှာ အက်ဆစ် ပမာဏ များပြားစေပါတယ်။

ကယ်လ်ဆီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ပါဝင်တဲ့ အစားအသောက် တွေကတော့ အယ်လ်ကာလီ ပမာဏ ကို မြှင့်တင်ပေးပါတယ်။ အသား၊ ငါး၊ ကြက်ဥ၊ နို့ထွက်ကုန်၊ အရက်ဘီယာနဲ့ အစေ့အဆန်အများစုကတော့ အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အယ်လ်ကာလီ ပမာဏ ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် ကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးနိုင်တဲ့ အစားအသောက်တွေကတော့…

၁။ အယ်လ်မွန်စေ့ နဲ့ အယ်လ်မွန်နို့

အယ်လ်မွန် (almond) စေ့ တွေဟာ အရသာရှိပြီး ကျန်းမာရေး နဲ့အသင့်တော်ဆုံး အစားအသောက် တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နောက်ပြီး သူတို့ဟာ အယ်လ်ကာလီ ကြွယ်ဝတဲ့ အစားအစာ တွေလည်း ဖြစ်ကြပါတယ်။ အယ်လ်မွန်စေ တွေဟာ ကြွက်သားဖွံ့ဖြိုးရေး၊ ကိုလက်စထရောလျှော့ချရေးနဲ့ အဆီကျရေးတွေမှာ ကူညီပေးနိုင်တဲ့အရာတွေလည်း ဖြစ်ပါတယ်။

၂။ ဟင်းနုနွယ်ရွက်

အိမ်ကအမေတွေ ကျွန်တော်တို့ကို ဟင်းနုနွယ်ရွက်ကြော်ကို တုတ်မိုးပြီး စားခိုင်းတာအကြောင်းရှိပါတယ်။ ဟင်းနုနွယ်ရွက်တွေမှာ ဗိုက်တာမင်တွေ၊ သတ္ထုဓာတ်တွေ အလွန်ကြွယ်ဝစွာ ပါဝင်ရုံသာမက ကိုယ်တွင်း အက်ဆစ်ဓာတ် ကိုလည်း ထိန်းညှိပေးပါတယ်။

၃။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ် တွေဟာ ချိုမြတဲ့အရသာရှိပြီး ကြော်စားစား၊ ပြုတ်စားစား စားလို့ကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်ပြီး အက်ဆစ် ပမာဏ ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

၄။ အာလူး

အာလူး မှာတော့ ခန္ဓာကိုယ် တွင်း အက်ဆစ် ကြွယ်ဝမှုကို ထိန်းချုပ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် သူ့မှာလည်း အယ်လ်ကာလီကြွယ်ဝပါသေးတယ်။ ဒီတော့ အမေ အာလူး ဟင်းချက်ရင် ဟင်း မကောင်းဘူး အော်ပြီး ထွက်မပြေးပါနဲ့။ စားဖြစ်အောင်စားလိုက်ပါ။

၅။ ကညွှတ်

အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေနဲ့ လက်တွဲတာက ဘယ်တော့မှ မမှားပါဘူး။ ကညွှတ် တွေမှာ ခန္ဓာကိုယ် အတွက် အကျိုးရှိမယ့် အယ်လ်ကာလီ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ တကယ်တမ်း ပြောရရင် ကညွှတ် တွေဟာ အယ်လ်ကာလီ အကြွယ်ဝဆုံး အစားအသောက် တွေပါပဲ။ အစားအသောက် တွေအကုန်လုံးကို အယ်လ်ကာလီ ဘယ်လောက်ကြွယ်ဝလဲဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာလိုက်မယ်ဆိုရင် ကညွှတ် ပင်က ထိပ်ဆုံးနားမှာ စာရင်းဝင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top